Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက်

cobraAugust 20, 20101min1786
ငွေဟာ လူတွေရဲ့သည်းခြေကြိုက်တစ်မျိုးဖြစ်ပါတယ် ။ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်
သည့်အတွက် လူတိုင်းဟာ ငွေကိုမက်မောကြပါတယ် ။ ငွေကြောင့် လူတွေချမ်းသာသုခရကြ သလို
ငွေကြောင့်လည်း သောကပင်လယ်ဝေနေကြရတဲ့ လူတွေလည်း အများကြီးရှိပါတယ် ။

ငွေကို လူတွေ ဘာကြောင့်မက်မောနေကြတာလဲလို့ ဆိုရင် အဓိကအခြေခံအကြောင်း
ရင်းကတော့ စားဝတ်နေရေး ၊ ကျန်းမာရေးတွေကြောင့်ပဲ ဖြစ်ပါတယ် ။ စားဝတ်နေရေး ၊ ကျန်း
မာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး ဖြစ်ခဲ့ရပါတယ် ။

ဒါကြောင့် ငွေကိုသာရမယ်ဆိုရင် အရာရာကို စွန့်လွှတ်ရဲတဲ့ လူတွေတောင်ရှိပါတယ်။
တစ်ချို့က ငွေကိုသာရမယ်ဆိုရင် မိမိတို့ရဲ့အရှက်နဲ့သိက္ခာကို စတေးပြီးရှာကြံကြပါတယ်။
တစ်ချို့ကတော့ သူတစ်ပါးတွေရဲ့အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပြန်ပါတယ်။

တစ်ချို့ကျပြန်တော့လည်း မျက်မှောက်ဘဝမှာ ဖြစ်ပျက်နေတဲ့ ဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့
အတွက် သံသရာမှာ ကျင်လည်ရမည့်အရေးကိုပါ ထည့်မစဉ်းစားနိုင်တော့ပဲ ဘဝကို ရေစုန်
မျှောလိုက်ကြတဲ့ လူတွေလည်း ရှိခဲ့ကြပါတယ် ။

မိမိတို့ ဘိုးဘေးစဉ်ဆက်တွေ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ လူမျိုး ၊ ဘာသာ ၊
ယဉ်ကျေးမှု စတာတွေလည်း သတိမထားနိုင်ပဲ လက်ရှိတွေ့ကြုံနေရတဲ့ ဘဝအခက်အခဲကို
ပြေလည်သွားရင် ပြီးတာပဲဆိုပြီး အမျိုး ၊ ဘာသာအပေါ် သစ္စာမဲ့သွားကြတဲ့ လူတွေလည်း
အများကြီးပါပဲ ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေတဲ့ ကိုကြည်လွင်
မခင်အုန်းမြင့်တို့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ် ။ ကိုကြည်လွင် + မခင်အုန်းမြင့်တို့ မှာ
သားသမီးခြောက်ယောက်ရှိပါတယ် ။ အကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားကြပြီ မို့
မိဘတွေနဲ့အတူမနေကြတော့ဘူး ။ ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့အတူနေပြီး

သုံးယောက်ကတော့ ကကျောင်းတက်နေတုန်း ဖြစ်ပါတယ် ။

ကိုကြည်လွင်ဟာ အလွန်ရိုးသားဖြူစင်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ။ ဆေးလိပ်အရက်
စတာတွေလည်း မသောက်မစားပါဘူး ။ သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ပီ
သစွာ လုပ်ကိုင်ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့ပါတယ် ။

အသက် ၅ဝလောက်အရောက်မှာတော့ ကိုကြည်လွင်ရဲ့ဘဝကျဆုံးချိန်လို့ပဲ ပြောရမှာပါပဲ။
တစ်နေ့မှာ ကိုကြည်လွင် ဘဝအတွက် အမှောင်လမ်းကို လျှောက်လှမ်းဖို့ လေဖြတ်ခြင်း
ရောဂါဆိုတဲ့ အရိပ်မဲကြီးကျရောက်ခဲ့ပါတယ်။ ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလုံး ဘယ်လိုမှ

လှုပ်ရှားလို့မရတော့ပဲ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲခဲ့ရပါတယ် ။

တစ်အိမ်လုံးမှာ ကိုကြည်လွင်ရဲ့လုပ်စာနဲ့ ဘဝရပ်တည်နေရတဲ့ မိသားစုစားဝတ်နေရေး
ဟာ တော်တော်လေးကျပ်တည်းသွားခဲ့ရပါတယ် ။ ကိုကြည်လွင်ရဲ့ ရောဂါကိုလည်း ရှိသမျှ
ပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ကုသပေးပေမယ့်လည်း ထူးခြားခြင်း မရှိခဲ့ပါဘူး။

ဇနီးဖြစ်သူ မခင်အုန်းမြင့်အနေနဲ့လည်း အိမ်ထောင်ကျကတည်းက ဘာလုပ်ငန်းမှ
လုပ်ကိုင်ခဲ့ဖူးတာမဟုတ်ပါဘူး ။ ဒါပေမယ့် အခုလို အရေးကြုံလာတဲ့အခါမှာတော့ မိသားစု စား
ဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာ အိမ်တကာအဝတ်လျှော်လိုက် ၊ မိုးတွင်းကာလမှာ ချောင်း

