ဗုဒ္ဓသာသနာ မြန်မာ့မြေမှ မထွက်ခွာဖို့

padonmarJanuary 29, 20141min36514

 

Winee Sarpyan Pwe001 `ဗုဒ္ဓသာသနာတော်ကြီး မြန်မာ့မြေမှ မထွက်ခွာဖို့ ကိုယ်ပိုင်ကာကွယ်ရေး စွမ်းရည် တိုးမြှင့်ကာကြိုးစားကြပါစို့´
ပဏ္ဍိတာရာမ ဆရာတော်ကြီး

ဗုဒ္ဓသာသနာ ရှင်သန်ထွားကျိုင်းဖို့ ရှင်ရဟန်းတွေ ဝိနည်းသိရှိလိုက်နာကြရပါမယ်။

သူတပါးဘာသာကို တိုက်ခိုက်ဖို့ထက် ကိုယ့်စည်းကိုယ့်တပ်ကို လုံအောင်ပြင်ဆင်ဖို့ ပိုအရေးကြီးပါတယ်။

ဒီလို ဆောင်ရွက်နေတဲ့ သံဃာစစ်သံဃာမှန်တွေ ရှိနေကြောင်း သိစေချင်လို့ ဒီသတင်းလေး တင်ပေးတာပါ။

`သံဃံ သရဏံ ဂစာ္ဆမိ ´ပါဘုရား။

 

 

14 comments

  • ကျော်စွာခေါင်

    January 29, 2014 at 3:39 am

    မမာ..
    ဒီလို ဆရာတော် သံဃာတော်တွေ ရှိနေသေးလို ့နည်းနည်းခံသာတာ…။
    နောက်မဆို ကမ ္ဘာမှာ မျက်နှာငယ်ရတယ်..။
    ….
    ….
    နောက် ပတ်ကြမ်းတိုက်နည်းလဲ ရှိပါတယ်..
    ဥပမာ အမျိုးစောင့် ဥပဒေ ထုတ်သလိုပေါ့..
    ဗုဒ္ဓဘာသာ ဝင်ချင်းဘဲ အိမ်ထောင်ပြုရမယ် အဆိုသွင်း စည်းကမ်းထုတ်သလို…
    ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဒကာဒကာမတွေက
    သံဃာစောင့် ဥပဒေကို…. ပြန်ထုတ်ရင်ကော…
    သင်္ကန်းရုံထားသော သံဃာမှန်သမျှ ရဟန်းကိစ္စပြီး…ပြီး ရဟန ္တာဖြစ်ရမည် ဆိုရင်ရော….
    အပြန်အလှန်လေးစားလိုက်နာ ကျင့်သုံးရင်…
    ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာ့မြေမှာ အောင်လံ လွှင့်နိုင်ပြီပေါ့…။
    ဥပမာ…ပြောကြည့်တာပါ…။

    • kai

      January 29, 2014 at 4:22 am

      ရဟန်းတွေကို… အလုပ်ဖြုတ်တော့မယ်ပေါ့… :kwi:
      အင်း..
      သိသလောက်ပြောကြည့်ရရင်… လွန်ခဲ့တဲ့နှစ်၁၀ဝ အတွင်း.. မြန်မာပြည်မယ်.. ရဟန္တာတပါးမှ ပွင့်တော်မမူခဲ့ဖူးလို့.. ပြောချင်မိတယ်..။
      ၉၉.၉၉ ရာခိုင်နှုန်းသေချာကြောင်းနဲ့.. ရဟန္တာတပါး(တပါး)သာပွင့်တော်မူခဲ့ဖူးရင်.. မြန်မာပြည်အခုလိုမဖြစ်ကြောင်း… လော့ဂျစ်နည်းနဲ့တွက်ပြ.. ချက်ချပြလိုက်ရကြောင်းပါဗျား…။
      (ယုံချင်ယုံ မယုံချင်နေ) :mrgreen:

