Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဆင့်အတန်းဆိုတာ

Good IdeaAugust 6, 20101min2584

ခုခေတ် လူတွေမှာ တော်တော်များများပြောနေတာ ကြားနေရတယ်
အဆင့်အတန်းတဲ့ ဒီကောင်မလေးကတော့ သူ.အဆင့်လေးနဲ.မတန်တာကိုမှ
ယူတယ်တို.ဘာတို.ကြားနေရတာ များနေတယ်ဗျ။
အဲ့တော့ဗျာ ကျွန်တော်တစ်ခုလောက်တော့ဆွေးနွေးချင်တယ်
ကိုယ်ဘယ်လိုအဆင့်အတန်းလဲ ကိုယ့်အိမ်ထောင်ဖတ်ကဘယ်လိုအဆင့်အတန်း
ဖြစ်မလဲဆိုတာကို တွေးမိသလောက် ပြောပြချင်တယ်နော်။
ကိုယ်ဘယ်လိုလူနဲ. ဘယ်လိုအဆင့်အတန်းနဲ.ရမလဲဆိုတာကိုပေါ့
မရခင်ထဲက ဘယ်လိုလူနဲ.ရမလဲဆိုတာ တွေးလို.ရအောင်ပါ။
ကျွန်တော်ကတော့ အဆင့်အတန်းဆိုတာကို ငွေကြေးပိုင်ဆိုင်မှု.နဲ.
မဆုံးဖြတ်ဘူးဗျာ ဘာနဲ.သတ်မှတ်လဲဆိုတော့ လူတစ်ယောက်ရဲ. နေထိုင်မှု.ဘဝပုံစံနဲ
နောက်ပီး သူ.ရဲ. စိတ်ထား သူ.ရဲ. အပြောအဆို သူ.ရဲ.အတွင်းစိတ်နဲ.ပဲတိုင်းတာတယ်
ဒါမှ လူတစ်ယောက်ရဲ.အဆင့်အတန်းလို.လဲသတ်မှတ်တယ် ။ ငွေတွေတော့ချမ်း
သာပါရဲ. ဒါပေမယ့် လူကိုလူလိုမမြင်ပဲ လုပ်ချင်ရာလုပ်နေသူကို အဆင့်အတန်းရှိတယ်လို
သူငယ်ချင်းဆိုရင်ရော သတ်မှတ်မှာလား အဲ့တော့ဗျာ မိန်းကလေးပဲဖြစ်ဖြစ်
ယောကျင်္ားလေးပဲဖြစ်ဖြစ်ပေါ့ ကိုယ့်အဆင့်အတန်းဆိုတာကို ကိုယ်တိုင် နေထိုင်မှု.
ပုံစံနဲ.ပဲသတ်မှတ်တာပါ ပီးတော့ ကိုယ်ဘယ်လိုလူနဲ.ရရ အဲ့လူဟာ ကိုယ့်အဆင့်အတန်းနဲ.
တူတဲ့လူပဲဆိုတာသေချာပါတယ် ။ အဆင့်အတန်းခြင်းမတူရင် ဘုန်းကံခြင်းလဲမတူပါဘူး
မယုံရင် မဟောသဓ ဇာတ်တော်ထဲမှာ ဖတ်ကြည့်လို.ရပါတယ် လိုရင်းပျောက်မှာ
ဆိုးလို. ခုတော့မရေးတော့ပါဘူး သူငယ်ချင်းက လူလေးကလဲချောပါတယ်
ပိုက်ဆံကလဲရှိပါတယ် ဒါပေမယ့် မင်းက အရက်သောက်တယ် နောက်ပီး
စကားပြောမောက်မာတယ်ဆို မင်းရမယ့်အိမ်ထောင်ဖက်ဟာ မင်းလိုပဲ
စကားပြောမောက်မာပီး လူကိုလူမထင်တဲ့သူပဲဖြစ်မှာပါ နောင်ပေါက်ဖွားလာမယ့်
သားသမီးတွေဟာလဲ အဲ့လိုပဲဖြစ်မှာပါပဲ။ လူဆိုတာ တစ်ရာတန်အောင်နေရင်
တစ်ရာတန်လူစားနဲ.ညားတက်တယ်လို. ငါကတော့သတ်မှတ်တယ်ကွာ။ ငါးဆယ်တန်အောင်
နေရင် ငါးဆယ်တန် လူတန်းစားနဲ.ပဲညားမှာပဲ။ အဲ့တော့ မင်းဘယ်လိုလူနဲ.ပဲညားညား
အဲ့လူဟာ မင်းနဲ.အဆင့်အတန်းတူတဲ့သူပဲဖြစ်မှာပါ။ ဒါပေမယ့် တစ်ချို.ကျတော့လဲ
ကိုယ့်လောက်မှ အဆင့်မရှိသူနဲ.ညားပေမယ့် သူ.ကြောင့်ကိုယ် အဆင့်အတန်းတက်ရတာ
ရှိသလို သူ.ကြောင့်ကျရတာလဲရှိတာပါပဲ။ ဥပမာတစ်ခုပေးမယ်ကွာ………….
ခုခေတ်ညီမတွေညီမတွေလဲ သိရတာပေါ့ ခုခေတ်ကောင်မလေးတွေ ဝတ်တာစားတာကို
ကြည့်ပါ ခေတ်ဆန်တယ်ဆိုပီး ယဉ်ကျေးမှု.နဲ. သိပ်ပီးမသင့်တော့တာတွေကို
ဝတ်စားတက်တဲ့မိန်းကလေးဟာ သူအိမ်ထောင်ကျရင် ဘယ်တော့မှ အေးဆေးစွာ
နေတက်တဲ့ယောကျင်္ားနဲ.ညားလေ့မရှိပါဘူး သူ.လိုပဲ ခေတ်ဆန်တယ်ဆိုပီး ကိုးယို.
ကားယားဝတ်တက်တဲ့ သူနဲ.ပဲညားလေ့ရှိပါတယ် ။ကလပ်တွေတက်ပီး
သောက်သောက်စားစားနေတက်တဲ့သူဟာလဲ သူ.လိုပဲ ကလပ်တက်တဲ့သူနဲ.ပဲ
တွေ.ဆုံညားတက်ပါတယ်။ရိုးရိုးယဉ်ယဉ်နေတက်သူဟာလဲ အဲ့လိုလူမျိုးနဲ.ပဲ
ညားတက်ပါတယ် ။.ပြောရင်းပြောရင်းနဲ. ဆိုလိုရင်းပျောက်သွားတယ် ဘာရေးမှန်း
မသိဘူးပြောရင်လဲ ကျွန်တော့်ရဲ. ညံ့ဖျင်းမှု.ပါ ။ဒါလေးကိုဖတ်ပီး နားလည်တယ်
ဆိုရင်လဲကျေးဇူးတင်ပါတယ်။စာများရင် ဖတ်ရတာ ဟုန်တက်လို. ဒီလောက်နဲ.ပဲ
တော်ထားတော့မယ်ဗျာ။ နားမလည်ဘူးဆို ကျွန်တော့အကောင့် arrowgod007@gmail.comနဲ. ဆက်သွယ်ပီး ဝေဖန်လို.ရပါတယ် ။ပွင့်လင်းစွာ
အကြံပေးလို.ရပါတယ် မှားတယ်ထင်လို.မှားတယ်ပြောလဲ ဝမ်းသာစွာလက်ခံပါတယ်။

