Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရုဏ်ဦးမှာ ဖူးသည့်ကြာနှင့် ပတ်သက်၍ တင်သန်းဦး၏ ရင်ဖွင့်စကား….

JuemyitAugust 7, 20101min2253

လတ်တလော ရေပန်းအစားဆုံး စူပါစတားများ အပါအဝင် သရုပ်ဆောင် ၆၈ ဦး
အသုံးပြုထားသော ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့်”အရုဏ်ဦးမှာ
ဖူးသည့်ကြာ” ရုပ်ရှင်နှင့် ပတ်သက်၍ စစ်အစိုးရ ဝါဒဖြန့်ချိရေး
ရုပ်ရှင်ကားအဖြစ် ဝေဖန်သံများစွာ ပေါ်ထွက်နေသည်။

ပါဝင်သရုပ်ဆောင်ခဲ့သူ နေတိုးနှင့်အဖွဲ့ကို အင်္ဂလန်နိုင်ငံရှိ မြန်မာများက
တနင်္လာနေ့က ကန့်ကွက်
ဆန္ဒပြမှုများလည်း ရှိနေပြီး နိုင်ငံခြား တိုင်းပြည်များက ပြည်ဝင်ခွင့်
ဗီဇာပိတ်ရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။

ဒီရုပ်ရှင်ကြောင့် ပြစ်တင်ပြောဆိုခြင်း ခံရသူများတွင် ထိပ်ဆုံးမှ
ခံရသူကတော့ ဒါရိုက်တာအဖြစ်
တာဝန်ယူရသည့် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးတွင် နှစ် ၂ဝ အမှုထမ်းခဲ့သော
ဒုဗိုလ်မှူးကြီးဟောင်း တင်သန်းဦး ဖြစ်သည်။

ဇာတ်ကားကြောင့် ဘယ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းလဲ၊ ကန့်လန်ကာ နောက်ကွယ်မှ
အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဒါရိုက်တာ တင်သန်းဦးကို
မဇ္ဈိမက သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။

* ဒီဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုကနေ လုပ်ဖြစ်သွားတာလဲ။ အန်ကယ်ရဲ့
ကိုယ်တိုင် ဇာတ်ညွန်းလား။ ဒါမှမဟုတ် အထက်ကခိုင်းလို့ လုပ်ပေးရတာလား။
* ကျနော်က မနှစ်က မက်လမှ နှလုံးခွဲထားတာ။ ဒုတိယအကြိမ်ခွဲတာဆိုတော့ ဘာမှလဲ
လုပ်လို့ မရဘူးပေါ့နော်။ ရင်ဘက်ကလဲ ဒီမှာဒဏ်ရာကြီးနဲ့ပဲ။ ခွဲပြီးခါစ
ဒီလိုမိုးတွင်းပေါ့ အဲဒီအချိန်မှာ ပြန်ကြားရေးက ဖိတ်တာပေါ့လေ။

ရိုတ်ဖို့က ပြန်ကြားရေးက သူတို့ဘာသူတို့ စီစဉ်နေတာ။ ရေးတာက ငြိမ်းမင်းနဲ့
လှိုင်အောင်နဲ့ရေးတာ။ ရေးပြီး သူတို့ရေးတဲ့ ဟာတွေကို
သုံးသပ်ပေးပါဆိုလို့ အကြံပေးတဲ့ အနေနဲ့ ကျနော်တို့ကိုဖိတ်တာ။ သူတို့
နှစ်ယောက် ရေးတာကို ပေါင်းပေးပါဆိုပြီးတော့ ကျနော့်ကို အကူအညီတောင်းတာ။
ရိုက်ခိုင်းသေးတာ မဟုတ်ဘူး။
killhisfater
ကျနော်ကတော့ ပြောလိုက်တယ်။ ကျနော်တော့ နေမကောင်းဘူးလို့ ကျနော့်ကို
ချမ်းသာပေးပါလို့
ကျနော်က ပြောပြီးတော့ အဲဒီမှာ ပြင်ကြ ဆင်ကြတာပေါ့လေ။ ပြင်ကြ
ဆင်ကြရင်းနဲ့ပဲ ဘာပြောလာလဲ ဆိုတော့ ငြိမ်းမင်းရေးတာနဲ့ လှိုင်အောင်
ရေးတာနဲ့ ပေါင်းပေးပါတဲ့။ အဲဒါကိုကြည့်လိုက်တဲ့ အချိန်ကျတော့ ရွာလည်နေရော။

