ပါဝါရှိမှ အနိုင်ရမည်
နေရာတိုင်းမှာတော့ ပါဝါရှိမှ အနိုင်ရနိုင်မှာဖြစ်ပါတယ်… 🙂 တစ်ခြား ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါ.. မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ့မည်သူ တစ်ယောက်စ နှစ်ယောက်စလောက်နဲ့ စကားလေး မတောက်တစ်ခေါက်ဝင်ပြောကြည့်ဖူးပါတယ်… သူတို့ လိုအပ်ချက်ကလည်း ပါဝါပါဘဲ… ဒီပါဝါကို ဘယ်လိုလုပ်မလဲ… ပါဝါရလာရင်ကော တိုင်းပြည်အတွက် ဘယ်လိုအသုံးချမလဲပေါ့… စကားဦးဖြစ်တဲ့ ပါဝါဆိုတာ အင်္ဂလိပ်လိုတော့ Electricity လျှပ်စစ်ဓါတ်အား (ဝါ) လျှပ်စစ်ပါဝါ ကို ဆိုလိုတာပါ…
ဒီလျှပ်စစ်ဓါတ်အားကြီး မလိုပါဘူးဆိုရင်တော့ ကျွန်တော်တို့ ဂျပန်ကို ပြန်ကြည့်ရပါမယ်… ဂျပန်နိုင်ငံဟာ ဒုတိယကမာ္ဘစစ်ကြိးမှာ စစ်ရှုံးနိုင်ငံပါ… တိုးတက်မှု့နောက်ကျန်မနေခဲ့ပါဘူး… လက်ရှိ့မှာ အာရှတွင် ဂျပန်နည်းပညာနှင့် အထောက်အကူကောင်းများ ပေးရာမှာ ရှေ့တန်းက ဥိးဆောင်နိုင်ပါတယ်… ဂျပန်နည်းပညာ၊ ဂျပန်ရင်းနှီးမြှုပ်နှံ့မှုတွေဆို စနစ်ကျပါတယ်… ဒီဂျပန်တွေ ဘယ်လိုတိုးတက်လာတာလဲ… ကျွန်တော်ဉာဏ်လေးနဲ့ စဉ်းစားကြည့်တယ်… သူတို့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းထားနိုင်တယ်… နူကလီယားက သူတို့ကို ဒုက္ခပေးခဲ့ပေမယ့် ဒါကိုဘဲ တိုင်းပြည်တိုးတက်အောင် ပြန်သုံးထားတာများတယ်ဆိုတာ တွေ့ရှိ့ရပါတယ်… ဒီဇယ်နဲ့ ပေးတဲ့လျှပ်စစ်စက်ရုံက (၁) လုံး၊ ကျောက်မီးသွေးနဲ့ ပေးတဲ့ စက်ရုံက (၁၈)လုံး၊ လောင်စာဆီသုံးစက်ရုံ (၉)လုံး၊ ဂက်စ် စက်ရုံ (၁၈)လုံး နှင့် နူကလီယားစက်ရုံ (၂၂)လုံး တွေ့ရပါတယ်…
အန္တာရယ် ရှိတဲ့ အဆင့်တွေဘဲ နှိုင်းယှဉ်ကြည့်ရင် နူကလီးယားဆိုတာနဲ့ အရမ်းကို ကြောက်သွားကြတာပါ… ဒါပေမယ့် ဂျပန်တွေက ကြောက်ရင်-လွဲ၊ ရဲ-မင်းဖြစ်ဆိုတဲ့ အတိုင်း လုပ်နိုင်ခဲ့ကြပါတယ်… ဥပမာ – အိမ်တစ်အိမ်မှာရှိတဲ့ မိသားစုတစ်စုတိုးတက်သလိုပေါ့… သာမန်လက်လုပ်လက်စားမိသားစုမှာ မိဘတွေက ကျမ်းမာရေးစောင့်ရှောက်မှုဆိုတာဝေး ထမင်နပ်မှန်အောင်သာ စဉ်းစားလုံးပန်းနေရပါတယ်… ချမ်းသာတဲ့ မိသားစုတွေကတော့ တစ်လတစ်ကြိမ်ဆေးစစ်တာတို့၊ ကာကွယ်ဆေးတွေ ထိုးတာတို့၊ သားသမီးတွေကို ဘာသာရပ်ပေါင်းစုံကို သင်တန်းကောင်းတွေပို့ပြီး သင်ယူတာတို့ စသည်ဖြင့် အထူးဂရုပြုလုပ်ကိုင်နိုင်ကြပါတယ်… ချမ်းသာတဲ့ မိသားစုဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာသာ အဓိကကျမယ်ထင်ပါတယ်… ဒီလိုဘဲ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်လာရင် ကာကွယ်ရေးစနစ်တွေ၊ ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေကို ပြန်ပေးနိုင်မယ့်အပြင်၊ ဂရုစိုက်မှုလည်း ပိုလာမယ်ထင်ပါတယ်… တိုင်းပြည်တစ်ပြည် (သို့) မိသားစုတစ်စု ဝင်ငွေအရမ်းအားနည်းနေရင် တိုးတက်မှုနှုန်းလည်း အားနည်းနေမှာပါ… ဒီနေရာမှာ ကျွန်တော်ဆွေးနွေးချင်တာက ကျမ်းမာရေး၊ ပညာရေး တို့က ထိပ်ဆုံးက စဉ်းစားထားတာပါ… နောက်ထပ်ပိုဆွေးနွေးရရင် စာရိတ္တပိုင်းပါ… အခုဆို မြန်မာလူငယ်တွေ စာရိတ္တဆိုတာ နားမလည်တော့ပါ… မိဘကလည်း အလုပ်သွားအလုပ်ပြန် ကလေးတွေကို သွန်သင်ဆုံးမမှုအားနည်းသွားပါတယ်… ပိုက်ဆံရှာရခက်လာလို့ပါ… ဒါတွေက သံသရာလည်သလိုပါဘဲ… ဒါကြောင့် ဒီဘက်က ငွေတွေဝင်လာရင်၊ တစ်ဘက်က ကျမ်းမာရေး၊ လူမူရေး၊ ပညာရေး စောင့်ရှောက်မှုတွေ ပြန်ပေးနိုင်မှာပါ… စိတ်ဓါတ်ခွန်အားတွေပါ အားသာလာပါမယ်… သံယံဇာတ တွေ ရောင်းနေရုံ နဲတော့ ရေရှည်အလုပ်မဖြစ်နိုင်ပါဘူး ထင်ပါတယ်.. ဂက်စ်လည်း တစ်နေ့ ကုန်သွားမှာပါ… တောလည်း တစ်နေ့ ပြုန်းသွားမှာပါ… ကျောက်မီသွေးဆို ပိုဆိုး အရည်အသွေးမှီမှပါ… သူလည်း ကုန်မှာပါဘဲ… ရေနံလည်း အမြဲမထွက်နိုင်ပါ… ဒါတွေကို မကုန်ခင် မကုန်ခန်းခင် အခြားနည်းလမ်းကို မြန်မြန်ဆန်ဆန် စိတ်ချလက်ချ ကြိုသွားနိုင်ရင် တိုင်းပြည်မှာ တောပြုန်းသက်သာမှာပါ.. သဘာဝ အန္တရာယ်လည်း နည်းသွားမှာပါ…
