ဆိုးဆေးနဲ့ ကျန်းမာရေး
မနေ့က ဟင်းမချက်နိုင်ရင် စားဖို့ လွယ်လွယ်ကူကူ ဆတ်သားခြောက် မီးဖုတ်ဝယ်လာတယ် မနက် ဆွမ်းတော်ကပ်တော့ ထမင်းပူပူလေး ဟင်းမချက်တော့ စားဦးစားဖျား ကပ်လိုက်တယ် ထမင်း စားခါနီး ဆွမ်းတော်လေး စွန့်ပြီး စားဖို့ကြည့်တော့ ဆတ်သားခြောက် မီးဖုတ်က အရောင်လေးတွေ ထမင်းမှာ ပန်းရောင်တွေ ပေနေတယ်။ ဘယ်လို လုပ်မလဲ ဈေးကတော့ ဈေးကောင်းနဲ့ ပေးဝယ်ရတယ် စားရမှာလဲ သဲ တလျှပ်လျှပ် ပစ်ရမှာလည်း အဆီ တဝင်းဝင်း လူတွေ ကျန်းမာရေး အသိနည်းပုံများ လွန်လွန်းတယ်။ ကိုယ်ကျိုးဘဲ ကြည့်နေကြတယ် လူတွေကလည်း ငပိဆို ခရမ်းရောင် သန်းမှ မြှစ်ဆို ဝါမှ ဇီးထုတ်ဆို နီမှ စားချင်ကြတယ် အရောင်မပါဘဲ ဖြူလျော့လျော့က လည်း သူဟာသူ ကောင်းတယ်ဆိုတာ လူတွေ တွင်တွင် သိဖို့တော့ လိုနေပြီ
4 comments
intro
August 6, 2010 at 8:54 am
ဝယ်သူတွေကလဲ သူတို့ သတ်မှတ်ထားတဲ့ ပုံစံ အရောင်လေး ရှိမှ ပစ္စည်းလတ်တယ်ထင်၊ ကောင်းတယ်ထင်၊
ရောင်းသူတွေကလဲ သူတို့ပစ္စည်း အရောင်းသွက်ဖို့အတွက် နည်းမျိုးစုံသုံးပြီး အစွံထုတ်
တကယ်တမ်း ခံစားရတော့ ကျွန်တော်တို့လို စားသုံးသူတွေပေါ့ဗျာ
kopauk mandalay
August 6, 2010 at 12:04 pm
ဒီကိစ္စကတော့ အတော်လေးကိုစိတ်ညစ်ရတဲ့လို့ပြောနိုင်ပါတယ်။
ဝယ်သူကလည်းအရောင်လှမှ လိုချင်တယ်။
အရောင်နဲ့မဆိုင်တဲ့ဆပ်ပြာလိုပစ္စည်းမျိုးတောင် ဖြူမှ ဝါမှ ဆိုပြီး အလှမက်ကြသေးသဗျာ။
ဝယ်သူအကြိုက်ဖြစ်အောင်ထုတ်လုပ်သူကလဲလုပ်ပေးတယ်။
အစာအိမ်ထဲကို မရောက်တဲ့ ပစ္စည်းမျိုးကိုတော့စိတ်တိုင်းကျလုပ်ကြပါ။
အစားအစာထဲကိုတော့ လှ လှ မလှလှ ထုတ်လုပ်သူတွေကသာ တင်းခံပြီး မထည့်ဘဲနေမယ်ဆိုရင်
သိပ်ကောင်းမယ်လို့ထင်ပါတယ်။
ထုတ်လုပ်သူများ စမ်းကြည့်စေချင်ပါတယ်။
ကျန်းမာရေးအတွက်ဖြစ်လို့ ရှောင်နိုင်ရင်ကောင်းမယ်လို့ယုံကြည်ပါတယ်။
kai
August 6, 2010 at 9:04 pm
ဂျပန်တွေက..အစာမစားခင် မျက်စိနဲ့အရင်စားတယ်ဆိုကြပါတယ်။