ပေါင်းဆိုလို့သာ ပေါင်းပေးလိုက်တာ အချိုးတော့ မပြေဘူးဗျ။
ကျနော့်စိတ်ကြိုက် မဟုတ်ဘူးပေါ့ဗျာ။ ကျနော်က ပြန်ပြောလိုက်တယ်။
လွတ်လပ်ရေးမရခင် ဟိုးစစ် မဖြစ်ခင်ကနေစပြီးဆိုတော့ ဒီဟာကြီးက ဘယ်တော့
ဆုံးမလဲ။

ဆုံးမှာလည်း မဟုတ်ဘူးဆိုပြီး အဲဒီလွတ်လပ်ရေး မရခင်ကဟာတွေကို ဖြုတ်ပေးပါ။
ဒါလေးနဲ့တော့ ရိုက်လို့မရဘူး။ အဲဒီတော့
သမိုင်းကြောင်းကို ပြန်စိစစ်ပေးပါဆိုတော့ အဲဒီမှာတခါ ထပ်ဖိတ်တာပေါ့လေ။
တက္ကသိုလ်မြတ်သူတို့၊ ချစ်နိုင် စိတ်ပညာတို့၊ ပြန်ကြားရေးဘက်က လူကြီးတွေနဲ့
ဝိုင်းဆွေးနွေးကြ။
လုပ်ရင်းနဲ့ စာမျက်နှာက ၆ဝ လောက် ဖြစ်သွားတယ်။ ဒါတွေ
အကုန်ထည့်မှာလားဆိုတော့ အဲဒါတွေ အကုန်ပါအောင် ထည့်မယ်တဲ့။ ဒါဆိုရင်
ဒီကားက တကားထဲတော့ပြီးမှာ မဟုတ်ဘူး။ ဒါနဲ့ အဲဒီဇာတ်ကားက ၁ ပိုင်းကို ၁
နာရီ ၄၅ မိနစ်နဲ့ ၃ ပိုင်း ဖြစ်သွားတယ်။

* ဇာတ်ကားမှာလည်း နာမည်ကြီး မင်းသားမင်းသမီး သရုပ်ဆောင်တွေ အများကြီး
အသုံးပြုထား ဆိုတော့ ဒီဇာတ်ကားမှာ ကုန်ကျငွေ တော်တော်များလား။

သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။ သူတို့ Income tax တွေ ဆိုလို့ရှိရင်
ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာ ပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်-
တင်သလောက်ကို လျှော့ပေးထား တာပဲ။

အဲဒီလောက် မကုန်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဇာတ်ကားသွားရိုက်တဲ့
နေရာမှာရှိတဲ့ ဒေသခံ တိုင်းတို့ဘာတို့က အကျွေးအမွေးကိစ္စတွေ
တာဝန်ယူတာဆိုတော့ ပြန်ကြားရေးဘက်က သိန်း ၈ဝဝ လောက်ပဲ ကုန်ပါတယ်။
သရုပ်ဆောင်ကြေးတွေကို နှုန်းအပြည့် မပေးရဘူး။ ပေးများပေးရရင် သိန်း ၅ဝဝဝ
လောက် ကုန်သွားမလား မသိဘူး။

* ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသား/မင်းသမီးတွေကို
သရုပ်ဆောင်ကြေး ဘယ်လိုပေးရလဲ။

အဲဒါ တယောက်နဲ့တယောက် တူမှာမဟုတ်ဘူး။ သူတို့ နှုန်းတိုင်း အပြည့်တော့
မပေးရဘူး။ ဒါကတော့ သူတို့လည်း သဘောပေါက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။

သူတို့ Income tax တွေဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာပဲ။ အဲဒီကြားထဲက
များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေးထားတာပဲ။ အဲသလိုမျိုးပေါ့
သူတို့လိုချင်သလောက်ကို လုပ်ပေးထားတာ ရှိတာပေါ့။
moe-vs-melodi
ဒါက ပြန်ကြားရေးနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ညှိပြီးတော့ သူတို့ကို ခေါ်တာ။
ခေါ်ပြီးတော့ သူတို့ကို ပေးတာတွေတော့ ရှိတယ်။ နောက်ညစာစားပွဲ ဖိတ်ပြီးတော့
ဆုချီးမြှင့်တာတွေလည်း ရှိတယ်။

