ရယ်စရာဖြစ်နေတဲ့မီးသတ်အဖွဲ့ကြီး
မီးတွေလောင်တာတွေ့နေရတော့ စိတ်ပျက်တယ်ဗျာ ။
ဒီနှစ်တွေမှာပိုလောင်လာတယ်ထင်တာပါပဲ ။ ခေတ်မမှီတော့သောမီးသတ်ကားအစုတ် တွေနဲ့
အရံမီးသတ်ချာတိတ်လေးတွေကိုမြင်ရင် ကျုပ်ခေါင်းခါမိတယ် ၊ ။
ခင်ဗျားတို့တွေးကြည့်ပါလား ၊ ဒီလောက်အရေးကြီးတဲ့ မီးသတ်တဲ့ ကိစ္စမှာ ဘာကိစ္စစားရိတ်ချွေတာပြီး
ကားစုတ်တွေ သုံးနေရာသလဲ ဟေ …
ဟိုးတစ်ရက် သီရိမင်္ဂလာဈေးဟောင်းမှာမိးလောင်တော့ မီးသတ်ကားတွေ
ဖြတ်သွားကြတယ် ။ လွန်ခဲ့တဲ့နှစ် ၅ဝ လောက်က ထုတ်ထားတဲ့ မီးသတ်ကားကြီး
တစ်စီးဖြတ်မောင်းနေတာကြည့်ရင်း ကျုပ် ကားကြီးကိုသနားသွားတယ်ဗျာ ၊
ဒီကားကိုမောင်းခဲ့ဖူးတဲ့သူတွေကိုလည်း ချီးကျူးတယ် ၊
ဆိုက်ကားလောက်မြန်အောင်မမောင်းနိုင်တော့တဲ့ ကားစုတ်ကြီးက မိးငြိမ်းတော့မှ သူ့ခဗျာ
ရောက်လာရရှာတယ် ။
နောက်တစ်ခုက ရေ…..
ပြောတာကတော့ ဟုတ်နေတာပဲ ။ ဘယ်နေရာမှာ မိးသတ်ရန်အတွက်ရေဘယ်နှစ်ဂါလံ ဆိုပြီး ..
မိးလည်းလောင်ရော ဘာရေတစ်စက်မှ ထွက်မလာဘူး ။ ကားတစ်စီးပက်ရင် ၅မိနစ်လောက်ပဲ
ပက်လို့ရတာ ။ ရေသွားစုတ်တာ တစ်နာရီ ။ ငြိမ်းပါလိမ့်မယ် ဒီ်သောက်မီးက ။
မနေ့က တောင်ငူမီးလောင်တယ် ။ ခင်ဗျားတို့လည်းတွေ့မှာပေါ့ လောင်စရာကုန်မှ ရပ်သွားတာကို
သောက်ကြီးသောက်ကျယ် မီးကိုထိမ်းနိုင်သလေးဘာလေးနဲ့
တောင်ငူတဝိုက်လာမယ့်မီးသတ်ကားအစုတ်တွေ အားလုံးစုံဖို့ တစ်နာရီကျော်ကျော်လောက်ကြာမယ်။
ဈေးမှာ လောင်နေတာက ကုန်ပြီ ။
နောက် …. မီးသတ်ဝန်ထမ်း
ရပ်ကွက်ထဲက ကောင်လေးတွေနဲ့ ပေါချောင်ပေါ လုပ်နေလို့ကတော့ ကုန်ဖို့သာပြင်ထား ။
ကျုပ်အထင်သေးလို့ပြောနေတာမဟုတ်ဘူး ။ အမြဲတမ်း ကျွမ်းကျင်အဆင့်ဝန်ထမ်းတွေခန့်ထားပြီး
ဆောင်ရွက်ရမယ့်ကိစ္စဗျ ။
ကြည့်စမ်း … လူ့ဘဝတွေ ။ငွေတွေ ၊ အချိန်တွေ ၊ မဆုံးသင့်ပဲကုန်သွားတာ ။
ရန်သူမျိုးငါးပါးဘဲကွာဆိုပြီး သည်းခံနေရမယ့်အကြောင်းမဟုတ်ဘူး ။
ကာကွယ်ရမယ် ။ တားဆီးရမယ် ။ ချက်ချင်း ကယ်တင်ငြိမ်းသတ်နိုင်ရမယ် ။ ဒီအတွက်
ခေတ်မှီကိရိယာ ၊ ခေတ်မှီ နည်းစံနစ် ၊ ကျွမ်းကျင်ဝန်ထမ်း … ဒါတွေလိုတယ် ။
ရန်ကုန် မန္တလေး နဲ့ နေပြည်တော်မှာ ရှိတာလာမပြောနဲ့ ။ တနိုင်ငံလုံးအတိုင်းအတာနဲ့လိုတာကို
ဒီအစိုးရ အဆက်ဆက်က သောက်လုံးမှိတ်နေတယ် ။
တခေတ်က ..