  • Ma Ma

    January 29, 2014 at 6:41 am

    ဘုရားသားတော် ရှင်၊ ရဟန်းတို့သည် ထိုဝိနည်း ဥပဒေတော်တို့ကို သိလည်း သိရှိရပါမည်။ နှုတ်တက်လည်း ကြေရပါမည်။ လိုက်လည်း လိုက်နာကြရပါမည်။
    ဒီစာကို ဖတ်ရတာ အားရလိုက်တာ။ 🙂

    ကိုယ့်ကိုကိုယ်လည်း (ပိုပြီးစွမ်းနိုင်သူတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်အထိ) မြတ်စွာဘုရားတရားတော်တွေကို သိနားလည်လိုက်နာကျင့်ကြံနိုင်အောင် ကြိုးစားခြင်းဖြင့် လူသားတွေအတွက် ကိုယ်နှုတ်နှလုံးသုံးပါးလုံး ငြိမ်းချမ်းရေး၊ အေးချမ်းရေးကို ဖြစ်ထွန်းစေချင်ပါတယ်။ 🙂

  • တ ကယ် ့ လို အပ် ချက် က မ ိ ရိုး ဖ လာ မို့ ကိုး ကွယ် တာ မ ဟုတ် ဘဲ
    ရင် ထဲ အသဲ ထဲ က ယုံ ကြည် စွာ ကိုး ကွယ် ဘို့ လို အပ ်ပါ တယ်။

    ပို လို အ ပ် တာ က သံ ဃာ အ တု အ ယောင် တွေ ကို ဖယ် ယှား နိုင် ဘို့ ပါဘဲ။

  • ဦးဦးပါလေရာ

    January 29, 2014 at 9:13 am

    ဝိနည်း နဲ့ပါတ်သက်ရင် ရွှေကျင်ဂိုဏ်းက နောက်ဆုံးခံတပ် လိုပါပဲ..။
    လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်း အဲဒီခံတပ်ကြီးရဲ့ အချို့ အပိုင်းတွေ ယိုင်သလိုလို လှုပ်သလိုလို ဖြစ်လာလို့ တော်တော်စိတ်ပျက်နေမိပါတယ်။

    တကယ်တော့ ထေရဝါဒ ဆိုတာ
    အလွယ် ဘာသာပြန်လိုက်သလို- ရှေး သံဃာကြီးတွေရဲ့ ဝါဒ အာဘော် တွေ- မဟုတ်ပါဘူး..
    ထေရဝါဒ ဆိုတာ-
    ဘုရားရှင်ရဲ့ အဆုံးအမစစ်စစ်တွေကို ထေရာ သံဃာကြီးများ အဆက်ဆက် မူရင်းအတိုင်း မနှုတ် မပေါင်းပဲ ဆောင်ခဲ့သော ဘုရားဝါဒ သာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ
    ရောလာတာ
    ပေါင်းလာတာ
    ခေါင်းစဉ်ပြောင်းတပ်လာတာ
    အများအပြား ပါဝင်လာပါတယ် (သဘာဝ အတိုင်းပေါ့)

    ဒါပေမယ့်-
    ဆီထဲ ရေရောရင် ဆီသတ်သတ် ရေသတ်သတ် ဖြစ်နေသလိုမျိုး
    ဘုရားဝါဒ ဘုရားအာဘော် ဆိုတာ
    ကျန်တဲ့ဝါဒတွေ ကြိုက်သလိုလာထည့်ပေါင်းစေဦး
    သူ့သဘောတရားနဲ့သူ သီးသီးသန့်သန့်ကွဲနေတာပါပဲ..
    အဲသည် သဘောတရား (ဘုရားအာဘော်) ကို ဝိနည်းများမှာ လေ့လာရင် ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်..။