ကျနော်တို့ကိုလည်း ချီးမြှင့်ပါတယ်။ ကျနော့်ကိုဆိုရင် ၄ သိန်းလားမသိဘူး။
ချီးမြှင့်တယ်။
ဒီလောက်ပါပဲ ကျနော်တို့က များများစားစားလည်း မယူပါဘူး။ ဘာမှလည်း သူတို့ဆီက
အခွင့်အရေးလည်း မတောင်းဘူး။

* စောစောကပြောတာ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းက ကိုယ်ပိုင်ဇာတ်ညွန်း
မဟုတ်ဘူး။ သူများရေးတဲ့ ဇာတ်ညွန်းတွေဆိုတော့ ပြည့်စုံမှုရှိလား။ တကယ်
အလုပ်လုပ်ရတဲ့အခါမှာ စိတ်ကြိုက်တွေ့လား။

ကျနော့စိတ်ကြိုက်ဆိုလို့ရှိရင် ဒါလောက်အရှည်ကြီးမရိုက်ဘူး။ ဦးတည်ချက်က
ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက် တချက်ပဲပေး။ ရုပ်ရှင်ကားက
ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲ ပေးရမှာ။ ဥပမာ ရာဇဝတ်ဘေး ပြေးမလွတ်၊
ဆေးလိပ်သောက်တာ မကောင်းဘူး၊ အရက်မူးရင် ဘာဖြစ်တယ် ညာဖြစ်တယ်။
ဒီလိုမျိုးတချက်ပဲဝင်မှာ။ ဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ
ဦးတည်ရမလိုလို အဲဒါမျိုးဆိုရင် အဲဒီကားတွေက ရှည်ပြီ။

* သရုပ်ဆောင်တွေနဲ့ အရင်တုန်းက ခေတ်မှာရှိခဲ့တဲ့ လူတွေရဲ့
ဇာတ်ကောင်စရိုက်မှာရော အခက်အခဲတွေ ရှိလား။

ဦးနုနဲ့ တူတဲ့လူကို သရုပ်ဆောင်ရှာပြီး မရိုက်နိုင်ဘူး။ ဦးနုနဲ့
တူတဲ့လူက သရုပ်ဆောင်ရှာဖို့ ဆိုတာ အင်မတန် ခဲယဉ်းတယ်။ ဦးနုလို
ဥပဓိရုပ်မျိုးနဲ့ ဘာနဲ့ညာနဲ့ ဒီသရုပ်ဆောင်တွေနဲ့ ဘယ်လိုမှ မကိုက်ဘူး။
ဦးကျော်ငြိမ်းလည်း ဒီအတိုင်းပဲ။ ဦးဗဆွေလည်း ဒီအတိုင်းပဲ။ သူတို့က
အင်မတန်မှ တကယ့်ကို နိုင်ငံရေး သမားကြီးတွေလေ။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေ။
သူတို့ပုံစံမျိုးတွေကို ဒီသရုပ်ဆောင်တွေ မရဘူး။

* ဒီဇာတ်ကားမျိုးကိုရော ဆင်ဆာဘုတ်က ဆင်ဆာ ဖြတ်တာရှိသေးလား။ ရှိရင်
ဘယ်လို အခန်းမျိုးတွေကို ဖြတ်လဲ။

ရှိပါတယ်။ ကြီးကြီးမားမား အခန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့
သမိုင်းအတိုင်း ရိုက်တာပေါ့နော်။ ဥပမာပြောရမယ်
ဆိုလို့ရှိရင် ၁၉၅၈ ခုနှစ် အကွဲအပြဲ ဇာတ်လမ်းပေါ့။ ဦးဗဆွေက ပြောတယ်။
ရဲဘော်တွေကတဲ့ အရင်တုန်းက ငါ့ကို ကျားကြီးဗဆွေ လို့ခေါ်တယ်တဲ့။ အလုပ်လုပ်တာ
ပြတ်သားလို့။

အခုကြတော့ ငါ့ကို နွားကြီးဗဆွေလို့ခေါ်ကုန်ပြီတဲ့
ပြတ်သားသားမလုပ်တော့လို့တဲ့။ သဘောကတော့ ဦးနုနဲ့ သူတို့အုပ်စုနဲ့
တိုက်တဲ့နေရာမှာ မပြတ်သားလို့ အောက်ကမကျေနပ်ဘူးဆိုပြီး ပြောတာကို
သူကိုယ်တိုင်ပြောတဲ့ စကားပေမယ့် ဒါတော့ရင့်သီးတယ်ဆိုပြီး ဖြုတ်တယ်။

