Model Academy နှင့် Myanmar Education
အင်း မော်ဒယ် အကယ်ဒမီ Season 2ပြီးတာတော့နည်းနည်းကြာပြီပေါ့ ။ ရေးချင်နေသည်မှာ ကြာပါပြီ။မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံလိုလေ့ကျင့်ပေးသည့် ကျောင်း ပုံစံပထမဆုံးထွက်လာသည်မို့ သဘောတော့ကျမိသည်။ထုံးစံအတိုင်း အပြင်အဆင်တွေမှာ သားနားသယောင်ရှိပေမဲ့ မသားနားပေ။ဒါပေမဲ့ တော်တော်ကြိုးစားထားသည်မှာ တော့ ပေါ်လွင် ပါသည်။ Ma Thandar Hlaing သည်ကျမအလွန်နှစ်သက်မိသော Model ။သူမဒီပွဲကို ကြီးကျယ် လာစေရန်ကြိုးစားနေသည်မှာ တော့ မှန်ပါသည်။ အဓိက ပြောချင်နေသည်က ဒါမဟုတ်ပေ။
ကျမအဓိကပြောချင်သည်မှာ အရောင်ရွေးချယ်မှုများဖြစ်ပါသည်။
Stage စင်အရောင်မှာမှာ အနက်နှင့် အစိမ်း model academy ပါ နောက်ခံဖြစ်သည် ပုံမှန်အချိန်တွင် ကြည့်ရသိပ်မဆိုးသော်လည်း catwalk လျှောက်သည့်အချိန်တွင်တော့ model များဝတ်သည့် အရောင်နှင့် လိုက်ဖက်အောင်ပြောင်းပေးလျှင်ပိုကောင်းမည်ထင်ပါသည်။
season 2 တွင် တိုင်းရင်းသားဝတ်စုံများဖြင့်လျှောက်ခိုင်းသည့် challenge တစ်ခုပါသည်။ တော်တော်များများဝတ်စုံများသည် ပိုးသားများ ဖြစ်သည်။သတိထားမိသည်မှာ ကျမတို့ မြန်မာသည် အရောင် အဆင် ရှုတ်ရှက်ခတ်နေခြင်းကို ပိုကြိုက်ကြသည်ထင်သည်။ ပိုးသားများ ဝတ်ထားလျှင် နောက်ခံ Stage က အရောင်တူ ငြိမ်လျှင်ပိုကောင်းမည်။ ထိုးထားသည့် မီးရောင်က လဲ ဝတ်စုံကို ပိုပြီး ပြူးပြူးပြဲပြဲဖြစ် နေသည်။
နောက်တစ်ခုကcake တွေအရောင်နှင့် အရသာကို စားသုံးပြီး ထိုကဲ့သို့သော အရောင်အရသာမျိူးခံစားစေသည့် dress များကို designer များကဖန်တီးပြီး models များက ဝတ်ကာပြိုင်ဆိုင်ရသော challenge။ ထို challenge တွင် designer များ အရောင်ရွေးချယ်မှုနှင့် design အမြင်မှာ cake များနှင့် တခြားစီဖြစ်နေသည်။ပိုဆိုးသည်မှာ cake နှင့် မတူလျှင်တောင် သူ့ဘာသူ သီးခြားလှနေသလားဆိုတော့လဲ မလှပေ။ dress များအားလုံးကို silk ဆိုလျှင် အားလုံး silk ,cotton ဆိုလျှင် လဲ အားလုံး cotton သတ်မှတ်လျှင်ပိုကောင်းမည်။ ယခုတော့ ပြောင်ပြောင်လက်လက်ထွက်လာသူကထွက်လာ မှိန်မှိန်ဖျော့ ဖျော့ထွက်လာသူကလာ နှင့် ကြည့်ရတော်တော်ဆိုးသည်။ ပိုဆိုးသည်မှာ ရောင်စုံ ပန်းခင်းကြီးနှင့်အတူ နောက်ခံ Stage အရောင် နှင့်ကလဲ မလိုက်ဖက်။ မီးထိုးသည်မှာလည်း လျှောက်လမ်းလေးကို ဘဲ မီးငြိမ်ငြိမ်လေးထိုးလျှင်ပိုအဆင်ပြေပါမည်။ ယခု တခန်းလုံး လင်းထိန်နေတော့ model များနှင့် dress များ မှာ power လျော့ကျသွား သလိုခံစားရပါသည်။