မြောင်းထဲက ကန်စွန်းရွက်ခူးရောင်းလိုက် ၊ သူတစ်ပါး အိမ်ခြံဝင်းအတွင်း ပေါင်းမြက်ရှင်းလိုက်
စတဲ့ကျပန်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ် ။

မခင်အုန်းမြင့်ရဲ့ ကြိုးစားမှု လုံ့လဝီရိယတွေကြောင့် မိသားစု စားဝတ်နေရေးမှာ
အချောင်လည်ကြီးမဟုတ်ပေမယ့် ငါးပိရေနဲ့ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ် ။

ဒါပေမယ့် “ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ “ ဆိုသလို သူတို့မိသားစုရဲ့ ကံဆိုးမိုးမှောင်
ကျတဲ့ နေ့တစ်နေ့ နောက်ထပ်ကြုံတွေ့လာရပြန်ပါတယ် ။ မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီ
တိုင်းနှင့်ရန်ကုန်တိုင်းတွေမှာ ကျရောက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ သူတို့မှီခိုနေ
ထိုင်ရာ အိမ်ဂေဟာကို ဖျက်ဆီးဝါးမြိုပစ်လိုက်ပါတယ် ။

မခင်အုန်းမြင့်ဟာ လေဖြတ်ရောဂါနဲ့အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့ ကိုကြည်လွင် ကို
ပြုစုနေရတာကတစ်မျိုး ၊ မိသားစုစားဝတ်နေရေးကျပ်တည်းရတာကတစ်ဖုံ ၊ နေအိမ်ပြိုလဲ
သွားရတာက တစ်နည်းဆိုတော့ သောကအပူလုံး ကြိမ်မီးအုံးသလိုမျိုး ဖြစ်ခဲ့ရပါတယ် ။

ရန်ကုန်မြို့အနေအထားအရ နေဖြစ်ရုံအိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာတောင် တော်
ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး ။ ကိုကြည်လွင်သာ ကျန်းမာရေးကောင်းနေမယ်ဆိုရင်
လည်း ပြိုလဲပျက်စီးသွားတဲ့ အိမ်ရဲ့အပိုင်းအစလေးတွေနဲ့ ပြန်ဆောက်လိုက်မယ် ဆိုရင်တောင်
ဖြစ်သလိုနေနိုင်လောက်တဲ့ အိမ်ကတော့ ဆောက်လို့ရနိုင်ပါတယ် ။ အခုတော့ သူတို့မိသားစု
အနေနဲ့ သိကြားမင်းစေခိုင်းတဲ့ ဝိသကြိုနတ်သားဖန်ဆင်းပေးမယ့် အိမ်ဂေဟာကိုပဲ မျှော်လင့်
နေရပါတယ် ။

ကိုကြည်လွင်အနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်မပါ လိုရာမရောက် ခရီးမပေါက်ဖြစ်
နေတဲ့အပြင် အသက်ရှင်လျက် ဘဝသေသလို ဖြစ်နေပါတယ် ။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ပြီးဆုံးသွားတဲ့အခါ ပျက်စီးဆုံးရှုံးသွားကြတဲ့ မိသားစု
တွေကို လူမျိုးအသီးသီး ၊ ဘာသာစုံအသီးသီးတို့မှ စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူ
ဒါန်းမှုတွေ ပြုခဲ့ကြပါတယ် ။

ကိုကြည်လွင် + မခင်အုန်းမြင့်တို့နေတဲ့ ရပ်ကွက်ထဲမှာလည်း ဗုဒ္ဓဘာသာမဟုတ်တဲ့
အခြားဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေလည်း လာရောက်လှူဒါန်းလျက်ရှိပါတယ် ။
အဲဒီပုဂ္ဂိုလ်တွေဟာ မရှိဆင်းရဲနွမ်းပါးတဲ့လူတွေကို လူသားချင်းစာနာထောက်ထားပြီး ရိုးရိုးသား
သားနဲ့ ထောက်ပံ့လှူဒါန်းကြမယ်ဆိုရင် ဝမ်းမြောက်စွာ သာဓုခေါ်စရာ ဖြစ်ပါတယ် ။

ဒါပေမယ့် “ ပွဲလန့်တုန်းဖျာခင်း “ဆိုတဲ့ပုံစံမျိုးဆိုရင်တော့ ဒါဟာ တကယ့်စေတနာ
အစစ်အမှန် မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအရ အလှူဒါနပြုကြပြီဆိုလျှင်
ကိုယ်လှူဒါန်းလိုက်တဲ့ ပုဂ္ဂိုလ်ထံက ဘာမှမျှော်လင့်ချက်မထားပါဘူး ။ ဗုဒ္ဓကလည်း ခံတွင်းက
ထွေးထုတ်လိုက်တဲ့ တံတွေးပေါက်လို ကပ်ငြိတွယ်တာခြင်း မရှိပဲ လွတ်လွတ်ကျွတ်ကျွတ် စွန့်
ကြဲရမယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ် ။

