ဒီ လို လေး တွေး ကြည့် မယ်
အခုလက်ရှိ ကျတော်တို့ နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမူ့
အဆင့်ဟာ ကမ္ဘာ့ အဆင့် ဘယ်လောက်မှာရှိနေ
သလဲ? သေချာတာကတော့ အဆင်းရဲဆုံးနိုင်ငံများ
အစုအဖွဲ့ကိုတော့ဦးဆောင်ကောင်းဦးဆောင်နိုင်ပါလိမ့်
မယ်။ စီးပွားရေးတိုးတတ်မူ့ညွှန်းကိန်းတွေ အစိုးရ ရဲ့
ရ ရန် ရှိ ပေး ရန် ရှိ တွေ။တဦးချင်းစီရဲ့ ဝင်ငွေ တွေ
ငွေကြေးတန်ဖိုးတွေ တိုင်းပြည်ရဲ့ အရင်းအမြစ် သယံဇာတ
တွေပြုန်းတီးလာမူ့တွေ စတာ စတာ တွေကိုသုံးသပ်
ကြည့်ရင် တော်တော်ကို စိတ်ပျက်စရာ သိမ်ငယ်စရာ
ရှက်စရာကောင်းပါတယ်။ဒီလိုတိုင်းပြည်ဟာ နိုင်ငံတကာ
နဲ့ယှဉ်ရင် ပြည်သူတွေရော အစိုးရပါ အင်မတန် ဆင်းရဲ
နုံချာ လှပါတယ်။ခင်ဗျားတို့လဲ ကျတော်ထက်ကိုပိုသိလို့
ကျတော်တို့တိုင်းပြည်ရဲ့ အခြေအနေဆိုးကို ကျတော့်ထက်တောင်
ပိုသိ ပိုမြင်နိုင်ပါလိမ့်မယ်။ တိုင်းပြည်စနစ်တကျနဲ့တိုးတတ်
စည်ပင် လာအောင်လုပ်မယ်ဆိုရင်တောင် နှစ်သုံးဆယ်
မက အချိန်ယူရမယ် လို့တောင်ကျတော်ထင်ပါတယ်။ဒါတောင်
တကယ်လုပ်မှနော်။အာချောင်တာပဲများနေရင်ပိုကြာနိုင်ပါတယ်။
ဒီလိုအခြေအနေကနေ တမျိုးကျတော်စဉ်းစားမိတာတခု
ရှိပြန်ရော။ လူပြိန်းတွေး တွေးသည်ဆိုလည်း ကျတော်
ကျေကျေ နပ်နပ် လက်ခံနိုင်ပါတယ်။စိတ်ဓါတ်လေးတွေမြှင့်
ကြည့်တဲ့သဘောပေါ့ဗျာ။ ဒီလိုဆိုးဝါးလှတဲ့ချွတ်ခြုံကျ
တိုင်းပြည်လို့မြင်နေတဲ့အမြင်ကနေ ဒီလိုပြန်မြင်ကြည့်
ရအောင်ဗျာ။
ကျတော်တို့နိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယ
အကျယ်ဝန်းရှိသော မြေနေရာရှိသည်။ပင်လယ်နယ်နိမိတ်
ရှိသည်။ တောတောင်တွေရှိသည်။မြစ်များချောင်းများရှိသည်။
တရုပ် နှင် အနိ္ဒယ အကြားရှိသည်။ ဒီလောက်နဲ့ပဲ
အာရှအချမ်းသာဆုံးဂျပန်နဲ့နိုင်းကြည့်ဗျာ။ဘယ်သူပိုသာမယ်
ထင်လဲ။ကိုယ့်ငါးချဉ်ပိုချဉ်တယ်မပြောပါဘူးဗျာ။တကယ်ပြော
တာပါ။ ဒါနဲ့မှလက်မခံနိုင်သေးရင် မြန်မာနဲ့ဂျပန်ကို
လဲမယ်ဆိုပြီးကမ်းလှမ်းကြည့်မယ်ဗျာ။ဂျပန် သန်း ၁၂၀
ကလူချဉ်းပဲ မြန်မာကိုလာနေ။ ပိုင်တာအကုန်ထားခဲ့။
ရရန် ပေးရန် တွေပါထားခဲ့။ မြန်မာ သန်း ၆ဝ ဂျပန်
