တစ်ခါကဆီ …ဒဏ္ဍာရီ
နွမ်းမှာစိုး၍ ၊
ပန်းကိုတွေ့လည်း ၊
မနမ်းရဲခဲ့ ၊
ပန်းရဲ့ အထိ ၊
ဆွဲငင်ငြိမှ ၊
အသိနောက်ကျ ၊
ပွင့်လွှာကျကြွေ ၊
နေရစ်လေတော့ ၊
ကြွေလေတော့နော် …………။
လွမ်းမှာစိုး၍ ၊
မြတ်နိုးနှောင်ရစ် ၊
သောကမြစ် လျှံ ၊
ချစ်ဟန်မပြ ၊
တမ်းတချုပ်နှောင် ၊
လမ်းလွှဲရှောင်ထွက် ၊
ခု မှခက်ပြီ ၊
ကြွေလွင့်ပြီမို့ ၊
နေလေတော့နော် …………
ဒီလိုပဲလေ ၊
နွေလည်အိမ်မက် ၊
ရော်ဝါရွက်တို့ ၊
ညှိုးသက်လွင့်ကြွေ ၊
တွေဝေငေးမော ၊
ရွက်ကြွေတောမှာ ၊
တရံခါဆီ ၊
ဒဏ္ဍာရီ ဟု ၊
ရောင်နီလည်းအိပ် ၊
အတိတ်ကိုချန်
ပြန်ပါလေတော့
ပြန်လေတော့နော် ……။
16 comments
sorrow
July 26, 2014 at 4:39 pm
ပီယဆေးလေးပဲရှိတယ်မှတ်တာ.ကျော်တို့ကိုကြီးက .တော်ကီကလဲ ညက်သကိုးဗျ…အဟိဟိ
MAUNG
July 26, 2014 at 7:06 pm
နွမ်းမှာစိုး၍ ၊
ပန်းကိုတွေ့လည်း ၊
မနမ်းရဲခဲ့ ၊
တိုက်ဆိုင် လွန်းလို့ ရင်ထဲ မှာ နင့်က နဲ ဗျာ ….ဦးဆာ :/
Iris
July 26, 2014 at 7:29 pm
သိပ်မမှတ်မိတော့ဘူး စာရေးဆရာတစ်ယောက်ပဲ သူ့အကြောင်းရေးထားတာ။ သူသဘောကျတဲ့မိန်းကလေးနဲ့ အမှတ်တမဲ့ပြန်ဆုံတဲ့အချိန်သူ့မှာအရေးတကြီးသွားစရာရှိနေခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကိတ်စကိုမေ့ပြစ်ပြီး မိန်းကလေးကို ဒိတ်လိုက်တယ် ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြော ရင်း ချစ်သူတွေဖြစ်သွားကြတယ်။ အခုအချိန်မှာတော့သူ့အိမ်သူဖြစ်သွားပြီပေါ့။ သူကဘာပြောလဲဆိုတော့ တကယ်လို့သာ သူမ ကိုသာ သူအဲ့ဒီနေ့က ဒိတ်မလုပ်ခဲ့ရင် သူတို့ပြန်ဆုံဖို့မသေချာဘူး။ သူမလည်းတစ်ခြားတစ်ယောက်ကိုရွေးချယ်သွားနိုင်တယ်။
ဦးကြောင်ကြီး
July 27, 2014 at 2:45 am
ဦးဆာ
ဗူးနှာ
ထူးရာ
မူးလာ
ဖူးသာ
ခူးမှာ
ဒူးပါ
ရှူ းဖြာ..
