ဤ အားလပ်ရက် ရာသီတွင် အကုန်အကျ သက်သာစေရန် SCE အစီအစဉ်များမှ ကူညီပေးမည်

kaiNovember 26, 20133min2195

ဤ အားလပ်ရက် ရာသီတွင် အကုန်အကျ သက်သာစေရန် SCE အစီအစဉ်များမှ ကူညီပေးမည်

 

SCE-CARE_FERA-Photo-1wအားလပ်ရက် ဥတုရာသီ နီးကပ်လာသည်နှင့်အမျှ ဤ အချိန်အခါတွင် မိသားစု နှင့် အပေါင်းအသင်းများကို မိမိတို့၏ နေအိမ်တွင် စိတ်အေးလက်အေး ဧည့်ခံသည့်အခါ ရေ/မီး အသုံးအဆောင် အခများအတွက် အပိုဝန်ထမ်းရန် မလိုအပ်ကြောင်းကို တောင်ပိုင်း ကယ်လီဖိုးနီးယား အက်ဒီဆန် (SCE) မှ ပုံမှန် သုံးစွဲသူ မိတ်ဆွေတို့အား အသိပေးအပ်ပါသည်။ ကယ်လီဖိုးနီးယား စွမ်းအင် သီးသန့် နှုန်းထား (CARE) အစီအစဉ် နှင့် မိသားစု မီတာခ အထောက်အကူ (FERA) အစီအစဉ်များသည် သတ်မှတ်ချက် ပြည့်မီသော အိမ်ထောင်စုများအတွက် လျှပ်စစ်မီးခကို လျှော့ပေးလျက်နေပါသည်။

 

“ကျွန်ုပ်တို့၏ ပုံမှန် အသုံးပြုသူများကို ၎င်းတို့၏ ရေ/မီး အသုံးအဆောင် အခများကို မည်ကဲ့သို့ ပေးဆောင်ရမည်ကို တွေးပြီး ပူပန်နေမည့်အစား မိမိတို့ ချစ်သော မိသားစု နှင့် အပေါင်းအဖေါ်များဖြင့် ဤ အားလပ်ရက် ရာသီကို မည်သို့ ပျော်ပျော်ပါးပါး ဖြတ်ကျော်မည်ကိုသာ အာရုံစိုက်စေလိုပါသည်” ဟု ဝင်ငွေ သတ်မှတ်ချက် ပြည့်မီရေး နှင့် စီးပွားရေး အထောက်အကူ အစီအစဉ်များမှ SCE မန်နေဂျာချုပ် ဂျက် ပါ့ခ်ဟေး(လ်)မှ ဆိုပါသည်။ “သတ်မှတ်ချက် ပြည့်မီသော ပုံမှန် အသုံးပြုသူများအနေဖြင့် အဆိုပါ အစီအစဉ် တစ်ခုခုတွင် စာရင်းသွင်းရန် ကျွန်ုပ်တို့ထံသို့ ဆက်သွယ်လာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။”

 

သတ်မှတ်ချက် ပြည့်မီသော ပုံမှန် အသုံးပြုသူများ၏ ရေ/မီး အသုံးအဆောင် အခကို CARE မှ ၃ဝ ရာခိုင်နှုန်းခန့် သက်သာစေရန် ကူညီပေးသည်။ စွမ်းအင် အသုံးပြုနှုန်းကို အခြေခံပြီး ဝင်ငွေ ကန့်သတ်ချက်ထက် မသိမသာ ပိုများသော လူသုံးဦး သို့မဟုတ် သုံးဦးထက် ပိုသည့် ဝင်ငွေ သတ်မှတ်ချက် ပြည့်မီသော အိမ်ထောင်စုများအတွက် FERA မှ လစဉ် လျှော့ဈေးပေးနေပါသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကျုံးဝင်သော CARE နှင့် FERA အစီအစဉ်များအတွက် အများဆုံး ဝင်ငွေ လမ်းညွှန်ချက်များကို အောက်ပါ ဇယားကွက်တွင် အကြမ်းဖျင်း ဖော်ပြထားပါသည်။

အိမ်ထောင်စု အရွယ်

CARE

FERA

ဒေါ်လာ ၂၂,၉၈၀

သတ်မှတ်ချက် မမီပါ

ဒေါ်လာ ၃၁,၀၂၀

သတ်မှတ်ချက် မမီပါ

ဒေါ်လာ ၃၉,၀၆၀

ဒေါ်လာ ၃၉,၀၆၁ – ဒေါ်လာ ၄၈,၈၂၅

ဒေါ်လာ ၄၇,၁၀၀

ဒေါ်လာ ၄၇,၁၀၁ – ဒေါ်လာ ၅၈,၈၇၅

ဒေါ်လာ ၅၅,၁၄၀

ဒေါ်လာ ၅၅,၁၄၁ – ဒေါ်လာ ၆၈,၉၂၅

ဒေါ်လာ ၆၃,၁၈၀

ဒေါ်လာ ၆၃,၁၈၁ – ဒေါ်လာ ၇၈,၉၇၅

ဒေါ်လာ ၇၁,၂၂၀

ဒေါ်လာ ၇၁,၂၂၁ – ဒေါ်လာ ၈၉,၀၂၅

ဒေါ်လာ ၇၉,၂၆၀

ဒေါ်လာ ၇၉,၂၆၁ – ဒေါ်လာ ၉၉,၀၇၅

တစ်ဦးချင်း အပို

ဒေါ်လာ ၈,၀၄၀

ဒေါ်လာ ၈,၀၄ဝ – ဒေါ်လာ ၁၀,၀၅၀

 

