သတင်းထောက်ကိုဘယ်လိုမြင်လဲ
သတင်းထောက်ကို လူအချို့ကကြောက်တတ်ကြပါတယ်၊ အချို့ကရှောင်ကြပါတယ်၊ ဌာနဆိုင်ရာတွေက ထွက်ပြေးကြပါတယ်၊ ကျွန်တော်က ဘယ်သတင်းတိုက်ကပါလို့ ပြောလိုက်ရင် ပြောမယ့်စကားတွေ မပြောကြတော့ပါဘူး ဘာ့ကြောင့်ပါလဲ။
ကျွန်တော့သူငယ်ချင်း DVB သတင်းထောက်တစ်ယောက်က” ငါတို့တွေက ကိုယ့်ကိုယ်ကိုမိတ်ဆက်လို့မရဘူး၊ မိတ်ဆက်လိုက်ရင် ထွက်ပြေး တာများတယ် ” လို့ပြောပါတယ်။
သတင်းထောက်ဆိုတာ ဘက်မလိုက်ရဘူး လို့ဆရာတိုင်းကပြောပါတယ်၊ အမှန်အတိုင်း အရှိအတိုင်း ရေးဖို့ပြောဖို့ပါပဲ ထင်မြင်ယူဆချက်ပါလို့မဖြစ်ပါဘူး။
တစ်ချို့က အများအားဖြင့် ြပြည်သူက သူတို့ရင်ဆိုင်နေရတဲ့ပြဿနာကို ပြောပြချင်ပါတယ် ဒါပေမယ့် သတင်းသမားကဘက်မလိုက် ရဘူးဆိုတော့ တစ်ဖက်တည်းအပြောကိုရေးလို့မရပါဘူး သက်ဆိုင်ရာ တာဝန်ရှိသူကိုမေးတဲ့အခါ ရှောင်တာတွေရှိလာတာတွေ့ရပါတယ်။
တစ်ချို့ပြည်သူကတော့ သတင်းထောက်ကိုကြောက်ပါတယ်
သတင်းထောက်နဲ့ ထောက်လှမ်းရေး ကိုခွဲခြားမသိတဲ့သူတွေလဲရှိနေပါသေးတယ်၊ သူတို့ပြောတဲ့စကားကို တာဝန်မယူနိုင်ပါဘူး လို့ပြောပါတယ် ၊ off the record လုပ်ခိုင်းပါတယ်။
ဆိုတော့ သတင်းထောက်ဆိုတာ မီဒီယာပါ စတုတ္ထမဏ္ဏိုင်ပါ
၊ပေါင်းကူးတံတားပါ ၊ သတင်းအချက်အလက်တွေကို ြြဖြန့်ဖြူးေပးတဲ့သူပါ သတင်းထောက်မှာကျင့်ဝတ်တွေရှိပါတယ်၊
သတင်းထောက်က ပါတီဟောပြောပွဲမှာ လက်ခုပ်မတီးရပါဘူး သူက လူဘယ်နှစ်ယောက်လက်ခုပ်တီးတယ် ဘယ်သူကတီးတယ် မတီးဘူး အဲဒါကိုပဲ လိုက်ကြည့်ရမှာပါ။
ကျွန်တော်တို့ရွာထဲကရော ဘယ်လိုမြင်လဲ ထင်မြင်ချက်လေး ပြောပြပေးပါနော်
*Internet connection မကောင်းခြင်း phone ြဖြင့် post တင်ရခြင်းကြောင့် အခက်အခဲရှိနေပါသည် ြြပြင်ဆင်ဖြည့်စွက်ဖတ်ရှုှုပေးပါရန် တောင်းပန်အပ်ပါသည်။
11 comments
Ma Ma
June 18, 2014 at 8:01 am
ကျင့်ဝတ်စောင့်သိ/ထိန်းတဲ့ သတင်းထောက်ကို မိတ်ဆွေလို့ မြင်ပြီး၊
ကျင့်ဝတ်မစောင့်ထိန်းတဲ့ သတင်းထောက်ကို ကြောက်စရာလို့ မြင်ပါတယ်။
ချစ်ရင်ထူး II
June 18, 2014 at 8:59 am
သတင်းထောက်က တစ်ခုခုမေးခဲ့ရင် ဖြေဖို့ကို ဘာလို့ကြောက်ပါသလဲ ?