ရဲ့ဟောင်းလောင်းဖြစ်နေတဲ့ ကျွန်းပေါ်တက်နေ။မြန်မာ့
ဓနဉ္စာတွေ ကြွေးမြီးတွေ ထားခဲ့။ အဲသလို လှဲကြည့် ဖို့
ဂျပန်ကိုကမ်းလှမ်းကြည့်ပါလား။ ကျတော်တော့ မြန်မာဘက်
ကရှုံးမယ် နာမယ်ထင်တာပဲ။ တောင်ကိုးရီးယားကိုတောင်
အဆစ်တောင်းလိုက်ချင်သေး။
ဒါကြောင့်မြန်မာဟာ ကမ္ဘာမှာဘာလဲ ဘယ်အဆင့်လဲ ပေါ့သေးသေး
တော့မဟုတ်ဘူးနော်။ ဒီ သန်း ၆ဝ တွေ ညံလို့ အာပဲများနေလို့
အတ္တတွေပဲများနေလို့။
မြန်မာဟာ ချမ်းသာကြွယ်ဝပါတယ်ဗျာ။
20 comments
TNA
November 13, 2013 at 1:47 pm
ပိုစ့်ကိုမမန့်သေးဘူး ပလိုဖိုင်းကစာလေးကိုမန့်လိုက်အုံးမယ်
“မီးအားမှန်မှန် နှင့် တယူနစ် တကျပ် ခေတ်ကို မျော်နေသည်။”
မလွယ်လောက်ဖူး Khant Khant ရေ
မီတာခကတော့အခုအစိုးရတောင်းတဲ့ပိုက်ဆံပေးလိုက်တာမှသက်သာအုံးမယ်ထင်ဘာ့။ ဓါတ်ဆီလို ဈေးတက်မယ်ဆိုတုန်းက အခုလိုပဲကန့်ကြကွက်ကြ။ အစိုးရကလဲ စမတ်ကဒ်တွေလုပ် ခက်အောင်လုပ် ပြန်ကျစ် လူထုက ဆီတန်းစီရတဲ့ ဒုတ်ခမခံနိုင်တော့အော်။ အဲမှာ အစိုးရကသူဆင်တဲ့ဂွင် ထဲဂွပ်ကနဲ့ဝင်။ နင်တို့ဒုတ်ခရောက်တယ် ငါတို့လဲအရှုံးမခံနိုင်ဘူး အိုက်ဒေါ့ ခရိုနီတွေလက်ထဲအပ်ဆိုတော့ ဆီတော့ပေါလာပါရဲ့ အခုတဂါလံ ၄၀၀ဝ နဲ့ဝယ်နေရသမို့လား။ ဘာမှမတတ်နိုင်တော့ဘူးလေ။ စမိတဲ့ဇာတ် ဆုံးအောင်ကရတော့မပေါ့။ အခုမီတာခလဲ ဒလိုဂွင်ဆင်ပြီး ခရိုနီတွေလက်ထဲသူတို့မဆင်းခင် အပ်လိုက်ရင် ပိုကိုယ်ကျိုးနဲတော့မယ်ထင့်။
Khant Khant
November 13, 2013 at 2:44 pm
မဖြစ်နိုင်ဘူးဆိုတာသိသိကြီးနဲ့ပါ။
စကားပုံရှိတယ် “ရင်လောက်မှန်းမှ ဒူးလောက်ကျတယ်”
မီတာခကိုတော့ “ခြေမျက်စိလောက်မှန်းမှ ခါးလောက်ပဲ”
တက်စေချင်တာပါ။
စက်သုံးဆီကိစ္စနဲ့မီတာခ ကလုပ်ပုံကတူသယောင်ရှိပေမဲ့
မတူဘူးလို့ထင်ပါတယ်။စက်သုံးဆီက ပြည်ပကတင်သွင်း
ရတဲ့အမျိုးအစားပါ။လက်ရှိလျှပ်စစ်ဓါတ်အားက အများဆုံး
ပြည်တွင်းအရင်းအမြစ်တွေကိုအသုံးချတာပါ။
တခုတော့ရှိတယ်။ကိုယ့်ဟာကိုယ်ဓါတ်အားထုတ်ရောင်း
ခွင့်ပေးရင်တော့တမျိုးပေါ့လေ။ရခိုင်မှာတယူနစ်၅၀ဝဆိုလား။
ပုဂ္ဂလိက က ကိုယ့်အရင်းအမြစ်နဲ့ကိုယ် ကျန်မြန်မာ့ ၇ဝ %ကို
နူ းကလိယ နဲ့ပဲထုတ်ထုတ် ကျောက်မီးသွေး ဓါတ်ငွေ့ အစရှိတာ