ငွေစာရင်းကွာရင် သ/မ ဆိုင် မီးနဲ့ရှို့လို့တောင်သရော်ခံခဲ့ဖူးတယ် ။ ဒီနေ့ ခေတ်မှာ …
ဈေးအသစ်ဆောက်ချင်ရင် ဈေးကိုမီးနဲ့ရှို ့လို့ ထင်ရလောက်တယ် ။
လောင်လိုက်တဲ့ဈေးတွေ ။ ပြောရင်တော့ အာပတ်လွတ် ဝါယာရှော့ တဲ့ ။
စစ်တပ်ထဲမှာ စစ်သားတွေဟာ အမြဲ အသင့်ဖြစ်နေအောင် ကျင့်ထားရပါလိမ့်မယ် ။
မိးသတ်ဝန်းထမ်းလည်း အမြဲအသင့် လူစုံတက်စုံ ရှိနေရမယ် ။ ကျုပ်နယ်မှာ တွေ့ဖူးတဲ့မီသတ်ကားဟာ
မီးလောင်မှ ကားမောင်းဖို့ ဒီဇယ်သွားချေး ရတာဗျ .။ ရေမရှိရင် ချောင်းထဲပြေးပြီး ရေစုပ်ရသေးတယ်။
မီးလောင်တဲ့နေရာကိုသွားတော့ မီးကငြိမ်းနေပြီ ။နောက်ဆုံးတော့ ဟား စရာမီးသတ်ဖြစ်သွားတယ်။
ရှိသေးတယ် ။ ဓတ်ဆီဆိုင်တွေမှာ မီးချိတ်မီးကတ် သဲထုတ်ရေထုတ်တွေ ထားခိုင်းတာ ။
မြို့ပေါ်က တိုက်တွေ လုပ်ငန်းတွေမှာ မီးချိတ်မီးကတ် သဲပုံးရေပုံး တွေထားခိုင်းတာ ။
နည်းနည်းလေးမှ သောက်ရှက်မရှိဘူးလား ဟေ ..။ ပေးလိုက်ပါလား မီးသတ်ဗူးတွေ ။
ဓတ်ဆီဆိုင်မီးလောင်ရင် သဲထုတ်ရေထုတ်တွေနဲ့ပစ်ပြီး မီးချိတ် မီးကတ်တွေနဲ့ ဆွဲကြမယ်ပေါ့ ..
ဟုတ်လား .. သောက်ရူးတွေ ။ ပြောတဲ့လူကြီးက စိတ်မနှံ့လို့ပြောတယ်ပဲထား … အောက်ကကောင်
တွေကလည်း ကျပ်မပြည့်တော့ဘူးလား ။ ကျုပ် ဒါတွေမြင်တိုင်း ဆဲချင်တာ ယားနေတာပဲ ။
အားလုံးခြုံပြောချင်တာက ခေတ်မှီမီးသတ်စက် ၊နည်းစံနစ်၊ ယဉ် နဲ့ အမြဲတမ်း တာဝန်ထမ်းဆောင်မယ့်
ကျွမ်းကျင်ဝန်ထမ်း ဒါတွေလိုတယ် ။ တစ်နိုင်ငံလုံးအတွက် လိုတာနော် ။ နေပူတော်အတွက်ပဲ
လိုနေတာမဟုတ်ဘူး ။ ရန်သူမျိုးငါးပါးဆိုပြီး လက်လျော့နေလို့မဖြစ်ဘူး ။ လူတိုင်း … အိမ်ထောင်စု
တိုင်းကို မီးဘေးအသိတရားခေါင်းထဲထည့်ပေးရမယ် ။ လော်စပီကာနဲ့ လိုက်အော်နေလို့တော့
နားငြီးတာပဲ အဖတ်တင်မယ် ။ အသုံးမကျတဲ့ နည်းဟောင်းတွေကို ရဲရဲတင်းတင်း စွန်လွှတ်ပြီး
ပြည်သူအတွက် စဉ်းစားဖူးတယ်ရှိအောင်လို့ လုပ်ကြစမ်းပါဦး ။ ကြာရင် ဈေးအဟောင်းတွေက
ဆိုင်ခန်းတွေ ဈေးတက်ကုန်မယ် ။ မီးလောင်ပြီးပြန်ဆောက်ရင် တဲပေါ်ကနေ တိုက်ပေါ်ရောက်ပြီး
အဆင့်မြင့်ဈေးကြီးဖြစ်သွားတော့မှာမြင်မိနေသေး ။
8 comments
alinsett ( Gazette )
February 15, 2014 at 3:05 am
ဟုတ်ပါတယ် ဟုတ်ပါတယ်
ဟဲဟဲ
သံယောင်လိုက်ခြင်း အနုပညာ
🙂
Foreign Resident
February 15, 2014 at 5:26 am
