ဆွေးနွေးချက်လေးပါ
ဟိုရက်ကဗျာ ဘုရားသစ်သီးဆွမ်းကပ်တာနဲ.ပတ်သက်ပီး
ရေးထားတာလေးကို
တစ်ချို.သူငယ်ချင်းတွေ ပြောတာကိုပြန်ပီးဆွေးနွေးချင်လို.ပါ
တစ်ချို.ကပြောတယ် ဘုရားကိုသစ်သီးဆွမ်းကပ်တဲ့နေရာမှာ ခွဲမကပ်တာက
ဖုန်တွေပေမှာဆိုးတယ်ဘာညာပေါ့ဗျာ ကာလံဒေသံဆိုတဲ့ပုံစံမျိုးနဲ. ပြောသွားတာကို
တွေ.သဗျာ။ အဲ့မှာ တစ်ခုပြောချင်တာက သူငယ်ချင်း ဘုရားဟောဆိုတာက
ဘယ်လိုခေတ်ကာလရောက်ပါစေ ပြောင်းလဲလို. ပြုပြင်လို.မရတာပါဘူဆိုတာကိုပါ။
ဘုရားရှင်ဟာ ဥပဒေသတွေကို အလားနေအလကား မချမှတ်ပါဘူး
လိုအပ်တာတွေကိုပဲချမှတ်တာပါ ပီးတော့ ဘုရားရှင်ချမှတ်တဲ့ ဥပဒေသတွေဟာ
ဘယ်လိုခေတ်ကာလကိုပဲရောက်နေပါစေ ခေတ်နဲ.လိုက်လျှောညီထွေဖြစ်တာတွေ
ချည်းပါပဲ။
ဖြည့်စွက်စရာ ပြင်ဆင်စရာကိုမလိုလောက်အောင်ပီးပြည့်စုံပီးသားပါ နောက်ပီး
ဗုဒ္ဓဘာသာဝင်တွေ ဘုရားကိုကိုးကွယ်တယ်ဆိုတာက ဘုရားရှင်မရှိတော့ပေမယ့်
လမ်းမှန်ကိုညွှန်ပြသူ ပီးတော့ သံသရာမှ လွတ်ရာလွတ်ကြောင်းကိုဟောကြားတော်
မူအပ်သော အတုမရှိကိုးကွယ်ရာအနေနဲ. မှတ်ယူပီး သက်တော်ထင်ရှားရှိသလိုကို
မှတ်ယူပီး ယုံကြည်ကိုးကွယ်တာပါ။ ဒါပေမယ့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အနေနဲ.ဆိုရင်
တော့ ဘုရားရှင်ကို အဲ့လိုမှတ်ပီးကိုးကွယ်မှာမဟုတ်ပါဘူး ။ ဘိုးတော်တွေနဲ.တန်းတူ
ထွက်ရပ်ပေါက်ဆိုတဲ့သူတွေလောက်တောင် ဘုရားရှင်ကို မကြည်ညိုတာတွေတော့
ရှိမှာပေါ့။ ဘာလို.ပြောလဲဆိုတော့ တစ်ချို.များ ဘုရားကိုဆွမ်းကပ်တာ ပေါက်ပေါက်ဆုပ်
ထညက်ခဲ ကဲတွေးကြည့်ဗျာ ။ ကျုပ်တို.နေ.တိုင်း ပေါက်ပေါက်ဆုပ်စားမလား ကိုယ်တောင်
မစားနိုင်ပဲ ဘာလို.ဘုရားကို ကပ်လဲ ။တစ်ချို.ကျတော့လဲရှိသေးတယ် ဘုရားဆွမ်းတော်ကပ်
တယ်တဲ့ ကလေးကစားသလိုပဲ ပုဂံလေးသေးသေးလေးတွေနဲ. တွေးကြည့်ဗျာ ။
ကျွန်တော်တို.ကဘုရားရှင်ကို သက်တော်ထင်ရှားရှိတဲ့အမှတ်နဲ. ကိုးကွယ်ယုံကြည်တာလေ