ဆောင်းအကြို နှင့် ဆောင်းတွင်း လများ အတောအတွင်း ကုန်ကျစရိတ် သက်သာစေရန် ရိုးရှင်းသော အကြံပြုချက်များကို အောက်တွင် ဖော်ပြထားပါသည် –

  • ထုတ်လုပ်သော ကုမ္ပဏီမှ သတ်မှတ်ချက်အတိုင်း သုံးလ တစ်ကြိမ် မီးပြင်းဖို ဆန်ကာများကို သန့်ရှင်းရေးလုပ်ပါ (သို့) လဲပါ။ ညစ်ညမ်းသော ဆန်ကာများသည် လေဝင်လေထွက်ကို တားဆီးပြီး စွမ်းအင် သုံးစွဲနှုန်းကို မြှင့်မားစေသည်။
  • အပူပေးစနစ် ပျက်စီးခြင်းမှ ကာကွယ်ရန် ရှိပြီးသား အပူ နှင့် အအေးခံ ပိုက်လုံးများကို ပြင်ဆင်ပါ၊ အလုံပိတ်ထားပါ ထို့နောက် အဖုံး တပ်ဆင်ပါ။
  • လေမဝင်နိုင်စေရန် တံခါး နှင့် ပြတင်းပေါက် ပတ်လည်တွင် စေ့ခြင်း နှင့် ဖာခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် သင့် အိမ်ထဲသို့ လေစိမ်းများ မဝင်စေရန် ကာကွယ်ပေးပြီး အိမ်ထဲမှ လေပူများ အပြင်သို့ ယိုထွက်ခြင်းမှလည်း ကာကွယ်ပေးသည်။

 

အားလပ်ရက်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေစဉ် ဤ အကြံပြုချက်များ နှင့် အကုန်အကျ သက်သာစေသော အစီအစဉ်များ အကြောင်းကို သင့် မိသားစုဝင်များအား ပြောပြပါ။ ထိုသို့ ပြောပြခြင်းဖြင့် သင်၏ အားလပ်ရက် ရာသီကို ဖြတ်သန်းရာတွင် အပြောင်းအလဲ တစ်ခု ဖြစ်စေနိုင်ပြီး တစ်နှစ်ပတ်လုံး စွမ်းအင်အတွက် ကုန်ကျစရိတ်များကို လျော့နည်းစေနိုင်ပါသည်။

 

CARE သို့မဟုတ် FERA တွင် ပါဝင်ရန် သတ်မှတ်ချက် မီ/မမီ သိရှိရန် www.sce.com/billhelp တွင် ဝင်ကြည့်ပါ သို့မဟုတ် ဖုန်းနံပါတ် ၁-၈၀၀-၆၅၅-၄၅၅၅ သို့ ဆက်သွယ်ပါ။

 

5 comments

  • ဦးကြောင်ကြီး

    November 26, 2013 at 11:18 am

    အိုဘားမားကဲမှာတော့ အိမ်ထောင်ဇု ဝင်ငွေကို နှစ်ကုန်ဝင်ငွေခွန် ကြေငြာလွှာ တင်တဲ့အခါ လင်မယားပူးတွဲ joint return တင်မှ သတ်မှတ်ဝင်ငွေဘောင် အကျုံးဝင်မည် ပြောဒယ်..။ အခုဟာရော အဲလိုဗဲလား.. အသိထဲမှာ married joint မတင်ဘဲ separate head of household အနေနဲ့ တင်သူရှိလို့.. ။ သဂျီးဝင်ငွေ သိပ်များနေရင် အနော့်ဂို tax returnမှာ မွေးဇားသား dependent အဖြစ် ထည့်ဂွင့်ပေးမည်။

  • kai

    November 26, 2013 at 1:06 pm

    အမေရိကပြည်ထောင်စု… တောင်ပိုင်းကယ်လီဖိုးနီးယားနေ မြန်မာမိသားစုအိမ်များအတွက်ဖြစ်ပါသော…
    … ကြော်ငြာပါခင်ဗျား..
    ဖတ်ကြလက်ဆင့်ကမ်းကြစေလို.. :mrgreen:

  • ကြောင်ဝတုတ်

    November 26, 2013 at 3:49 pm

    အော်… မြန်မာနိုင်ငံတောင်ပိုင်းက ငါတို့မပါဘူးပဲ…

  • zarzarhtwe

    November 26, 2013 at 10:01 pm

    GA မှာလည်းရှိပါတယ်သူကြီး။ဒီဇင်ဘာ ၁ရက်နေ့ကစပြီးလျှောက်နိုင်ပါတယ်

Leave a Reply