Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြည့် … ဘာ အရောင် တွေ ကို မြင်လဲ?

မြစပဲရိုးFebruary 28, 20151min141435

ဟေး
မနေ့ က internet ထဲ ဖြစ်နေတဲ့ နာမည်ကြီး အငြင်းပွါးမှု တစ်ခု မို့ တို့ ရွာသားများ လဲ ပါဝင် လို့ ရအောင် မျှပါတယ်။
ဇာတ်လမ်း အစ က စကော့တလန် က မင်္ဂလာဆောင်မဲ့ သတို့သမီး ရဲ့ အမေ ဝတ်မဲ့ ဂါဝန် က စပါတယ်။
ဝတ်မဲ့ ဂါဝန် ရဲ့ ပုံ ကို သူ့သမီး ဆီ ကို ပို့ လိုက်တော့ သမီး မြင် တဲ့ အရောင် နဲ့ သားမက် မြင်တဲ့ အရောင် ကွဲ နေ ပါရော။
အဲဒီ ကနေ အင်တာနက် က တစ်ဆင့် ကမ္ဘာကျော် သွားပါရော။
သိပြီး သား ဆို ငြိမ်ငြိမ်နေ။
မသိ ရင် ဖြေ။
သတင်း ရှာမဖတ် နဲ့ ဦး။ (ဖတ်ချင်လဲ ဖတ် ဟယ်)
လူ ၅ ယောက် လောက် ရ ပြီး ရင် ဖြစ်ရခြင်း အကြောင်း ကို ပြောပါ့မယ်။ :))

ဒါ့ပုံ ဆြာ တွေ က တော့ အကြောင်းရင်း သိမှာပါ။
သို့ပေသည့် အဲဒါက အဖြေရင်း မဟုတ်ပါလေ။ lol:-)))))

 

color dress

35 comments

  • Mr. MarGa

    February 28, 2015 at 4:35 pm

    အရီး နောက်ကျသွားပြီ ဟဲဟဲဟဲ
    မနေ့က အဂ္ဂမဟာ ဖွဘုတ်တော်ကြီးမှာ ကျနော် ရှယ်ပြီးပေါ့
    အရီးတောင် သတိရမိသေး
    ဆိုတော့ နောက်လူတွေ စောင့်လိုက်ဦးမယ် 😉

    • မြစပဲရိုး

      February 28, 2015 at 4:40 pm

      မင်း မျှပြီး ပြီး ဆိုတော့ ဇာတ်လမ်း က သိပြီး ရောပေါ့။
      တောက်စ်။ (စီဒီ – ဂဂ)
      အဖြေ တွေ က ကွဲ တယ်လား။ တူလား။
      မင်းမြင်တာ ရော မှန်လား။ :))

      • Mr. MarGa

        February 28, 2015 at 4:41 pm

        စောင့်ကြည့်လိုက်ပါဦး
        ဟီးး မှန်ဘူး

    • မြစပဲရိုး

      February 28, 2015 at 4:42 pm

      အရီး တို့ က အဖေ နဲ့ အမေ က မြင်တာ ဆင်တယ်။
      ဒါပေမဲ့ ထပ်တူ မတူ ဘူး။
      ကလေး က ပုံမှန် အရောင် ကို တန်းမြင်တယ်။
      ထူးခြားတာ က သူ က မျက်မှန် သမား။
      အမေ က စာကြည့် မျက်မှန် လိုတယ်။
      အဖေ က ဘာ မျက်မှန် မှ မလို ဘူး။
      အဲဒီ ပေါ် မူတည်ပြီး ကွဲ တော့တာ ဘဲ။

  • kai

    February 28, 2015 at 4:43 pm

    မဖတ်ရသေး..
    မြင်တာကတော့.. အပြာနုလွင်တောက်တောက်လေးပေါ်မှာ ရွှေအိုရောင်ညိုညိုလေးမြင်သဗျ..။

    • မြစပဲရိုး

      February 28, 2015 at 4:52 pm

      သူကြီး ကျွန်မ မြင်တာ နဲ့ တူတယ်။
      တစ်ချို့ က အဲဒါ ကို အဖြူ ရောင် နဲ့ အစိမ်း လို့ လဲ မြင်ကြသတဲ့။