အင်း မီးသတ်အဖွဲ့ကြီး ခမျာမှာလည်း ၊ ရယ်စရာတော့ဘယ်ဖြစ်ချင်ပါ့မလဲကွယ် ။
နိုင်ငံ ရပ်ခြားမှာဆိုရင် ၊ မီးသတ်သမား ဆိုတာ တော်တော် ဂုဏ်ရှိတဲ့ အလုပ်ပါ ။
ကိုယ်တွေ ၊ သင်္ဘော အရာရှိတွေ အဖို့မှာလည်း ၊
မီးသတ် နှင့် ပါတ်သက်တဲ့ သင်တန်းတွေ တော်တော်တက်ရတော့ ။
မီးသတ် ရဲ့ သဘော သဘာဝ နှင့် အခြေအနေကို နဲနဲ သိပါရဲ့ ။
အခုလို ၊ လူနေအိမ်ခြေတွေ ကျပ်ညပ် ၊ အထပ်မြင့်တွေ များလာတဲ့ အချိန်မှာ ၊
လက်ရှိ မီးသတ် မှာရှိနေတဲ့ ပစ္စည်း ကိရိယာတွေက မလုံလောက်တော့ဘူးလေ ။
မီးသတ် ကို ဘတ်ဂျက် ပိုက်ဆံ လုံလုံလောက်လောက် ချပေးမှ ဖြစ်တော့မယ် ။
အဆောက်အဦး စ ဆောက်ကတည်း ၊ မီးသတ် စည်းမျဉ်းတွေကို တင်းကျပ်ရမယ် ။
ဥပမာ ။ ။ အရည်အသွေး ညံ့တဲ့ မီးကြိုးတွေ မသုံး ရ ။
မီးဖိုချောင် ရဲ့ နံရံ နှင့် အမိုး ပါတ်ပါတ်လည် ကို ၊ မီးတား Fire Deterrent တဲ့ ၊
Class A – 60 Division မိနစ် ၆ဝ မီးတား နံရံ တွေနှင့် ဆောက်ရမယ် ။
မီးသတ်ကား အသစ် တစ်စီးရဲ့ တန်ဖိုးက အကြမ်းဖျင်း သိန်း ၅၀၀ဝ လောက်ရှိတယ် ။
အဲဒီတော့ကာ ၊ ပြည်သူတွေကရော အဲဒီ အဆင့်အတန်းကို လိုက်နာနိုင်ပါ့မလား ။
အဲဒီလောက်များတဲ့ စားရိတ် / ပိုက်ဆံ တွေကို ဘယ်သူတွေ ပေး / ခံ မှာလည်း ။
အမှန်ကတော့ ခရိုင်တစ်ခုကို မီးသတ်ကား တစ်စီး လောက်တော့ ၊
အဲဒီ ရပ်ကွက် / ခရိုင် က ပြည်သူတွေ စု ဝယ်ကြသင့်တယ် ။
နောက်ဆုံးတော့ ပြည်သူတွေလဲ သူတို့နှင့် တန်ရာ တန်ရာ ကို ရနေတာပါဘဲလေ ။
မမချွိ
February 15, 2014 at 12:22 pm
ကြားရတာ မရီနိုင်ပါဘူး ကိုဂျီးထူရယ်။
:hint:
kai
February 15, 2014 at 2:08 pm
ဆဲလ်ဖုံးကို ၅၀၀ဝကျပ်နဲ့ရအောင် အော်ကြသလို.. အော်ကြပါလားဟင်..။
လိုအပ်တဲ့ငွေတွေ.. မိုးပေါ်ကကျလာလိမ့်မယ်…။
Paing Lay
February 15, 2014 at 3:55 pm
တော်ကြာ ပိသေကုန်မှဖြင့် သဂျီးရယ်
TNA
February 15, 2014 at 5:05 pm
နေပြည်တော်ကလာတဲ့ကားတွေကတော့ အတော်လေးခေတ်မှီတယ်ဆိုပဲ။ ကားလေးတွေက သေးသေးလေးထောင့်လေးတွေ။ ချစ်စရာလေးတွေ။ ရေလဲ အံ့ဩစရာကောင်းလောက်အောင်ဆန့်တယ်ဆိုပဲ။ အဲလိုကားလေးတွေတော့ရန်ကုန်မှာလဲ လဲပေးသင့်တယ်လို့ထင်ပါတယ်။
မီ မီ
February 16, 2014 at 12:24 pm
🙁
ကြောက်စရာကောင်းတယ်နော်
သီဟသူရ ညောင်ရမ်းဂျီးထူ
February 16, 2014 at 9:02 pm
မှတ်ချက်ပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်