အချို့ဘာသာဝင်တွေက အဲဒီလို မဟုတ်ပါဘူး ။ ကိုယ့်ဆီကပေးရင် သူ့ဆီကလည်း
ပြန်လိုချင်မှုတွေ ရှိကြပါတယ် ။ အဲဒါကတော့ အခြားတော့မဟုတ်ပါဘူး ။ သူတို့နဲ့ အမြင်တူ
အကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ရာပါပဲ ။

ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေကို အစားအသောက်အကူအညီ
အထောက်အပံ့တွေပေးပြီး ဗုဒ္ဓဘာသာကို အတင်းအကျပ် ကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မရှိ
ကြပါဘူး ။ ကိုယ်ကျွေးမွေးထောက်ပံ့လှူဒါန်းနိုင်လို့ ပေးကမ်းစွန့်ကြဲရင်တောင် အယုတ် – အလတ်
– အမြတ်မရွေး လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ပုဂ္ဂိုလ်မရွေးဘဲ လွတ်လွတ်လပ်လပ်စွန့်
ကြဲပေးကမ်းလိုက်တာမျိုးပဲ ရှိပါတယ် ။ ကိုယ်လှူဒါန်းလိုက်လို့ အလှူခံပုဂ္ဂိုလ်တွေအနေနဲ့ချမ်း
သာသွားတာကို မြင်လိုက်ရရင်ပဲ အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ ဒိဋ္ဌလက်ငင်းကြည်နူးမှုဖြစ်ရတဲ့
ကုသိုလ်မျိုးကိုပဲ မျှော်လင့်ခဲ့ကြပါတယ် ။

အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေး
အသင်းအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ လာရောက်ပေးကြပါတယ် ။ အစတုန်းကတော့ ဘာ
တစ်ခုမှတောင်းဆိုမှုမရှိဘဲ ပေးကမ်းကြပါတယ် ။ ကိုကြည်လွင်တို့မိသားစုကလည်း သူတို့ မိသားစု
ဒုက္ခရောက်နေတဲ့အချိန်မှာ လာရောက်ပေးကမ်းကြတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကို
ကျေးဇူးတင်မဆုံးရှိကြပါတယ် ။

နောက်တစ်ဖြည်းဖြည်း အပေးအကမ်းတွေများလာတဲ့အခါ တောင်းဆိုမှုတွေရှိလာကြ
ပါတယ်။ သူတို့ရဲ့တောင်းဆိုမှုတွေကတော့ “ခင်ဗျားတို့ကို အခုလိုကျွေးမွေးနေတာ ကျွန်တော်
တို့က ကျွေးမွေးနေတာမဟုတ်ဘူး ။ ကျွန်တော်တို့ရဲကဘုရားက ကျွေးမွေးနေတာပါ ။
ကျွန်တော်တို့ဘုရားက သူ့ကို အားထားယုံကြည်မယ့် လူသားတွေကို ဘယ်တော့မှပစ်မထားဘူး ။

သူ့ရဲ့တန်ခိုးတော်နဲ့စောင့်ရှောက်နေတယ် ။ ခင်ဗျားတို့မိသားစုအနေနဲ့ ကျွန်တော်တို့ဘုရားကို
ကိုးကွယ်ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ အခုလောလောဆယ်တွေ့ကြုံနေရတဲ့ ဘဝအခက်အခဲ
ပြဿနာတွေကို ကျွန်တော်တို့ဘုရားရဲ့ဆန္ဒတော်အတိုင်း အဆင်ပြေချောမွေ့တဲ့အထိကူညီပါ့မယ်။

ပြိုလဲနေတဲ့အိမ်ကိုလည်း ပြန်ဆောက်ပေးမယ် ။ ကျောင်းထုတ်ထားရတဲ့ ကလေးတွေ ကိုလည်း
ကျောင်းပြန်တက်နိုင်အောင် ဆက်ထားပေးမယ် ။ ခင်ဗျားမှာဖြစ်နေတဲ့ ရောဂါကို လည်း
ကျွန်တော်တို့ဘုရားရဲ့ မေတ္တာနဲ့ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိ အထူးကု
ဆရာဝန်တွေနဲ့ ကုသပေးပါ့မယ် ။ အခုလိုပြောရတာကလည်း ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်
တင်ချင်လို့ပါ ။ ဒီလိုကယ်တင်တဲ့နေရာမှာလည်း ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှ
ဖြစ်နိုင်မှာမို့ပါ ။ အဲဒါ ခင်ဗျားတို့ မိသားစုအနေနဲ့ စဉ်းစားပြီးရင် ကျွန်တော်တို့ဆီကို အကြောင်း
ကြားပါ “

ကိုကြည်လွင်တို့မိသားစုဟာ မမျှော်လင့်အချိန်မှာ မမျှော်လင့်တဲ့စကားကို ကြားလိုက်
ရတော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားပါတယ် ။ မိမိတို့ ငယ်ငယ်လေးကတည်းက အရိုး
စွဲအောင် ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဘာသာတရားကို စွန့်လွှတ်ပြီး စားဝတ်နေရေး ၊ ကျန်းမာရေး
ကြောင့်အခြားဘာသာတရားကို ကိုးကွယ်ယုံကြည်ရမယ်ဆိုတာ အိမ်မက်တောင်မှမက်ခဲ့ဖူးတာ
မဟုတ်ပါဘူး ။ အခုတော့ ဘယ်လိုမှ ထင်မထားတဲ့အရာတွေက မိမိတို့စိတ်ကို မွန်းကြပ်စေခဲ့ပါ
တယ် ။

ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာအချက်နှစ်ချက်ပေါ်လာပါတယ် ။ အဲဒါကတော့
ယခုဘဝကောင်းစားရေးနဲ့ နောင်သံသရာကျင်လည်ရေးတို့ပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီကိစ္စ ဟာ
မိသားစုအရေးဖြစ်တဲ့အတွက် မိမိတစ်ဦးတည်းနဲ့တင်လည်း ဆုံးဖြတ်လို့မရပါဘူး ။
အိမ်ထောင်ဦးစီးဖြစ်တဲ့ မိမိက ဆုံးဖြတ်ချက်လွဲမှားသွားပြီဆိုလျှင် ဇနီးနဲ့သားသမီးတွေပါ
မိစ္ဆာဒိဋ္ဌိအယူဖြစ်သွားနိုင်ပါတယ် ။

တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း မိမိကျန်းမာရေးကောင်းစဉ်အခါက နှစ်ထပ်အိမ်
ကြီးအပေါ်မှာ ဘာအပူအပင်မှမရှိဘဲ နေလာခဲ့တဲ့သားသမီးတွေဟာ အခုတော့ တစ်ဘက်ရပ်
တဲကုတ်လေးထဲမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရပါတယ် ။
မိသားစုစီးပွားရေး ချွတ်ခြုံကျမှုကြောင့် ကလေးတွေရဲ့ကျောင်းပညာရေးကလည်း
တစ်ပိုင်းတစ်စနဲ့ ကျောင်းထုတ်ထားရပါတယ် ။ သားသမီးတွေရဲ့ ဘဝရှေ့ရေး ၊ မိသားစုစား
ဝတ်နေရေး ၊ မိမိရဲ့ကျန်းမာရေး ၊ နောက်ပြီး တစ်ဘက်ရပ်တဲကုတ်လေးထဲမှာနေရတဲ့ ဘဝ

နောင်ရေးစတာတွေဟာ ကိုကြည်လွင်တို့ မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာထဲ ကို
ရောက်ဖို့အတွက် တွန်းအားတွေဖြစ်စေခဲ့ပါတယ် ။

ဒီအချိန်မှာတော့ အခြားဘာသာဝင်တွေဟာ ကိုကြည်လွင်တို့မိသားစုနေတဲ့အိမ်ကို
နေ့ညမပြတ် တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက်နေကြပြီး သူတို့ဘုရားက လူသားတွေအပေါ်ကို
ဘယ်လိုစောင့်ရှောက်တယ် ၊ တရားတော်တွေရဲ့အနှစ်သာရတွေဟာ
ဘယ်လိုအကျိုးကျေးဇူးများတယ် ၊ သူတို့ဘုရားသာလျှင် လူသားတွေအတွက်
ကယ်တင်ရှင်အစစ်ဖြစ် တယ်

ဆိုတဲ့အကြောင်းတွေကို လာရောက်စည်းရုံးဟောပြောကြပါတယ် ။

သူတို့ဘာသာရေးအဖွဲ့အစည်းများမှလည်း သူတို့လတ်တလော စားသောက်ဖို့ ၊ ဝတ်
ဖို့အတွက် ဆန် ၊ ဆီ ၊ ငြုပ် ၊ ကြက်သွန်မှအစ အဝတ်အထည်များကိုလည်း ပို့ပေးကြပါတယ် ။
နောက်ပြီး ပြိုလဲနေတဲ့ အိမ်ကိုလည်း ပြန်လည်တည်ဆောက်ဖို့အတွက် သံများ ၊ သွပ်များ ၊သစ်များကိုလည်း မက်လောက်အောင် ပို့ပေးကြပါတယ် ။

ကိုကြည်လွင်ခံစားနေရတဲ့ ရောဂါဝေဒနာကိုလည်း သက်သာပျောက်ကင်းအောင်ဆို ပြီး
သူတို့ဘုရားကျောင်းကိုခေါ်ကာ ဝတ်ပြုဆုတောင်းပြီး အထူးကုဆရာဝန်တွေနဲ့ ကုသပေး
ကြပါတယ် ။ အထူးကုဆရာဝန်တွေရဲ့ကျေးဇူးကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့

ကိုကြည်လွင်ရဲ့ဝေဒနာဟာ တဖြည်းဖြည်းသက်သာလာပါတယ် ။ အိမ်ကိုလည်း လက်သမား
များနှင့် ဆောက်လိုက်တဲ့အခါ နှစ်ပတ်အတွင်း ပြီးသွားပါတယ် ။

ကိုကြည်လွင်တို့မိသားစုကို အခုလို စေတနာဗလပွနဲ့ ဘာလို့ ထောက်ပံ့လှူဒါန်းနေကြ
တာလဲဆိုရင် အဖြေကတော့ရှင်းနေတာပါပဲ ။ ခွေးအ,များဟာသူတို့အစာဖြစ်လာမဲ့သားကောင် ကို
စုပေါင်းအင်အားနဲ့ ဝိုင်းအုံလိုက်ပြီး ကိုက်ဖြတ်စားသောက်သလိုမျိုး ဖြစ်နေပါတယ် ။ သူတို့
စက်ကွင်းထဲကို ရောက်လာတဲ့ သားကောင်ကိုလည်း အလွတ်ပေးတယ်ဆိုတာ မရှိပါဘူး ။