နဲ့ပဲထုတ်ထုတ် ထုတ်ရောင်းနိုင်ရင်ရောင်း သုံးနိုင်တဲ့သူ
သုံးလိမ့်မယ်။
ဒါပေမဲ့ဒီလိုမျိုးကိုလက်ခံဖို့မြန်မာတနိုင်ငံလုံးအဆင်သင့်မဖြစ်သေးဘူး။
အတင်းဇွတ်လုပ်မယ်ဆိုရင် စက်ဘီးမစီးတတ်သူကိုအဆင်းမှာ
တွန်းချသလိုမြန်မာပြည်ဖြစ်သွားနိုင်တယ်လို့ထင်ပါတယ်။
TNA
November 13, 2013 at 4:36 pm
ခရိုနီတွေဘယ်တုန်းကများကိုယ်အရင်းအမြစ်နဲ့ကိုယ်လုပ်တာမြင်ဖူးလို့လဲ Khant Khant ရယ်။ အစိုးရဟာတွေချည်းယူယူလုပ်နေမင့်ဟာကို။ အခုလဲ သူတို့မဆင်းခင် အစိုးရ အီးပီစီကြီးကိုလွှဲလိုက် ရင်ဘယ်လိုလုပ်မလဲ အခုကလက်ရှိသူတို့လက်ထဲအာဏာရှိနေတုန်းနော်။ ၂၀၁၅ အာဏာမဲ့သွား ရင် ခုသာခံသာအောင် သားစဉ်မြေးဆက်ကျန်အောင် မလုပ်ဘူးမပြောနိုင်ဘူး။ ဟိုတနေ့က တယောက်ပြောသွားတာ ပတ်တမြားလည်ဆွဲတကုံးကို သိန်း ခုနှစ်ထောင်တန်တာကို ကန်စွန်းရွက်ဝယ်သလိုဝယ်သွားတာတဲ့။ ဒီအကျင့်တွေနဲ့ဆိုရင် ဒီလိုဆက်သုံးနိုင်ဖို့ ဘာမဆိုလုပ်မှာပဲ။ ဘယ်တုန်းကမှပြည်သူ့မျက်နှာမကြည့်ခဲ့တာ အခုနောက်ဆုံးအချိန်ဆိုပိုလို့တောင် မကြည့်တော့ဘူး သေချာတယ်။
twitty
November 15, 2013 at 3:31 pm
post နဲ့မဆိုင်ပေမယ့် comment ထဲမှာ ရေးထားတဲ့ စကားပုံလေးမှားနေလို့ ပြန်ပြင်ချင်ပါတယ်…။ အဲဒီ စကားပုံကို တော်တော်များက “..ရင်လောက်တင်မှ ဒူးလောက်ကျ..” လို့ထင်ထားကြပါတယ်..။ အမှန်က “… ဒူးလောက်တင်မှ ရင်လောက်ကျပါ…”
Khant Khant
November 15, 2013 at 3:51 pm
ဟုတ်ကဲ့ ခုလို အသိ မှားကိုပြင်ပေးလို့
ကျေးဇူးပါခဗျာ။
နောက်လဲ တွေ့တဲ့နေရာအမှားတွေကိုပြင်ပေး
ပါခဗျာ။
TNA
November 13, 2013 at 1:49 pm
ပိုစ့်ကိုမန့်တော့မယ် သန်း ၆ဝ ညံ့တာမဟုတ် လက်တဆုတ်စာညံ့လို့ ကိုယ်ကျိုးကြည့်လို့ ကိုယ်ကျိုးနဲကုန်တာ လို့မြင်မိပါကြောင်း
Foreign Resident
November 13, 2013 at 2:39 pm
TNA says:
” သန်း ၆ဝ ညံ့တာမဟုတ် လက်တဆုတ်စာညံ့လို့ ကိုယ်ကျိုးကြည့်လို့
ကိုယ်ကျိုးနဲကုန်တာ လို့မြင်မိပါကြောင်း”
မွသဲ ရဲ့ ၊ အမှန်က ၊ သန်း ၆ဝ က ညံ့လွန်းလို့သာ ၊
လက်တဆုတ်စာ ရဲ့ လုပ်ချင်တာ လုပ်တာကို ခံနေရတာကိုးဗျ ။