      မော်နီတာ ကို အလင်း အမှောင်ချိန် ပြောင်း ပြီး ထပ်ကြည့်လိုက်။
      ဒီလို ပြောင်းတော့ ကျွန်မ က ပုံမှန် အရောင် ကို မြင်လိုက် တယ်။
      ကျွန်မ မင်းသား ကတော့ ဘယ်လို ပြောင်းပြောင်း အမှန် မမြင်ရှာဘူး။
      ကလေး ကတော့ အဲဒီ အရောင် ကို အရောင်မှန် အတိုင်း တန်းမြင်တယ်။
      လူတွေ ရဲ့ မျက်စိသူငယ်အိမ် ကွာခြားမှု တွေ က နေ အရောင် ကို အမြင် တွေ ကွာသွားတာ။
      စိတ်ဝင်စားစရာ ဘဲ။
      သင်ခန်းစာက တော့ ကိုယ့် အမြင်ရှုဒေါင့် နဲ့ တစ်ခြားအမြင် တွေ ကွာနေတာ ဟာ အကြောင်းမဲ့ မဟုတ်။
      အားလုံး မှာ reason ရှိနေတဲ့ အကြောင်း ပါဘဲ။
      ဒါလေး ကို မြင်လိုက် ရင် ကမ္ဘာကြီး က ငြိမ်းချမ်းသွားမှာပါ။

      ကိုမျိုး လဲ ဖတ်ပြီး ပြီ ဆိုတော့ အဖြေပြောပြီ ဗျာ။
      ခရမ်းဖောက် တဲ့ အပြာရင့် နဲ့ အမဲ ဇာ လေး တွေ စပ်ပါ။

      • ခင်ဇော်

        February 28, 2015 at 4:58 pm

        တူတူပဲ။
        အဲလိုပဲ မြင်တယ်။
        အပြာနု နဲ့ ရွှေညိုရောင်

        :a:

        အဲဒီဟာငြင်းရင်း
        သူငယ်ချင်း လင်မယား မနေ့ ည က ထသတ်ကြသတဲ့။


        မတူကွဲပြားးး

        :a:

        • မြစပဲရိုး

          February 28, 2015 at 5:02 pm

          ဟား ဟား။
          တော်ကြာ အရီး မှန်းသလို မဟုတ်ဘဲ ဒီ သတင်းဖြစ်ပြီး လင်မယား ကွဲ နှုန်း မြင့်တက် တာ ဖြစ်နေ ရင် ပြီး ရော။ lol:-)))))

      • kai

        February 28, 2015 at 5:02 pm

        ကွန်ပြူတာက..မော်နီတာ၂လုံး..။ တက်ဘလက်..။ ဆဲလ်ဖုံးအကုန်ပြောင်းကြည့်တာ.. အတူတူပဲဖြစ်နေသဗျ..။
        အဒိုဘီဖိုတိုရှေ့ာပေါ်ဆွဲချလိုက်ပြီး.. ကာလာချိန်ကြည့်တော့.. မူရင်းဓတ်ပုံက.. ကာလာဘန်းနေပုံရတယ်ထင်တာပဲ..။
        ကာလာဘန်းတာလျှော့လိုက်တော့.. မူရင်းပုံမြင်ရတယ်..။

        ကျုပ်က.. အရောင်တွေနဲ့အလုပ်လုပ်ရတာ..
        အမှန်မမြင်ဘူးဆိုရင်တော့.. သေပြီဆရာ.. :i:

        • မြစပဲရိုး

          February 28, 2015 at 5:05 pm

          ဘေးကတစ်ယောက် ဒီ အတိုင်းပါဘဲ။
          ဒါကြောင့်ပြော တာ သိလား။
          အင်မတန် ခေါင်းမာ ပြီး အငြင်းထူ သူများ မှာ အမှန်အရောင် မမြင် တာ သွား တွေ့ တော့တာဘဲ။
          lol:-)))))

      • Mr. MarGa

        February 28, 2015 at 5:46 pm

        ဆိုးတာက နည်းမျိုးစုံပြောင်းကြည့်လဲ အဖြူခံ ရွှေညိုရောင်ဖောက်တာကိုပဲ မြင်နေတာပဲ 🙁
        ပုံကို contrast ညှိပြီး ပြင်ထားတာ တောင် အပြာနုလို့ပဲမြင်နေတာ

  • Alinsett@Maung Thura

    February 28, 2015 at 5:24 pm

    သူများ မြင်တာတွေကို လိုက်မြင်ကြည့်သွားတယ်ဗျာ..
    ကိုယ်က မမြင်တတ်လို့…

    :k:

  • kai

    February 28, 2015 at 5:55 pm

    မူရင်းအရောင်နဲ့.. ပုံတဲ့..