အခုလည်းပဲ ကိုကြည်လွင်တို့ မိသားစုဟာ သူတို့အတွက် သားကောင်ဖြစ်ခဲ့ရသလို သူတို့
ထောက်ပံ့လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေဟာလည်း ကိုကြည်လွင်တို့ မိသားစုအတွက်တော့
အဆိပ်ဖြစ်ခဲ့ရပါတယ် ။ ကိုကြည်လွင်တို့နေမယ့် အိမ်လေးဆောက်ပြီးလို့ တစ်ပတ်လောက်
အကြာမှာတော့ သူတို့ကိုထောက်ပံ့လှူဒါန်းကြတဲ့ပုဂ္ဂိုလ်တွေ စုရုံးရောက်ရှိလာကြပါတယ် ။သူ
တို့ဘာတွေပြောကြတယ် ၊ ဘာတွေလုပ်ကြတယ်ဆိုတာကတော့ ကိုကြည်လွင်တို့မိသားစုနှင့်
သူတို့သာလျှင် အသိဆုံး ဖြစ်ပါတယ် ။

သေချာတာတစ်ခုကတော့ နောက်နေ့မနက်ပိုင်းမှာ ကိုကြည်လွင်တို့မိဘဘိုးဘွားတွေ
လက်ထက်ကတည်းက အိမ်ဦးခန်းမှာ အမြတ်တနိုးကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာ
အိမ်ရှေ့ရှိ ရေမြောင်းထဲ ရောက်နေတယ်ဆိုတာပါပဲ ။

အိမ်နီးနားချင်းရှိ ဗုဒ္ဓဘာသာဝင်တွေမှာ ဗုဒ္ဓရုပ်ပွားတော် အိမ်ရှေ့ရှိ ရေမြောင်းထဲရောက်
နေတာနှင့်ပတ်သက်လို့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ် ။ မဆင်မခြင်
နဲ့ဘာသာပြောင်းသွားတဲ့ ကိုကြည်လွင်တို့ မိသားစုကိုလည်း အခြားဗုဒ္ဓဘာသာဝင်တွေက မနှစ်
မြို့ကြပေမယ့် သူတို့ရဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုတော့ ဘယ်သူမှ မတားမြစ်ကြပါ ဘူး ။

ဒါပေမယ့် ဗုဒ္ဓရုပ်ပွားတော်ကိစ္စနှင့်ပတ်သက်လို့ကတော့ “ ခင်ဗျားတို့ မယုံကြည်လို့
မကိုးကွယ်ရင်နေပါ ။ ဒီလို လူမြင်မကောင်းတဲ့နေရာမှာတော့ စွန့်ပစ်မထားပါနဲ့ “ ဆိုတော့မှ
ဗုဒ္ဓရုပ်ပွားတော်ကို ပြန်ပင့်ပြီး ရပ်ကွက်ထဲရှိရေကန်ကြီးထဲကို သွားရောက်စွန့်ပစ်လိုက်ပါတယ် ။
ဒီနေရာလေးမှာ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီး ပြောစရာစကားလေးတွေ
ရှိလာပါတယ် ။ အခြားဘာသာဝင်တွေဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မယ့်လူပုဂ္ဂိုလ်

များပေါ်ပေါက်လာပြီဆိုလျှင် အဲဒီပုဂ္ဂိုလ်များကို သူတို့ဘာသာထဲမရောက်ရောက်အောင်အစွမ်း
ကုန်ထိ ကြိုးစားပြီး လက်ကမ်းခေါ်ယူကြပါတယ် ။ ဒါပေမယ့် သူတို့ဘာသာဝင်တွေထဲက
တစ်ယောက်ယောက်ကများ အခြားဘာသာထဲကို ဝင်မယ်ဆိုရင်တော့ သေလုမတတ်ကြောက်
ကြပါတယ် ။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါဟာ သူတို့ကို အပြစ်တင်စရာမဟုတ်ပါဘူး ။ အတုယူစရာ
ဖြစ်ပါတယ် ။ အချို့ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာတရားအပေါ် မကြည်ညိုသေး
တဲ့သူတွေကိုလည်း ကြည်ညိုတတ်လာအောင် နည်းပေးလမ်းပြနိုင်မှု မရှိသလို ကြည်ညိုပြီး
သားဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေက စားဝတ်နေရေး ၊ ကျန်းမာရေးနှင့်လူမှုရေးတွေကြောင့်
အခြားဘာသာထဲကို ပြောင်းသွားရင်လည်း ဘယ်လိုခံစားမှုမျိုးမှ မထားတတ်ကြပါဘူး ။ ဒါဟာ
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကြီးလေးတဲ့ ပေါ့ဆမှုတစ်ခုဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာတည်တံ့ဖို့ဟာ လူတွေအားလုံးရဲ့အပေါ်မှာ အခြေခံ
ထားတာမဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အပေါ်မှာသာ အခြေခံထားတာ ဖြစ်ပါ တယ်
။ မြန်မာလူမျိုးတွေဖြစ်နေပေမယ့် ဗုဒ္ဓဘာသာမဟုတ်ကြတဲ့ လူတွေအများကြီးရှိပါတယ် ။

