Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တိုက်ပွဲဆီမှ အောင်ပွဲဆီသို့… Victorious

ကျောင်းသားသပိတ် တိုက်ပွဲဝင် ရဲရဲတောက် ခြစ်ညီငယ်၊ ညီမငယ်တို့… ခုဆိုရင် ဖွတ်အစိုးရနဲ့ ပထမအကြိမ် ပဏာပ တွေ့ဆုံပွဲ ပြီးသွားလို့ တန်ုပြန်ခလှမ်းကို မြင်သင့်သလောက် မြင်ရပြီ။ ပုဂ္ဂိုလ်ရေး ခံစားချက် ဖယ်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် တွေးကြေးဆို သူ့အလုပ် သူလုပ်တာမို့ နာကျည်း ခံပြင်း ဇဝေဇဝါ ဖြစ်စရာမရှိ။ နှစ်ပေါင်းငါးဆယ်ကျော် လိမ်စား လုစားလာတဲ့ စစ်ဗိုလ်တွေဆီက ရလေမလား မျှော်လင့် မစကောင်း…။ သို့ပေမဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် ဒီမိုကရက်တစ်တို့ရဲ့ ကျင့်စဉ်မို့ သိလျက်နဲ့ စာပွဲဝိုင်းဆီ တွန်းပို့နေရခြင်းဖြစ်သည်။

လူထုထောက်ခံမှု၊ ပါဝင်ပက်သက်မှုသည် အခရာပဲ။ လူထုအားကို မယုန်သူ နိုင်ငံရေးသမားတွေ ဒီပွဲ နောက်ကျ ကျန်ရစ်တာ မျက်မြင်ထင်ရှားပဲ မဟုတ်လား။ သိရမှာ ကိုယ်ဘာကောင်လဲ ဆိုတာ..။

ကျောင်းသားဆိုတာ ရိုးသားတယ် ပွင့်လင်းတယ် တစောက်ကန်း လုပ်ရဲတယ်၊ ပရိယာယ် အလွန်နည်းတယ်… ဒါကို သိရ အသုံးချတတ်ရမည်။ စစ်တပိုင်းအစိုးမရ ကိုယ်စားလှယ် ထောက်လှမ်းရေးဟောင်း ဦးအောင်မင်းတို့နဲ့ တွေ့တဲ့အခါ ကိုယ်ဖြစ်နေတဲ့ ဘဝကနေ လွန်ထွက်မသွားနဲ့၊ လျှော့ပြ မမိလို်က်စေနဲ့။ အပိုအလိုမရှိ တုံ့ပြန်ုနိင်ရမည်။ ကိုယ်က ကျောင်းသား.. ဟိုက နှစ်ငါးဆယ်ကျော် ဗိုလ်ကျ အုပ်ချုပ်လာတဲ့ စစ်ဗိုလ်လူထွက်။ အနေအထား အထောက်အပံ့ခြင်း တခြားစီ။ သူနဲ့ခေါင်းပြိုင်တိုက်စရာ မလို။ ကိုယ့်မှာ အားသာချက် ဘာလဲ… ရိုးသား ပွင့်လင်းခြင်း၊ ပြည်သူလူထုရဲ့ မျှော်လင့်ချက်။ တဖက်က ရာဇပရိယာယ် အုပ်ချုပ်ရေး ပရိယာယ်၊ သံတမန် ပရိယာယ် သုံးလာရင် လှံပြလိုက်… ကိုယ်က ကျောင်းသားပဲ လှံပြလို့ ရတယ်။ ဥပမာ ပြောတာပါ… ဆိုလိုတာ ဝေ့လည်ကြောင်ပတ် လုပ်ရင် ကိုယ်က ပွင့်ပွင့်လင်းလင်း တုံ့ပြန်ပစ်။ သူတို့လို ဝေ့လည်ကြောင်ပတ် မလုပ်နဲ့… အတွေ့အကြုံ၊ အားခြင်းမတူတာ သတိပြု။ မရိုင်းမိစေနဲ့.. လိုချင်တာ မကြိုက်တာ လက်မခံနို်င်တာ ပေါ်တင်ပြော၊ လူမသိ သူမသိ အပေးအယူ မလုပ်တာ အကောင်းဆုံး..။ သူဌေးဆိုတဲ့ကောင် ကလီကမာ လုပ်တဲ့အခါ ဆင်းရဲသားနင်းပြားအတွက် အကောင်းဆုံး တုံ့ပြန်နည်းက လူကြားထဲ ဆဲပစ်။ ကြောသပ် ရင်သပ် လာလုပ်ရင် လုပ်တဲ့လက် ပုတ်ချလိုက်၊ လာခြောက်တဲ့အခါ လက်ခမောင်းခတ် စိန်ခေါ်ပစ်လိုက်။ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တုံ့ပြန်တာမျိုး ကျောင်းသားတွေမှာ လုပ်ပိုင်ခွင့် ရှိတယ်။ အဲဒါ ကျောင်းသား အားသာချက်။