အဆိုးဆုံး အချက်ကတော့ ၊
၁ ။ သန်း ၆ဝ က ကိုယ့်ဖာသာကိုယ် ညံ့တယ် မထင်သေးတာ နှင့် ၊
၂ ။ အရိုးစွဲနေတဲ့ ညံ့ချက်တွေကို မ ပြောင်းလဲချင်တာပါဘဲ ။
Khant Khant
November 13, 2013 at 2:52 pm
အဘက ကျတော်စာရိုက်နေတုန်းဦးသွားတယ်
တူနေလို့ထပ်မရေးတော့ပါဘူး။
မှန်ပါတယ်။ကျတော်အဘိုးလဲညံခဲ့တယ်။
ကျတော့်အဖေလည်းညံခဲ့တယ်။
ကျတော်လည်းညံနေတယ်။
ကျတော့်သားတွေလည်းညံလာမှာပါပဲ။
အညံတောထဲက မထွက်နိုင်ဘူး။ထွက်ဖို့မကြိုးစားဘူးဆိုရင်
ကျတော့်မြေးမြစ်ထိညံနေအုံးမှာပဲ။
ပိုစ့်မှာပြောတဲ့ဂျပန်ပြည်မှာအခန့်သားနေရာလဲရင်တောင်ခံလှ
တနှစ်ပဲ။ညံတာနဲ့ကိုဂျပန်ကျွန်းရေအောက်မြုပ်မှာ။
TNA
November 13, 2013 at 4:29 pm
အောင်မယ်လေး အဘရယ် မညံ့ဘာဘူး မညံ့ဘာဘူး သန်းခြောက်ဆယ်သောသူတွေ မညံ့ဘာဘူး။ မညံ့ညံ့အောင် တုတ်ပြဒါးပြပြ ပညာရေးမပျက်ပျက်အောင်ဖျက်လို့ပျက်သွားကြတာပါ။ အဘတို့ Khant Khant တို့လိုတော်ဘာလျှက်နဲ့ဘာမှလုပ်မရဘဲအားမလိုအားမရဖြစ်နေတဲ့သူတွေအ များကြီးပါ။ မြန်မာတွေမညံ့ခဲ့လို့လဲ ၁၉၉၆ ထိ တော်လှန်ဖို့ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သိတဲ့အတိုင်း မညံ့ချင်ပဲညံ့လိုက်ရတာပါအဘရယ်။ လူ့ဘဝနဲ့ သေနတ်နဲ့ယှဉ်ပြီးမညံ့ကြောင်းပြခဲ့ကြတာတွေ သမိုင်းနဲ့အြ့ပည့်ပါ။
Khant Khant
November 13, 2013 at 4:45 pm
ခရိုနီဆိုတာ ပေါပင်လူတန်းစားပါ။အုပ်ချုပ်သူတွေအလိုလိုက်မှ
စားရတာပါ။ပေါပင်မို့အချိန်တန်ရင်အလိုလိုပျောက်သွားမှာပါ။
မိုးရွာသီမှာမှို ထွက်သလိုပေါ့ဗျာ။အချိန်တန်တော့လဲ တုန်းတဲ့မှို
ကလဲတုန်း။မတုန်းချင်ရင် အနင်းခံပြီး ဇတ်သိမ်းလှမှာမဟုတ်ပါ
ဘူး။ ခုဆို ခရိုနီတွေလဲ အခြေအနေ ကြည့်နေရတဲ့ဘဝ
ရောက်နေပါပြီ။ ပြည်သူတွေ မညံဖို့ပဲလိုတယ်။
TNA
November 13, 2013 at 7:50 pm
ပြည်သူတွေမညံ့ဘူးလို့ထပ်ပြောပရစေ။ ကျွန်မတို့သန်းခြောက်ဆယ်သောပြည်သူတွေမှာ ပညာရှင်တွေ အများကြီးပါ။ သူတို့ကိုသာလူမှန်နေရာမှန်တာဝန်ပေးကြည့်ပါလား ကျွန်မတို့နိုင်ငံမကြာဘူး ဂျပန်ကိုရီးယား တွေကိုကျော်တက်သွားမှာ။ အခုဟာက တကယ်တတ်တဲ့သူတွေ ပညာရှင်တွေကို ချောင်ထိုးပြီး