ဒီလိုပြောလို့ မြန်မာလူမျိုးအချင်းချင်း သွေးခွဲတာလားလို့ မေးစရာဖြစ်လာပါတယ် ။
သွေးခွဲတာမဟုတ်ပါဘူး ။ ဘာသာနဲ့လူမျိုး ၊ လူမျိုးနဲ့ဘာသာဟာ တစ်ချို့နေရာတွေမှာ အတူ
တကွရှိနေကြသလို ကွဲပြားတာတွေလည်း ရှိပါတယ် ။ မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ အများ
အားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ် ။ ဗုဒ္ဓဘာသာလို့ ဆိုလိုက်ပြန်ရင်လည်း အများအား
ဖြင့် မြန်မာလူမျိုးတွေက များပါတယ် ။

ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာနိုင်ငံတော်ကြီးမှာ ရေရှည်တည်တံ့
နိုင်ဖို့ဆိုရင် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုးရှိကြဖို့ လိုပါတယ် ။

ဟိုရပ်ကွက်က အခြားဘာသာထဲကို တစ်ယောက်ပါသွားလိုက် ၊ ဒီရပ်ကွက်က တစ်မိသားစု
လုံးပြောင်းသွားလိုက်ဆိုရင် ကြာလာရင် ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အထောက်အပံ့ပေးနိုင်
မယ့် မြန်မာလူမျိုးများ တဖြည်းဖြည်းလျော့ပါးသွားနိုင်ပါတယ် ။

ဒီအကြောင်းမျိုးတွေကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အခြားဘာသာထဲကို ပြောင်း
သွားရင် တော်တော်ကိုပဲ စိတ်ထိခိုက်ဖို့ကောင်းပါတယ် ။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေ ကို
မနှစ်သက်လို့ ဒါမှမဟုတ် အခြားဘာသာရေးတရားတော်တွေကို ယုံကြည်လို့ ပြောင်းသွားတယ်ဆိုရင်တော့ သူတို့ရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်လို့ ပြောလို့ရပါတယ် ။

ကိုကြည်လွင်တို့ မိသားစုဟာ သူတို့ပြောင်းသွားတဲ့ ဘာသာအပေါ်ကို တကယ်ယုံကြည်
မှုအပြည့်ရှိလို့ ပြောင်းသွားကြတာ မဟုတ်ပါဘူး ။ လတ်တလောတွေ့ကြုံနေရတဲ့ မိသားစုဘဝ
ပြဿနာတွေကို အဖြေရှာဖို့ ပြောင်းသွားကြတာဖြစ်ပါတယ် ။ အခြားဘာသာဝင်တွေက သူတို့
ကိုထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေကြေးဟာ လေးငါးခြောက်သိန်းလောက်ပါတယ်။

ဒီစကားကိုရှင်းအောင်ပြောရရင် ငွေခြောက်သိန်းနှင့် လူခြောက်ယောက်ကို သူတို့ဘာသာ
ဝင်ဖြစ်အောင် ဝယ်ယူလိုက်တာပဲဖြစ်တယ် ။ အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်သာ ခြောက်
ယောက်လို့ထင်ရပေမယ့် သူတို့ရဲ့နောင်ဖြစ်လာမယ့်မျိုးဆက်သစ်အဆက်ဆက်ကို ကြည့်မယ်
ဆိုရင်တော့ ဆယ်ဂဏန်း ၊ ရာဂဏန်းတောင် မကပါဘူး ။ အခြားဘာသာဝင်တွေကလည်း ဒီလိုမျိုး
သားသမီးများတဲ့မိသားစုကိုပဲ အဓိကပစ်မှတ်ထားတတ်ကြပါတယ် ။

ဒီနေရာလေးမှာ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီးများကို သိစေချင်တာလေးက အခြား
ဘာသာရေးအသင်းအဖွဲ့များလို အောက်ခြေသိမ်း သာသနာပြုမယ်ဆိုရင် ပိုပြီး ထိရောက်မယ် လို့
ထင်ပါတယ် ။ မလိုအပ်ပဲ ဘုရားတည်တာ ၊ ကျောင်းဆောက်တာ နောက်ပြီး ပေါများတဲ့နေ
ရာတွေမှာ အလှူဒါနပြုတာတွေဟာ “ ရေပြည့်နေတဲ့အိုးကို ထပ်ဖြည့်သလိုမျိုး “ ဖြစ်နေတတ်
ပါတယ် ။

ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခုကများ ထောက်ပံ့လှူဒါန်း
လိုက်မယ်ဆိုရင် အခြားဘာသာထဲကို ရောက်သွားစရာအကြောင်း မရှိပါဘူး ။ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးများအနေနှင့် ကိုကြည်လွင်တို့ မိသားစုလို ဟိုတစ်ယောက်ဒီတစ်ယောက် ဘာသာ
ပြောင်းသွားရုံနဲ့ ဒို့ဗုဒ္ဓဘာသာကြီးတော့ ဘာမှ မဖြစ်သွားပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လေးတော့ မနေ
လိုက်ကြပါနဲ့ ။ ကြာလာရင် လူမျိုးရောဘာသာပါ ပျောက်သွားနိုင်တယ်ဆိုတာ ကောင်းကောင်း
ကြီး သတိထားကြဖို့ လိုအပ်ပါတယ် ။