နောက်ဆုံး final ပွဲမှာတော့ တော်တော်အဆင်ပြေသလိုခံစားရပါသည်။ သူတို့ဘယ်လိုလျှောက်သည် ဘာညာ သိပ်နားမလည်ပါ။ဒါပေမဲ့ အရောင်လှလှပပသုံးလျှင် ပိုမို အဆင်ပြေလာမည်ထင်ပါသည်။ကျမ အယူအဆမှာ မည်သည့်အရောင်မဆို သူ့အလှနှင့်သူရှိပါသည်။ တူညီစွာပေါင်းစပ်တတ်ရန်သာ လိုအပ်သည်။အရောင်လေးများ လှပစွာ သုံးပြီး ပိတ်ဆံအကုန်အကျမများဘဲ ပွဲကို ပိုမို လှပစေမည် ဟုယူဆပါသည်။ ဒီပွဲကို ကြည့်ပြီးနားလည်လိုက်သည်က မြန်မာ education အလွန်နောက်ကျနေသည်မှာ နေရာအားလုံးပင်။ အခြေခံအရောင်အတွဲ အစပ်များ သည် မူလတန်း အလယ်တန်းအဆင့် တွင်သင်ရမည်ကို မသင်ကြရသောကြောင့် အရောင်ပင်ကောင်းကောင်းမစပ်တတ်သလိုဖြစ်နေပါသည်။
ပြောချင်သည်မှာတော့ ကျနော်တို့ ရသစာပေများ လိုအပ်သည်ထက် သုတစာပေများ ပိုမိုလိုအပ်နေသည်ထင်ပါသည်။ အရောင် များအကြောင်းစာအုပ်များ များများစားစားမရှိ။ကျမဆိုလိုသည်မှာ တစ်ပုဒ်နှစ်ပုဒ်ရေးထားသည့် ဆောင်းပါးမျိူးမဟုတ်ဘဲ သူငယ်တန်းအဆင့် ၊အလယ်တန်းအဆင့်၊ လူကြီးများ ဖတ်နိုင်သည့်အဆင့် ထိုကဲ့သို သောစာအုပ်များကို မြန်မာဘာသာဖြင့်ဖန်တီးပြီး ကျောင်းများတွင် သင်ကြားပေးလျှင်ကောင်းပေမည်။
science, chemistry,physics များလည့်အရေးပါသလို ထိုကဲသို့ အနုပညာ၊ပန်းချီ၊ အားကစားများလဲ တွဲဖက်ပြီး တကယ်သင်ကြားပေးစေချင်ပါသည်။ကျမ အလယ်တန်းဘဝက ပန်းချီအချိန် ဟုရှိသည်။ ထိုအချိန်ဆိုလျှင် ဆရာမက ဘာမျှမသင် သမိုင်းဆရာမက သမိုင်းဝင်သင်လျှင်သင်သွားသည်။ မဟုတ်လျှင် အပြင်ထွက် ကစားလျှင်သွားကစားနှင့် ကျမအခု ကဲ့သို့ အသက်ကြီးလာသည်။
နောက်တစ်ခုက ကျမ ဟောပြောပွဲ တစ်ခုသို့သွားသည်။ စလုံးတစ်ယောက်၊ India တစ်ယောက်၊မြန်မာတစ်ယောက် ဟောပြောပါသည်။စလုံးလေးက အစအလည်အဆုံး အကြိမ်ကြိမ် လေ့ကျင့်ခဲ့မှန်းသိသာသည်။Public Speaking အလွန်အဆင်ပြေသည်ကို တွေ့ရသည်။ လူများကို လိုက်နှုတ်ဆက်ပုံမှာလဲ အလွန် အဆင်ပြေသည်။ ထိုထဲတွင် မြန်မာသည် အတော်ဆုံး ဟုခံစားမိသည်။သို့သော Public Speaking ကို မလေ့ကျင့်ခဲ့ဟုယူဆမိသည်။ English လိုပြောရတွင် တိုးသည်။ ပရိတ်သတ်ကို ကျောပေးကာ Projector ကိုသာကြည့်ပြီးပြောနေသည်။Projector တွင် ပြသသည်များကို ကြည့်လျှင်တော့ သူတော်တော်ကြိုးစားထားမှန်းသိရသည်။သို့သော် ပရိတ်သတ်က သူပြောသည်ကို နာမထောင်တော့၊တိုးသည်ကတစ်ကြောင်း၊ မိမိဟောပြောသည့် အကြောင်းအရာအပေါ်ယုံကြည်မှု မရှိသည်က တစ်ကြောင်း ပရိတ်သတ်က နားမထောင်တော့ပေ။Public Speaking, Manner သည် ဘာသာရပ်တစ်ခုလောက် အရေးမကြီးဟုထင်ရသော်လည်း လူ့အဆင့်အတန်းကိုပြသည်။ကျမ ကိုယ်ချင်းစာပါသည်။သူသည်လဲ ဒီ ပညာရေးစနစ်တွင်ပင်ကြီးပြင်းခဲ့ရသည်မဟုတ်လား။
အဆုံးသတ်အနေနှင့် education သည် အလွန်ပင်အရေးကြီးသည်။လူမိုက်ကြီးများ မိုက်တွင်းနက်နေကြသည်မှာလဲ ဒီပညာရေးကြောင့်ဟုယူဆပါသည်။
ဆိုတော့ တတ်နိုင်သမျှ ပညာများများရှာပြီး ဖြန့်ဝေကြပါစို့ဟု …..။
လွန်တာရှိက အဟံဝန်တာမိပါ
10 comments
ခင်ဇော်
July 27, 2014 at 8:14 pm
Every public speaker should be able to:
1) Research a topic – Good speakers stick to what they know. Great speakers research what they need to convey their message.
2) Focus – Help your audience grasp your message by focusing on your message. Stories, humour, or other “sidebars” should connect to the core idea. Anything that doesn’t needs to be edited out.
3) Organize ideas logically – A well-organized presentation can be absorbed with minimal mental strain. Bridging is key.
4) Employ quotations, facts, and statistics – Don’t include these for the sake of including them, but do use them appropriately to complement your ideas.
5) Master metaphors – Metaphors enhance the understandability of the message in a way that direct language often can not.
6) Tell a story – Everyone loves a story. Points wrapped up in a story are more memorable, too!
7) Start strong and close stronger – The body of your presentation should be strong too, but your audience will remember your first and last words (if, indeed, they remember anything at all).
8) Incorporate humour – Knowing when to use humour is essential. So is developing the comedic timing to deliver it with greatest effect.
9) Vary vocal pace, tone, and volume – A monotone voice is like fingernails on the chalkboard.
10) Punctuate words with gestures – Gestures should complement your words in harmony. Tell them how big the fish was, and show them with your arms.
11) Utilize 3-dimensional space – Chaining yourself to the lectern limits the energy and passion you can exhibit. Lose the notes, and lose the chain.
12) Complement words with visual aids – Visual aids should aid the message; they should not be the message. Read slide:ology or the Presentation Zen book and adopt the techniques.
13) Analyze your audience – Deliver the message they want (or need) to hear.
14) Connect with the audience – Eye contact is only the first step. Aim to have the audience conclude “This speaker is just like me!” The sooner, the better.
15) Interact with the audience – Ask questions (and care about the answers). Solicit volunteers. Make your presentation a dialogue.
16) Conduct a Q&A session – Not every speaking opportunity affords a Q&A session, but understand how to lead one productively. Use the Q&A to solidify the impression that you are an expert, not (just) a speaker.
17) Lead a discussion – Again, not every speaking opportunity affords time for a discussion, but know how to engage the audience productively.
18) Obey time constraints – Maybe you have 2 minutes. Maybe you have 45. Either way, customize your presentation to fit the time allowed, and respect your audience by not going over time.
19) Craft an introduction – Set the context and make sure the audience is ready to go, whether the introduction is for you or for someone else.
20) Exhibit confidence and poise – These qualities are sometimes difficult for a speaker to attain, but easy for an audience to sense.
21) Handle unexpected issues smoothly – Maybe the lights will go out. Maybe the projector is dead. Have a plan to handle every situation.
22) Be coherent when speaking off the cuff – Impromptu speaking (before, after, or during a presentation) leaves a lasting impression too. Doing it well tells the audience that you are personable, and that you are an expert who knows their stuff beyond the slides and prepared speech.
23) Seek and utilize feedback – Understand that no presentation or presenter (yes, even you!) is perfect. Aim for continuous improvement, and understand that the best way to improve is to solicit candid feedback from as many people as you can.
24) Listen critically and analyze other speakers – Study the strengths and weakness of other speakers.
25) Act and speak ethically – Since public speaking fears are so common, realize the tremendous power of influence that you hold. Use this power responsibly.
http://sixminutes.dlugan.com/25-skills-every-public-speaker-should-have/
လင်း
July 29, 2014 at 3:49 pm
very good one, sis
အရီးခင်
July 29, 2014 at 3:42 am
တကယ်တော့ ဒီ မော်ဒယ် Stage အပြင်အဆင် ဆိုတာ ကတော့ ပညာရေး နဲ့ မဆိုင်ဘဲ တီထွင်တတ်တဲ့ အမြင် ပါရမီ ပိုဆိုင်မလားလို့။
တစ်ချို့ က ငယ် ကထဲ ကို က ဒီနေရာမှာ ပါရမီ ပါလာတာကလား။
တစ်ချို့ ကောလိပ်တွေ တက္ကသိုလ်တွေက ဒီလိုလူမျိုးတွေကို တမင်ကို ရှာပြီး မွေးယူ လိုက်ကြတာ ကြားဖူးလို့ပါ။
မြန်မာပြည်မှာတော့ ဒီလို အရည်အချင်း အစစ် ကို ရှာဖို့ထက် တင်ဒါခေါ်သလို ငွေပို ရတာ ကိုဘဲ ဂရုစိုက်လေတော့ တကယ်ပါရမီရှင်တွေ ပျောက်ကုန်တာပေါ့။
ကျန်တာကတော့ ပညာရေး အခြေခံ ကောင်းမှု ပေါ်မှာ ကလေးတွေ ပြောတတ် ဆိုတတ် ပြောရဲ ဆိုရဲ လူတောတိုး ရဲ တာကိုတော့ ထောက်ခံပါတယ်။
လင်း
July 29, 2014 at 3:56 pm
အရီးရေ
ကျနော်ပြောချင်တာလဲ အဲဒါပဲဗျာ။တော်တဲ့သူတွေရှိပါလိမ့်မယ်။ ကျနော်တို့နိုင်ငံကျတော့ တော်တဲ့သူတွေ အတွက် သင်ယူစရာ environment တွေ လမ်းစမရှိသလို ဖြစ်နေတယ်လို့ ထင်တယ်ဗျ။ ပိတ်ဆံရှိ သားသမီးတွေကျတော့လည်း နိုင်ငံခြားတွေမှာ သွားတော့တက်ကြပါရဲ့ ပါရမီကမပါတော့ ပေါထွန်းမလာကြဘူးဗျ။
kyeemite
July 29, 2014 at 1:29 pm
Model Academy ကိစ္စဆိုတော့ မိန်းခေးတွေပဲမန့်ဂျပါလိမ့်မယ်လေ… 🙂
Kaung Kin Pyar
July 29, 2014 at 2:01 pm
မှန်းထားတဲ့ L လုံးလုံလေးရသွားတယ်…
ဖိုင်နယ်ပွဲပဲ သေချာကြည့်လိုက်တယ်….။ ဇင်အောင့်ကို ညင်ကတ်လို့….
လင်း
July 29, 2014 at 3:57 pm
ဇင်အောင့် ကိုတော့ စိတ်ပါကုန်တယ်။ 🙂
Choo
July 29, 2014 at 4:23 pm
အိုက်အစီအစင်ကို တခါးမှမကျိဘာ ဒါပေသိ…
အရီးပြောသလိုပဲ Stage အပြင်အဆင် ဆိုတာ ကတော့ ပညာရေး နဲ့ မဆိုင်ဘဲ တီထွင်တတ်တဲ့ အမြင် ပါရမီ အတွေ့အကြုံ အယူအဆတွေနဲ့ ပိုဆိုင်ဒယ်ထင့်
kai
July 29, 2014 at 4:56 pm
အဲဒါကိုသဘောတူတယ်ဗျို့..။
အဲဒါကြောင့်.. သတင်းစာမှာ ပုံနှိပ်ဖေါ်ပြတာမှာ.. ရသသမား..စာရေးဆရာတွေရံနေရက်လျှက်က.. သုတစာပဲဦးစားပေးရွေးတာမို့ပါ..
တလက်စထဲ… သတင်းစာရဲ့ ပေါ်လစီကို.. ပြောတာ..။ :i:
စကားအတင်းစပ်..
ကျနော်ဖြစ်လိုက်. ကျမဖြစ်လိုက်နဲ့.. မန္တလေးသူအောက်ပြည်သားထင်တယ်..။ :k:
လင်း
July 30, 2014 at 11:29 am
မန္တလေးသူ အစစ်တော့မဟုတ်ဘူးဗျ။ မန္တလေးမှာ ကျောင်းတက်တော့ သူငယ်ချင်းတွေက ကျနော်ကျနော် ကြား ကျမ ကျမ ကနေ ကျနော် လို့ကြာတော့ပြောင်းသွားတယ်။ အထက်အညာကပါ။ 😛