ဂျပန်ဆာမူရိုင်းတွေ လျှို့ဝှက်ချက် တခုခု တိုင်ပင်တဲ့အခါ အခန်းတွင်း တံခါးပိတ် ပြောဆိုတာထက် အခန်းတံခါး အားလုံးကို ဖွင့်ပစ်လိုက်တာ အတုယူပါ။ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးလက်ထက် ဖိနှိပ်မှု သိပ်ကြီးတဲ့အခါ ဒေါ်စု အဲဒီနည်းကို သုံးတယ်။ မူဝါဒ ဖုံးကွယ်မထား၊ လျှို့ဝှက်မှု အနည်းနိုင်ဆုံးထားလုပ်တယ်။ ဖွင့်ဆော့တဲ့အတွက် အပေးအယူ သိပ်တော့ လုပ်လို့မရ။ အဲဒီတော့ မတရား ပြဌာန်းပြီး ဥပဒေကို လိုသလို သုံးတဲ့ စစ်အစိုးရ ထောင်ချောက်ဆင် အကောက်ကြံဖို့ ခက်သွားတယ်။ အခုလည်း မောင်တိုု့၊မယ်တို့ ဖွင့်ဆော့ ဖွင့်တိုက်ကြပါ။ ယခု အချိန်သာ စစ်အစိုးမရ ထုတ်မပြပေမဲ့ ဖိနှိပ်မှုပြုလာတဲ့အခါ ဘယ်သူ့ဆီက ဘယ်ဝှာဆီက အကြံညဏ်ယူတယ်၊ ဘယ်သူနဲ့ အွန်လိုင်း ဆက်သွယ်တယ် လာတော့မည်။ စီအိုင်အေ သူလျှို ၊ ဗကပ ယူဂျီ တံဆိပ် ခတ်လိမ့်မည်။

အစကထဲက ရိုးသားမှု ပြထား။ မင်းတို့ကို မကြိုက်ဘူး မယုံဘူး.. ပေါ်တင်ပြော။ ဟိုလိုလို ဒီလိုလို မလည်ရှုပ် သွားမလုပ်နဲ့။ အာရ်အိုင်တီခေတ် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေ ဆိုးတယ် ပေတယ် ဖဲရိုက်တယ် အရက်သောက်တယ် ရန်ဖြစ်တယ် နာမည်ကြီးတယ်။ ဒါကို မဟုတ်ဘူး လိမ်မရ၊ မလုပ်ဘူး ပြင်ဖို့ မဖြစ်နို်င်။ လူထုက ခွင့်လွှတ်တယ် နားလည်တယ်။ အဲဒီကျောင်းသားက ကုပ်ကုပ်လေးနေ၊ ယဉ်ကျေးလိမ္မာသင်တန်းတက်ပြလို့ လူထုက ပိုခြစ်ခင်လာမည် ထင်သလား။ အဲဒီ ကျောင်းသားတွေပဲ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်ပြတော့ လူထုက ယုံတယ်၊ ဝန်းရံတယ်။ ဘာလို့လဲ အယောင်ဆောင်မှု ကင်းမဲ့လို့၊ ပင်ကိုယ်သတ္တိ ဖုံးကွယ်မထားလို့။

စစ်တပ်သည် နိုင်ငံရေးထဲ ဝင်ကထဲက ပင်ကိုုယ် သဘာဝ အားသာချက် ဆုံးရှုံးသွားခဲပြီ။ အရပ်ဖက်လာပြီး မအေ၊နှမ ဆဲ မရတော့။ ရေဗူးပေါက်တာ မလိုချင် ရေပါတာ လိုချင်တယ် မဖြစ်နို်င်။ ဟန်ဆောင်မျက်နှာဖုံး တပ်ရတယ်၊ သိသလို တတ်သလို ဟန်ဆောင်ရတယ်။ ကိုယ်ကျိုးစီးပွား ပါတဲ့အခါ ကောက်ကျစ်မှု လိမ်ညာမှု မတရားမှု တသီတတန်းကြီး လုပ်ရပြီ။ လုပ်တာခြင်း အတူတူ အရပ်သားစစ်စစ်တွေထက် ပိုသောင်းကျန်းတာကို ပြောတာပါ။

