Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းနဲ့အတူ

Aye Lwin OoSeptember 25, 20131min56910

To Post_02

Omar Khayyam က ပြောဘူးတယ်

A Book of Verses underneath the Bough,

A Jug of Wine, a Loaf of Bread–and Thou

Beside me singing in the Wilderness – – –

Oh, Wilderness were Paradise enow!

 

ဝါးပင်လေးတစ်ရုံရယ်

ဟိုး . . . အဝေးက

မှိုင်းမှုန်ဝေရီနေတဲ့ တောင်တန်းလေးရယ်

လောကကြီးကို နှုတ်ဆက်တော့မဲ့

နေမင်းကြီး နီနီရဲရဲ ရယ်

ပြီးတော့

ဒို့ဘေးမှာ အမြဲရှိနေတဲ့

မင်းရယ် . . .   ဆိုရင်

 

တာဝတိံသာ ယာမာ သုသိတာ

နတ်ပြည်ခြောက်ထပ်

မသွားချင်ပါဘူး။

 

အချိန်တိုင်းဟာ

နိဗ္ဗာန်ပါဘဲ။

10 comments

  • KZ

    September 25, 2013 at 10:19 am

    စ ကတည်းက အိုမာခရမ် နဲ့ စ တာဟ!
    🙂

    အနော်ကတော့ မနေနိုင်ဘူး ဗိုက်ဆာမှာပဲ။
    အဲလော့ ဝိုင်တစ်ခွက်နဲ့ ပေါင်မုန့် နဲ့ ချစ်သူ တစ်ယောက် ဆိုလား ဘာလားးးးး
    အဲလာကို ထောက်ခံပါတယ်။
    အွန်!!
    ရုပ်ကြမ်းဝါဒီလို့ အပြောခံရပေဦးတော့မီ။
    😀

    • Aye Lwin Oo

      September 25, 2013 at 11:09 am

      ပထမဆုံးတင်တဲ့ပို့မှာ ပထမဆုံးမန့်တဲ့ အန်တီခိုင်ဇာကို Xiexie ပါ။

      ၂ကီလိုလောက်ပေါင်မုန့်တုံးကိုစား၊ ရေပုံးကိုင်းတပ်ထားတဲ့ခွက်နဲ့ ဝိုင်တစ်ခွက်ကိုသောက်ပြီး ရီဝေဝေနဲ့ ၆လက်မလောက် ထူတဲ့စာအုပ်ကိုခေါင်းအုံးအိပ်ရင်း ချစ်သူရဲ့ဧယဉ်ကျူးတာလေးနားထောင်လိုက်ရရင် Paradise enow ပေါ့ . . .

  • kyeemite

    September 25, 2013 at 11:52 am

    ဂီတာတစ်လက်
    အရက်ကတစ်စည်
    မိန်မလှလေးကတစ်ယောက်…လို့ကြားဖူးတယ်
    ကျုပ်ကတော့ အဲလိုမျိုးမှ..ဝိုင်လောက်နဲ့မတင်းတိမ်လို့
    ကျုပ်အက်ဗာတာ ပုံကိုကြည့်ပါလား 😀

  • အရီးခင်

    September 25, 2013 at 2:34 pm

    နိဗ္ဗာန် ဆိုတာ စွဲလမ်းခြင်းတွေ ရဲ့ လွတ်မြောက်ခြင်း နေရာ ဆိုရင်တော့
    တင်စားတာ တစ်လွဲ ဖြစ် သွားတော့မယ်။

    { တစ်ယောက်ထဲရှိခဲ့တဲ့ တစ်ဦးတည်းသော အိမ်သူအတွက်တော့ အသက်ရှုတိုင်း ကဗျာပါဘဲ }
    အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ သိခွင့်ရရင်သိချင်းသေးတော့။

    😛

    • Aye Lwin Oo

      September 25, 2013 at 4:57 pm

      ဖွားလေးအန်တီအရီးကြီးကြီးခင် . . .
      စွဲလမ်းတာတွေကလွတ်မြောက်နေတဲ့ နိဗ္ဗာန်ဆိုတာ ဝေဒယိတသုခ(လောကီသုခ)ကို ခံစားနေတဲ့ ပုထုဇဉ်တွေရဲ့ လောကီနိဗ္ဗာန်ကိုဘဲ ဆိုလိုကြောင်းပါ ခင်ဗျ။ Time and Space ကနေ လွတ်မြောက်ရာနယ်မြေလေးပါ။ အချစ်ကဘေးမှာရှိတဲ့ အချိန်မှာ သန္တိသုခလို့ဆိုတဲ့ ခန္ဓာချုပ်ငြိမ်းတဲ့ လောကုတ္တရာနိဗ္ဗာန်ကို ယောင်လို့ှမှ မတွေးရဲကြောင်းဒဒေါ်အူးတင်ပါတယ်ခင်ဗျ။

      အိမ်ထောင်သက်ကိုပြောရရင်တော့
      လူကလေးကိုခေါင်းလေးငြိမ့်ပြခဲ့တဲ့နေ့ကနေ နှစ်ကိုယ်တွဲ ဆွမ်းကျွေးခဲ့တဲ့နေ့အထိက . . . . ၉နှစ်လောက်
      အဲဒီနေ့ကစလို့ တူဒေးနေ့အထိကတော့ . . . အင်း . . . . . . . . . . . ၂၆နှစ်လောက်
      အဲ အဲ ပေါင်းမှ ၃၅နှစ်လောက်ဘဲ ရှိပါသေးတယ်။ ၂၄ခါလည်သား မျောက်ကလေးတစ်ကောင်နဲ့ အခါ၂ဝလည်သား မျောက်ကလေးတစ်ကောင် ပိုင်ပါတယ် အန်တီအရီးဖွားဖွားခင် ခင်ဗျားးးးးးးးးးး

    • Aye Lwin Oo

      September 25, 2013 at 5:01 pm

      လူမလေးမိမွန်ရေ . . .
      ငှက်နှစ်ကောင်နဲ့ မျောက်နှစ်ကောင်သာ တိန်ဝတိန်သာကိုတက်သွားရင် တာဝတိံမသာ ဖြစ်သွားမှာစိုးလို့ပါ။
      ဒဂျားကို သနားလို့

  • lele kyi

    September 25, 2013 at 7:08 pm

    Shipbuilding ဆိုလို့အလုပ်နဲ့ပတ်သတ်ပြီးငိုချင်းချရင်ထောက်ခံမဲ့သူတော့ရပြီဟဲ့လို့ ဆက်ဖတ်လိုက်တော့မှ ထရိတ်ဒင်းပြောင်းသွားပြီတဲ့။ မြောက်ထရိတ်ဒင်းလားဟင်။ ဟီးဟီးနောက်တာ။ ကြိုးကြာသံကို သာယာတယ်ပြောခဲ့သူများကို အင်တာဗျူးချင်လိုက်တာ။

  • Mr. MarGa

    September 25, 2013 at 7:14 pm

    တာဝတိံသာကို မလာချင်တာ သေချာသလား ကိုရင်ရဲ့
    အင်းပေါ့လေ
    အချိန်တိုင်းဟာ နိဗ္ဗာန် ဖြစ်နေမှတော့
    တာဝတိံသာဟာလည်း အိမ်တစ်လုံးသာသာပဲ ရှိတော့မှာပေါ့

Leave a Reply