ပေါ့ပျက်ပျက် ကိုးကွယ်တာမဟုတ်ပါဘူး ။ တစ်ကယ်ဆို ဘုရားဆွမ်းတော်ကို သေချာ
မကပ်နိုင်လဲ ထမင်းစားခါနီး မွန်းမတိမ်းသေးရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
ဆွမ်းခဲဘွယ်ဆပ်ကပ်လှူဒါန်းပါသည်ဆိုပီး မိမိစားမယ့်ထမင်းဟင်းတွေကို ကပ်လဲရပါတယ်
ဆယ်မိနစ်လောက်နေပီး ဆွမ်းတော်စွန်.ပါသည်ဘုရား ဆေးအဖြစ်စားသုံးခွင့်ပြုပါဆိုလဲ
ရပါတယ် ထမင်းစားခဏနောက်ကျလဲ ဘာအရေးလဲဗျာနော ။ ဆရာလုပ်တာမဟုတ်ပါဘူး
အကြံပေးတာပါဗျာ။ နောက်ပီးရှိသေးသဗျ ဘုရားဆွမ်းတော်တော့ကပ်ပါရဲ. မေ့ပီးမွန်းတိမ်း
ညနေအဲ့လိုမှ ဆွမ်းတော်စွန်.တယ် အဲ့ဒါကလဲဟုတ်သေးဘူးဗျာ ပြင်သင့်တယ်လို.ထင်တယ်
ဗုဒ္ဓဘာသာဝင်တွေအနေနဲ. တစ်ကယ်ဆို ရဟုန်းဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ
ဘုရားရှင်ချမှတ်ထားတဲ့ ဥပဒေသတွေကိုလဲသိထားသင့်တယ်လို.ထင်ပါတယ်။
ဒါမှသာ ဘာသာခြားတစ်ယောက်က မေးရင် ဖြေနိုင်မှာလေ ။ ဗုဒ္ဓဘာသာဝင်ဖြစ်ပီး
ဘာမှမသိဘူး ဘုရားကိုဦးသုံးကြိမ်လောက်ချတက်ယုံပဲဆိုရင်တော့ ရွှေတုံးရွှေခဲကိုတွေ.ပီးမှ
ဘာမှမသိပဲ ရှောင်သွားတဲ့သူနဲ.တူမနေပေဘူးလားဗျာ ။ နောက်ပီး သေချာမှတ်ထားသင့်တာ
တစ်ခုက ဘုရားဟော တရားတွေ ဥပဒေတွေဆိုတာက ဘယ်လိုခေတ်ပဲရောက်နေပါစေ
ပြုပြင်ပြောင်းလဲလို.မရဘူးဆိုတာကိုပါပဲ။ ခုခေတ်က လူတော်တော်များများက ဘုရားဟော
ဆိုတာကို ငါတို.လေ့လာစရာမလိုဘူး ဘုန်းကြီးတွေ ရဟန်းတွေနဲ.ပဲဆိုင်တယ်လို.ထင်နေတာ
ခက်ပါတယ်။ တစ်ကယ်တော့အကုန်သိထားသင့်တာပါ ။ဘုရားဥပဒေတော်ကြီးဆိုတဲ့ စာအုပ်
ကို လူတိုင်းဖတ်ထားသင့်ပါတယ် ။ ဒါမှလဲ ဆောင်ရန်ရှောင်ရန်တွေကို သိထားသလို
ဘုရားရှင်ကိုလဲ ပိုပီး ကြည်ညိုသက်ဝင်လာမှာပါ။ ပြောချင်တာတော့များတယ်ဗျာ ဒါပေမယ့်
များသွားရင် ဖတ်ရတာဟုန်တက်သဗျ ။.အဲ့တော့ဒါကိုအပိုင်းတစ်လို. မှတ်ထားပေါ့ဗျာ
လက်ခံတယ်ဆိုရင် ကျွန်တော်နောက်များထပ်ရေးပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်……..