မတတ်တဲ့အစိမ်းဝတ်တွေကအုပ်ချုပ်နေလို့ဖြစ်ရတာ။ ဟိုနေ့က ဆရာမဝင့်ပြုံးမြင့်ရေးသွားတဲ့ ပညာရေးအကြောင်းဆိုရင် တကယ့်ပညာရှင်အတွေးအခေါ်တွေတွေ့ရမှာပါ။ ပညာရှင်တွေက ပညာရေးကိုဘယ်လိုပြင်ရမလဲ ဆိုတာသိနေတယ်။ ဒါပေမဲ့ ပြင်ဖို့အခွင့်မရဘူး။ အခုချိန်မှာ ဒီလိုပညာရှင်တွေလက်ထဲ ကျွန်မတို့ပညာရေး ပြုပြင်ပြောင်းလဲဖို့အပ်လိုက် ချက်ချင်းအပျံစားထွက်လာမယ်။ အဲလိုပဲ နယ်ပယ်အသီးသီးမှာတကယ်ကျွမ်းကျင်တဲ့သူတွေကိုခိုင်းဖို့ပဲလို တယ်။ ချောင်ထိုးထားရင်တော့ အခုလိုပဲ သန်းခြောက်ဆယ်ညံ့တယ်လို့ထင်မှာပဲ။ တကယ်တော့ သန်းခြောက်ဆယ်မညံ့ပါဘူး။ နေရာပေးမခံရတာ ပါ။ သူမပေးမှတော့ကိုယ်အတင်းနေရာယူလို့မှမရတာ။
Khant Khant
November 14, 2013 at 3:20 pm
ဟုတ်ပါတယ် ဒီအချက်ကိုလက်ခံပါတယ်။
ဒါပေမဲ့ညံတယ်လို့ပြောတဲ့အခါမှာ အပြောတမျိုးပဲ။
တတ်ကျွမ်းမူ့တမျိုးပဲ။ ပညာတမျိုးပဲ ဆို ရင် မရပါဘူး။
အခြေအနေ အချိန်အခါကို နားလည်နိုင်ရမယ်။ဖိနှိပ်ရင် ရုန်းကန်ထွက်ရဲရမယ်။
ခုပြောသလို ပညာရေးကို ပြင်ရမယ်။ပညာရှင်တွေလက်ခံတယ်။ဆွေးနွေးနေကြတယ်။
ဒါပေမဲ့ သူတသင်း ကိုယ်တသင်း စုဖွဲ့မှု့မျိုးပဲတွေ့ရတယ်။ ပညာရေးပြုပြင်ပြောင်းလဲဖို့က
ကျတော့်အမြင်နော်
၁။ လက်ရှိ တန်းမြင့်ကျောင်းသားကျောင်းသူတွေသိရမယ်။
၂။ အဲဒီကျောင်းသား ကျောင်းသူတွေရဲ့ဆရာတွေသိရမယ်။
၃။ မိဘတွေသိရမယ်။
၄။ ပညာကိုအသုံးချမယ့် လုပ်ငန်းနယ်ပယ်အသီးသီးကလူတွေသိရမယ်။
၅။အစိုးရကသိရမယ်။
ကျတော်မြင်တာလောက်ပဲ မှာ ဘယ်နှလွှာလောက်ကစိတ်ဝင်စားကြပါသလဲ?
ဒါ ပညာရေးပဲရှိသေးတယ်နော်။
ခုနက ပြုပြင်ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့ပညာရှင်တွေ ပြုပြင်ပြောင်းလဲဖို့ဘယ်ဟာကိုဘယ်
လိုပြင်မယ်။စနစ်ကိုဖြင့်ဘယ်လို လုပ်မယ်။ အစရှိသည်ဖြင့်ပြောနေယုံနဲ့ နားထိုင်း အစိုးရက
သိပါ့မလား။ ထုံပေပေအစိုးရကို ဖိအားပေးဖို့ ဒီပညာရှင်တွေစွမ်းနိုင်ပါ့မလား။ ဒါကအားလုံးပါမှ
အလွှာအသီးသီးက သိမှ သန်း ၆ဝ မှာ ၆ သန်း လောက်က အစိုးရကို အော်နိုင်ရင်ကို ရပါတယ်။
ဒါ ပညာရှင်တွေ တော်သော်လည်း လုပ်ပုံလုပ်နည်း ညံလို့ ဆိုရင်ကော???