နိုင်မလား ရှုံးမလား ပြောရန် စောသေး၏။ သမဂ္ဂဆိုတဲ့ အသုံးအနှုန်း၊ တရားဝင် ရပ်တည်ခွင့်ကိုတောင် အသိအမှတ် ပြုဖို့ ဝန်လေးတဲ့ အစိုးမရဆိုတော့ တိုက်ပွဲသည် ပိုမိုပြင်းထန်လာဖို့များသည်။ သေချာတာ ဒီလှုပ်ရှားမှုသည် စစ်အုပ်ချုပ်ရေးခေတ်မှာ ဖြစ်လာရန် ခဲယဉ်းသည်။ ပြောခဲ့သလို ဘောင်းဘီချွတ် စစ်တပိုင်း အစိုးမရဆိုတော့ ယဉ်ကျေးချင်ယောင် ဆောင်နေရသည်၊ စစ်တပ် ပင်ကိုယ်သဘာဝနဲ့ ဖီလာဆန့်ကျင် လုပ်နေရသည်။ ဒီလိုနဲ့ စကားတွေ အများကြီးပြော၊ သွေးခွဲ၊ ဘာသာရေး လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ဆေးတွေထိုးသည်။ သူတို့ ယုတ်မာတာ လွှတ်မထားဘဲ လူထုကို တိုင်တည်ပြ၊ မီဒီယာကို သက်သေထားရမည်။ မိမိရပ်တည်ချက် တောင်းဆိုချက်များအပေါ် ခိုင်ခိုမာမာ ရပ်တည်ရန် အလွန်အရေးကြီးသည်။ ကျောင်းသားဆိုတာ နိုင်ငံရေးသမား မဟုတ်… ဖိနှိပ်လွန်း​ မတရား အနိုင်ကျင့်လွန်းသဖြင့် လမ်းပေါ်ထွက်လာရသူများသာ….။

ဦးဘ ထူးကြ ဖူးသ ရူးစွ
ဦးဘ ထူးကြ ဖူးသ ရူးစွ

ရန်ကုန်သည် အခရာပဲ။ ရန်ကုန် မလှုပ်လျင် သူတို့ခုံ မလှုပ်.. ကမာ္ဘကလည်း မသိ။ ကျောင်းသားများ၏ တောင်းဆိုချက်ကို မလိုက်လျောတော့ဆိုလျင် ရန်ကုန်ထဲ ကျောင်းသားသပိတ်တပ် အဝင်ခံလိမ့်မည် မဟုတ်။ ပြည်အလွန် ဒါမှမဟုတ် ရန်ကုန်မြို့တော် စည်ပင်ဧရိယာ အပြင်ဖက် မြို့ရွာနဲ့ ဝေးရာ တနေရာရာမှာ သပိတ်တားမည်၊ အကြမ်းဖက် ဖြိုခွဲလိမ့်မည်။ ကျောင်းသားတွေမှာ ပြန်ခုခံဖို့ အင်အားခြင်း မမျှ။

ရန်ကုန်မြို့တွင်း မြို့ပြင် ပေါင်းစပ်နိုင်ရမည်။ သပိတ်တပ် မြို့ထဲ ဝင်မလာနိုင်လျင် ရန်ကုန်ကျောင်းသားများ မြို့တွင်းသပိတ် ဖွဲ့နိုင်ရမည်၊ အခြားလှုပ်ရှားမှုများနှင့် ပေါင်းစပ်နိုင်ရမည်။ ကျောင်းသားများ ချီတက်ရာ လမ်းတလျောက်မှာ စည်းရုံးဟောပြောမှုများ လုပ်နိုင်တာ အလွန်မှန်၏။ ပွဲပြီးမီးသေ မဟုတ်ဘဲ ကျန်အမာခံများ လိုအပ်လျင် လမ်းပေါ်ထွက်နို်င်ဖို့ အဆင်သင့် ပြင်ထားရမည်။ ဖွတ်အစိုးမရကို ယခု ပညာရေးလှုပ်ရှားမှုကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုဆီ ပြောင်းလဲသွားမည်ဟု သတင်းပါးနိုင်ခြင်းသည် သပိတ်အား အကြမ်းဖက် ဖြိုခွဲလာမည့်၊ ကျောင်းသားများအား အရေးယူလာမည့် ဖွတ်အစိုးမရ ခြေလှမ်းအား အထိရောက်ဆုံး တားဆီးခြင်း ဖြစ်ပေသည်။

 

မီးတုတ်ရှို့မည့် ရဲရဲတောက် ခွပ်ဒေါင်းကြောင်ကြီး

9 comments

  • ခင်ခ

    February 2, 2015 at 12:14 pm

    ” ရန်ကုန်သည် အခရာပဲ။ ရန်ကုန် မလှုပ်လျင် သူတို့ခုံ မလှုပ်.. ကမာ္ဘကလည်း မသိ။ ကျောင်းသားများ၏ တောင်းဆိုချက်ကို မလိုက်လျောတော့ဆိုလျင် ရန်ကုန်ထဲ ကျောင်းသားသပိတ်တပ် အဝင်ခံလိမ့်မည် မဟုတ်။”

    ထိုအချက်သည် ယခုကျောင်းသားချီတက်ဆန္ဒပြခြင်းအတွက် အခရာဖြစ်နိုင်ပါတယ်ဗျ။ အဲဒီမှာ ဦးအောင်မင်း ဘောလီဘောစပုတ်သံကြားရပြီ