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို.လင်းစေသောဝ်
မြန်မာလူမျိုးတည်သ၍ ဗုဒ္ဓသာသနာတော် တည်တံ့နေပါစေ
8 comments
kopauk mandalay
August 16, 2010 at 3:18 pm
ကျနော့်အမြင်ကိုပြောရရင်တော့ ရင်ထဲက နှလုံးသားထဲက အမှန်တကယ်ကို နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင်
အရှင်မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားများအတိုင်း တတ်နိုင်သလောက် လိုက်နာကျင့်သုံးလို့ ဘဝကို
နေ့စဉ်သတိလေးနဲ့ဖြတ်သန်းနေတယ်ဆိုရင် ကိုယ်စိတ်နှစ်ဖြာလုံးအလိုလိုကျက်သရေရှိလာမှာ အေးချမ်းမှာအမှန်ပါ။
ကျန်တာတွေကတော့ အပေါ်ယံ အလုပ်တွေလို့ဘဲမြင်ပါတယ်။
kai
August 16, 2010 at 4:16 pm
တစ်ခါတုန်းက ဝက္ကလိအမည်ရှိတဲ့ ရဟန်းတော်တစ်ပါးဟာ နေ့စဉ်နေ့တိုင်း ဗုဒ္ဓမြတ်စွာရဲ့ ရှေမှောက်ကိုသွားရောက်ပြီး ဗုဒ္ဓမြတ်စွာရဲ့ ကြည်ညိုဖွယ်ကောင်းတဲ့ ရှုပကာယ ခန္ဓာကိုယ်ကို ကြည့်ရှုလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ ဗုဒ္ဓမြတ်စွာက ရဟန်းတော်ကို မေးပါတယ်။
“ဝက္ကလိ သင် ငါဘုရားအနား နေ့တိုင်းလာပြီး ဘာများလုပ်နေသလဲ။”
“ဘုန်းတော်ကြီးမြတ်တော်မှုသော မြတ်စွာဘုရား၊ တပည့်တော် မြတ်စွာဘုရားရဲ့ ရှုချင်စဖွယ် ကောင်းတဲ့ ကိုယ်ကာယကို ကြည့်ရှုနေတဲ့အချိန်တိုင်းမှာ တပည့်တေ်ာ အနေနဲ့ ပျော်ရွှင် ကျေနပ်မှု့တွေရရှိတဲ့အတွက် နေ့စဉ်နေ့တိုင်း လာရောက် ဖူးမြှော် ကြည့်ရှုနေခြင်းဖြစ်ပါတယ် ဘုရား။” လို့ လျှောက်ထားတော့….
“ဝက္ကလိ ဒီမမြဲသောသဘောတရားကို ဆောင်ပြီး စက်စုတ်ဖွယ်ကောင်းတဲ့ ကိုယ်ကာယကြီးကို ကြည့်ရှုခြင်းဖြင့် သင် ဘာအကျိူးတရားကို ရရှိနိုင်မှာလဲ၊ သင်ရဲ့ စိတ်ခံစားမှု့ကို တခဏသာ ကျေနပ်ရုံကလွဲလို့ ငါဘုရားဟောကြားထားတဲ့ တရားတော်များကို နားလည်ခြင်း၊ အသိပညာများတိုးပွားခြင်းများကို သင်မရနိုင်ဘူး။ ဘဝလွတ်မြောက်ရေးတရားကို သင်မရနိုင်ဘူး ဝက္ကလိ။”
“ဝက္ကလိ ဒီငါ၏ခန္ဓာကိုယ်ကြီးကို ကြည့်ရှုနေခြင်းဖြင့် သင်ဟာ ငါဘုရားအစစ်အမှန်ကို မသိမမြင်နိုင်ဘူး၊ ငါဘုရားဟောကြားထားတဲ့ တရားတော်များကို နားလည်သိရှိပြီး လိုက်နာကျင့်ကြံနေတဲ့ သူများသာလျင် ငါဘုရားအစစ်ကို သိမြင်နိုင်တယ်။ “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ အကြင်သူသည် တရားဓမ္မကို သိမြင်ကာ လိုက်နာကျင့်ကြံ၏၊ ထိုသူသည် တရားပိုင်ရှင် ဘုရားရှင်ကို အမှန်တကယ် မြင်၏။” လို့ ဟောကြားခဲ့ပါတယ်။