ကျတော်ရှင်းပြချင်တာ ရူပ်ထွေးသွားရင် ခွင့်လွတ်ပါ။ထပ်ရှင်းပြချင်ပါတယ်။
မဟာရာဇာ အံစာတုံး
November 14, 2013 at 12:15 pm
အော် …
ရေမြောင်းမှာ အမှိုက်တွေ များနေတော့
ရေစီးရေလာ ဘယ်ကောင်းတော့မလဲဗျာ …
ဒါတွေကြောင့် …
ခြင်တွေ ယင်တွေကလည်း တယ်များလာတော့တာပေါ့ …
Khant Khant
November 14, 2013 at 3:39 pm
ဒါကြောင့် ကျုပ်က ဆရာတင်ပြီး ဆရာအံ လို့ ခေါ်တာပေါ့။
တပည့် စိတ်ကိုသိနေသလိုပဲ ပြောချင်တာနဲ့အတော်ပဲ။
ကျတော်ဒီ ရေဆိုးမြောင်းတွေ အမှိုက်ပုံ ကိစ္စတွေ လမ်းသန့်ရှင်းရေးတွေ
စသည်ဖြင့် စည်ပင်လုပ်ငန်းတချို့ကို ပုဂ္ဂလိက ကို လွဲ စေချင်တာဗျာ။
အစပထမတော့ တက်နိုင်လောက်တဲ့ရပ်ကွက်တွေကိုအရင် လုပ်။နောက်တဖြည်းဖြည်း
အစွန်အဖျားရပ်ကွက်တွေထိ နုူံန်းတမျိုးနဲ့လုပ်။ဒါဆို လမ်းတွေ ရပ်ကွက်တွေ သန့်ရှင်းသပ်ရပ်သွားမယ်။
နောက်လုပ်သားတွေ လစာခံစားခွင့်တွေတိုးလာမယ်။ စည်ပင်ကလည်း
တခြားကိစ္စတွေ စိစစ်တာ အခွန်ကောက်တာတွေမှာ ဖိဖိစီးစီးလုပ်နိုင်မယ်။
ဒါပေမဲ့ ခရိုနီတွေ အမှိုက်ကောက်ချင်ပါ့မလားမသိ
မဟာရာဇာ အံစာတုံး
November 14, 2013 at 4:09 pm
သဂျိုးကို ဆရာ လာတင်ဒဲ့လူဂ ချိဒေး .. ဟေဟေ့ ..
တဘဲ့ ဆိုဒေါ့ဂါ ချရာ ခိုင်းသမျှ လုပ်ပေးရမယ် မီဟုတ်လား ..
အဟမ်းး ဟမ်းး
ဒီဒေါ့ဂါ …
တဘဲ့ .. ချရာ့အတွက် မန်းနီး သိန်းတစ်ထောင်လောက် ချာဂဲ့ …
တိုက်သင့်ရင် တိုက်၊ ခိုးသင့်ရင် ခိုးဂဲ့ ..
ဒီမှာ ချရာ မင်ဂါစရိတ် လိုနေရို့ ….. ငိငိ
(ဂျစ်ရို့စဒါနော်)
Khant Khant
November 14, 2013 at 4:21 pm
ဒေါ်လာ လား ရမ်းလား ဝမ်းလား ယွန်းလား ယူရိုလား
ပေါင်လား ဒူးလား
ချာကလည်း ရှင်းအောင်ပြောပါဗျ
alinsett
November 15, 2013 at 7:24 am
သေချာတာတတစ်ခုကတော့
မြန်မာနိုင်ငံသား သထေးတော်တော်များများက သထေးလို မနေတတ်
ဆင်းရဲသားတော်တော်များများကလည်း
ဆင်းရဲသားလို မနေတတ်
:kwi:
အဲဒီလိုပဲတွေးလိုက်တယ်
Khant Khant
November 15, 2013 at 9:48 am
သဌေးက သဌေးလို မနေတတ်
ဆင်းရဲသားက ဆင်းရဲသားလိုမနေတတ်
ဟုတ်လိုက်လေ။
ဒီမှာကျတော်တခုထပ်စဉ်းစားမိတာ တခုက လူလတ်တန်းစား။
နိုင်ငံရေးအရ အောင်မြင်မူ့ဟာ ပြည်သူများစီးပွားရေးအဆင်ပြေ
မြင့်မားလာခြင်းနဲ့မြင်နိုင်ပါတယ်။ တပြေညီ စီးပွားဥစ္စာတိုးတတ်လာ
