ကြွက်ဝမ်းဖြူများ ပြောင်းရွှေ့ခြင်းအကြောင်း..
ကြွက်ဝမ်းဖြူများ အ ုပ်စုလိုက် ပြောင်းရွှေ့ခြင်းသည် အစာရေစာ ရှားပါးခြင်းကြောင့်ဖြစ်ပြီး စွတ်စိုအေးမြသည့် လာနီညာ ရာသီဥတု ဖြစ်လာနိုင်ခြေ ရှိသည့် အတွက်လည်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လာနီညာရာသီဥတု ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း ရှိနေ၍ ရေကြီးခြင်၊ မြေပြိုခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်
လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြီးခဲ့သည့် ဇူလိုင် ၁ရ ရက်နေ့က ပြုလုပ်ခဲ့သော “၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်”
ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ရာသီဥတုရှုထောင့်မှနေ၍ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
မိုးဦးအစတွင် ရိုးမအတွင်းရှိ ဝါးပန်းပွင့်ခြင်း၊ ဝါးသုဉ်းခြင်း၊ အစားအစာ ရှားပါးလာခြင်း တို့ကြောင့် မျိုးပွားနှုန်း မြင့်မားလာသော ကြွက်ဝမ်းဖြူများသည် စပါးစိုက်ခင်းများရှိရာ
မြေပြန့်သို့ အုပ်စုလိုက် ရွှေ့ပြောင်း၍ စပါးစေ့နှင့် ပျိုးပင်ငယ်များကိုစားသောက် ဖျက်ဆီးလာနိုင်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်
ကြွက်ဝမ်းဖြူများသ ည် ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လ ပထမပတ်အတွင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့ တွင် အုပ်စုလိုက် ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း သိရသည်။
“မြေပြန့်ဒေသတွေကို ရွှေ့ပြောင်းလာပြီး ကြွက်ဖျက်ဆီးခဲ့ရင် ဆောင်ရွက်ဖို့ ဌာနက နှိုးဆော်ထားပါတယ်။ ကြွက်ကြောင့် နှစ်စဉ် စပါးထွက်နှုန်း ၅ ရာခိုင်နှုန်းကနေ
၆ဝ ရာခိုင်နှုန်း ဆုံးရှုံးမှု ရှိနေပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကဆိုသည်။
ကြွက်ဝမ်းဖြူများ အုပ်စုလိုက် နေရာပြောင်းရွှေ့နေကြခြင်းမှာ ရာသီဥတုပြောင်းလဲပြီး သဘာဝဘေးအန္တရာယ် ကျရောက်တော့မည့် ရှေးပြေးနိမိတ်များဟု သုံးသပ်သူများလည်း ရှိနေသည်။
“အခုနောက်ပိုင်း ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ လေဆင်နှာမောင်းကျတွေ၊ မိုးကြိုးပစ်တာတွေလည်း မကြာခဏပဲ။ လယ်သမားတွေဆို လုပ်ငန်းခွင်ဝင်ဖို့ စိုးရိမ်နေကြတယ်” ဟု ဧရာဝတီတိုင်းမှ ဒေသခံတဦးက ဆိုသည်။
ဒေါက်တာ ထွန်းလွင်က “မိုးပေါ်ကလာတဲ့ရေဟာ မြေကြီးက အပူပြန်တဲ့ရေထက် နည်းနေပါတယ်။ နည်းနေတယ် ဆိုတဲ့အတွက် မြေကြီးမှာ အောင်းရေမရနိုင်ဘူး။ အောင်းရေ မရနိုင်တဲ့အတွက် အငွေ့ပဲရှိမယ်။ မြေအောင်းအပူ Latent Heat ကနေပြီးတော့ ခံစားနိုင်တဲ့အပူ Sensible Heat အဖြစ် ပြောင်းလိုက်တဲ့အခါမှာ ဘယ်တွင်းအောင်း သတ္တဝါမှ
မနေနိုင်ပါဘူး” ဟု ရှင်းပြသည်။
ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းတွင် အယ်လ်နီညို (ပူပြင်း ခြောက်သွေ့သော ရာသီ) ဖြစ်သော၂၀၀၉ ခုနှစ် ဇူလိုင်လမှ ၂၀၁ဝ ဧပြီလအတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ပုံမှန်ထက်ပိုခဲ့ပြီး အပူချိန် ပြန်လည်ကျဆင်းမှုမှာ ဖြစ်သင့်သည့်ကာလထက် မြန်နေသည့်အတွက် လာနီညာနှစ် ဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
၁၉၉၈ ခုနှစ်အတွင်းကလည်း အလွန်အားကောင်းသော အယ်လ်နီညို ရာသီဥတု ဖြစ်ပွားခဲ့ပြီး ၂၀၁ဝ ကဲ့သို့ အလွန်ပူပြင်းသော နွေရာသီကို ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
“၁၉၉၈ မှာ အယ်လ်နီညို ကြုံတွေ့ပြီး နောက်ပိုင်း မိုးလေးစက်စက်ရွာလိုက်တော့ ပုပ္ပါးတောင်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ မြေသားကြီး ပဲ့ကျသွားပါတယ်။
ပဲ့ကျသွားတဲ့ မြေသားကြီးပေါ်မှာ ဘုန်းကြီးကျောင်းတွေ ဇရပ်တွေ ဆိုင်တွေ အကုန်ပါသွားပါ တယ်”ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။
“ဒီနှစ် လာနီညာဖြစ်ဖို့ သေချာနေပြီ။ ဇူလိုင်လနဲ့ ဩဂုတ်လဆန်းဆိုရင် လာနီညာနှစ် ဖြစ်ပြီ”ဟုလည်း ၎င်းက ကမာ္ဘ့မိုးလေဝသ အဖွဲ့ချုပ် (WMO) ကို ကိုးကား၍ ပြောသည်။
အမေရိကန် အမျိုးသား သမုဒ္ဒရာ နှင့် လေထု စီမံရေးရာဌာန(NOAA) ၏ သုတေသနပြု စစ်တမ်းများအရ လာနီညာကြောင့် လာမည့် လများ၌ အရှေ့တောင်အာရှဒေသတွင်
ပုံမှန်ထက် ပိုမိုအေးမြသည့် ရာသီဥတုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မိုးများခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရနိုင်သည်ဟု
ဆိုသည်။
၂၀၁၀-၁၁ ခုနှစ်တွင် ဖြစ်ပေါ်မည့် လာနီညာရာသီဥတုကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသောမြစ်များ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေကြီးနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း (မိုးကုတ်မြို့နယ်)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းတို့တွင် မြေပြိုမှုများကို သတိရှိရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် မုန်တိုင်းအန္တရာယ်ကိုလည်း သတိပေး ပြောကြားသွားသည်။
One comment
cobra
August 7, 2010 at 8:02 am
အော်….ဒီလိုလား။