    အမှန်တရားဆိုတာ
    ဘယ်သူဘယ်ဝါတွေက လက်မခံတော့လို့ ဆိုပြီးတော့ဖြင့်-
    အမှန်တရားအဖြစ်က သွေဖီပျက်ယွင်းသွားစရာ အကြောင်းမရှိ ….။

  • surmi

    January 29, 2014 at 9:53 am

    မင်္ဂလာ အလွန်​ရှိတဲ့သတင်​းပါဗျို့..
    ​နောက်​မှထပ်​လာခဲ့ပါမယ်​

  • ဒညင်းဝက်

    January 29, 2014 at 2:13 pm

    `ဗုဒ္ဓသာသနာတော်ကြီး မြန်မာ့မြေမှ မထွက်ခွာဖို့ ကိုယ်ပိုင်ကာကွယ်ရေး စွမ်းရည် တိုးမြှင့်ကာကြိုးစားကြပါစို့´

    စာသားလေး မြင်ကတည်းက.. စိတ်ချမ်းသာမိပါအိ

  • Paing Lay

    January 29, 2014 at 4:36 pm

    ကြည်နူးမိပါတယ်ဗျာ 🙂

  • KZ

    January 29, 2014 at 6:42 pm

    ကိုယ့် အလုပ် ကိုယ် ပီပြင်အောင်လုပ်ကြတာ အကောင်းဆုံးပါ့။
    အွန်လိုင်းက မျိုးချစ်များလည်း အရင်ဆုံး ကွန်ပြူတာရှေ့က ထ
    ကိုယ့်အိမ်ဘုရားပန်းအိုးလေး ရေအရင်သွားလဲရင်ကောင်းမယ်။

    လေနဲ့ အမျိုးဘာသာသာသနာချစ်တာ မြင်မကောင်းတော့ဘူးးး

    😀

    • မဟာရာဇာ အံစာတုံး

      January 31, 2014 at 1:17 pm

      ဂျီးဒေါ်ကို
      ကျော် စိမ်းခဲ့ပါတယ် …

      တီဒုံ ..
      သာဒု .. သာဒု ပါ ..

  • padonmar

    January 29, 2014 at 9:33 pm

    ယနေ့ထုတ် The Voice Dailyပါ ဆောင်းပါး။ “ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား..´´ ဩစတေးလျနိုင်ငံရောက် ဆရာဝန်တစ်ဦးက “ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား။ လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝဝေဖန်ပိုင်ခွင့် မရှိဘူးလား´´ဆိုပြီး မေးမြန်းပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။ မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလို အဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ “မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ´´ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။ မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ ခုနှစ်သမီးအရွယ်မှာ သောတာပန်ဖြစ်ခဲ့ပြီး ဝိသာခါကျောင်းအမကြီးဟာ ရဟန်းတော်တွေကို အကိုလိုမောင်လိုသားလို လေးစားကြည်ညို ချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်က လိုလေသေးမရှိ ထောက်ပံ့လှုုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ လှုုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်း ဗွင်းဗွင်းကြီး အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။ ဝိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် `အလွန်မင်္ဂလာရှိသော သူ´´လို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ “ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ´´လို့ ဆုတောင်းကြပါတယ်။ တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ “အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသား ပြောဆိုနေတာဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူး´´လို့ ပြောဆိုဆုံးမပါတယ်။ ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ဝိသာခါဟာ လမ်းထွက်ပြီး “ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်´´ဆိုပြီး လမ်းပေါ်သွားနေတဲ့ ရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင် ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။ ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စဝဂ္ဂီအပါတွင်ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။ မဟာနာမ်မထေရ်က သူလှုုတဲ့ကျောင်းမှာ သီတင်းမသုံးတာမို့ သုဓမ္မအမည်ရှိတဲ့ ရဟန်းတစ်ပါးကို တင်လှုုကိုးကွယ်ပါတယ်။ တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။ စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။ တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ ကျောင်းထိုင်ဖြစ်တဲ့ သုဓမ္မရဟန်းကို ပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို အရင်မပင့်ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။ သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့ စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့ “အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါ´´လို့ လျှောက်ထားတဲ့အခါမှာ “ငါ ဆွမ်းစားလာတာမဟုတ်ဘူး။ လှုုဖွယ်ဝတ္ထုတွေကို လာကြည့်တာ´´လို့ ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ “ဒကာ သင့်လှုုဖွယ်ဝတ္ထုတို့သည် များပြားပေစွ။ သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေ´´ဆိုပြီး စိတ္တသူကြွယ်စိတ်ဆင်းရဲအောင် ပြောပါတယ်။ စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။ “အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်´´လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူး´လို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။ မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က “စိတ္တသူကြွယ်ရဲ့ အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေ´´ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ သုဓမ္မရဟန်း လာတောင်းပန်းတာကို စိတ္တသူကြွယ်က သုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။ ဒီအခါမှာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်း ပြန်သွားပြီး တောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ ဃောသကသူဌေးကြီးတို့ ဦးဆောင်သော ကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုုခြင်း မရှိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။ အထက်ပါဝတ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမက လိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။ ရဟန်းသံဃာတွေကို ကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလဲမကြီးပါဘူး။ ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကို ပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။ ဒုတိယရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက “ဤဝိသာခါဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင် ကဲ့ရဲ့ရှုံ့ချနိုင်၏။ ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေ´´လို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အပြစ်မဖြစ်သလို ငရဲလည်းမကြီးဆိုတာ သိမှတ်နားလည်ထားကြရပါမယ်။ ယုတ်မာသော စိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ဆဲဆိုရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။ (မိုးသု-မန္တလေး)