ခြင်း နဲ့အတူ လူလတ်တန်းစား အရေအတွက်အချိုးကို မြင့်မားလာစေ
မှာဖြစ်ပါတယ်။
ဘယ်လိုပဲ နိုင်ငံရေးစနစ်ကောင်းမွန်ပါတယ်။အောင်မြင်ပါတယ် ပြောပြော
လူလတ်တန်းစား ဦးရေ အချိုးက လူချမ်းသား နဲ့ လူဆင်းရဲ အချိုး ထက် နိမ့်
ကျနေမယ်ဆိုရင် အောင်မြင်ပါတယ်ပြောလို့မရပါဘူး။ အိမ်နီးချင်း တရုတ်နဲ့
အနိ္ဒယ နိုင်ငံများကို ကြည့်ရင်သိနိုင်ပါတယ်။
pazflor
November 16, 2013 at 10:53 am
မြန်မာပြည်မှာ ပညာတတ်များလား မများလားဆိုတာ စာကောင်းပေမွန်လို့ ဆိုနိုင်မဲ့ စာအုပ် တစ်အုပ်ထုတ်လိုက်ရင် ဘယ်နှစ်ယောက် ဝယ်ဖတ်ကြသလည်း ဆိုတာနဲ့ တင် တော်တော် သိနိုင်နေပြီ ခင်ည။
Khant Khant
November 16, 2013 at 12:49 pm
မန့်ထားတာမေးထဲရောက်ရောက်ချင်း ပြန်ဖို့ကြိုးစားပေမဲ့
ခုမှပြန်လို့ရတာပါ။လည်နိုင်လွန်းတဲ့အဝိုင်း
pazflor ရေ
မန့်ပေးလို့ကျေးဇူးပါဗျာ။မန့်ထားတာကိုကျတော်အပြည့်အဝ
သဘောတူပါတယ်။ဒါအမှန်ပါပဲ။ မြန်မာပြည်မှာ သန်း၆ဝ ရှိတာ
မှာ ဘယ်လောက်စာဖတ်သလဲဆိုတာ စာအုပ်ထုတ်ဝေရေးရဲ့
ဘယ်နှအုပ်ထုတ်နေရသလဲဆိုတာကြည့်ရင်သိနိုင်ပါတယ်။
တချို့စာအုပ်တွေဆို အုပ်ရေ ၅၀ဝ တောင်မကုန်တာတွေသိရပါတယ်။
ဒီတော့မြန်မာတွေစာဖတ်အားနည်းတယ်ဆိုတာ ကမ္ဘာ အရပ်ရပ်က
စာအုုုပ် အုပ်ရေ သန်းချီ တာနဲ့ယှဉ် ပြီးလဲ မြင်နိုင်ပါတယ်။
ဘာလို့မြန်မာတွေစာမဖတ်ကြသလဲ? တွေးသင့်ပါတယ်ဗျာ။
ကျတော့်အမြင်လေးကို ပြောပါရစေ။
၁။စာအုပ်တန်ဖိုး။
၂။ ဖြန့်ချီရေးအားနည်းချက်။
၃။ တိုင်းပြည်ရေးရာရှုပ်ထွေး ဝေဝါးနေမှု့။
၄။ စာပေအဆင့်အတန်း ဘာသာစကားအရ လူအများဖတ်ရှု့
နိုင်သောပညာရပ်စာပေ ရှားပါးလာမူ့။
၅။ အစိုးရ၏စာပေအခန်းကဏ္ဍတွင် ထောက်ကူပါဝင်ခြင်းနည်းပါး
လာမှု့။
ဆိုပြီးကျတော်မြင်ပါတယ်။
ကျတော်ရဲ့ဖခင်ဆီကစကားတချို့ကိုပြန်ပါးလိုက်ချင်ပါတယ်။ပိုစ့်
မှာ ဂျပန် ဆိုတာပါနေလို့ ဂျပန်နဲ့ပဲ ပြန် ပြောရမှာပဲ။
ပုသိမ်မှာ မှန်စက်ရုံတည်ဆောက်တုန်းကပေါ့ဗျာ။၁၉၈၂ ဝန်းကျင်
ထင်ပါရဲ့။ကျတော်ကငယ်သေးတယ်။ကျတော့်ဖခင်က အဲဒီစီမံကိန်း
မှာပါခဲ့တယ်။ကျတော်ဖခင်က သချာင်္ တော်တယ်။အဲဒီစက်ရုံက ဂျပန်
အကူအညီနဲ့ ပညာရှင်နဲ့ ဆောက်တာမို့ လုပ်ငန်းပိုင်းမှာဂျပန်အင်ဂျင်နီယာ
တွေနဲ့ထိတွေ့လုပ်ကိုင်ရတယ်။တနေ့ တွက်ချက်မူ့အပိုင်းမှာ ကျတော့်
ဖခင်နဲ့ဂျပန်အင်ဂျင်နီယာ နဲ့ အငြင်းပွားရတယ်။ဂျပန်ကလည်းတော်