အဲဒါကြောင့် သူတို့အစာတွေက လှလှပပနဲ့ဖြစ်နေရတာပေါ့။ အဲဒီလိုဖြစ်တော့ အစားအသောက်တွေကို လှအောင်လုပ်ရတဲ့ အလုပ်တခုပိုပြီး အဲဒါက အလုပ်အကိုင်အခွင့်အလန်းလဲဖြစ်တာပေါ့..။
နောက်ပြီး..ကမ်ဘာကို သူတို့ကုန်ပစ်စည်းတွေတင်ပို ့ရင်လည်း အစားအသောက်ကို လှလှပပပြင်ထားတာမို ့ပိုရောင်းကောင်းပါတယ်။
ဒီလိုနဲ့ ဂျပန်စားသောက်ဖွယ်ရာတွေ ကမ်ဘာတန်းရောက်လာတယ်ပေါ့။
ဆုရှိ ကစလို့ ဆန်နဲ့လုပ်တဲ့မုန့်ပဲသရေစာလေးတွေများ..လှလို ့ပလို့..စာချင်စရာပါ။
မြန်မာတွေ အဲဒီလို အရောင်အလှကြိုက်တဲ့ ဓလေ့အကျင့်ရှိတာကောင်းတယ် ထင်ပါတယ်။
အလှကြိုက်တယ်ပေါ့နော။ ကျုပ်ကိုယ်တိုင်လည်း လက်ဖက်ရည်သောက်ရင် အရောင်နီဝါဝါလေးမှ ကြိုက်တာမို ့အဲဒီလိုရောင်းတဲ့ဆိုင်ရှာသွားတတ်ပါတယ်။
ဆိုတော့..ဖြစ်သင့်တာက.. အရောင်ဆိုးတဲ့ဆေးတွေကို လူတွေစားလို့ရတဲ့ ဆိုးဆေးတွေ လှလှပပ အရောင်စုံစုံသုံးပေးဖို့ပါပဲ။
ဆိုးဆေးတိုင်း ကျမ်းမာရေးမထိခိုက်ပါဘူး။ စားလို့ရတဲ့ ဆိုးဆေးတွေ သုံးသင့်တာပေါ့နော..။
အကျီ ်အရောင်ဆိုးတဲ့ဟာတွေကတော့ အသည်း တန်းပျက်မှာမို ့အဲဒါမျိုးလုပ်တဲ့သူတွေကိုသာ ပြင်းပြင်းထန်ထန် အရေးယူဖို့လို့..ထင်ပါကြောင်း..။
စကားမစပ်..
အဲဒီဆတ်သားခြောက်ဆိုတာကြီးက…တကယ်ဆတ်သား ဟုတ်ပါ့မလားဟင်င်င်င်……..။
winne
August 7, 2010 at 8:46 am
ဆတ်သားက အစစ်ဟုတ်မဟုတ်တော့ မသိဘူး အမဲသားကိုများ ဆေးဆိုးထားတာလား မသိဘူး။ မြန်မာလူမျိုးတွေ မျက်စိနဲ့စားရတွေ တော့ မရှိသေးဘူးထင်တာဘဲ လတ်တယ် ထက်တာလေးတွေဘဲ ဝယ်ကြတာ ဖြစ်ပါလိမ့်မယ်။ ဆိုးဆေးကတော့ စားလို့ ရတာသုံးရင် ရတာထက် ဗဟုသုတနည်းလို့ ဖြစ်သလို အရောင်ဝယ်လုပ်တာဘဲ ဖြစ်ရမယ်။ အစိုးရက ကြီးကြပ်လို့ ဇီးထုတ်တွေတော့ နဲနဲလှုပ်သွားဘူးတယ် ငပိတွေ မြှစ်တွေ ဈေးတွေမှာ လိုက်စစ်လို့ အရင်ကထက်တော့ အများကြီး ဟုတ်လာကြတယ် စစ်ဖို့ သတိမရသေးတာတွေတော့ ကျန်နေသေးတယ်