    ” အစည်းအဝေးမှာ ခရီးမရောက်ဘဲဖြစ်နေချိန်တွင် ဦးအောင်မင်းက လက်ရှိကျောင်းသားသပိတ်အား ပုပ္ဗါးမြို.ထိသာ သူတာဝန်ယူနိုုင်မည်ဟု ပြောခဲ့ ကြောင်း၊ ပုပ္ဗါးကျော်လာသဖြင့် တာဝန်မယူနိုင်ကြောင်း၊ ”

    ၈၈ အရေးတော်ပုံမှာ ကျောင်းသားတွေ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာ အဲဒီတစ်ကြိမ်ဘဲပြပြီး အရေးအခင်းကြီး ဖြစ်ခဲ့တာမျိုးမဟုတ်ပါဘူး၊ သူ့ရှေ့မှာ ၆၂အရေး၊ သီးသန့်အရေး၊ ငွေကြေးဖျက်သိမ်းမှု အရေး၊ သပိတ်မှောက်ကျောင်းသားကျောင်းပြန်နေအရေး၊ ……. အဲလို အဲလို တွေနဲ့ မဆလအစိုးရ ဖင်ထိုင်ခုံကို နှဲ့ခဲ့ကြပြီးမှ ယိုင်လဲခဲ့တာမျိုး ဆိုတော့က အားတစ်ခုစစုခဲ့ပြီ ခွန်ဒေါင်းတို့သည်လို့ပြောရ မယ်ထင်။

  • kai

    February 2, 2015 at 3:49 pm

    http://www.thithtoolwin.com/2015/02/nner-nld.html

    ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက် ရောက်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ဟာ ပါတီကို ကိုယ်စား မပြုဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မနေ့က ကြေညာ ပါတယ်။

    ဒေါက်တာသိန်းလွင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ကြိုတင်သဘောတူညီချက်မယူဘဲ အခြား အဖွဲ့မှာ ဦးဆောင်မှုဟာ ပါတီစည်းမျဉ်းစည်းကမ်း ချိုးဖောက်တာဖြစ်လို့ အရေးယူမယ်လို့ ဆိုပါ တယ်။

    ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က “ဒေါက်တာသိန်းလွင်ကိစ္စကတော့ ကျနော်တို့ အန်အယ်လ်ဒီကို ဖိတ်တာလည်း မဟုတ်ဘူးပေါ့နော်၊ ဒေါက်တာသိန်းလွင်ကလည်း ကျနော်တို့ရဲ့ အရံဗဟိုအလုပ်အမှုဆောင် ဖြစ်နေတယ်။ အရန်စီအီးစီဖြစ်နေတော့ ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) ကနေပြီးတော့ သူ့အနေနဲ့ သွားလိုက်လို့ရှိရင် အန်အယ်လ်ဒီကို ကိုယ် စားပြုသလိုဖြစ်နေမှာစိုးလို့ ဆိုပြီးတော့ အစကတည်းက မသွားပါနဲ့လို့ ဥက္ကဋ္ဌက မစခင်ကတည်း က တားထားပါတယ်။ ၂ ရက် ၃ ရက်လောက်ကတည်းက ကြိုတားပါတယ်။ တားပေမယ့်လည်း ဒေါက်တာသိန်းလွင်က NNER မှာ ခေါင်းဆောင်ပိုင်းမှာ ရောက်နေတဲ့အခါကျတော့ ကျောင်းသားတွေက သူ့ကို အတင်းဖိတ်ကြားတဲ့အခါကျတော့ သူက သွားလိုက်ပါတယ်။ အဲဒါပါပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့က ကျနော်တို့ကို ကိုယ်စားပြုတာမဟုတ်ဘူးတာရယ်။ သူ့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ကိစ္စ ဒါကို ကျနော်တို့ ကြေညာတာပါ” လို့ ပြောပါတယ်။

  • kai

    February 2, 2015 at 3:52 pm

    မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ထန်းခြောက် ပင်ကျေးရွာမှာ ညအိပ်အနားယူကြမယ့် ဆန္ဒပြကျောင်း သားတွေကို လက်မခံဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ကျောင်းထိုင် ဆရာတော်ကို ဖိအားပေးခဲ့ကြောင်း သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

    ထန်းခြောက်ပင်ကျေးရွာက ရွာဦးကျောင်းမှာ နားဖို့စီစဉ် ထားပေမယ့် နေလို့မရအောင် အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခဲ့တာလို့ သပိတ်အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