    • kai

      January 31, 2014 at 4:31 am

      “ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ”မှာ.. လူတွေနဲ့သိပ်မဆိုင်တာမို့.. သိပ်ဝင်မစွက်ဖက်ကြပဲ… ၅ဝရာခိုင်နှုန်းအထက်.. ဘုရားဟောအတိုင်းကျန်ရစ်တယ်လို့ ခန့်မှန်မိတာ.. ဝိနည်းပါ..။

      ဗုဒ္ဓဓမ္မကိုလေ့လာရင်.. ဝိနည်းကနေ ချိန်ထိုးစိစစ်သင့်လှပါတယ်..။
      ဒါကြောင့်.. ဝိနည်း(သံဃာတွေလိုက်နာရမယ့် ဥပဒေစည်းကမ်း) ကို.. ဦးစားပေးတဲ့ရဟန်းသံဃာတွေကို.. အသိအမှတ်အကြီးကြီး ပြုပါကြောင်း..။

    • ဦးကြောင်ကြီး

      January 31, 2014 at 1:11 pm

      အဲလိုရေးထားတာမျိုးကို ဆိုက်တခုမှာ မှတ်ချက်ပေးဖူးတယ်။ အခုလည်း အဲဒီအတိုင်း မှတ်မိသလောက် ထပ်မှတ်ချက်ပြုပါ့မယ်။ ဘုန်းကြီးတွေ လူဝတ်ကြောင်နဲ့ သိပ်နီးလာတဲ့အခါမျိုးမှာ မမှန်လို့ထင်ရင် ဝေဖန်ကောင်းတယ်၊ အပြစ်ဖြစ် မဖြစ်ကတော့ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမယ်။ မိမိက စေတနာဆိုပေမဲ့ တကယ်တမ်းမှာ စေတဏှာ တဏှာစေရာ ပြောမိဝေဖန် မိတာ ဖြစ်တတ်တယ်။ မှန်တာပြောပေမဲ့ သီလ သမာဓိ ပညာ ဘယ်သူ ပိုမြင့်သလဲ အပေါ်မူတည်ပြီး အကျိုးအပြစ် ကွာခြားဦးမည်။ ဝေဖန်သူက လျှာဖျားလေးနဲ့ ပြောတာ၊ တဖက်မှာက လက်တွေ့ လုပ်ရသူ အနေအထားခြင်း မတူဘူး။ ဥပမာ – အရိယာ သံဃာတပါး ကြည်ညိုဖွယ် မနေတတ်လို့ ပုထုဇဉ် တယောက်က ကျမ်းကိုးကျမ်းကားနဲ့ ဝေဖန်အပြစ်တင်တဲ့အခါ ဘယ်သူ အပြစ်သင့်မည် ထင်သလဲ။ အပေါ်က (မိုးသု – မန္တလေး) ပြောတာကို စကားကတ် ပြောနေတာ မဟုတ်ဘူး။ သာမန်လောက် ဖတ်ပြီး ကိုယ့်ရှိ ညဏ်တထွာ တမိုက်နဲ့ လိုသလို ဆွဲယူသွားမှာဆိုးလို့။ အဲဒီစာကို သေချာဖတ်ကြည့်.. ဝေဖန်သူတွေက အရိယာ၊ အဝေဖန်ခံရသူက ပုထုဇဉ် ဘုန်းကြီးတွေ..