* ဒီဇာတ်ကားက စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလို့ တချို့က ဝေဖန်နေကြတယ်။
အန်ကယ် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ် အနေနဲ့ ဘယ်လိုပြောချင်လဲ။

ပရိသတ်တွေကြိုက်မယ့် ဟာကို ၈ဝ ရာခိုင်နှုန်းလောက်ထည့်ပေးရ မယ်။ ဟာသတွေပဲ ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ
ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင်
ပြောင်းပြန်လောက်ဖြစ်တယ်။

ကျနော်က စိတ်ဓါတ်စစ်ဆင်ရေး ရုံးမှာ အနှစ် ၂ဝ လုပ်လာတာ။ ကျနော်
စိတ်ဓါတ်စစ်ဆင်ရေး အရာရှိ လုပ်လာတာ အကြာကြီးပဲ။ ကျနော်သာ
စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင် ဒါမျိုးမလုပ်ဘူး။ သူက နဲနဲလေး ဒဲ့ဒိုး
ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုးမဟုတ်ဘူး။
လုပ်လို့လုပ်လိုက်မှန်း မသိအောင် လုပ်တာ။ ကျနော်တို့ အများကြီး
လုပ်ခဲ့ဘူးပါတယ်။ အတွေ့အကြုံတွေလည်း ရှိတယ်။

အခုဟာ ဇာတ်လမ်းဇာတ်ညွှန်းတွေက ကျနော်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့
ချပေးတဲ့အတိုင်း သဘောတူတဲ့အတိုင်း ကျနော်က ရိုက်တာ။

* အန်ကယ်အနေနဲ့ ကိုယ်တိုင် ဇာတ်ညွန်းရေးပြီး စိတ်ဓါတ်စစ်ဆင်ရေး
ဇာတ်ကားရိုက်မယ်ဆိုရင် ဘယ်လို ပုံစံမျိုး ရိုက်မလဲ။

ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်ရင် ဘယ်လိုကားမျိုး
ရိုက်ပြမလဲဆိုရင် ဥပမာပြောရရင် မင်းသားတွေ အများကြီးနဲ့
မဲသဝေါတိုက်ပွဲကို
THE LONGEST DAY လိုဇာတ်လမ်းမျိုး ရိုက်မှာပေါ့။ THE LONGEST DAY
မှာဆိုရင် ဂျာမန်ကို ထိုးနှက် သွားတာပဲ။

ရမ်ဘိုလိုဟာမျိုးဆိုရင်တော့ ပေါပါတယ်။ သူတယောက်တည်းနဲ့ လူအများကြီးကို
လျှောက်ချနေတဲ့ ဟာမျိုးတွေ။
နောက် Platoon လို်ဟာမျိုးတွေ အဲဒါတွေက တကယ့်ဖြစ်ရပ်မှန်။

အဲဒီလို ဇာတ်ကားမျိုးတွေကျတော့ လူတွေက လက်ခံတယ်လေ။ အဲဒါမျိုးပေါ့။

စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒ တခုရှိပါတယ်။ သီအိုရီပါပဲ။
ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ
မဆန့်ကျင်ရတဲ့။ ပရိသတ်တွေ အားလုံး ကြိုက်အောင် လုပ်မှာပဲ။ ပရိသတ်တွေ
ကြိုက်မယ့်ဟာကို ၈ဝ ရာခိုင်နှုန်းလောက် ထည့်ပေးရမယ်။ ဟာသတွေပဲ ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ
ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်
ဖြစ်တယ်။

* အရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကိုက သမိုင်းကြောင်းတွေကို
ပြောင်းပြန်လုပ်ပြီး ရိုတ်ထားတယ်လို့ ဝေဖန်သံတွေ အများကြီး ထွက်နေတယ်။
ဒါကိုရော အန်ကယ် ဘယ်လိုမြင်လဲ။