    “တစ်ဖက်မှာဆွေးနွေးပွဲခေါ်တယ် ပျော့ပြောင်းနု ညံ့ တဲ့ အသွင်သဏ္ဍန်ကို ကမ္ဘာသိအောင်ပြတယ်၊ တစ်ဖက်မှာကျတော့ ကျနော်တို့ကို လာဖိအားပေး တယ်၊ ဒေသအာဏာပိုင်တွေနဲ့ ဖိအားပေးတယ် ၊ နေစရာကိုမရှိအောင် ပြည်သူလူထု ထောက်ခံမှုကင်းမဲ့သွားအောင် ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဖိအားပေး တယ်၊ ကျနော်တို့ စိတ်ကိုဆွပြီး လမ်းပေါ်တက်လာအောင်လုပ်တယ်၊ လမ်းပေါ်တက်လာရင် ကျနော်တို့ အလွန်ဖြစ် မယ်ဆိုပြီးတော့ သူတို့က ဒီနေ့ ဆွထုတ်တယ်၊ ကျနော်တို့မြင်တာတော့ ကျနော်တို့ စုစည်းနေတဲ့အားကို၊ ညီညွတ်နေတဲ့အားကို အကျဉ်းထဲအကျပ်ထဲ ရောက်သွားအောင်၊ စဉ်းစားတွေးခေါ် ရခက်သွားအောင် ဖြိုခွဲ နည်းတစ်နည်းလို့ ကျနော်တို့မြင်တယ်”

    ရွာဦးကျောင်းမှာ ညအိပ်နားခွင့်မရတဲ့ ဆန္ဒပြကျောင်းသားတွေက ရေနံချောင်းမြို့ပေါ်က မဟာဓမ္မိကာရာမစမ္ပာယ် ရုံ ကျောင်းတိုက်မှာ ဒီည ရပ်နားမှာဖြစ်ပါတယ်။

    အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသား ကျောင်းသူ ၁ဝဝ ကျော်ဟာ သပိတ်မှောက်တာ ကို ခေတ္တရပ်နားထားတယ်လို့သိရပြီး မနက်ဖြန် မကွေးမြို့ကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပနေတဲ့ အစိုးရနဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ဆွေးနွေး ပွဲ အဖြေအပေါ်မူတည်ပြီး ဆက်လက်ဆန္ဒပြသင့် မသင့်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

    RFA Burmese
    https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

  • မြစပဲရိုး

    February 3, 2015 at 2:51 am

    မေးနေတယ်။
    ရန်ကုန် အဝင်မှာ “Guy Fawkes mask” ဘယ်နှစ်ခု ယူမလဲ တဲ့။
    ပိုပြီး အောင်မြင် အောင် အားဖြည့်ဖို့ တဲ့။

  • ခင်ဇော်

    February 3, 2015 at 6:31 am

    အောင်မြင်ပါစေ ကျောင်းးးသားးးတွေ…!!!

  • ရွာစားကျော် မင်းနန္ဓာ

    February 3, 2015 at 11:05 am

    ….
    အယောင်ဆောင်တွေ အလံရှူးတွေကိုလည်း သတိထားကြအုံး

    ခွပ်ဒေါင်း ကြောင်ကြီး
    မွတ်ခေါင်းပြောင်တီး…

  • kai

    February 3, 2015 at 5:57 pm

    ကြည့်ရတာ.. အခြေအနေအရ.. အကုန်ရန်ကုန်ချီတက်ကြမယ့်ပုံပါပဲ..။
    ဘယ်နှပွင့်ဆိုင်ဆွေးနွေးနွေး.. မနွေးနွေး…။
    အဲဒီဆွေးနွေးပွဲတက်နေသူတွေကလည်း.. တာဝန်ယူနိုင်ဖို့.. အခြေအနေမရှိ…။

    ဒါကို.. အခုအစိုးရအဖွဲ့က…မသိတာလား..မသိချင်ယောင်ဆောင်တာလားတော့မသိ..။
    တက်၏..။ တက်ကြ၏..။

    ဆိုတော့…
    ဘယ်လိုဆက်ဖြစ်မလဲ..။
    ယူအက်စ်က.. Occupy movement ရယ်..။
    ဟောင်ကောင်က.. ကျောင်းသားတွေလုပ်ပုံရယ်ကိုကြည့်ရင်..
    အဖြေတခုထွက်မည်ဖြစ်ပါကြောင်း…။

  • kai

    February 6, 2015 at 4:23 am

    ကျောင်းသားသပိတ် ဘာတွေဆက်ဖြစ်နိုင်သလဲ
    By
    အောင်သူရ
    ဇော်မျိုးလှိုင်
    On
    Thu, 2015-02-05 12:34
    Issue No.
    No.645 Thursday, February 5, 2015
    ………………

    ‘‘ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရတာဝန်ရှိသူတွေ အပြောအရ အရေးမယူဘူးလို့ မပြောသေးဘူး။ အစဉ်အလာအရ သူတို့က လုံခြုံရေးဘက်ကို ပိုကြည့်တယ်။ ကျောင်းသားမဟုတ်သူတွေ ပါတယ်။ သွေးထိုးပေးတယ်။ ကျောင်းသားတွေကို အသုံးချတယ်။ ဒီလိုစကားတွေကြားနေကျပါ။ နောက်ဆုံး အစိုးရဆန့်ကျင်ရေးလုပ်နေကြတာပဲဆိုပြီး မြင်နိုင်တယ်’’ဟုနိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