ခင်ဇော်
July 27, 2014 at 10:11 am
နောင်တ တွေပေါ့။
😥
မဟာရာဇာ အံစာတုံး
July 27, 2014 at 12:41 pm
အတိတ်ဆီက အလွမ်းဆိုတာ
ပြန်တွေးမိတိုင်း ရင်ထဲမှာ တစ်မျိုးကြီးပဲ … 😥
အရီးခင်
July 27, 2014 at 3:22 pm
ကိုဆာ
ကိုဆာ
ခပ်ချာချာ
လွမ်းရမှာက
အထပ်တစ်ရာ
ပလာတာ သာ
ချက်တော့ ဗျာ
တစ်ရွာလုံး က
အားပေးမှာ။
:-))))
Kaung Kin Pyar
July 28, 2014 at 9:52 am
ကိုယ်ကြိုးစားနိုင်ပေမယ့် လက်လျှော့ခဲ့မိလို့ လက်လွှတ်လိုက်ရတဲ့ တစ်စုံတစ်ရာကြောင့် ရတဲ့နောင်တက အဆိုးဆုံးပဲ…။ ဒါကြောင့် အနည်းဆုံး ကိုယ့်ကိုယ်ကို လိပ်ပြာလုံအောင် တစ်ခါလောက်တော့ ကြိုးစားကြည့်သင့်တယ်တဲ့…
ဒါနဲ့ စကားမစပ်…ပလာတာ စားချင်လိုက်တာ…
ဦးကျောက်ခဲ
July 28, 2014 at 10:11 am
ကိုရင်ဆာရဲ့ ဒဏ္ဍာရီက ဒိုင်ယာရီလောက်ရှိတယ်…
ရည်းစားဟောင်းတွေသာ ဖတ်မိရင် ခလေးလက်ဆွဲပြီး ငိုချင်းချလတ္တံ့ …
😀
Crystalline
July 28, 2014 at 11:05 am
သများတွေများ လွမ်းစရာတွေပေါလိုက်တာ.. ကွကိုယ်သနားလိုက်တာ.. :cryy: :mrgreenn:
manawphyulay
July 28, 2014 at 11:22 am
မနမ်းပေမယ့် နွမ်းလျလေတဲ့
ပန်းတို့ဘဝ
အကြွေပန်းပေမယ့်
ရွှေနန်းတော်ထိုက်ပါတဲ့ ပန်းပေမို့
မျှော်ကိုးကာ ယုယသူကို
စောင့်မျှော်ကာလေ
ငေး ငေးကာ ကြည့်ရင်း
ပြန်ခဲ့ရလေတော့သည်….
alinsett (gazette)
July 28, 2014 at 12:26 pm
ဝိုးးးးးးးးးးးး
ဦးဆာ….
ဒီကဗျာလေး…ကျနော့်ကဗျာချစ်စိတ်ကို..လှုပ်ခါသွားတယ်ဗျ… ။
ဒီပို်စ့်ကို.. ကဗျာလို ့ မထင်လို ့..နောက်မှ အေးဆေးဖတ်မယ်ဆိုပြီး…အခုမှ….လာဖတ်မိတာ..
နောက်ကျတယ်ဗျို ့… ။
ကဗျာမှန်းသိ…အစကတည်းက အပြေးလာတယ်ဗျာ.. ။
———-
မော်ဒန်ကဗျာတွေ နဲ ့ လက်ထပ်ပေါင်းသင်းနေထိုင်နေပေမယ့်…
ဒီလို..လေးလုံးစပ် ကာရန်စနစ်ကဗျာလှလှလေးတွေ တွေ ့လည်း… ရင်ခုန်တုန်းပဲ.. ။
ကျနော်တော့…
ကာရန်ကဗျာနဲ ့…နောက်မီးလင်းချင်နေပြီ.. ။
အဟိ ။
lu lu
July 28, 2014 at 10:22 pm
အရင်ကဇာတ်လမ်းလေး
မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေးးးး
့ 😥
kyeemite
July 29, 2014 at 1:08 pm
တယ်ကောင်းပါလားဗျ…ရင်ထဲက တကယ်လာမှန်းသိသာတယ်..ရေတွင်းပျက်..အဲ..အဲ..ရင်တွင်းဖြစ်ပေါ့
😀
TNA
July 29, 2014 at 6:02 pm
ဟိုက်ရှ် ဦးဆာ ဒလိုလဲရသကိုး။ ခံစားချက်မိုက်တယ်။ ဦးဆာက စွယ်စုံကိုး ( အဲ့ဆင်မဟုတ် )
Mr. MarGa
August 1, 2014 at 1:15 pm
အမ်
ခုမှ ဝင်လာတာကို ပြန်ပါလေတော့ ဆိုမှတော့
ပြန်ဘီ ဗျာ
:mrgreenn: