မီးခိုး

ကာရံAugust 17, 20141min1885

ထက်ကောင်းကင်မှာ အရိပ်ဆိုးတို့
ကြီးစိုးနေကြတယ် အခိုးအငွေ့တန်းလေးပေါ့

တစ်ရွှေ့ရွှေ့နဲ့ တိမ်တိုက်ထက်မှာနေရာယူနေတယ်
အပြုံးအရယ် ကင်းမဲ့လို့ အသက်မဲ့နေတဲ့
ငါ့၏စိတ် အတွေးတစ်စ ခြေချပြီလေ

ဟိုအဝေးသူ လူတစ်ချို့ မျက်ရည်စတွေ စို့နေကြတယ်
လက်ပြကာနှုတ်ဆက်သူလည်း အမုန်းတွေကင်းမဲ့လို့
ငါလေ လွှင့်မျောရင်း ကြည့်ခဲ့ဖူးတယ်

ခွဲခွာခြင်းတစ်ခြားတစ်ဘက်မှာ
အားငယ်စိတ်တွေနဲ့ ရှင်သန်နေကြတယ်
အလင်းရယ် ဖျော့တော့တော့ရယ်ပါ

ခုတော့ ခုတော့လေ ကြေကွဲခြင်းလမ်းမထက်မှာ
အက္ခရာစာသား သယ်ဆောင်ရင်း
ဟန်တောင်ခြင်းကင်းတဲ့ မီးခိုးလေးကတော့
ငါ့ကို အကြို ထောက် စောင့်နေပြီပေါ့လေ

ကာရံ ၁ရ ့၈ ့၂၀၁၄

5 comments

  • kyeemite

    August 18, 2014 at 3:25 pm

    ဒညင်းဝက်လာမှ ကဗျာကိုဝေဖန်လိမ့်မယ်..ကျုပ်တော့ ဖတ်ရုံပဲတတ်နိုင်လို့

  • ကာရံ

    August 18, 2014 at 9:38 pm

    ဟုတ်ကဲ့ပါဗျာ ခုလို အားပေးလို့ကျေးဇူးပါနော်

  • ခင် ခ

    August 27, 2014 at 4:20 pm

    သွားလေသူအတွက် စိတ်မကောင်းခြင်းသည်လည်း ဝမ်းနည်းမှုဟု ဆိုရမလားဘဲပေါ့နော်။

  • alinsett

    August 27, 2014 at 4:37 pm

    နောက်ဆုံးမှာ…မီးခိုးဖြစ်ချင်ဖြစ်..
    သို့တည်းမဟုတ်…ပြာဖြစ်…
    သို့တည်းမဟုတ်…မြေစာမြေခဲအဖြစ်..ရောထွေး ဖြစ်တည်သွားရမှာပဲ… ။

    ထက်ကောင်းကင်မှာ အရိပ်စိုးတို့
    ကြီးစိုးနေကြတယ် အခိုးအငွေ့တန်းလေးပေါ့…
    ဆိုတဲ့အပိုဒ်မှာ…

    အရိပ်စိုး..လို ့…သူငယ်ချင်းလေးက ရေးထားတယ်နော်.. ။
    အရိပ်ဆိုး ကို ပြောချင်တာလား… ။

    အဲဒီနားလေး နည်းနည်း ..မရှင်းမရှင်းဖြစ်ရုံကလွဲလို ့…
    ဒီကဗျာကို…အတွေးနဲ ့အရေးလေး..သဘောကျမိတယ်ကွ ။

    :mrgreen:

  • ကာရံ

    August 27, 2014 at 5:08 pm

    အင်းဟုတ်တယ်သူငယ်ချင်း တော်တယ်

Leave a Reply