ဆုံမှတ်
ဆုံမှတ်
ဟိုးအဝေးကမင်း ကမ်းတစ်ဘက်လှိုင်းချက်က
နီးဖို့စေသတဲ့လား
အငြိုးနဲ့ ရွာတဲ့မိုး ကမ်းပါးတို့ပြို ပျက်နေသေတယ်
အသည်းခွဲရက်သူတဲ့
လေပြေတစ်ခဏမှာ ရနံ့မွှေးတဲ့ပန်းကလေး
တစ်ရွှေ့ရွှေ့နဲ့ကူးခက်နေတယ်
မုန်တိုင်းရယ်မပြယ်သေးတော့ လှမ်းဖို့ခက်ပြီပေါ့
သစ္စာတို့အခြေတည်ကြတယ် မေ့မေတ္တာအိမ်ငယ်လေးမှာ
ကိုယ်လေအကြင်နာအင်အားနဲ့တွန်းဖယ်ဖို့ကြိုးစားမယ်နော်
ထာဝရရင်မှာရှိရင်လေ အနမ်းလေးပွင့်အံပါစေသား
ကာရံ ၄ ့၁၁ ့၂၀၁၄
3 comments
ကေဇီ
November 5, 2014 at 9:29 am
ဆုံမှတ်တွေပါပဲ။
လွဲနေတာခက်တယ်။
:h:
အလင်းဆက်
November 5, 2014 at 9:43 am
ကျနော့် ဆုံမှတ်ကလေး….အဝေးကိုပြေးသွားတယ်…
အခုထိလည်း..နောက်ထပ် ဆုံမှတ်တစ်ခု… ရှာမတွေ့သေးဘူး ။
ကျနော်ဟာ…. နံရိုးတစ်ချောင်းပျောက်နေတဲ့လူငယ်ပါပဲ…
အဲ…. ဆုံမှတ်နဲ့…လွဲနေတဲ့ လူငယ်လည်း ဖြစ်တယ်…
😆
Yae Myae Tha Ninn
November 5, 2014 at 4:28 pm
ကြုံမှ ကြုံတတ်တဲ့ ဆုံမှတ်တွေပေါ့… 🙂