အမျိုးဘာသာနဲ့ပတ်သက်ပြီး ကိုကြည်လွင်တို့ရပ်ကွက်ထဲမှာ စိတ်မကောင်းစရာတွေတစ်ခုပြီးတစ်ခုပေါ်လာပြန်ပါတယ် ။
ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေ က
မရှိဆင်းရဲနွမ်းပါးတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုတွေကို သူတို့ဘာသာထဲဝင်ရင် အိမ်ဆောက် ပေးမယ် ၊
ငွေဘယ်လောက်ပေးမယ် ၊ လစဉ်ဘာတွေထောက်ပံ့ပေးမယ် ၊ အပတ်စဉ်သူတို့
ဘုရားကျောင်းကိုလာရင် ငွေငါးရာနှင့်ဆန်တစ်ပြည်ပေးမယ်ဆိုပြီး ပြောင်ပြောင်တင်းတင်း
ဝင်ရောက်စည်းရုံးနေကြပါတယ် ။

မရှိဆင်းရဲနွမ်းပါးတဲ့သူတွေဟာ သူတို့ရဲ့ဘုရားကို ယုံကြည်တာ မယုံကြည်တာထက်
လောလောဆယ်ရမယ့် ဆန်တစ်ပြည်နဲ့ ငွေငါးရာမက်ပြီး သူတို့ဘုရားကျောင်းကို သွားနေကြ
ပါတယ် ။ အခုလောလောဆယ် ကိုကြည်လွင်တို့ မိသားစုအပါအဝင် အခြားဘာသာထဲကို
ပြောင်းသွားတဲ့ မိသားစု(၆)စုရှိသွားပြီလို့ သိရပါတယ် ။
ဒါဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့ဖို့အတွက်
အပေါင်းလက္ခဏာ မဟုတ်ပါဘူး ။ အနှုတ်လက္ခဏာသာဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာဝင်များအနေ ဖြင့်
မဖြစ်စလောက်ငွေကြေး အစားအသောက်ရရုံလောက်နဲ့တော့ မိမိတို့ ဘိုးဘွားအစဉ်အ ဆက်တွေ
ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဘာသာတရားကို မစွန့်လွှတ်သင့်ပါဘူး ။ ဘာသာ
လည်းသိက္ခာကျသလို လူမျိုးလည်း မျက်နှာငယ်ရပါတယ် ။ ဒါလောက် ငွေကြေးလောက်က တော့
ဘယ်ဘုန်းကြီးကျောင်း ၊ ဘယ်သီလရှင်ကျောင်းမှာ ဝင်တောင်းဦးတော့ ရနိုင်ပါတယ် ။

အခြားဘာသာအခြားလူမျိုးတွေဆီမှာ ဘာမှ မျက်နှာသွားငယ်စရာ မလိုပါဘူး ။ အခြားဘာသာ
ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေကြေးကို ဗန်းပြပြီး မရှိဆင်းရဲ နွမ်းပါးတဲ့သူတွေအပေါ်
အတင်းအဓမ္မကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး ။ အဲဒီလို ပြုလုပ်ခြင်းဟာ ဗုဒ္ဓ
ဘာသာအပေါ်ကို တစ်ဘက်လှည့်နဲ့ စော်ကားသလိုမျိုး ဖြစ်နေပါတယ် ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံဆိုတာ သိထား
သင့်ပါတယ် ။ အဲဒါကြောင့် လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ငွေကြေးနဲ့ ဝယ်ယူစရာမလိုပါ ဘူး ။
အဲဒီလို ငွေကြေးနဲ့ ဝယ်ယူလို့ရတဲ့ ဘာသာတရားဆိုရင်လည်း ဘယ်တော့မှ အစစ်အမှန်
ဖြစ်မလာနိုင်ပါဘူးဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားဖို့ လိုပါတယ်။

ဖိုးပညော(သပိတ်ကျင်း)

ဖြည့်စွက်ချက်
အထက်ပါဇာတ်လမ်းမှာ ဖြစ်ရပ်မှန်ဟုတ်မဟုတ်မသိပါ။ FWD mail မှရ၍ပေးပို ့ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်
များ ‘ကာလမသုတ်’တော်ထဲကအတိုင်း ကိုယ့်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပြီး အမျိုး၊ဘာသာ၊သာသနာအတွက် ကာကွယ်
သင့်ပါသည်။ တခြားဘာသာဝင်သူငယ်ချင်းများအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင် အထူးတောင်းပန်ပါတယ်။

တောင်းပန်တယ်နော်အပြစ်မပြောကျနဲ့

6 comments

  • thihayarzar

    August 20, 2010 at 12:41 pm

    ဟုတ်မှာပါ …. သူတို့ဒီလိုအမြဲတမ်းလုပ်တက်တယ်ဗျာ …… ကျွန်တော်လူမျိုးတွေဘက်ကလည်း လိုတယ်ဗျာ …. ဝိုင်းဝန်းကူညီသင့်တယ်ဗျာ …..

