အသိနှင့်သတိ
ကျနော်ဒီပိုစ်လေးမတင်ခင် အရင်ဆုံးဝန်ခံချင်တာလေးရှိတယ်ဗျ စီကာပတ်ကုံးစာရေးတတ်မှ ရည်းစားရမယ်ဆိုရင် ကျနော်နောင်ဘဝထိ လူပျိုကြီးဖြစ်မှာသေချာတယ်ဗျ အခုလည်းလူပျိုကြီးပါ (ဟဲဟဲ ကြောငြာဝင်တာနော်) ရွာသူရွာသားတွေ ကျနော်ပိုစ်လေး ဖတ်နေချိန် အဆင်မပြေဖြစ်ရင်လည်း တောင်းပန်ပါတယ်ဗျာ နဲနဲဖြည့်ဖတ်ပေးပါနော်..
ကျနော် မိတ်ဆွေအတစ်ယောက်နာရေး လိုက်ပို့ရင်းနဲ့ ဘုန်းတော်ကြီးတစ်ပါး မိန့်ကြားဘူးတဲ့ အကြောင်းလေး ရွာသူရွာသားအားလုံးကို မျှဝေချင်လို့ ဒီပို့စ်လေးကို တင်လိုက်တာဗျာ
ဘုန်းတော်ကြီးမိန့်ကြားသည်မှာ…
လူတွေအားလုံးက သေရမှာကို ကြောက်ကြတယ် တစ်နေ့သေကြရမှာပဲ ဆိုတာကို သိနေကြတယ် ဒါပေမယ့်လည်း သေမယ့်အကြောင်းပြောကြရင်ပဲ အမင်္ဂလာစကားလို့ ထင်ကြတယ်တဲ့
ဒကာလည်းတစ်နေ့သေမှာပဲ ဘုန်းကြီးလည်း တစ်နေ့ ဒီလမ်းသွားရမှာပဲတဲ့ ဘုန်းဘုန်းက သာဓကလေးတစ်ခုပြောပြတယ်ဗျ
ကိုယ်ကနံရံတစ်ခုဘေးကနေလမ်းလျှောက်လာတယ် အဲဒီနံရံအဆုံးရောက်ချိန်မှာ လူတစ်ယောက်က ကိုယ်ကို ဝါးကနဲ ခြောက်လိုက်ရင် လန့်သွားမှာ(အထိတ်တလန့်)ဖြစ်သွားမှာ သေချာတယ်
အဲဒီနံရံဘေးမှာ လူတစ်ယောက်ရှိနေတယ်ဆိုတာ ကိုကသိနေရင် သူကိုယ့်ကို လန့်လိုက်တဲ့အချိန်မှာ ကိုယ်ကကြောက်တော့မှာမဟုတ်ဘူးတဲ့
အဲဒီတော့ ဘုန်းကြီးဆိုလိုချင်တာက တစ်နေ့သေမယ်ဆိုတာကို ကြိုသိနေရင် အဲဒီအသိတရားလေး ကိုယ့်မှာ ရှိနေရင် ကိုယ်ရင်ဆိုင်ရတဲ့အခါ သိပ်ကြောက်လန့်စရာမလိုတော့ဘူးတဲ့
အဲဒီလိုအသိလေးရှိနေရင် မသေခင်ကိုယ်ဘာလုပ်ရမယ် ဆိုတာကို ကောင်းတဲ့စိတ်လေးနဲ့တွေးပြီး ကောင်းတာတွေ လုပ်ဖြစ်လိမ့်မယ်တဲ့ဗျာ
ဒါပါပဲ ဘုန်းကြီးမိန့်တာတော့ စီကာပါတ်ကုံးနဲ့ပေါ့
ကျနော်လည်း နာရေးလိုက်ပို့ရင်း အဲဒါလေးကြားယောင်မိသွားပြီး ရွာသူရွာသားများအားမျှဝေပေးချင်တဲ့ စိတ်လေးပေါ်လာလို့ တင်ပေးလိုက်ပါတယ်ဗျာ
ဖိုးသစ္စာ
အားလုံးပဲ သတိလေးနဲ့ အသိလေးတွေဝင်နိုင်ကြပါစေ