ကိုတင်ထွန်း(လင်းထက်ကို)

4 comments

  • kopauk mandalay

    August 7, 2010 at 2:30 am

    တကယ်ပြောရမယ်ဆိုရင် ကျောင်းနေတုန်းက သူငယ်ချင်းဘဝမှာ အဆင့်အတန်းဆိုတာသိပ်မလိုပါဘူး။
    အဆင့်အတန်းဆိုတာ ငွေကြေး ဥစ္စဓန ပို်င်ဆိုင်မူ့နဲ့ ဆုံးဖြတ်သူကလဲ ဆုံးဖြတ်ပါတယ်။
    နေ့မူ့ထိုင်မူ့ကောင်းစွာပြောဆိုနေထိုင်ဝတ်စားတာကိုလည်း ကြည့်လို့သတ်မှတ်သူက သတ်မှတ်ပါတယ်။
    အတွေးအခေါ်မှန်ကန်တာ မြင့်မားတာနဲ့လဲသတ်မှတ်သူက သတ်မှတ်ပါတယ်။

    ဒီတော့ ကိုယ်နေထိုင်ကျင်လည်ရာ ပါတ်ဝန်းကျင်ကိုလိုက်လို့ အဆင့်အတန်းကို အနက်ဖွင့်ကြတယ်ဆိုတော့ ဘယ်သူမှန်တယ် ဘယ်လိုသတ်မှတ်ချက်ကမှန်တယ်ဆိုတာလဲ
    ပြောဘို့ခက်ပါတယ်။
    တကယ်လို့အိမ်ထောင်ဘက်ရွေးရင်တော့ ကို်ယ်နဲ့ ညီမျှတဲ့ ကိုယ့်အသိုက်အဝန်းနဲ့လိုက်ဖက်တဲ့သူကိုရွေးတာအကောင်းဆုံး ပြဿနာ အနည်းဆုးံပါ။
    ဒါပေမယ် ့ စကားတစ်ခွန်းတော့ ဘယ်သူပြောမှန်းမသိ ကြားဘူးတယ်၊
    “အချစ်နဲ့ပါတ်သက်လာရင် ချစ်မိပြီဆိုရင် သတ်မှတ်ထားတဲ့ စံပေတံအားလုံးကျုးိတယ် “တဲ့။
    ကဲသင်ကောဘာများပြောချင်ပါသေးသလဲဗျာ။