Ma Ma
June 18, 2014 at 9:40 am
လူတိုင်းတော့ ဟုတ်ဟန်မတူဘူး။
မင်း ခန့် ကျော်
June 18, 2014 at 9:29 am
သတင်းထောက်ဆိုတာ တိုင်ပြည်ရဲ့ မီးအိမ်ရှင်
တပါးနဲ့တူပါတယ်။
အမှောင်လောကဒုစရိုက်တွေကို မြင်နိုင်အောင်ပြသ
နိုင်တဲ့သူများဖြစ်ရပါမယ်။
ရဲ ထောက်လှမ်းရေး စုံထောက် အစရှိသူတွေထက်
ခြေတလှမ်းဦးနေရပါမယ်။
စာရေးဆရာ ရှေ့နေ တရားသူကြီးတွေထက် တင်ပြမူ့
ရှင်းလင်းရပါမယ်။
ဒါကြောင့် တိုင်းပြည်ရဲ့ ကြီးလေးတဲ့တာဝန်တရပ်ကို
ထမ်းဆောင်သူတွေဖြစ်လို့လေးစားရပါမယ်။
ဒီနေ့ထိ တော့ဒီလို အင်္ဂါရပ်နဲ့ညီညွတ်တဲ့သတင်းထောက်
ဘယ်နှစ်ဦးရှိပြီလဲမသိ
alinsett (gazette)
June 18, 2014 at 10:20 am
သတင်းကို ထောက်နိုင်မှ သတင်းထောက်
သတင်းက ထောက်တာကို ပြန်ခံနေရရင် သတင်းထောက်မဟုတ်
surmi
June 18, 2014 at 12:55 pm
ကျုပ်ကတော့ သတင်းထောက်တချို့ကို ရုက်ချင်ခဲ့ဖူးတယ်
ဘယ့်နယ်ဗျာ
ကားအက်ဆီးဒင့်ဖြစ်တဲ့နေရာဓတ်ပုံလာရိုက်တယ်
ပြီးတော့ ဘယ်ဂျာနယ်တိုက်ကပါလို့မိတ်ဆက်ပြီး သတင်းထည့်မယ်ဘာညာ လုပ်ပြန်တယ်
သတင်းမပါစေချင်ရင် ဘယ်လောက်ပေးရမယ်ဘာညာဆိုတော့
ဒီ ဒေါင်းဇားကို သံပိုက်လုံးနဲ့ ပူဇော်ချင်တာမှတအားဘဲ
ကျုပ်မိတ်ဆွေ ကားမှောက်တုန်းကပါ။
ပွဲစားတန်းမှာလည်းကြုံဖူးတယ်
ဓတ်ပုံရိုက်ချင်ရာရိုက့်ပီးရေးချင်တာရေးတဲ့ကောင်တွေ ။
ကျုပ်တို့ ခင်ဗျားတို့လည်း ဒီရွာမှာ ရေးချင်တာရေးနေပေမယ့်လည်း မဟုတ်မဟတ်သတင်းတော့
တခါမှ မရေးဘူးလေဗျာ ။
ဒီ ခွါးသဒေါင်းဇေးတွေက ဂျာနယ်တိုက် သတင်းစာတိုက်မှာရေးလို့ရတယ်ဆိုတိုင်း
လက်သရမ်းကြတာရယ် ၊ ငါတို့ကသတင်းထောက်ဘဲ ဆိုပြီးလူပါးဝ တာရယ်တော့ အမြင်ကပ်တယ်ဗျို့ ။
ဆိုတော့ သတင်းထောက်လို့အသံကြားရုံနဲ့
အတော်ကို မေတ္တာပျက်တကလား …
အားလုံးနဲ့မဆိုင်ပေမယ့် စတုတ္ထ မဏ္ဍိုင်ဆိုတာနဲ့တော့ ဝေးးးးး နေသေး သလားးး လို့
ဦးကျောက်ခဲ
June 18, 2014 at 2:10 pm
အဟမ်း… ကျောက်စ်တို့ အလုပ်မှာကတော့ရှင်းတယ်…
အကြောင်းတစုံတရာရှိရင် ပြောရေးဆိုခွင့်ရှိသူမှအပ ဘယ်သူမှသတင်းထောက်နဲ့ မပွါးရ…
မှန်ရာပြောရရင်…
“ကွီ” ဝထ္ထုထဲကလို ၊ ဂျာနယ်ကျော်ဦးချစ်မောင်လို သတင်းထောက်မျိုး မတွေ့ဖူးသေးပါဘူး…
သတင်းအကြောင်းထက် လူစိတ်ဝင်စားအောင် ပေါ်ပြူလာဖြစ်အောင်… ဒရာမာတွေရိုက်…
သူတို့မေးတာ (ပုလိပ်စစ်) ကို ဖြေတဲ့ ကိုယ့်တောင် ပြန်ခြိမ်းခြောက်သွားတာတွေချည်းပဲ…
နောက်ပြီး ဘယ်သူက ဘယ်လိုပြောပါတယ်ဆိုပြီး သူတို့အာဘော်လေးပါဖြည့်လိုက်လို့…
ချောက်ကျ… အလုပ်ပြုတ်ရတဲ့သူတွေလည်း မနည်းမနော တွေ့ဖူးတာမို့…
ဘယ်နိုင်ငံမှာဖြစ်ဖြစ် တတ်နိုင်သလောက် ရှောင်ပါတယ်…
လေနဲ့ဝမ်း ကွဲပြားအောင်ပြောရရင် C J တွေကိုတော့ အားကိုးပါကြောင်း… 😀
kai
June 18, 2014 at 2:56 pm
သတင်းထောက်ဆိုတာ… တိုင်းပြည်ကို”မျက်လုံးကြီးနဲ့”စောင့်ကြေည့်နေသူပဲ..