ပါဝါရဖို့အတွက် ဘယ်လိုလုပ်မတုန်းလို့ မေးပါတယ်… ပါဝါရဖို့က အထက်က နည်းတွေအတိုင်း အနူမြူ၊ ၊ ဂက်စ်၊ ကျောက်မီးသွေး၊ ဒီရေ၊ ဆိုလာ၊ မြစ်၊ ချောင်း၊ ရေတံခွန်၊ လောင်စာဆီ စသည်တို့မှ ရနိုင်ပါတယ်… စက်ရုံ၊ အလုပ်ရုံများအတွက် လုံလောက်သော ပါဝါ ရနိုင် မရနိုင်နဲ့ သဘာဝဘေးအန္တရာယ်များအပေါ်သာ ထောက်ရှု့သုံးသပ် တည်ဆောက်ကြပါတယ်… တစ်ချို့နည်းပညာတွေက သဘာဝပေါ်အခြေခံထားပေမယ့် မတည်ငြိမ်ပါဘူး… ရပ်ရင်ရပ်သွားနိုင်ပါတယ်… ဥပမာ – ဂက်စ်မရတော့ရင် ဂက်စ်တာဘိုင်ကြီး မလည်တော့ပါဘူး… မြစ်၊ ချောင်း၊ ရေတံခွန် ရေမစီးတော့ရင်၊ တိမ်ကောသွားရင် သူလည်း အလုပ်မဖြစ်ပါဘူး…. နေရောင်ခြည်ရနေရင် အလုပ်ဖြစ်ပြီး နေရောင်မရှိတော့ရင် အပူချောင်းတိုင်ကြီးနဲ့ အလင်းတွေ ထုတ်ပြီး လျှပ်စစ်ရယူတဲ့ ဆိုလာစနစ်လည်း မတည်ငြိမ်ပါဘူး… ကျောက်မီးသွေးဆိုလည်း မြန်မာပြည်ကျေက်မီးသွေးက လိုအပ်ချက်ရှိသေးတဲ့အပြင်… ဖန်လုံအိမ်အာနိသင်ကို ထိခိုက်စေပါတယ်… နည်းပညာအားသာချက်တွေ ရှိပေမယ့် အန္တရာယ်တော့ ရှိနေဆဲပါ… နူကလီးယားကတော့ ကျွန်တော်အထူးစိတ်ဝင်စားပါတယ်… တစ်ဦးတည်း ကြိတ်ကြိုက်နေတာပေါ့ဗျာ… အန္တရာယ်ရှိတာခြင်းအတူတူတော့ အစဦးတပ်ဆင်တဲ့ အချိန်မှာတင် အန္တရယ်ဖြစ်နိုင်ခြေ ၁% တောင် မရှိပါဘူး… သဘာဝဘေးအန္တာရယ်ကင်းပါတယ်… အခုဆို SMR (Small Modular Reactor) ဆိုပြီး နူကလီးယားစွမ်းအင် အခြေပြု နည်းပညာအသစ် လျှပ်စစ်စွမ်းအားအထူးပြု စမ်းသပ်နေကြပါပြီ… နောက်ဆို အိမ်ရှေ့မီးစက်နေရာ အစားထိုးမယ်ထင်ရပါတယ်…
ဒီနည်းပညာမှာ အမေရိကန်နည်းပညာကို သဘောကျပါတယ်… အမယ့် ကျွန်တော်တို့ အိမ်နည်းချင်း ပေါက်ဖော်ကလည်း ဒီနည်းပညာကို သူတို့ရဲ့ နူကလီးယားဓါတ်ပေါင်းဖို အဟောင်းတွေနေရာမှာ အစားထိုးတော့မယ်ဗျ… ဘယ်သူနဲ့ ထင်တုန်း အမေရိကန်အခြေဆိုက်ကုမဏီတစ်ခုဖြစ်တဲ့ WestingHouse နဲ့ဗျ… နားလည်မှူစာချွန်လွှာတွေတောင် ထိုးထားပြီး အရှိန်မြှင့်နေတာ… ဒို့ကျ မပေါင်းရဘူး၊ သူကျ ပေါင်းပြီး လိုတာတွေကို ပြင်ဆင်နေတယ်လေ… AP1000 ဆိုပြီး တစ်လုံးတောင် တည်ထားပြီ… နားလည်သင့်ပါပြီ… တစ်ခါက ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ ပြောဘူးတယ်… သူက ဘာပြောတုန်းဆိုတော့… ငါ့မှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်ပေါ့… တစ်ယောက်က အနည်းငယ်ချမ်းသာပြီး၊ တစ်ယောက်ကတော့ အတော်လည်း ချမ်းသာတယ်ပေါ့ဗျာ… အနည်းငယ်ချမ်းသာတဲ့ သူငယ်ချင်းကတော့ ပါပလေကာကားစုတ်ကလေး စီးနေတယ်ပေါ့… သူလည်း ကားပိုင်တာဘဲ… အတော်လေးချမ်းသာတဲ့တစ်ယောက်ကတော့ လန်းကယူဇာနဲ့ပေါ့တဲ့… သူလည်းကားပိုင်တာဘဲဗျတဲ့… သူငယ်ချင်းနှစ်ယောက်လုံးကတော့ ကူညီကြတာဘဲတဲ့… တစ်ရက် လမ်းကြုံလေး သူတို့ကားနဲ တင်ခေါ်တော့… ကိုယ်လည်း သက်သာတာပေါ့နော်တဲ့ ဆိုပြီး တက်စီး… ဒါပေမယ့် အိမ်နီးချင်းလည်းဖြစ်၊ ပိုလည်း ရင်းနှီးတဲ့ ပါပလေကာ ကားပိုင်ရှင် သူငယ်ချင်းကို ရွေးလိုက်တယ်ပေါ့.. ဟိုသူငယ်ချင်းတော့ အရင်ကလည်း နည်းနည်း အမြင်ကတ်တာလေး ရှိမယ်ထင်တယ်… (ကိုယ့်အမြင်ပြောပါတယ်… ဒီကောင် မြောက်ကြွမြောက်ကြွဆိုတော့) လမ်းခုလတ်မှာ ပါပလေကာပိုင်ရှင် သူဌေးက ကားပျက်ပါရောတဲ့… ဘာမှန်းမသိထိုးရပ်တော့ ဘထ္တရီဒေါင်းသွားတာထင်တယ်ပေါ့… နည်းနည်း တွန်းပေးရင် ပြန်နိုးနိုင်တယ်ပေါ့… ဒါနဲ့ဘဲ အားကလည်းနာ၊ ကိုယ်လည်း တက်စီးပြီးပြီဆိုတော့ကာ ကူညီညာ ဆင်းတွန်းပေးရတော့တာပေါ့ဗျာတဲ့… အပြစ်လည်း ကိုယ့်ကိုယ်ကို တင်မရ… သူကိုလည်း အပြစ်ပြောမရ… ကိုယ်လည်း ကားမဝယ်နိုင်… ချမ်းသာတဲ့ သူငယ်ချင်းကားတက်စိးပြန်တော့လည်း ဒီကောင်က မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်ဆိုပြီး အထင်သေးခံရမယ်… စသည်ဖြင့်တွေးနေရင်တော့.. ဂျပန်ကိုဘဲ ဆက်လေ့လာစေချင်ပါတယ်… ချမ်းသာတဲ့သူကို ရွေးပေါင်းရမယ်မဟုတ်ပါ… စိးပွားရေးနည်းဗူျဟာအရ သုံးသပ်လုပ်ဆောင်နိုင်ရပါမယ်လို့ ထင်ပါတယ်… ကူတော့ကူတယ် သူတောင် ရေနစ်နေတာ ဆိုတဲ့ အရပ်စကားလိုပေါ့… အပြည့်အဝမဖြစ်နိုင်ပါဘူးပေါ့…
ကျွန်တော်တို့လည်း နူကလီးယားနည်းပညာကို မေ့ပစ်ထားလို့မရပါဘူး… ကမာ္ဘက အသိအမှတ်ပြုရလောက်အောင်ကို မြေနေရာတွေ တောတောင်သဘာဝတွေ၊ သဘာဝ သံယံဇာတတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်အဖြစ်ဘဲ ဆက်လက်ရပ်တည်သွားနိုင်မှာပါ… တိုင်းသူပြည်သားတွေက တောင်းဆိုတက်လာပါပြီ၊ နှိုင်းယှဉ်တတ်လာပါပြီ၊ တိုင်းပြည်မှာ လုပ်ပေးနိုင်လောက်တဲ့ ဝင်ငွေမရှိပါ… ဝင်ငွေရှိနေသူများမှာလည်း အခွန်ရှောင်သူ၊ အခွန်မဆောင်သူ စာရင်းလိမ်ပြသူတွေ များနေသရွှေ့တော့ မီးမလင်းနိုင်ပါ… ပါဝါအပြည်အဝမရနိုင်ပါ… အဖေက အမေ့ကို ပိုက်ဆံကောင်းကောင်းမအပ်နိုင်လို့ အမေ့ခမျှာမှာလည်း ရှိတာလေးနဲ့ လောက်ငအောင်လုပ်ရတယ်လိုဘဲ ဖြည့်တွေးကြည့်မိပါတယ်…