  • Ma Ma

    February 28, 2015 at 9:02 pm

    မလတ်ပြတဲ့ပုံမှာ အဖြူ နဲ့ ရွှေအိုရောင်မြင်တယ်။
    သဂျီးပြတဲ့ပုံမှာ အပြာနဲ့ အမဲ မြင်တယ်။ 🙄

  • padonmar

    March 1, 2015 at 1:24 am

    မလတ်ပြတဲ့ပုံမှာ ခရမ်းပြာနဲ့ အညိုရောင်လို့မြင်တယ်။
    သူကြီးပုံကတော့ နေဗီပြာနဲ့ အနက်မြင်တယ်။
    ဖွဘုတ်ထဲ သကြားပြတော့ ဘာလို့ ငြင်းနေကြပါလိမ့်တွေးမိတယ်။

  • hmee

    March 1, 2015 at 9:30 am

    အရီးပုံမှာ အပြာ​ရောင်​ ခရမ်​းနဲနဲစွက်​ ဇာအနက်​ မြင်​တယ်​။ သဂျီးပုံမှာ အပြာ​တောက်​​တောက်​ ဇာ အနက်​ မြင်​ပါသည်​။

  • black chaw

    March 1, 2015 at 9:58 am

    ဘာရယ်ဟုတ်ပါဘူး။
    အစ်မလတ်ပို့စ်ဆိုတော့ ခေတ်မီသွားအောင်
    ဝင် ရောတဲ့ သဘောမျိုးပါ…။
    အပြာနဲ့ ချောကလက်ရောင် ပဲ မြင်ပါတယ်…ခင်ဗျ…။
    :k:

  • ပြသနာပဲ.. အနော်တော့ သွားပြီထင်တယ်..

    အရီးပြတဲ့ပုံမှာ အဖြူနဲ့ နံသာရောင်လို့ မြင်ပြီး
    သဂျီးပြတဲ့ပုံမှာ ခရမ်းပြာနဲ့ အနက်လို့ မြင်ပါတယ်.. 🙁

  • nicolus agral

    March 1, 2015 at 12:49 pm

    အဖြူနဲ့ အမည်းပဲမြင်တယ်

  • မြစပဲရိုး

    March 1, 2015 at 3:14 pm

    အမှန်က သူကြီး ပြထားတဲ့ ပုံ က ဓာတ်ပုံ ကာလာ အလင်းအမှောင် အမှန် မို့ အားလုံး (ကာလာ ဘလိုင်း မှလွဲလို့) ညီတူ မြင်နိုင်တယ်။
    ဒါကြောင့် အားလုံး အဖြေတူ ကြတာ။

    ကျွန်မ ပြထားတဲ့ ပုံ က အလင်းအမှောင် မမှန် တာမို့ အမှန် ရိုက်ထား တဲ့ အရောင် ပြောင်းနေတယ်။
    အဲဒီမှာ ထူးဆန်းတာက ပြောင်းတဲ့ အရောင် ကို မြင်ကြတာ တစ်ယောက် နဲ့ တစ်ယောက် မတူ ကြတာဘဲ။
    ဒီမှာ အငြင်းပွါးမှု တွေ ဖြစ်ကုန်တာ။
    အခုလဲ ရွာထဲမယ် ကျွန်မ ပြထားတဲ့ ပုံ အပေါ်မှာ မတူတာ တွေ တွေ့နေပြီဟုတ်။

    ကျွန်မ ရဲ့ လူပြိန်း လို နားလည်တာ ကတော့ မျက်လုံး သူငယ်အိမ် (အထင်) ပါဝါ တစ်ယောက် နဲ့ တစ်ယောက် မတူကြ တော့ အရောင်အပြောင်း ကို လိုက် ညှိ တာ တွေ ကွာပြီး အမြင်ကွာ တာလို့ ပြောတာဘဲ။
    ဆေးပညာ အရ တတ်ကျွမ်းသူ ရှင်းပြရင် ပိုရှင်းနိုင်ပါတယ်။ ပိုလဲ ရှုပ်သွားနိုင်တယ်။ lol:-))
    လောကဓာတ်ပညာ တွေ က ဆန်းသား ကို။

    ဒီမှာ သင်ခန်းစာ က
    တစ်ချို့ အရာ တွေမှာ မူရင်း ကို ပျောက် စေတဲ့ အကြောင်း (ဒါမှမဟုတ်) ဖျောက်ထားတဲ့ အကြောင်း တွေ ရှိနေတာ မို့ အဲဒီလို အခြေအနေ မှာ အမြင်ကွဲနိုင်တာလေး သတိပြုကြဖို့ပါဘဲ။
    မတူလို့ မလိုက်နာနိုင်ရင်တောင် မတူတာကို လက်ခံ နိုင်ဖို့ ပေါ့။
    :))