။ ယူနီဖောင်းခြင်း ကွာပေမဲ့ ကံခြင်း ညဏ်ခြင်း မတူဘူး။ ဒီတော့ ပြောကောင်းတယ် ဝေဖန်ကောင်းတယ်၊ အပြစ်မထိုက်ဘူး။ ဒါပေမဲ့ အောက်အရိယာက သူ့ညဏ်ရှိသလောက်နဲ့ အထက်အရိယာသမားကို ဝေဖန်ပြစ်တင်မိရင် အပြစ်သင့်တယ်၊ ပညာစခန်းပိတ်တယ်။ ပုထုဇဉ် သမားအဖို့ ကိုယ့်ရဲ့စိတ်ထား ဘယ်လို အခြေခံသလဲ မသိနိုင်ဘူး။ ဟုတ်သလိုနဲ့ တကယ်တမ်းမှာ အတ္တကို အခြေခံတာချည်းပဲ။ မိဘအတွက် သားသမီးအတွက် တိုင်းပြည်အတွက် ဘာအတွက် ညာအတွက် ဆိုပေမဲ့ မညာတမ်း ပြန်စစ်လိုက်ပါ၊ ငါအတ္တအခြေခံ ထားတယ်။ အဲလို စိတ်ထားကို သာသနာအတွက် အများကောင်းဖို့ သန့်စင်ဖို့ ခေါင်းစဉ်တပ်တယ်၊ ကိုယ့်ကိုယ်ကို လိမ်တယ်၊ ပြီးတော့ သူများကို ထပ်လိမ်တယ်၊ စော်ကားမော်ကားပြုတယ်။ မူလရည်ရွယ်ချက်သည် မနောကံ စတင်လိုက်ထဲက ပျောက်သွားပြီ။ ဘယ်လို လူမျိုးတွေ ပြု ကောင်းသလဲ… အရိယာဖြစ်ရင် ပြု ကောင်းတယ်၊ ဒါတောင် ပုဂ္ဂလိကဓိဌာန် ပြုရင် အမှန်အမှား ပြသနာရှိတယ်။ အများဘုံဆိုင် အရေးအရာတွေမှာပဲ ဘေးကင်းရန်ကွာရှိမယ်…။ ဒီတော့ ကိုယ့်ကိုယ်ကို သိပ်အထင် မကြီးကြနဲ့.. သူများ မြှောက်ပေးတိုင်း ဂွေးတက်အောင် မကကြနဲ့…။

  • ko six

    January 30, 2014 at 11:08 am

    စဉ်​းစားကြည်​့မိတယ်​…။
    ကိုယ်​့စည်​းကိုပြင်​ရမယ်​ဆိုတာ
    အမှန်​ပါပဲဗျာ…

Leave a Reply