    သို့သော် သမ္မတဦးသိန်းစိန်၏ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လွှင့်သော ရေဒီယိုမိန့်ခွန်း၌ ‘‘အခုချိန်မှာဆိုရင် ဆန္ဒပြချီတက်မှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုကို ခိုင်ခိုင်မာမာ စတင်ကြရမှာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းနည်းလမ်းသာလျှင် လက်တွေ့ကျတဲ့ အဖြေ ဖြစ်တယ်ဆိုတာ ဆုပ်ကိုင်ထားဖို့ လိုပါတယ်’’ဟု ပြောထားသည်။

    လက်ရှိ အစိုးရတာဝန်ရှိသူများက ကျောင်းသားသပိတ်စစ်ကြောင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ကွန်မြူနစ်ဟောင်းများ၏ ပယောဂမကင်းဟု ကနဦးယူဆထားကြောင်း အစိုးရနှင့် နီးစပ်သူများ၊ နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အရန်ဗဟိုကော်မတီဝင် ဒေါက်တာသိန်းလွင်အား လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသို့ မတက်ရောက်ရန် ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

    သို့သော် ဒေါက်တာသိန်းလွင်မှာ လေးပွင့်ဆိုင် ဆွေးနွေးရေး တက်ရောက်ခဲ့သဖြင့် အဖွဲ့ ချုပ်၏ စည်းမျဉ်းစည်းကမ်းအရ အရေးယူမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။

    ‘‘ညှိမရတော့ဘူးလို့ စဉ်းစားလို့ သမ္မတကဆွေးနွေးပွဲကို ရပ်ခိုင်းလိုက်တာ။ မဖြစ်နိုင်တာတွေ တောင်းနေတယ်။ ပြဿနာတက်အောင် လုပ်နေတယ်လို့ ထင်နေတဲ့အတွက် ဆော်လိမ့်မယ်’’ ဟု တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးက သုံး သပ်သည်။

    ‘‘ကျောင်းသားတွေ ဥပဒေကို ပြင်ဆင်ချင်တဲ့ ဆန္ဒကိုတွေ့ရ တယ်။ ဒါပေမဲ့ တည်ဆဲဥပဒေနဲ့ လွှတ်တော်နဲ့ ပတ်သက်တာတွေ ကို လေ့လာထားတာ အားနည်းတယ်။ အခြေခံဥပဒေနဲ့ ဆန့်ကျင်တာတွေရှိတယ်။ ချဉ်းကပ်တဲ့ပုံလိုအပ်တယ်’’ ဟု နိုင်ငံ ရေးလေ့လာသူတစ်ဦးက ဆွေး နွေးပွဲပျက်သွားရခြင်းနှင့်ပတ် သက်၍ သုံးသပ်သည်။

    ကျောင်းသားများဆွေးနွေးပွဲ ကျင်းပနေချိန်အတွင်း ချီတက်နေသော သပိတ်စစ်ကြောင်းများ ရပ်တန့်ထားမည်ဆိုသော အချက်ကို ဖောက်ဖျက်ခြင်း အမျိုးသား ပညာရေး ဥပဒေတွင် ပါဝင်သောအချက် ၁၁ ချက်ကို ဆွေးနွေးမည်ပြော ဆိုထားသော်လည်း ဆွေးနွေးပွဲ စတင်သည့်နေ့တွင် ဆွေးနွေးပွဲမူဘောင် ကိုးချက်ကိုတင်ပြလာခြင်းနှင့် နေပြည်တော်ဆွေးနွေးပွဲတွင် ကြိုတင်တောင်း ဆိုထားခြင်း မရှိဘဲ လူဦးရေထပ် တိုးဆွေးနွေးခွင့်တောင်းခံခဲ့သည်ဟု ၎င်းကပြောသည်။ ဆွေးနွေးပွဲ မူဘောင်မှာ ကြိုတင်အသိပေး ဆွေးနွေးထားရန်လိုသောအချက် ဖြစ်သည်ဟု ၎င်းကဆိုသည်။ ကျောင်းသားဆရာသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာအသိအမှတ်ပြုရမည်ဟု တောင်းဆိုခြင်းမှာလည်း အစိုးရက မဆောင်ရွက် နိုင်ဘဲ ဥပဒေထဲ၌ထည့်သွင်းပြီး လွှတ်တော်က ပြဋ္ဌာန်းမှသာ ရရှိမည့်အချက်ဟု ၎င်းကဆိုသည်။

    သို့သော် သပိတ်မှောက် ကျောင်းသားများက အစိုးရက ယူနီယံဟု အသုံးအနှုန်းကို တီထွင်သုံးနှုန်းပြီး အသိအမှတ်ပြုထားခြင်းကို ညွှန်းဆိုပြီး ၎င်းတို့အသိ အမှတ်ပြုလိုပါက အလားတူ ဆောင်ရွက်နိုင်ကြောင်း တုံ့ပြန် ပြောသည်။