အဲလိုဝေဖန်တာတွေကို အင်တာနက်ထဲမှာလည်း အများကြီးတွေ့တယ်။ ဒါပေမယ့်
အဲဒါနဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အထောက်အထားနဲ့ ပတ်သက်ပြီး တာဝန်ခံ
စစ်ပေးမယ့်လူတွေ ရှိတယ်။ ဥပမာ ၁၉၄၈ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အာဏာမရခင်မှာ
ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း သူက ကရင်။
သူ့ကိုဘယ်သူမှတောင် မသိဘူး။ လွတ်လပ်ရေးရတဲ့အချိန်မှာ သူက စစ်ဦးစီးချုပ်။

လေတပ်ဗိုလ်ချုပ်က စောရှီးရှိုး ကရင်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ဦးနုနဲ့
သူတို့နဲ့ ကေအန်ယူ
သောင်းကျန်းမှု ဘာညာ လုပ်နေတဲ့အချိန်မှာ နောက်ဆုံးကျ ဦးနုက မနိုင်ဘူး။
မနိုင်ဘူးဆိုတာ သူလျှော့ပေးနေတာကိုး။ နောက်ကျတော့ သူပြောလို့မရတော့
ကွန်မြူနစ် ဦးသိန်းဖေမြင့်တို့က ဖိအားပေးတာလည်း ပါတယ်။

ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ကလည်း ဖိအားပေးတာပါတယ်။ ကဲအဲဒါဆို ကရင်အရာရှိတွေ
ထုတ်ပစ်ဆိုပြီး သူတို့က စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို
အနားပေးပစ်လိုက်တယ်။ လေတပ်ဗိုလ်ချုပ်ကို အနားပေးတယ်။ ပြီးတော့
ဗိုလ်ချုပ်နေဝင်းကိုခေါ်ပြီး စစ်ဦးစီးချုပ် ခန့်လိုက်တယ်။
ခန့်လိုက်တဲ့အချိန်မှာ အဲဒီမှာ ကေအန်ယူက အဲဒါမကျေနပ်ပြီးတော့ စတာပဲ။
ကေအန်ယူ တော်လှန်ရေးတွေ ဖြစ်ကုန်တယ်ဆိုတာ အဲဒါပဲ။

* အန်ကယ်က ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်တယ်ဆိုတော့ ၁၉၈၈
အရေးတော်ပုံလို ဟာမျိုးကိုရော အန်ကယ် အနေနဲ့ ပြန်ရိုက်ပြဖို့ ရှိလား။

ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ် ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper
အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။

မရှိပါဘူး။ အဲဒီအကြောင်းကို ရေးတော့ရေးဘူးတယ်။ အဲဒီတုန်းက ခွင့်မပြုဘူး။
စာမူကလည်း ပျောက်သွားတယ်။ ကျောင်းသားတွေ အကြောင်းပဲ
ရေးတာပါ။ ပြန်လာတဲ့ ကျောင်းသားတွေကို အင်တာဗျူး အကုန်လုပ်ပြီးတော့မှ
ရေးထားတာပါ။ အဲဒီတုန်းကတော့ တပ်မှာကိုက သတင်းထုတ်ပြန်ရေး အဖွဲ့ဆိုပြီး
တဖွဲ့ရှိသေးတာ။ စာပေစိစစ်ရေးထက် မြင့်တဲ့အဖွဲ့ပေါ့။ အဲဒီအဖွဲ့က
ခွင့်မပြုဘူးလည်း မပြောဘူး။ ဆိုင်းငံ့လို့ ပြောထားပြီး စာမူက
ပျောက်သွားတာ။ စာမူက လက်ရေးမူပါ ပျောက်သွားတော့ အဲဒါနဲ့ ပြန်လည်း
မရေးနိုင်တော့ဘူး။

* အန်ကယ့်အနေနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြု ဇာတ်ကားမျိုးတွေရော
ရိုက်ဖို့ရှိလား။ သူတို့ကရော ဇာတ်ကားရိုက်ဖို့ ပြောလာတာမျိုးရှိလား။