  • etone

    August 7, 2010 at 4:43 am

    တစ်ကယ်ချစ်လာပြီဆိုရင် အဆင့်အတန်းတွေ သိက္ခာတွေ မာနတွေဘာမှမလိုတော့ပါဘူး ။ ဘေးက ဘာပြောပြော ကိုယ်ချစ်တဲ့သူကလည်းကိုယ့်ကိုချစ်တယ်ဆိုရင် ဘာမှမလိုပါဘူး ။ ရှေ့ဆက်တိုးပါလို့ အကြံပြုပါရစေ။
    ဒါပေမဲ့တစ်ခုတော့ရှိတယ်နော် လူလွတ်တွေအတွက်သာပြောတာပါ အိမ်ထောင်ရှင်တွေ ၊ နောက်မီးလင်းတွေကတော့ ကိုယ့်အခြေနေကိုယ်အသိဆုံးဖြစ်မှာပါ ။

  • sofiadimple

    August 7, 2010 at 7:00 am

    ကျနော့အမြင်ကတော့ လူတစ်ယောက်ရဲ့အဆင့်အတန်းဆိုတာကိုသူ့ရဲ့ကိုယ်ကျင့်တရားနဲ့ပဲဆုံးဖြတ်ချင်ပါတယ်။
    ချမ်းသာတာဆင်းရဲတာတွေကတော့ လူတစ်ယောက်ရဲ့ကံတရားနဲ့လည်းဆိုင်တယ်မလား။ ဒီတော့ဗျာ ကိုယ်ကျင့်တရားမကောင်းတဲ့လူတစ်ယောက်ဟာဘယ်လောက်ပဲချမ်းသာနေပါစေ သူဟာအဆင့်မရှိတဲ့သူတစ်ယောက်လို့သာပြောချင်ပါတယ်။ ကိုယ်ကျင့်တရားကောင်းဖို့သာအဓိကလို့ပဲကျနော်ယူဆတယ်ဗျာ။

  • kai

    August 7, 2010 at 7:22 am

    စိတ်တော့မရှိနဲ့..။
    ကျုပ်တွေးတာနဲ့မတူလို့ပါ။
    အကယ်ဒမီရတဲ့ ဒါရိုက်တာဦးဝင်းဖေရဲ့ နှင်းဆီနီအိပ်မက် ကြည့်ဖူးသလားတော့မသိဘူး။ အဲဒီမှာ အိမ်ထောင်မကျခင်နဲ့ကျပြီး အမျိုးသမီးက အကုန်ပြောင်းပြန်ဖြစ်တာပဲ..။ ကလပ်တက်နေတဲ့ အမျိုးသမီးဟာ အိမ်ထောင်ကျတော့ အိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်သွားပြီး အေးဆေးတဲ့မိန်းမဟာ အိမ်ထောင်ကျပြီး မှ ပျက်ဆီးသွားတာပြတာပါ။
    ဆိုတော့..
    ဒီလိုကိစ်စတွေဟာ ပုံသေဖေါ်မြူလာထား …တွက်လို့ခက်ပါတယ်..။
    လူပျိုတွေ၊အပျိုတွေကို အကြံပေးချင်တာက…ကိုယ်တိုင်အလုပ်ထွက်လုပ်…ငွေရှာပါ။ ငွေကို အပြည်သုံးပါ။
    ငယ်ရွယ်စဉ်မှာ လုပ်ချင်တာတွေ လုပ်ပါ။ ကလပ်တက်ပါ။ အပျော်အပါးလိုက်ပါ။ ပျော်ပျော်နေပါ။ အတွဲတွေ တယောက်ပြီးတယောက်တွဲကြည့်ပါ၊ မကြိုက်ရင် ကွဲပါ။

    အဲ..အရွယ်ရောက်မှ အိမ်ထောင်ပြုပါ။. အိမ်ထောင်ကျပြီးရင်တော့ သစ်စာထားရမဲ့သူကို သစ်စာထားပါတော့။
    အဲဒီတော့မှ ငါမလုပ်လိုက်ရလေချင်းတွေရှိဖူးတယ်ဆိုပြီး….အတိုးမချပါနဲ့လို့ပါပဲ။

Leave a Reply