Urbanize
မျောက်က ကြိုးခွေ မအော််တတ်တော့ဘူး
ဒေါင်းကလည်း မအိုးဝေတော့ဘူး
တောသဘာဝက ဖျက်ဆီးပြီး
ပြိုးပြိုးပြောင်ပြောင် ထောင်ထောင် လက်လက်တွေနဲ့
ပေါ့ပ် နဲ့ နတ်ချင်းပစ်နေပြီး
ဟစ်ဟော့ နဲ့ နတ်ဒိုး လိမ့်နေကြရရှာ ။
တောအုပ် ငယ်လေးတွေ အပြောင်ရှင်းပြီး
လှည်းလမ်းကြောင်းလေးအပေါ်မှာ
ကျိုးပဲ အက်ကွဲနေတဲ့
ကွန်ကရစ် လမ်းကြောင်းလေးဟာလဲလျောင်းလို့
သာယာဖွယ်ရာ သာရက ကျေးငှက်ငယ်လေးတွေလည်း ပျောက်ဆုံး
ကြည်နူးဖွယ် မြင်ကွင်းတွေလည်း ရှုံတွလို့ ခပ်လှမ်းလှမ်းက ကြားလိုက်တဲ့
ငိုရှိုက်သံ ဟာ
ဘယ်သူက ဘာ့အတွက် ကျေကွဲနေသလဲ ။
ငါကတော့ ဘယ်သူ့မှ နှုတ်မဆက်ဘဲ
တိတ်တိတ်လေး ထွက်ခွာလာမိတယ် ။
နေဝန်းနီ
9 comments
Mike
February 24, 2015 at 9:22 am
.သိပ်ကောင်းပြီး ခေတ်ကိုထင်ဟတ်တဲ့ကဗျာလေးပါ…လေးစားပါတယ်ဆြာနီ
Mr. MarGa
February 24, 2015 at 9:26 am
လမ်းရဲ့သယ်ဆောင်ရာ….ဟို….. အဝေးကို… 🙂
အလင်းဆက်
February 24, 2015 at 10:00 am
နှုတ်မဆက်နဲ့… မငိုချင်တော့လို့…
:k:
black chaw
February 24, 2015 at 10:23 am
ကဗျာ ကို ဖတ်ပြီး
ဉာဏ်မီ သ လောက် ခံစားသွားပါတယ်။
ကျွန်တော် ဘယ်လိုခံစားသွားတယ်
ဆိုတာ ပြောပြဖို ့ မလိုသလို
ခင် ဗျား ဘာကို ဘယ်လို ခံစားရေးဖွဲ ့ထားတယ်
ဆိုတာလည်း ရှင်းပြ ပေးဖို ့ မလိုဘူး ထင် ပါတယ်။
ခင်ဇော်
February 24, 2015 at 11:16 am
သဘာဝရဲ့ ပြောင်းလဲမှု တရားခံကို လျစ်လျူရှူ့နိုင်တဲ့ ကျနော်တို့ ဆီက လူတွေဟာ
တခြား ဘာပြောင်းလဲမှုကို မှ မလိုချင်ဘူး ဆိုတာ သိလိုက်ပါပြီ။
😥
pooch
February 24, 2015 at 11:20 am
ခပ်တိတ်တိတ်နေတတ်လာတာကလည်း
ဝမ်းနည်းခြင်းတွေ အပ်ကြောင်းမထပ်ချင်လို့
တိတ်ဆိတ်မှုနဲ့ ဝမ်းနည်းမှုတွေ တိုက်ရိုက်အချိုးကျလာလို့
တောင်ပေါ်သား
February 24, 2015 at 3:20 pm
တိတ်တိတ်လေးဖတ်သွားရင်း . . . . .
kai
February 24, 2015 at 3:44 pm
မိခင်သဘာဝ..
လူ့ယဉ်ကျေးမှုတွေထဲက…
တိတ်တိတ်ကလေးထွက်သွားခဲ့တာကြာပေါ့..
တိုကျို..နယူးယောက်… လန်ဒန်..ပဲရစ်..
ကွန်ခရစ်တော…
လူလုပ်တာတွေထဲ… မြော… မျော… မော..။
naywoon ni
February 24, 2015 at 5:34 pm
ထိုက်ထိုက်တန်တန် မျောပါ ရတော်သေးတာပေါ့ သူဂျီးရယ် ။ တောအလျှိုလျှို တောင်အထပ်ထပ်ကြားထဲ အသံလွှင့်ရုံ လောက်ဆောက်ပြီး အဝေးပြေးလမ်းမကနေ အဲ့ဒိနေရာ ထိ လယ်တွေသိမ်း လမ်းတွေဖောက် ကျေးလက်ရဲ့ စရိုက်တွေပျောက် ကောက်လှိုင်းသယ်တဲ့ နွားလှည်းလေးတောင် မမောင်းရတော့ဘူး ။ နောက်တစ်နေရာက လက်နက်စက်ရုံ ထားတဲ့ နေရာက ပိုဆိုးသေး ။ လမ်းသာရှိ ဘယ်သူမှ သွားခွင့်မရ ။ နွေခါ သစ်ဝါးလေး ခုတ်ချင် ရင် ပျားအုံလေး ဖွတ်ချင်ရင်တောင် ဝင်မရ ထွက်မရ ။