အဲဒါတော့ မရိုက်နိုင်ဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ကလည်း
ရိုက်ချင်တယ်လို့သာ ပြောတာ၊ ဘာမှမရှိဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတော့
ဘယ်လိုမှ လုပ်မနေနဲ့လို့ ပြောလိုက်တယ်။ ရိုက်ချင်တယ်။ ဘယ်လိုလုပ်ကြရင်
ကောင်းမလဲ။ ဘာလဲဆိုပြီး စကားတော့စလာတယ်။ ငါတော့ လာမခိုင်းပါနဲ့လို့
ကျန်းမာရေး မကောင်းဘူးလို့။ အဲဒီ အာရုံဦးမှာ ဖူးသည့်ကြာ ရိုက်ပြီးကတည်းက
အိမ်မှာ ၂ လလောက်က လဲနေတာ ထတောင်မထနိုင်ဘူး။ ကျနော့် နှလုံးက ၂
ခါခွဲပြီးပြီ။ အဲဒီဇာတ်ကား ရိုက်တုန်းက အနာတောင် မကျက်သေးဘူး။ မနှစ်ကတည်းက
ရိုက်နေတာလေ။ ရိုက်ကူးတဲ့ရက်က ခရီးသွားရက်မပါ ၂၉ ရက် ကြာတယ်။

* အန်ကယ်အနေနဲ့ ဒီလို ပေါ်လစီ ဇာတ်ကားမျိုးတွေ ရိုက်တဲ့အတွက်
ပရိတ်သတ်က မုန်းမယ် ဆိုတာမျိုးရော ထည့်တွက်ခဲ့ဘူးလား။

တချို့ နားလည်တဲ့ လူကလည်း နားလည်ပါတယ်။ နားမလည်တဲ့ လူကလည်း
ဆဲသွားမှာပေါ့ဗျာ။ ဒါကတော့ ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်နာမည်ကြီး
စာတမ်းထိုးလိုက်ရင် ကိုယ်ကတော့ တာဝန်ယူရမှာပဲ။ မရှောင်ပါဘူး။ ဟာ
ဒီဥစ္စာကြီး ကျနော်မသိဘူး။ မသိလို့ လုပ်လိုက်ရတာပါလို့ ကျနော်မပြောဘူး။
သဘောကတော့ ကျနော် အတင်းဆေးရုံတက် ပြေးရင်ရတာပဲ။ ဒါပေမယ့် ဪ..
ကိုယ့်ကို တာဝန်ပေးပြီ ဆိုမှတော့ တာဝန်ကျေအောင် လုပ်ရတော့မှာပဲဆိုပြီး
လုပ်လိုက်တာပါ။

* အန်ကယ်က အရင်တုန်းက တပ်မတော်သား တယောက်ပေါ့လေ။ အဲဒီကနေပြီးမှတဆင့်
စာတွေရေး၊ ရုပ်ရှင်တွေ ရိုက်ဆိုတဲ့ လိုင်းဘက် ဘယ်လိုကူးခဲ့တာလဲ။

အရင်တုန်းကတော့ ကျနော်က ခြေလျင်စစ်သားပဲ။ ခြေလျင်စစ်သားကနေပြီးတော့
တပ်မတော် စာစဉ်မှာ စာရေးတဲ့ လူမရှိဘူးလို့ဆိုပြီး ကျနော့်ကို
ခေါ်တဲ့အချိန်မှာ ကျနော်က ငြင်းနေတာပေါ့နော်။ နောက်ဆုံး လူမရှိလို့ဆိုပြီး
ကျနော့်ကို အတင်းဆွဲခေါ်တော့ ကျနော် ခြေလျင်စစ်သားကနေ ရောက်လာတယ်။
ရောက်လာပြီး စာအုပ်ထုတ်ခိုင်း။

အဲဒီကနေ တခါ စစ်ရုံးကိုခေါ်။ ခေါ်ပြီးတခါ ရုပ်ရှင်မှာလုပ်မယ့်လူ မရှိဘူး
သွားလုပ်ဆိုတော့ ရုပ်ရှင်က
ကိုယ်လည်း မတတ်ဘူး။ မတတ်တော့ ပြန်လေ့လာရတယ်။ သင်တန်းတက်ရတယ်။ အဲဒါတွေ
လုပ်ပြီးတော့မှ လုပ်တာပေါ့ဗျာ။

အဲသလို ကျနော်တို့က လုပ်ခဲ့တာ လုပ်ခဲ့ပြီးတော့မှ ခိုင်းရော။
ခိုင်းတဲ့အခါကျတော့ စိတ်ဓာတ် စစ်ဆင်ရေးဆိုတာ
ရုပ်ရှင်ရိုက်တာ စာရေးတာ ၂ ခုတည်း မဟုတ်ဘူး။ တခြားဟာတွေ အများကြီး
ရှိပါတယ်။ လေယာဉ်ပျံပေါ်ကနေပြီး စာရွတ်တွေ သွားပြီးကြဲချရတာတို့ ဘာတို့
အများကြီးပဲ။