zawana
August 17, 2010 at 2:58 am
ဗုုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တိုင်းလိုလိုမှာ ဘုရားစင် ရှိကြတာမို့ ဆွမ်းကပ်တာကလည်း နေ့စဉ် ဒါန အလုပ်တစ်ခုပါ။ သစ်သီးကို အလုံးလိုက် ဘုရားစင်ပေါ် တင်ထားပြီး မှည့်လောက်တော့မှ စွန့်ပြီး ခွဲစားတာမျိုး၊ ဆွမ်းတော်ကို အကြာကြီး တင်ထားပြီး အိမ်မြှောင်စား၊ ပိုးဟပ်စား ဖြစ်နေတာမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ် ခင်ဗျာ။
“ဘုရားရှင်ချမှတ်ထားတဲ့ ဥပဒေသတွေကိုလဲသိထားသင့်တယ်လို.ထင်ပါတယ်။”
မှန်ပါတယ်ခင်ဗျာ၊လူရော ရဟန်းသံဃာတွေပါ ကျင့်သုံးရမယ့် အရာတွေကို အနည်းအကျဉ်း ဖြစ်ဖြစ် သိဖို့ လိုမယ်လို့ထင်ပါတယ်။ အဲဒါမှ ကိုးကွယ်မှု မှားယွင်းတာမျိုး ၊ အားပေးမှု မှားယွင်းတာမျိုးကို ရှောင်ကျဉ် နိုင်မှာပါ။ အခုခေတ် ချဲနံပါတ် ပေးတဲ့ ဘုန်းကြီး၊ ဗေဒင်ဟောတဲ့ ဘုန်းကြီးတွေ လာဘ်လာဘ ရွှင်နေတာမျိုးကို ဆိုလိုပါတယ်။
MandalayThar
August 17, 2010 at 3:19 am
ဆွန်းတော်ကပ်တာနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်ထဲမှာ ခုလုခုလုဖြစ်နေလို့ ပြောပြချင်တယ်။ လူကြီးတွေကို လဲ ဒီကိစနဲ့ ပတ်သက်ပြီး မမေးရဲဘူး။ ဒီမှာ သာတင်ပြီး ဆွေးနွေးကြည့်တာ။ ကိုယ်ပြောမိရင် ကိုယ့်အမှားဖြစ်မှာမို့။
ဒီဘုရားစင်တွေမှာ ဆွန်းကပ်တဲ့ ဓလေ့ တာက ဘယ်က ဘယ်လို အစပြုလာတာလဲ သိချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် စဉ်းစားမိတယ်။ အိမ်တိုင်းမှာ အနည်းဆုံး ထမင်း ၁လုပ်စာ ကနေ ၅ လုပ်စာ (အနည်းဆုံးနော်) ဘုရားဆွန်းတော် ဆိုပြီး တင်ကြတယ်။ အဲဒီအချိန်မှာ တခါတလေ ကြွက်က ဝင်စားသွားတယ်။ တခါတလေ ပုရွက်ဆိတ် တတ်သွားတယ်။ နောက် ဒီထမင်းတွေက မနက်ကတင်တော့ ပူပူလေးဆိုတော့ ဖြေးဖြေးခြင်း ခြောက်သွားတယ်။ နောက် မွန်းတည့်ပြီးချိန်ဆို စွန့်ကြတယ်။ ဘယ်သူမှ စားလို့လဲ မရတော့ သွန်ပစ်လိုက်တယ်ပေါ့။ ရွာတရွာမှာ အိမ်ခြေ ၃၀ဝ လောက်ရှိတယ် ဆိုရင် ထမင်း အလုပ်ပေါင်း အနည်းဆုံး ၃၀ဝ ကနေ ၁၅၀ဝ လုပ် လောက် စွန့်ပစ်ကြတယ်။ (ထမင်း ၁ ပန်းကန်မှာ အလုပ် ၂ဝ ပါရင် တနေ့ကို ထမင်း ၁၅ ပန်းကန်လောက် စွန့်ပစ်ကြတယ်) ရွာတရွာ အနေနဲ့ တွက်ကြည့်တာနော်။ ဒီလောက်ဆို ကျွန်တော် ဘာဆိုလိုတာလဲ နားလည်ကြမှာပါ……
Oakar Bo
August 17, 2010 at 3:39 am
Dear Mandalay Thar,
I like your comments ,I’m also want to known this case.
