IT လုပ်ငန်းများ လုပ်ကိုင်ရန် အချိန်ပိုင်းလက်ထောက် အလိုရှိသည်

zayar linJune 13, 20141min3760

နည်းပညာနှင့် ပါတ်သက်သည့် အလုပ်များကိုသာ လုပ်ကိုင်ရမည်ဖြစ်ပါသည်။

ဥပမာ- Website ရေးခြင်း၊ Facebook page ကို Admin လုပ်ပေးခြင်း စသည့် အလုပ်များကိုသာ လုပ်ကိုင်ရမည်ဖြစ်ပါသည်။

အရည်အချင်းရှိလျှင်ရှိသလို တစ်လလျှင် အနည်းဆုံး လေးသောင်းကျပ်မှ အများဆုံး သိန်းဂဏန်းအထိ ရရှိမည်ဖြစ်ပါသည်။

လိုအပ်ချက်များ

အသက် အနည်းဆုံး 16နှစ်မှ အများဆုံး 20 နှစ်သာဖြစ်ရပါမည်

အင်တာနက် အီးမေးလ် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမည်။

အလုပ်ချိန်မှာ တစ်နေ့လျှင် သုံးနာရီမျှသာ ပေးရန်လိုပါသည်။

အချိန်ထက် ကိုယ်ယူထားသည့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့လိုပါသည်။

အလုပ်သဘောအရ အလုပ် ၉၀%ကို အွန်လိုင်းမှ လုပ်နိုင်ပါသည်။

သို့သော် နေ့စဉ် ခေါင်းဆောင်နှင့် တွေ့ရန်လိုအပ်မည်ဖြစ်ပါသည်။

 

စိတ်ပါဝင်စားပါက

အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံ၊ Facebook Account Link၊  ဓာတ်ပုံတစ်ပုံ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို zayarlinhtet@ictandyouthdevelopment.org သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။