နားလည်မူ လွဲတဲ့ ည
နေရာအထားမှားခဲ့တဲ့ ညတွေ
နေဝင်ချိန်တွေကို ကျော်ပြီး အနေနီးလျက်နဲ့
မိုးမလင်းလာခဲ့ဘူး။
ညဉ့်နက်တဲ့ ညတွေထဲမှာ တိတ်ဆိတ်တဲ့ ခြေသံတွေ
ကြိုတင် ဖိတ်ထားပေမယ့်
ရောက်မလာခဲ့ကြဘူး။
ငါအတွက်တော့ ချစ်သူထားခဲ့တဲ့ အလွမ်းတွေရယ်
သောက်နေကြ ကော်ဖီခါးခါးတစ်ခွက်ရယ်
ဆွံ့ အနေတဲ့ စကားလုံးတွေနဲ့
ညနဲ့အတူ တိတ်ဆိတ်မူတွေ ပြိုင်နေခဲ့တာ
သစ်ရွက်ကလေးတွေတောင် ဆွေးမြေ့နေလေရဲ့ ။
One comment
Soe Thu
August 11, 2010 at 4:53 am
အဆွေးတွေနဲ့ ဘဝကိုအရောင်မဖော်နဲ့လေ
စဉ်းစားအုန်း