Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျက်လုံးနဲ့ဖတ်ဖို့. . .လက်နဲ့ရေးထားတဲ့စာ

alinsettApril 22, 20141min52919

 

 

ပူလောင်ခြင်း
ပူလောင်ခြင်း

 

 

ချစ်စရာကောင်းတဲ့သဘာဝတရားကို အဓမ္မပြုကျင့်မိတဲ့အတွက် ပြစ်ဒဏ်ကျခံနေရတဲ့လောက/ကိုယ့်တစ်ကိုယ်စာ

ဖြစ်တည်မှုကတောင် ရေရာမှုမရှိရတဲ့ကြားထဲ. . .သူများတွေကိုပါ ကယ်တင်ချင်သေးသတဲ့ ။ အဟက် ။ ကိုယ့်စာမျက်နှာတွေ ကိုယ်ပြန်ခေါက်သိမ်းပြီးသာ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ချင်စမ်းပါကွယ်။ သံသရာဆိုတာက လေချိုလေး သွေးရုံနဲ့ ပြီးပြတ်မသွားဘူး။ ငြိမ်းချမ်းရေးဆိုတာကရော ဘာထူးလဲ။ ပန်းတစ်ပွင့်မှ မဟုတ်တာ ။ လှမ်းခူးလိုက်ရုံနဲ ့ ကိုယ့်လက်ထဲရောက်လာနိုင်တာဆိုလို့မိုးပေါ်က ကြယ်တွေပဲ ရှိတယ် ။ ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်လို့ ထင်မြင်ယူဆသူတွေပဲ မှန်တယ် ။ မကြာခဏ ထ ပျံသွားတတ်တဲ့ သဘောကို သိတဲ့သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်။ မယုံဘူးလား။ မယုံဘူးဆိုရင် သင်ကိုယ်တိုင် ငှက်တစ်ကောင်လို ပျံဝဲဖို့ကြိုးစားကြည့် ။ ကောင်းကင်ရဲ့ဝတ်ရုံလွှာအပြာနုကို ထိုးခွဲ.. . . .အလူးအလဲ ပျံသန်းဖို့ ဟန်ပြင်ရင်း လေထုညစ်ညမ်းမှု စီးကြောင်းထဲမှာ ရေမပါတဲ့ကူးခတ်ခြင်း. . . . အင်းးး မနေ့ညနေက ညစာကို ဘာဟင်းနဲ့ စားခဲ့ပါလိမ့် ။ မနက်ဖြန်တုန်းကတော့. . .မေမေချက်တဲ့ ဟင်းတစ်ခွက်ကို မှတ်ဉာဏ်နံရံပေါ် သံရိုက်ရင်း စားခဲ့တယ် ။ အဲဒီ မနက်ဖြန်တုန်းက နေ့စွဲတစ်ရက်ကို ပြက္ခဒိန်ကနေ ဆွဲမဆုတ်လိုက်ဘူး။ မေမေရေ။ အို. . .မေမေ ။ ဟောဟို ကောင်းကင်က မိုးခါးတွေ အန်ချနေတယ်။ မိုးခါတွေ မိုးခါးတွေ မိုးခါးတွေ မိုးခါးတွေ မိုးခါးတွေ စက်လက် စက်လက် စက်လက် မျက်ရည်စက်လက် ဆက်လက် ခေါင်းငုံ ့ လက်ပိုက်ရင်း ခြေစုံရပ် ကျောက်ရုပ်ဆန်ဆန်ငြိမ်သက် . . .အင်းလေ အိပ်မက်တွေမှ မရှိတော့တာ။ နာကျင်ခြင်း စူးရှခြင်း ကစဥ့်ကလျားဖြစ်ခြင်းတွေကို ရောမွှေပြီး တစ်မနက်ခင်းမှာ ကြော်လှော်စားသောက်ခွင့်ရဖို့တဲ့။ မျှော်လင့်ခြင်းဆိုတာကို သိမ်းပိုက်သွားတဲ့ ဟိုသေတ္တာကြီး သစ္စာမရှိဘူး။ မုန်းစရာ ကောင်းလိုက်တာ ။ လူတွေရဲ့ရင်ဘက်ထဲကနေ ”ဟာတာတာ”ဆိုတာကြီးကို ဆွဲထုတ်သွားမှတော့. . ရင်ခွင်ဟာ ဗလာကျင်း ထမင်းငတ် ဟင်းငတ်တဲ့အကြောင်းတွေတောင် သီချင်း လုပ် ဆိုလို့မရတော့ဘူး ။ တကယ်လို့များ တရားတစ်ခုခု ဟောပြခွင့်ရမယ်ဆိုရင် မနေ့ညက ကောက်ရထားတဲ့ သုညတစ်လုံးကို လက်နဲ့ ဟောသလို ကိုင်ပြလိုက်ချင်တယ် ။ လောလောဆယ်တော့ အဲဒီသုညကို သချင်္ာစာအုပ်တစ်အုပ်ပေါ်တင်ပြီး စဉ်းစားတွက်ချက်နေမိတယ် ။ ခါးသက်သက်အရသာ +

အမှန်တရား = ???