    သို့သော် သုံးသပ်သူအချို့ကမူ အစိုးရအနေဖြင့် လာမည့် ဖေဖော်ဝါရီ ၁၂ ရက် မတိုင်မီ အခြား အရေးကြီးသည့် ကိစ္စများပြုလုပ် ရန်ရှိသဖြင့် ဆွေးနွေးပွဲရပ်နားထားခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

    ‘‘အဆင်ပြေဖို့ များပါတယ်။ အစိုးရက ညှိနှိုင်းတဲ့ ကိစ္စမှာ အတွေ့အကြုံရှိနေပြီ။ တခြား မနိုင်မနင်းတာတွေ ရှိနေလို့၊ အာရုံစိုက်နေရလို့ ရပ်ထားတာ ၁၂ ရက်နေ့ ပြီးရင် ပြန်ဆွေးနွေးမယ်ထင်တယ်။ ပညာရေးဥပဒေနဲ့ပတ်သက်ပြီး အဆင်ပြေသွားမယ် ထင်တယ်’’ ဟု နိုင်ငံရေးဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်သည်။

    အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားလျက် ရှိသည်။

    ဖြစ်နိုင်ခြေ တတိယအချက် ဖြစ်သော အာဏာပြန်သိမ်းသည့် ကိစ္စမှာ ဖြစ်နိုင်ခြေအနည်းဆုံး ဖြစ်ကြောင်း 7Day Dailyက မေးမြန်းခဲ့သော နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ အာဏာ မသိမ်းလို၍ နှစ် ၂ဝ ကျော်ကြာ အချိန်ယူပြီး အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ အုပ်ချုပ်နေ ခြင်းဖြစ်သည်။ ထို့ကြောင့် အာဏာသိမ်းမည့်ကိစ္စမှာ အနည်းဆုံးဖြစ်နိုင်သည့် ကိစ္စဟု ၎င်းတို့ က ထင်မြင်ယူဆကြသည်။

    ‘‘အစိုးရအနေနဲ့ အချိန်မရွေး အင်အားသုံးဖြေရှင်းနိုင်တယ်။ ဖြေရှင်းမှာပဲလို့ ထင်တယ်။ အဲဒီ တော့ ထိပ်တိုက်တွေ့ဖို့ များတယ်ပေါ့ဗျာ။ ထိပ်တိုက်ရင်ဆိုင်မှုတွေက ပျံ့နှံ့အုံကြွသွားခဲ့ရင်တော့ အာဏာသိမ်းနိုင်တဲ့ နောက်ကြောင်းကို ပြန်လှည့်မှာ အသေအချာပဲ’’ ဟု ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ဦးလွမ်းဏီက ပြောသည်။

    အစိုးရအဖွဲ့တွင် တွေ့ဆုံ ဆွေးနွေးရေး လိုလားသူများ ရှိသကဲ့သို့ ယခင်စနစ်ဟောင်းအတိုင်း စဉ်းစားတွေးခေါ်သူများလည်း ရှိသည်။ ထို့ကြောင့် ကျောင်းသားသပိတ်ကို အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်သုံးသပ်မှုများ ရှိနေခြင်း ဖြစ်သည်။

    လက်ရှိ အခြေအနေမှာပင် မန္တလေးမှ ချီတက်လာသော သပိတ်စစ်ကြောင်းကို ထိန်းသိမ်းရန်ဟု သတင်းထွက်နေသော ရှေ့ပြေးကားတစ်စီး အပါအဝင် စုစုပေါင်း ကားခုနစ်စီးနှင့် အင်အား၂၀ဝ ခန့်ရှိသော လုံထိန်းရဲတပ်ဖွဲ့များ အောင်လုံမြို့နယ် ကုသိနာရုံကျောင်းတွင် ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ‘‘သွေးထွက်ပြီးမှ ဘာမှ ရှင်းမရဘူး’’ဟု ၈၈ မျိုးဆက်(ငြိမ်းပွင့်) မှ ကိုဂျင်မီက သုံးသပ်သည်။ လက်ရှိ ကျောင်းသားသပိတ်နှင့်ပတ် သက်၍ တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေသည်။