တော်စိတ်ဆိုးတယ်။ဒီမြန်မာကောင်ကပြန်ငြင်းတယ်ပေါ့ဆိုပြီး။
ဒါနဲ့ကျတော်ဖခင်ကလည်းအလျော့မပေးဘူး။အလောင်းအစားစိန်ခေါ်
တယ်။ဝမ်းတေဘယ်ကြေးပေါ့။ဂျပန်ကလည်းအိုကေပေါ့။ဒါနဲ့သူတို့
ဂျပန် အင်ယာချူပ်ပေါ့ဗျာ။သူ့ဆီမှာအမှားအမှန် ဆုံဖြတ်ဖို့သူတို့
ပြသနာကိုယူသွားတယ်။ အင်ယာချူပ်က တချက်ကြည့်ပြီး ဒါအမှန်ပဲ
ဆိုပြီးကျတော့်ဖခင်တွက်ချက်မူ့ကို ထောက်ခံတယ်။ဒီတော့မှအဲဒီဂျပန်က
ကျတော့်အဖေကို လေးစားသွားတယ်။အထင်မသေးရဲတော့ဘူး။
လှိုက်လှိုက်လဲလဲသူအိမ်ကို ဒင်နာစားဖို့ဖိတ်တယ်။လောင်းကြေးအရ
တယောက်တည်းပေမဲ့ တအိမ်လုံးလာစားဖို့လေးလေးစားစားကို
ဖိတ်တယ်။
ဒီလိုနဲ့ကျတော်တို့လည်းအဲဒီကိုရောက်ဘူးတော့တာပဲ။အိမ်ကအစ
ပရိဘောဂအဆုံးမမြင်ဘူးတာချည်းပဲ။သူ့အမျိုးသမီးကိုယ်တိုင်ချက်ပြုပ်
ပြီးတော့ကိုကျွေးတာ။ မုန့်တွေလည်းတထုပ်ကြီးထည့်ပေးတယ်။
ကျတော့်ဖခင်နဲ့အဲဒီဂျပန် အတူတူထမင်းမစားခင် အရက်သောက်စကား
ပြောနေခဲ့တယ်။အင်္ဂလိုအပြန်အလှန်ပြောနေတာမို့ကျတော်တို့
နားမလည်နိုင်ခဲ့ဘူး။ အိမ်အပြန်ကျမှ မေးကြည့်မိတယ်။အဖေတို့
ဘာတွေပြောနေသလဲလို့ပေါ့။
ကျတော့်ဖခင်ကအသေးစိတ်တော့မဟုတ်ဘူး။အဓိကအချက်ပဲတိုတိုရှင်းပြ
တယ်။
ငါကမေးတယ်။မင်းတို့ဂျပန်တွေစစ်ရှုံးတယ်။ဗုံးကြဲခံရတယ်။တတိုင်း
ပြည်လုံးရစရာမရှိဘူး။ခုဘာလို့ဒီလောက်ထိတိုးတတ်နေရသလဲ။
ဆိုပြီးမေးတယ်တဲ့။
သူက အေးငါတို့လူမျိုးကအရှုံးဆိုတာကိုလက်မခံချင်တဲ့လူမျိုးတွေကွ။
ခုတကမ္ဘာလုံးကိုစစ်ရှုံးပေမဲ့တနေ့ပြန်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့တတိုင်း
ပြည်လုံးကြိုးစားခဲ့တယ်။ပြန်နိုင်မဲ့နည်းလမ်းအရ စီးပွားရေးနည်းကို
ရွေးချယ်တယ်။နိုင်ငံတိုင်းကိုစီးပွားရေးအရလွှမ်းနိုင်ဖို့ထုတ်ကုန်လိုတယ်။
ထုတ်ကုန်ရဖို့ပညာလိုတယ်။ပညာဆိုတာစာပေမှာရှိတယ်။စာပေဆို
တာဂျပန်လူမျိုးတိုင်းဖတ်တတ်ရမယ်။ဖတ်တတ်ဖို့ပညာသင်ရမယ်။
ပညာသက်ရင်အမြန်တတ်နိုင်တဲ့နည်းနဲ့သင်ရမယ်။ဒီတော့ရှိရှိသမျှ
ပညာရှင်တွေက တကမ္ဘာလုံးမှာ ရှိရှိသမျှ ဘာသာအသီးသီးနဲ့စာပေ
တွေကို ဂျပန်လူမျိုးတိုင်းဖတ်နိုင်သင်နိုင်အောင်ဘာသာပြန်တယ်။
တတိုင်းပြည်လုံးရဲ့ဦးတည်ချက်ကအတူတူဖြစ်နေတယ်။အဲသလို
ဖြစ်အောင်အစိုးရက အဓိကထောက်ပံ့ပေးတယ်။
ဒီလိုနဲ့ဂျပန်ဟာဒီနေ့အခြေထိရောက်လာတာတဲ့။
ဒါလေးသတိရမိလို့ပါ။