  • MandalayThar

    August 20, 2010 at 1:06 pm

    လိုတာပြောဆို မြန်မာလူမျိုးတွေက အဖွဲ့အစည်းနဲ့ကို မနေတတ်တာက စရမှာဘဲ။ ဘာဖွဲ့ဖွဲ့ မကြာခင် ကွဲတာဘဲ။ အဲဒီမှာ ဘာမှ ရှေ့ဆက်လုပ်လို့ကို မရတော့ဘူး။

  • kopauk mandalay

    August 20, 2010 at 3:14 pm

    ကျနော့်အမြင်ပြောရရင် စိတ်မခိုင်မာသူတွေ တကယ်တမ်းနှစ်နှစ်ကာကာ ယုံကြည်မူ့မရှိသူတွေကတော့ အကြောင်းပြပြီးပြောင်းအုံးမှာပါ။
    ထပ်ပြောရရင် စိတ်ထဲမှာ အမှန်တကယ်မယုံကြည်ဘဲ လူအများကြီးရှိနေတာထက် တကယ်ကို နှစ်နှစ်ကာကာ ယုံကြည်သူတွေချည်းဘဲ
    ရှိနေတာက ပိုပြီးကောင်းမယ်လို့ထင်ပါတယ်။
    ကျနော်လည်း ဗုဒ္ဓဘာသာ ဝင်တစ်ယောက်ဖြစ်ပါတယ်။
    တစ်ခုတော့ရှိပါတယ် ဘယ်ဘာသာကို ကိုးကွယ်သူဖြစ်ပါစေ ဘာမှ မကိုးကွယ်ဘူးဆိုတာထက်တော့သာပါတယ်။
    ဘယ်ဘာသာတရားမဆို မတူညီသော အမြင်တွေရှိတာမှန်ပေမဲ့ အားလုံးမှာတူညီသောအချက်ကတော့ ကိုးကွယ်သူကို ကောင်းတဲ့လမ်းကိုရောက်ညွန်ပြသူတွေဦးဆောင်လို့ ယဉ်ကျေးအောင် သင်ကြားပေးတာပါ။

  • chitsayar

    August 20, 2010 at 4:25 pm

    ဟုတ်ပါတယ်ဗျာ ဒီတွက်တော့ ဝမ်းနည်းမနေကြပါနဲ ့
    ဗုဒ္ဓရဲ ့တရားတော်တွေထည်းက ကံ ကံ၏ အကျိုးကို နားလည်နိုင်သူ မဟုတ်လို ့ပါ
    စည်းရုံးသူထက် ယုံကြည်ချက်အားနည်းသူရဲ ့အကြောင်းလို ့ဘဲထင်ပါတယ်

  • cool

    August 20, 2010 at 4:27 pm

    တဆိတ်လောက်နော်.ကိုပေါက်ပြောတာကို သိပ်မရှင်းလို ့ပါ…(စိတ်ထဲမှာ အမှန်တကယ်မယုံကြည်ဘဲ လူအများကြီးရှိနေတာထက် တကယ်ကို နှစ်နှစ်ကာကာ ယုံကြည်သူတွေချည်းဘဲ
    ရှိနေတာက ပိုပြီးကောင်းမယ်လို့ထင်ပါတယ်။) လို ့ပြောတာကို လက်မခံချင်လို ့ပါ..ကိုပေါက်ပြောသလိုဆိုရင်
    မယုံကြည်တဲ ့သူတွေက်ို ယုံကြည်လာအောင် နားလည်လာအောင် လုပ်ပေးရမယ် ့အစား သွားသွား လို ့ နှင်ထုတ်ရမှာလား….မယုံကြည်ဘူးဆိုတာ နားမလည်သေးလို ့ပါ…တကယ်ကို နှစ်နှစ်ကာကာ ယုံကြည်သူတွေချည်းဘဲပေါင်းစုကြမယ်ဆိုတဲ ့အစား အတတ်နိုင်ဆုံး အားလုးံကို တူတူလက်တွဲခေါ်သွားရင် ပိုမကောင်းဘူးလား…….

  • Maung Dae`

    August 21, 2010 at 3:53 am

    ဒီလိုပါပဲ… NGO တွေထဲမှာလဲ ဘာသာရေးကိုအဓိကလုပ်နေတဲ့ NGO တွေရှိတယ်။ သူတို့ကကျတော့ ပွဲလန့်တုန်း ဖျာခင်းတာပေါ့ဗျာ။ ကျွန်တော်ကတော့ အဲ့ဒီအဖွဲ့အစည်းတွေကို လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းလို့ လုံးဝမမြင်ပါဘူး။ သူတစ်ပါး ဒုက္ခရောက်နေတုန်း အခွင့်အရေး ယူတက်တဲ့ အဖွဲ့အစည်းလို့ပဲမြင်ပါတယ်။ ပြီးတော့ သူတို့ NGO မှာ သူတို့ ဘာသာဝင်တွေကိုပဲ ခန့်ထားလေ့ရှိပါတယ်။

Leave a Reply