ဂျပန်ခေတ်က ကျောင်းအုပ်ကြီး ဦးရာဇတ် ကျောင်း
ဆရာမ မစန္ဒာ ပြောပါတယ် ဂျပန်ခေတ်က ကျောင်းအုပ်ကြီး ဦးရာဇတ် ကျောင်းက ကျောင်းသူတစ်ဦးကို ဂျပန်စစ်သား တစ်ယောက်က လိုက်ဆွဲတယ်၊ ကျောင်းသူလေးက ကျောင်းဝန်းထဲဝင်ပြေးတော့ ဂျပန်က နောက်ကလိုက်တယ်၊ ကျောင်းဝန်းထဲဝင်လာတဲ့ဂျပန်ရဲ့ ရင်ဘတ်ကို ဖိနပ် တစ်ဖက်လာပြီးထိမှန်တယ်၊ ဂျပန်က သူကို ဖိနပ်နဲ့ပစ်တဲ့ကျောင်းသားကို ထုတ်ပေးဘို့အော်တယ်၊ ကျောင်းသားတွေအားလုံး ထွက်လာပြီး ဝိုင်းလာတဲ့ အတွက် ဂျပန် သူ့စခန်းပြန်သွားတယ်။
ခဏအကြာ ဂျပန်စစ်ဗိုလ်ဦးစီးတဲ့ ဂျပန်စစ်သားတွေတင်လာတဲ့ စစ်ကားတစ်စီး ကျောင်းထဲဝင်လာပြီး ဖိနပ်နဲ့ပစ်တဲ့ကျောင်းသား ထုတ်ပေးဘို့ ဂျပန်စစ်ဗိုလ်က ပြောတယ်၊ ကျောင်းအုပ်ကြီး ဦးရာဇတ်က ညနေကျောင်းဆင်းချိန်မှာ ဖိနပ်မပါဘဲထွက်လာတဲ့ ကျောင်းသားကို ဖမ်းပါလို့ ချွေးသိပ်ပြီး ပြန်လွှတ် လိုက်တယ်။
ဂျပန်စစ်သားတွေ ကျောင်းဆင်းချိန်ထိစောင့်ကြတယ်။ ကျောင်းဆင်းတော့ ထွက်လာတဲ့ ကျောင်းသား အားလုံး တစ်ယောက်မှ ဖိနပ်မပါကြဘူး။ ဂျပန်စစ်ဗိုလ်က စည်းလုံးညီညွတ်မှုကို သဘောကျပြီး သူ့ စစ်သား မှားကြောင်း ကျောင်းအုပ်ကြီးကို ပြောပြတောင်းပန်တယ်၊ သူ့စစ်သားသူ ပါးရိုက်ပြီး ပြန်သွားကြ တယ်။
5 comments
surmi
July 21, 2014 at 8:59 pm
ဦးလေးရေ
ကက်တဂိုရီ မှာ ကော်ပီပေ့စ်မထားနဲ့ဗျ ။
အခြားသင့်တော်တာတခုခုရွေးပေးမှ ရှေ့မျက်နှာစာမှာပေါ်ပါလိမ့်မယ် ။
ကော်ပီပေ့စ်ဆို မပေါ်တော့ပါဘူူ း
အားပေးဖတ်ရှုနေပါတယ်ဗျို့ 🙂
U Pyaung Gye
July 22, 2014 at 2:56 pm
Mandalay Gazette နဲ့မိတ်ဆက်ပေးလို့ ကျေးဇူးပါ။ လိုအပ်တာရှိရင် ပြောပေးစေချင်ပါတယ်ဗျာ။
kyeemite
July 22, 2014 at 8:34 am
အဲ့ဇတ်လမ်းလေးကြားဖူးပါတယ်…ဆရာမ မစန္ဒာက ခင်ဗျားကိုတိုက်ရိုက်ပြောပြတာလားဗျ 🙄
U Pyaung Gye
July 22, 2014 at 2:51 pm
စာဖတ်သူတို့ရုပ်သံလိုင်းမှာကြည့်ဖြစ်တာပါဗျာ။
Paing Lay
July 22, 2014 at 11:21 am
အခုလို တိမ်မြှပ်ပျောက်ကွယ်နေတာကို ဖော်ပြပေးတဲ့အတွက် အထူးကျေးဂျူးကမာ္ဘဆိုင်ရော 🙂