ကျွန်တော်တို့ လမ်းတွေကြပ်နေပါတယ်… ကုန်းကျော်တံတားတွေ ဆောက်ပေးလို့ ဖြေရှင်းချက်မဟုတ်ပါ… မိုးပျံရထားစနစ် (Monorail)လိုမျိုးတွေ၊ ကျည်ဆန်ရထား(Bullet Train)တို့လို ရထားပို့ဆောင်ရေးစနစ်တွေကို ပိုကောင်းလာအောင် လုပ်ဆောင်ရပါမယ်… ဒါလည်း ပါဝါလိုပါတယ်…
ကျွန်တော်တို့ အလုပ်အကိုင် ရှားပါတယ်… စက်ရုံအလုပ်ရုံတွေ လာလုပ်ကိုင်ချင်အောင် အလုပ်သမားရနိုင်ပါတယ်… တိုင်းပြည်အကျိုးမပြုတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ လူတွေငတ်နေအုံးမှာပါဘဲ… စက်ရုံအလုပ်ရုံတွေ လုပ်ငန်းတွေ မရှိရင် ဝင်ငွေခွန်နည်းပါမယ်.. ဝင်ငွေခွန်နည်းရင် တိုင်းသူပြည်သားတွေ ပြန်မကြည့်နိုင်ပါဘူး… အလုပ်လက်မဲ့များမယ်… ဒါကြောင့် စက်ရုံအလုပ်ရုံ၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဥပဒေတွေခိုင်မာအောင်၊ အခွန်စနစ်တွေပြင်ရပါမယ်… လုပ်ငန်းလုပ်ချင်အောင်၊ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေ၊မီးအစုံနဲ့ လေထီးခုန်နိုင်အောင် လုပ်ပေးနိုင်ရပါမယ်… ဒါကြာင့် သူလည်း ပါဝါလိုပါတယ်.. (လူကြီးတွေ Red Alert လို ဂိမ်းမျိုး များများ ဆော့ဖို့လိုပါတယ်)
ဆက်သွယ်ရေးကဏ္ဍတွေ တိုးတက်အောင်လုပ်နေပါတယ်…. ဆက်သွယ်ရေးတာဝါတိုင်တွေတည်ဆောက်ပြီး၊ မြန်မာ့ဆက်သွယ်ရေး တစ်ခေတ်ဆန်းတာအတွက် ဂုဏ်ယူပါတယ်… အပြိုင်အဆိုင်ဖြစ်လာတော့ အရင်က တစ်ဦးတည်းချုပ်ကိုင်ရောင်းခဲ့တဲ့ ဖုန်းကဒ်တွေလည်း ဈေးသက်သက်သာသာသုံးနိုင်တော့ ပြည်သူတွေ ပျော်ကြတာပေါ့ဗျာ… တွေ့တဲ့အတိုင်း နိုင်ငံခြားသားတွေဆို မြန်မာတွေ ကဒ်တွေ ဝယ်နေတာကြည့်ပြီး ပီတိတွေဖြစ်နေကြတယ်.. အားလုံး ပွဲစားတွေကြီးဘဲ… တန်းမစီနိုင်တဲ့သူတွေကို ဈေးတင်ရောင်းဖို့ပေါ့… (အခုတန်းစီတဲ့သူတွေတောင် အိုင်ဖုန်းဝယ်ဖို့ စင်ကာပူကသူဌေးတစ်ယောက်က စာချုပ်လာချုပ်သွားသေးဆိုဘဲ 🙂 ဒီနေရာမှာ တာဝါတိုင်တွေ လာပါပြီ၊ သူတို့လည်း ပါဝါလိုတာပါဘဲ…
