ဇာတ်မျော
ဇာတ်မျော
ပြဇာတ်ဒါရိုက်တာက
ဇာတ်ညွှန်းကိုကြိုတင်ရေးမထားဘူး
အဲ့သည့်တော့
ကြိုတင်ဇာတ်တိုက်ထားချိန်လဲမရှိဘူးပေါ့
ပြဇာတ်ခွင်ထဲရောက်မှ ဇာတ်ရုပ်ချ
ဇာတ်လိုက်က ဗီလိန်ဖြစ်လိုဖြစ်
ဗီလိန်က ဇာတ်လိုက်ဖြစ်လိုဖြစ်
ကလိမ်ကကျစ်နဲ့ နေရာဝယ်သူဝယ်
တစ်ကယ့်ကို စိတ်ညစ်စရာကြ်ီးပါ့ ။
သူစိတ်မထင်ရင်
(ပြဇာတ်ဒါရိုက်တာပေါ့ )
ကန့်လန့်ကာ ချချပစ်
ဒီတစ်ခန်းပြီးပြီတဲ့
သရုပ်ဆောင်နေတဲ့ သူတွေခမြာ
အခုမှ မုဒ် ဆိုတာလေးဝင်တုန်း
ငိုရအခက် ရီရလဲအခက်
( ပြဇာတ် ကနေတုန်းလေ )
နောက်တစ်ခန်းအတွက်
အိုဗာချာ တီးနေတုန်း
ဇာတ်ရုပ်ချ ( မြန်မြန် )
ဇာတ်ညွှန်းခွဲ ( မြန်မြန် )
ပြီးရင် ကန့်လန့်ကာပြန်တင်
ဘယ်က ပြန်စရမှန်းမသိ
ဦးရာလူက စဖွင့်
ဇာတ်ရုပ်တွေနှေးနေရင်
ကားလိပ်ကြားက သူကငေါက်သေး ။
ကန့်လန့်ကာချ ( ဒီအခန်းတော်ပြီ တဲ့ )
အဲ့ဒိလိုနဲ့
ပြဇာတ်ဟာ
ဇာတ်မျောနေပေါ့ ။
ပရိဿတ်ကလား
ခင်များ တို့ကြည့်နေတာပဲလေ ။
နေဝန်းနီ 10:04
2015 Mar; 12
5 comments
Alinsett@Maung Thura
March 12, 2015 at 10:54 am
ဇာတ်မျော…ထဲ … ဟက်ထိုးလဲကျသူများအဖြစ်… ပီပီပြင်ပြင် သရုပ်ဆောင်သွားကြသူများကတော့….
black chaw
March 12, 2015 at 4:07 pm
ကိုနေကြီးရေ…။
ခေါင်းစဉ်ကိုကြည့်ပြီး
ကိုင်ဇာ့ သမိုင်းဦးတုန်းက သီချင်းလေး…လှမ်းသတိရလိုက်မိတယ်…။
ဇာတ်မျောလေးထဲမှာ…
ကျွန်တော်လည်း မလှုပ်ဝံ့ပါ…။
ဆိုတဲ့ စာသားလေး မှတ်မိနေတယ်ဗျာ…။
တကယ်လည်း ဇာတ်မျောလေးထဲမှာ
ကျွန်တော်တို့ မလှုပ်ဝံ့အောင် ဖြစ်နေရတာမဟုတ်လားဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
မြစပဲရိုး
March 13, 2015 at 5:17 am
ဘာမှ မီလုပ်ပါဝူး။
နောက်တစ်ယောက် ပို ကောင်း တာများ ရမလားလို့ ပါ ကိုချော ရယ်။ lol:-)))
manawphyulay
March 13, 2015 at 4:18 pm
နှစ်ခေါက်လောက် ဖတ်မှ ဇာတ်မျောရဲ့ အဓိပ္ပာယ်ကို သေချာ သိတော့တယ်။ ဇာတ်မျောဆိုပြီး မထူးဇာတ်တော့ မခင်းလောက်ပါဘူးနော်….
Wow
March 13, 2015 at 4:30 pm
ပြဇတ်ရုံမီးရှို့လိုက်ရင်ကောင်းမား ဆြာနီ
ခုတလော အဖျက်သမားဆိတ်တွေပဲဝင်နေဒယ်.. နာမင်းသမီး မလုပ်ရလို့ကတော့ ပတ်ထီးဂျီး ထိုးဖောက်မာပဲ