    ‘‘ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်း တံခါးဖွင့်ထားမှာပါ။ အစိုးရဘက် အဆင်ပြေတဲ့အချိန် တွေ့ဆုံဆွေးနွေးရေး ကို တောင်းဆိုလာခဲ့ရင် ဆက်ပြီး ဆွေးနွေးသွားမယ်။ တစ်ဖက်က လည်း သပိတ်ကို ရပ်မှာမဟုတ်ပါ ဘူး။ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းဖို့ အစိုးရအနေနဲ့ ကြိုးစားခဲ့ ရင် အစိုးရတစ်ရပ်ရဲ့ သိက္ခာပါပဲ။ ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ဒီမိုကရေစီဆန်တဲ့ အစိုးရလား၊ အာဏာရှင်ဆန်တဲ့ အစိုးရလားဆိုတာ ဒီနိုင်ငံရဲ့ လူတွေရော ကမ္ဘာကရော သိသွား မှာပါ။ တွေ့ဆုံဆွေးနွေးရေးမှာ တောင်းဆိုတဲ့ အချက် ၁၁ ချက်က ညှိနှိုင်းတဲ့နေရာမှာ ဘယ်အချက်က ဘယ်ဥပဒေမှာပါသင့်လဲဆိုတာကို အလျှော့အတင်းလုပ်ပြီး ညှိနှိုင်းသွားမယ်။ အစိုးရဘက်က စေတနာသန့်မယ်ဆိုရင် ပြေလည်သွားမယ်လို့ ယုံကြည်တယ်’’ဟု သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမင်းသွေးသစ်ကပြောသည်။

    ‘‘အကြမ်းဖက်ဖြိုခွဲရင် အထွေထွေသပိတ်ဖြစ်လိမ့်မယ်။ တစ်တိုင်းပြည်လုံး လမ်းပေါ်ထွက်လာမှာပေါ့’’ဟု ပြည်သူတစ်ဦးဖြစ်သော ကိုအောင်ကိုဝင်းက သုံး သပ်သည်။

    ထို့ကြောင့်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ ကျောင်းသားများ အပါအဝင် နိုင်ငံရေး အင်အားစုများက တွေ့ ဆုံဆွေးနွေးရေးပုံစံဖြင့် ဖြေရှင်းရန် တစိုက်မတ်မတ် တိုက်တွန်း ပြောဆိုနေခြင်း ဖြစ်သည်။

    ‘‘ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားတစ်ခွန်းရှိတယ်။ စေ့စပ်ညှိနှိုင်းရေးဆိုတာ နှစ်ဖက် စလုံးက လျှော့မှဖြစ်မှာ။ ကိုယ် တောင်းဆိုချက်ကို ၁၀ဝ ရာခိုင်နှုန်းရမှ သဘောတူမယ်ဆိုရင် ဒါဒီမိုကရေစီ မဟုတ်ဘူး။ အဖြေလည်းရမှာ မဟုတ်ဘူး။ အဲဒီ စကားအရ နှစ်ဖက်ညှိနှိုင်းပြီး အပြန်အလှန် သွားစေချင်တယ်’’ဟု နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဆရာကျော်ဝင်းက သုံးသပ်သည်။

    ထို့ကြောင့် လက်ရှိ ကျောင်းသားသပိတ်နှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူတစ်ဦးကမူ အေးအေးဆေးဆေးနှင့် ပြီးသွားနိုင်သည်မှာ ၄ဝ ရာခိုင်နှုန်းရှိပြီး၊ အကြမ်းဖျက်ဖြိုခွဲနိုင်ခြေမှာ ၅ဝ ရာခိုင်နှုန်းရှိကာ အခြေအနေအား လုံးရှုပ်ထွေးသွားသဖြင့် အာဏာပြန်သိမ်းရခြင်းက ၁ဝ ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြား လေသည်။
    http://7daydaily.com/story/31044#.VNPk6S6LXLw

  • မြစပဲရိုး

    February 6, 2015 at 5:19 am

    {
    ‘‘အကြမ်းဖက်ဖြိုခွဲရင် အထွေထွေသပိတ်ဖြစ်လိမ့်မယ်။ တစ်တိုင်းပြည်လုံး လမ်းပေါ်ထွက်လာမှာပေါ့’’ဟု ပြည်သူတစ်ဦးဖြစ်သော ကိုအောင်ကိုဝင်းက သုံး သပ်သည်။
    }
    Are you really sure ???? :

    ကြည့်ရတာ စိတ်ထဲ က ကြိတ်ပြီး အကြမ်းဖက်စေ ဖို့ ဆုတောင်း နေသူ တွေ ပါလား မသိပါဘူး။
    သတင်း တွေမှာ ကို မြင်ရတယ်။

    သိကြဖို့ က ဒီ အစိုးရ အဲဒီလောက် ပညာမမဲ့ လောက် တော့ဘူး။

    ထပ်ပြောပါရစေ။ တိုင်းပြည်က ၈၈ လို လူတန်းစား မညီ ဘူး။
    တစ်ဖက်မှာ သပိတ်ဘယ်လောက်လုပ်လုပ်၊ တစ်ဖက်မှာ ပျော်ပွဲ မပျက်၊ ဆီမီနာ တွေ၊ အလုပ်ရုံ ဆွေးနွေးပွဲ တွေ မပျက်၊ အရောင်း အဝယ် မပျက်၊ အသွားအလာ မပျက်။
    ကြား က ကြည့် နေသူ မှာသာ အရူး လိုဘဲ။
    🙄

Leave a Reply