    • Ma Ma

      March 1, 2015 at 11:23 pm

      ကြည့်တဲ့ထောင့်ကွာရင်လည်း မြင်ရတဲ့အရောင်ပြောင်းတယ်။
      ဒီပိုစ့်ကို ဖွင့်ထားပြီး ဘေးနားကအမတွေကို ပြကြည့်တော့ သူတို့က မလတ်ပြတဲ့ပုံမှာတင်ပဲ အရောင်မှန်ကို မြင်ရတယ်။
      ဒါမှမဟုတ် မလတ်ပြောသလို ခေါင်းမာပြီး အငြင်းထူလို့ပဲ အရောင်အမှန်မမြင်တာလားတော့ မသိဘူး။ :kwi:

  • ကထူးဆန်း

    March 1, 2015 at 3:31 pm

    ဗမာ ဆန်ဆန် ဘဲ .. ဒီလို အရောင်ပြောင်းတာ အပမှီတာ ဖြစ်မယ် ..
    ကိုးကွယ်ဖို့ ထားဦးမှ …. :mrgreen:

  • aye.kk

    March 1, 2015 at 9:25 pm

    မလတ်ရေ
    ကြည့်တတ်ရင်မြင်တယ်ဆိုတဲ့သဘောပါဘဲ
    မိတ်ဆွေဘကြီးဆုံးမတဲ့စကါး သတိရမိတယ်
    ကြည့်တတ်ရင်မြင်တယ်တဲ့
    မကြည့်တတ်ရင်တော့ မမြင်
    အမြင်မကြည်ရင်တော့ မှုံဝါးဝါး အူကြောင်ကြားနိုင်တယ်ဆိုလားဘဲ။

    • ဦးကြောင်ကြီး

      March 2, 2015 at 2:20 am

      ကြည့်နေမှဒေါ့ အစစ် မြင်ဗာအုံးမလား အမ်တီအေးရဲ့…

  • ဦးကြောင်ကြီး

    March 2, 2015 at 2:19 am

    အနော်ကဒေါ့ ဘာကျိကျိ ဘီလူးရောင် အယင်မြင်အိစ်။။။

    • မြစပဲရိုး

      March 2, 2015 at 2:38 am

      ကိုယ်သန်ရာပေါ့ ကြောင်ကြောင် ရယ်။ lol:-))))

  • ကိုရင်စည်သူ

    March 2, 2015 at 12:46 pm

    ဘီလိုကြည့်ကြည့် အပြာနဲ့ အမဲပဲမြင်တယ်ဂျာ..
    ကာလာဘီလိုင်းလားမတိဘူး။
    အသက်ကြီးလေ ဝါးချင်လာလေဘဲ။ မျက်လုံးဒွေက.. 😛

    • kai

      March 2, 2015 at 2:49 pm

      အရီးလတ်ပြတာကို အဲလိုမြင်ရင်တော့.. အမှန်မြင်တာလို့ခေါ်ရမယ်ဖြစ်သဗျ…။
      စကားအတင်းစပ်.. အိမ်ကလေဒီနဲ့.. ပိပိလေးကတော့.. အဖြူအမဲမြင်ကြတယ်တဲ့..။

      ကျုပ်တင်ထားတာကတော့.. မူလအရောင်အမှန်ပါ..။

  • manawphyulay

    March 3, 2015 at 9:40 am

    ပါတဲ့အရောင်အတိုင်း မြင်ပါတယ်…. :Lol:

  • ရွှေတိုက်စိုး

    March 3, 2015 at 1:49 pm

    ကျုပ်ကတော့ ဘာမြင်လဲသိလား တော်တော်အားနေကြတဲ့သူတွေတော့ မြင်တယ်ဗျာ… ကဲ အေးရော… ခိခိ

  • Mike

    March 5, 2015 at 4:10 pm

    .နောက်ကျနေတာခွေးလွှတ်ပါ
    .ကျုပ်လည်း အရီးမုတ်ဆိတ်ပုံမှာ အပြာနဲ့ ချောကလက်ရောင် ပဲ မြင်ပါတယ်…ခင်ဗျ…။
    :k:
    .သဂျီးပုံမှာတော့ ဘလူး၊ ဘလက်၊ ဘရောင်း…သုံးမျိုး

  • manawphyulay

    April 30, 2015 at 10:32 am

    ဒီဇာတ်လမ်းက အရောင်က တစ်ခါ ဒီမှာ တင်လို့ ကြည့်ပြီး ဖတ်မိပါသေးတယ်။

Leave a Reply