ရလဒ်အဖြေဟာ သုညတစ်လုံးဖြစ်မလား ?

တစ် ဖြစ်လေမလား ?

ဒီအကြောင်း တွေးရတာ ခံတွင်း ချဉ်/ငံ/စပ် လိုက်တာ ။

 

_______________

 

 

 

အလင်းဆက် (Gazette)

26 / 3 / 2014 / 13 : 00 /

( မရမ်းကုန်း )

 

 

19 comments

  • မဟာရာဇာ အံစာတုံး

    April 22, 2014 at 7:50 pm

    နင့်ဟာက
    ဘာဒေမှန်းလဲ မတိပါဘူးကွာ …
    ဘာပဲဖြစ်ဖြစ်
    ငါ့ မဟာမျက်လုံးတော်ကြီးနဲ့ ကြည့် …
    အသိစိတ်ကလေးနဲ့ ဖတ်လို့
    ဟောဒီ ကွန်မန့်ကို
    ကီးဘုတ်ပေါ် လက်တင်ပြီး ရိုက်ချသွားတယ် ….
    နောက်ထပ် ရိုက်ပေးအုံးဆိုယင်ဒေါ့ နင့်နဖူးပဲ ကျန်ဒေါ့ဒယ် ….

  • ကေဇီ

    April 23, 2014 at 9:35 am

    သများ မျက်လုံး မကောင်းတော့လို့ မျက်မှန်ကြီးတတ်ပြီး ဖတ်သွားပါတယ်။

    :boss:

    • alinsett (gazette)

      April 23, 2014 at 12:03 pm

      ဒါရှို စာလုံးကြီးကြီးမြင်ရတာပေါ့နော်
      ကဗျာကနည်းနည်းတော့ ကြီးနေတယ်

      🙂

  • surmi

    April 23, 2014 at 10:32 am

    ပါးစပ်နဲ့အသံထွက်ပြီး ဖတ်လိုက်တာ

    .
    .
    .
    .
    .
    .
    .
    .

    ကံကောင်းပေလို့ပေါ့ကွာ

  • Mr. MarGa

    April 23, 2014 at 10:49 am

    ဝင်လာမိတာ နာ့ အမှားးးးးး :mrgreen:

  • Crystalline

    April 23, 2014 at 11:12 am

    :boss: :boss: :boss:

  • TNA

    April 23, 2014 at 12:14 pm

    ပူရတဲ့အထဲဟယ်။ ဂယ်ဘာဘဲ။ စဉ်းစားဖို့ ချွေးအရင်သုတ်လိုက်အုံးမယ်။ အဲပုံနီနီကြီးဖြုတ်ပါအေရယ်။ နေကြည့်နေရသလိုပဲ။ တကတဲ

    • alinsett (gazette)

      April 23, 2014 at 12:18 pm

      အဟိ

      အိုက်ပုံနီနီက
      သာကေတ ပြထားတာ
      အဲလေ
      သင်္ကေတ ပြထားတာ

      🙂

  • lu lu

    April 23, 2014 at 6:30 pm

    မနက်က ဘာဟင်းနဲ ့စားတာပါလိမ် ့? ? ?
    မနက်ဖြန် ဘာဟင်းစားရင် ကောင်းမလဲ ? ? ?
    ကိုဆက် ရှာနေတဲ့သုံည တွေချက် ပြုတ် စား
    ရင် ကောင်းမလား ? ? ?
    စဉ်းစား ရင်းပဲ မျက်လုံးပေါ် လက်တင် အိပ်ပျော်
    သွားတယ် ခေါ် ါ် ါ် ါ် ခ လူး းးး

    • alinsett (gazette)

      April 24, 2014 at 7:04 am

      တခါတခါ အိပ်ပျော်လိုက်တာ
      ပိုကောင်းတယ် လုရေ

      🙂

  • naywoon ni

    March 26, 2015 at 11:21 pm

    ခါးသက်​သက်​အရသာနဲ့ အမှန်​တရားကို​ပေါင်​းရင်​ ဘာမှ မရဘူး ။
    ခါးသက်​သက်​အရသာ = အမှန်​တရား = ဘဝတစ်​ခု
    🙂

  • uncle gyi

    March 28, 2015 at 12:11 am

    အမှန်တရားကခါးသတဲ့လား
    ဒါဆိုအမှန်တရားပျောက်နေလို့ဖြစ်ရမယ်
    အမှန်တရားဖြစ်တည်နေရင်
    အမှန်တရားကချိုပါတယ်လေ

    • Alinsett@Maung Thura

      March 28, 2015 at 9:07 am

      ဘယ်အမှန်တရားက ချိုပြီး
      ဘယ်အမှန်တရားက ခါးသလဲလို့တွေးနေမိ
      လက်ရှိ ပိုစ့်မော်ဒန်လောကမှာ အမှန်တရားက မျိုးစုံ ရှိတယ်ဆိုတဲ့အယူအဆအရ

      :k:

Leave a Reply