အဝေးပြေးလမ်းတွေမှာ ယဉ်မတော်တဆမှုတွေဖြစ်နေပါတယ်… ဒါလည်း ပါဝါလိုတာဘဲနော်… ရန်ကုန်-နေပြည်တော်လမ်းတွေမှာ ဘေးဘက်နားလေးတွေမှာ ယဉ်ရဲအမြန်နှုန်းဖမ်းတဲ့ စက်တွေနဲ့ ယဉ်မောင်းကို သတိပေးထားတာလေးတွေ တွေ့ပါတယ်.. အရေးယူတာတော့မတွေပါဘူး… အဲ့စက်ကသတိပေးယုံပေးတာဆိုတော့… မလေးစားကြဘူးဗျ… ကိုယ်ကိုယ်တိုင်ဘဲ… တွေးမိတယ်လေ အဲ့စက်ကဖမ်း ရှေ့က ဂိတ်က ဒဏ်ရိုက်ရင် ဒါမျိုးဘယ်ဖြစ်တော့မလဲပေါ့လေ… ဗမာလူမျိူးတွေက အန္တရာယ်ဖြစ်မှ လမ်းဖောက်တဲ့သူကို ဝိုင်းတီးကြ၊ မေတ္တာပို့ကြတာ… ကိုယ်ကိုယ်တိုင်လည်း ဂရုစိုက်သင့်တယ်.. ဒါအဝေးပြေးလမ်းမဆိုပြီးလည်း အနီးအနား ပတ်ဝန်းကျင် မြို့၊ ကျေးရွာတွေကိုလည်း ဆောင်ရန်၊ ရှောင်ရန်တွေ ပညာပေးထားသင့်တယ်… ဒီလိုစနစ်တွေတပ်ဆင်ဖို့ ဖိုင်ဘာဆက်ကြောင်းတို့ ဘာတို့လည်း လိုတာပေါ့… ဒါတွေလည်း ပါဝါလိုတာပါဘဲဗျာ…
ကျွန်တော်နားလည်တတ်စက ကျွန်တော့်အဖိုးက ဂုဏ်ယူပြီးပြောဖူးတယ်… စင်ကာပူဆိုတာ ဗမာပြည် တိုးတက်ရင် အရောင်မှိန်မှိန်လေးဘဲ ရှိတော့မယ့် တိုင်းပြည်ပါလို့ ပြောဘူးတယ်… ဒါပေမယ့် ဒို့လူကြီးတွေ $သုံးမကျရင်တော့ တစ်သက်ဖြစ်မလာဘူးလို့တော့ မိန့်ဖူးတယ်.. ဒို့တိုင်းပြည်မှာ ရေရှိတယ်၊ မြေရှိတယ်၊ သံယံဇာတ ပေါတယ်… ဒါတွေကို လိုချင်တပ်မက်မယ့်လူတွေ ရှိတယ်… ဒါတွေ တကယ်မပေးဘဲ အမေရိကားမှာ လူတွေ စည်ကားလာအောင် လုပ်နိုင်တဲ့ နည်းနဲ့ လုပ်ရင် အောင်မြင်နိုင်တယ်လို့ ပြောဖူးပါတယ်.. အမေရိကားမှာ လူစည်လာတာ ရွှေတွေ့တယ်ဆိုပြီးတော့ ရွှေမုဆိုးတွေ စတဲ့ဇတ်လမ်းက စတယ်ဆိုဘဲ…
စိတ်ထဲရှိတာတွေ ရေးချလိုက်ရလို့ ကျေနပ်သွားတာကတော့ တစ်စိတ်တစ်ပိုင်းပါဗျာ နောက်မှ ကျွန်တော်ရေးပြီးသား SMR (Small Modular Reactor) လေးတွေအကြောင်း ဘာသာပြန်စုဆောင်းထားတာလေး တင်ပေးပါမယ်… အားပေးမယ်ဆို ဝိုင်းတီးကြပါအုံးလို့… လေးစားလျှက်…
ပါဝါမရှိရင် မနိုင်နိုင်တော့ပါ
သူရိန် မူး၍ရေးသည်