Yin Nyine Nway
August 17, 2010 at 6:36 am
ဟုတ်ပါတယ်
ညီမလည်း ဒီလိုပဲထင်ပါတယ်
ဆွမ်းတော်ကပ်တဲ့နေရာမှာ သက်ရှိဘုရားတဆူလို သတ်မှတ်ပြီးလှူ တာက ပိုပြီး ကောင်းမွန်မယ်လို့ထင်ပါတယ်
divamyo001
August 19, 2010 at 3:29 pm
ကျွန်တော်တို ့လဲတွေးမိပါတယ်။ဆွမ်းတော်ကို ဘာလို ့ခလေး ကစားစရာလို ကပ်နေတာလဲလို ့ပေါ့။ဒါက လည်း မိရိုးဖလာ ဗုဒ္ဓ ဘာသာတွေဆိုတာသိသာပါတယ်။တကယ့် ထေ၇ဝါဒ သာသနာဝင်မဟုတ်ဘူးဆိုတာကို သိသာပါတယ်။နောက်ပြီးတစ်ခု က တစ်အိမ်နည်နည်းနဲ ့ အိမ်ပေါင်းသန်း ချီပြီးရှိနေတဲ ့မြန်မာနိုင်ငံမှာ ဆွမ်း ပန်းကန်ပေါင်းဘယ်လောက်ကို တစ်နေ ့စွန် ့ပစ်နေရသလဲဆိုတဲ့အမေးပါ။ ဒီလို မေးတာ မသိလို ့မေးတာဆိုရင်ကောင်းပါတယ်။ဒီ လို ဘုရားဆွမ်းကပ်တာ က ဆရာတော် အရှင်ဆေကိန္ဒ ရှင်းပြထားပါတယ်။ ဘုရားရှင်လက်ထပ်တော်တုန်း က မြတ်စွာဘုရား က ဘာလို ့ဆွမ်းခံစားတော်မူလဲဆိုပြီးတော့မေးထားပါတယ်။မေးတဲ့လူရဲ ့စဉ်းစားပုံ က ဒီလိုပါ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟာ တစ်လော ကလုံး ရဲ ့ကိုးကွယ်ရာဖြစ်ပြီး ဆွမ်းကို ကျောင်းတော်ကို လာပို ့မယ့်ဒကာဒကာ မတွေ က အများကြီးပါ။ဒါပေမယ့် ဘာလို ့ဆွမ်းခံထွက်တာလဲ ဆို ပြီးသူကစဉ်းစားတာပါ။ အဲဒီလို အမေးကို ဆရာတော်က အခု လို ရှင်းရှင်းလေး ဘဲဖြေပါတယ်။ အဲဒါ က (ကုသိုလ် ကောင်းမှု ရစေချင်လို ့ပါ)တဲ့ ။ဘုရားက ကိုသို လ် ရစေချင်လို ့ဆွမ်း အလှူခံတာပါ။ အဲဒီလောက်ဆိုနားလည်နိုင်မှာပါခင်ဗျာ။ အားလုံးကိုလေးစားလျှက်ပါ။
MandalayThar
August 20, 2010 at 12:33 am
divamyo001 ရေ ကျေးဇူးဘဲဗျာ။ တကယ်မသိတာတော့ အမှန်ဘဲ။ ဒီလို ရင်ထဲရှိတာ မေးပြီး ပြောလိုက်တော့ အဖြေကို ရှင်းရှင်းလင်းလင်းသိသွားရတာပေါ့။ ကျွန်တော်တို့ကို ဘယ်သူက ဘာတွေလာသင်ပေးမှာ မှ မဟုတ်တာ။ ဒီလို ပြောပြမှ သိရတဲ့ အတွက် ကျေးဇူးဘဲနော်။ နောက်မသိရင် လဲ ကျွန်တော်က တော့ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်းမေးမယ်နော်….။