အင်း..
ကျုပ်တို့မြို့လည်း.. သတင်းထောက်အသင်းဖွဲ့ဦးမှ..
လောလောဆယ်တော့.. နယ်မခြားသတင်းထောက်အဖွဲ့ဝင်ခွင့်လျှောက်လိုက်တာ.. ယူရို၂ဝပါသွားတယ်..
ဘာမှန်းမသိ.. ။
အရီးခင်
June 19, 2014 at 2:17 am
သတင်းထောက် ဆိုတာ
မင်း ပြောတဲ့ “ပါတီဟောပြောပွဲ” နမူနာ နဲ့ ပြောရင်
အဲဒီပွဲမှာ ဘယ်သူတွေက ဘာတွေ ပြောတယ် မှတ်သား ပြီး သတင်း မှန်ကို ရေးနိုင်ရမယ်။
ဒါက အဓိကပေါ့။
ပြီးတော့ ဘက်မလိုက်တဲ့ အမြင်နဲ့ ပွဲမှာ ဟောပြောရာမှာ အမှားပါရင် သိနိုင်စွမ်း၊ ဝေဖန်နိုင်စွမ်း ရှိရမယ်။
ဒီတော့ တန်ဖိုးကြီးတဲ့ သတင်းထောက် တစ်ယောက်ဟာ သာမာန်လူတော့ ဖြစ်လို့မရဘူး။
အတော်လေး နှံ့ဆန့် ရမယ်။ စိတ်ဓာတ်တည်ကြည် ရမယ်။
မင်းပြောတဲ့ …..{သတင်းထောက်က ပါတီဟောပြောပွဲမှာ လက်ခုပ်မတီးရပါဘူး သူက လူဘယ်နှစ်ယောက်လက်ခုပ်တီးတယ် ဘယ်သူကတီးတယ် မတီးဘူး အဲဒါကိုပဲ လိုက်ကြည့်ရမှာပါ။}
ပွဲမှာ လက်ခုတ်တီးတာ သူ့ဟာသူ တီးတီး မတီးတီး သတင်းထောက်က လိုက်ကြည့်နေစရာ လိုလို့ လား မောင်ချစ် ရယ်။
လက်ခုတ်တီးချင်ရက် နဲ့ လက်နာ နေလို့ မတီးရတာ ဆို ဘိုလိုလုပ်ပါ့မလဲ။
:-)))))))))))))))
ဦးကြောင်ကြီး
June 19, 2014 at 11:01 am
ကျုပ်ကလော့ ရှမ်းရှမ်းဘဲ… သာဒင်းထောက်ထီးဂို မျက်လုံးနဲ့ကြည့်တယ်.. သာဒင်းထောက်မဆို နှာခေါင်းနဲ့ကြည့်လယ်.. ရှလွတ်…
ပန်း စံပါယ်
June 19, 2014 at 2:32 pm
စတုတ္ထမဏ္ဍိုင်လို့သုံးစွဲရလောက်တဲ့ ထိရောက်တဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ စွမ်းဆောင်ချက်တွေ မတွေ့ရသေးဘူးလို့ ယူဆပါတယ်။ ဒါကြောင့် သတင်းထောက်ဆိုတာကို စာရင်းထဲမှာကို မရှိသေးဘူးလို့ အမှန်အတိုင်းပြောလိုက်လို့ မြန်မာဖြစ်ပြီး နာမည်နဲ့မလိုက် ယဉ်ကျေးမှုမရှိ ရိုင်းသလိုဖြစ်သွားရင် စိတ်မရှိပါနဲ့လို့။