၈၈ ဆူပူနေတုန်းကလည်း မြောက်ဥက္ကလာမှာ လေယာဉ်နဲ့ ဆူပူနေရင် တပ်ကဝင်လိမ့်မယ်
ဘာညာနဲ့ အဲဒီစာတွေ သွားကြဲချရတာပဲ။ နောက်တခါ
ကျောင်းသားတွေသွားတော့ ပြန်ခေါ်တဲ့စာလည်း နယ်စပ်တွေမှာ သွားပြီးတော့
လိုက်ကြဲတယ် ဒါက စိတ်ဓာတ် စစ်ဆင်ရေးတွေပဲ။

အဲတော့ ဒီရုပ်ရှင်ရိုက်တာ ဘာညာကျတော့ အများကသိလာတယ်။ တကယ့် စိတ်ဓာတ် စစ်ဆင်ရေးမှာ
၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီး လုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူး
ပေါ့နော်။ စာရေးရင်တမျိုး၊ အသံလွှင့်နေရင်လည်း ဘယ်က လွှင့်နေမှန်း မသိဘူး
ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေး စနစ်ပေါ့။
ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ
ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။

နောက်တမျိုးက အထင်ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား
ဗြောင်ကြီးလုပ်တဲ့ စစ်ဆင်ရေး။ လုပ်တဲ့လူက နာမည်ခံရတော့မှာ။ အဲဒီတော့
ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ရှေ့က ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး
ဝန်ကြီးဌာန ဘယ်ဌာနမှ ရိုက်ကူးပါသည်လို့သာ ထိုးထားတာ ထိုးလိုက်တာကို
ဒါရိုက်တာက ခံရတာပဲ။

အဲဒီတော့ ကောင်းကျိုးဆိုးကျိုးကို ဒါရိုက်တာက ခံရတာပဲ။ ကျနော်တို့
နိုင်ငံမှာ လူထုရဲ့အသိကိုက ဒါရိုက်တာ
သဘောပဲ ဆိုပြီး ဒါရိုက်တာကိုပဲ မြင်တာလေ။ ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင်
ဘယ်ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။
ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။ မကျေနပ်ရင်
ပြန်ရိုက်ခိုင်းမယ့် ပုံစံရှိတာကိုးဗျ။

* အန်ကယ်က တပ်မတော်ကနေ အနားယူလိုက်တာရော ဘာကြောင့်လဲ။
နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက်တွေများ ရှိလို့လား။

ကျနော်က အရင်ကစစ်သားဟောင်းပါပဲ။ ၂ဝဝရ ခုနှစ်တုန်းက ကျနော် ထွက်လိုက်တာပါ
ဆေးနဲ့။ ကျနော်က ကျန်းမာရေး မကောင်းလို့ ထွက်တာ။
ကျနော်နားတော့ ဦးစီးအရာရှိ ပထမတန်းပါ။ ဒုဗိုလ်မှူးကြီးပေါ့။
နိုင်ငလုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။
ံရေး
လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။

(Forward mail တစ်ခုမှကူးယူဖော်ပြသည်။)

3 comments

  • cobra

    August 7, 2010 at 8:44 am

    ဒီကားဟာ..တော်တောိကိုစောက်သုံးမကျတဲ့ကားပါ….။အရှက်မရှိတဲ့ခန့်စည်သူ..ဒီကားကြည့်ပီးတော့နောက်..ခန့်စည်သူကားတွေကိုမကြည့်တော့ပါဘူး…။
    စောင်မြင်ကတ်လို့…။ကပ်ဖား..ရက်ဖားတွေ…။

  • fatty

    August 7, 2010 at 3:55 pm

    တချိန်တုံးက …………တင်သန်းဦး မြသန်းစံ တို့ နဲ့အတူ သောက်ခဲ့ကြဖူးပါတယ် ……. ကြာခဲ့ပြီလေ။ မြသန်းစံ တယောက် ရဟန်း ဝတ်သွားတယ်လဲကြားရဲ့။ ဒီကားကိုမကြည့်ဘူးသေးပါ။ ကိုမောင်မောင်ဦး ( သို့ ) တင်သန်းဦး ….. ပြတ်သားသင့်ပြီ။

  • bigcat

    August 7, 2010 at 10:18 pm

    because of the opportunists, the fighters have not been able to escape from persecution. Boycott the cronies of the military junta.

Leave a Reply