Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူမနှင့် လေဒီဖုန်းများ

lady fingerMarch 16, 20151min101228

ခုခေတ်က လူတိုင်းတဖုန်းဖုန်းနဲ့ ဟ..လို ဟ..လို လုပ်နေကြတဲ့ခေတ်ရောက်နေပြီ…. လို်င်းတွေကလည်း ရွေးချယ်ဝယ်လို့ရတဲ့ အနေအထားပေါ့လေ…
တို့ကတော့ တို့ကတော့ တို့ကို ကျလောက်အောင်ပြောပြီး ချူစားတတ်တဲ့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ပေးတတ်ခဲ့တဲ့ ရည်းစားဦးကြီးကို အစွဲအလမ်းမပြတ်နိုင် မိုက်လုံးကြီးနေသေးတုန်းပဲ ပြောပြော…. contact no. တွေပြောင်းပေးရမှာ အပျင်းကြီးတယ်ပဲဆိုဆို….မပုတုမှ မပုတုပါပဲရှင်…ဂလု 🙁

အင်းးး လူတိုင်းဖုန်းကိုင်လာနိုင်တော့ ဆက်သွယ်ရတာတွေပို အဆင်ပြေလာတာပေါ့…..အင်းးးးး တဘက်ကလည်း ဖုန်းဆက်ခြင်း ဖုန်းပြောခြင်း အတတ်ပညာလေးတွေ လောကနီတိထဲဖြစ်ဖြစ် public area မှာဖြစ်ဖြစ် ပညာပေးဆောင်ပုဒ်လေး ကပ်ထားရင် ကောင်းမယ်ထင့်…ဒါမှ public area မှာ
အလန့်တကြား ringtone တွေ အပြိုင် အဆိုင် မိုင်ကုန် မြည်နေတာ…တမိုင်ပတ်လည်လောက် ကြားအောင် အော်ဟစ်ရီမော ဆဲဆိုကာ ဖုန်းပြောတာတွေ
လျော့နည်းသွားမှာ…. တချို့က တမင်လုပ်တာမဟုတ် အမှတ်မထားပြုမူကြတာ…. ပညာတတ်တွေချည်း အလုပ်လုပ်ကြပါတယ်ဆိုတဲ့ ရုံးခန်းတွေ
educational workshop တွေမှာတောင် ထပ်ခါတလဲလဲမြင်တွေ့နေရတာဆိုတော့လည်း…..

ဖုန်းခဏခဏ မှားခေါ်တာတွေ မှားခေါ်တဲ့ သူကပဲ ဘုတောသွားတာတွေ စသဖြင့်ပေါ့လေ ဖုန်းနဲ့ ပက်သက်ပြီးပြောစရာတွေများတော့ ထားလိုက်ပါတော့…
highlight လုပ်ပြီးပြောပြချင်တာကတော့ တို့နဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့နေရတဲ့ လေဒီဖုန်းတွေအကြောင်း……..

တို့အလုပ်က အိမ်မှာတင်လုပ်ရတဲ့ အလုပ်ဆိုပေမယ့် အရေးကြီးရင်ကြီးသလို တရက် ၁၂ နာရီလောက် computer screen ထဲကိုခေါင်းနစ်မတတ် လုပ်ရတဲ့အလုပ်၊
အဲဒီတော့ အိမ်အလုပ်တွေ ကူလုပ်ပေးတဲ့ အိမ်အကူခေါ်ရတယ်ပေါ့လေ…. အင်းးး အိမ်အကူဆိုလို့ သတင်းတွေထဲမှာ ဖတ်လိုက်ရရင် အိမ်ရှင်တွေက အိမ်အကူတွေကို နှိပ်စက်ထားလိုက်တာ မမြင်ရက်စရာ… တွေးမိတယ် အဲဒီမိန်းကလေးတွေ ကံဆိုးလိုက်တာလို့…တို့ကိုယ်တိုင်ရော တို့မိဘ တို့ မိတ်ဆွေတွေလည်း
အလုပ်အင်မတန်များသူတွေဆိုတော့ အိမ်အကူနဲ့ လွတ်ကင်းတဲ့သူခပ်ရှားရှား… ရိုက်ဖို့နှက်ဖို့နေနေသာသာ စိတ်ကောက်ပြန်သွားမှာ စိုးလို့ လေသံတောင် မာမာမဟရဲ… အဲလိုတန်ဖိုးရှိတယ်လေ…သူတို့ရှိလို့ အလုပ်ကောင်းကောင်းလုပ်နိုင်လို့…

တို့ကတော့ အိမ်ကိုမှောက်လိုမှောက် သွန်လိုသွန်လိုသွန် အလုပ်ကိုဖြောင့်ဖြောင့်တန်းတန်း လုပ်ရပြီးရောသဘောထားလိုက်တော့ အိုကေမှာစိုပြေ….အဲ..စိုပြေခဲ့

လေဒီဖုန်း(၁)က လခကြိုထုတ်ပြီး ဖုန်းဝယ်…အိုကေ…အိမ်နဲ့ ဖုန်းတွေပြောကြ…အိုကေ… လက်တဘက်ဟင်းချက်လိုက် အဝတ်လျှော်လိုက် လက်တဘက်က မလွှတ်တမ်းဖုန်းတွေပြော…အင်း ရခါစမို့ပါ…ည ၂ နာရီလောက် အထိ ဖုန်းမြည်သံ ဖုန်းပြောသံကျယ်ကျယ်လောင်လောင်…အင်း သတိပေးရပြီ ကိုယ်ဖုန်းပြောတာ
သူတပါး မထိခိုက်စေဖို့… အိမ်ကိုပုံမှန်ပိုက်ဆံပို့သူက ဖုန်းခဖိုးပင် အလျှင်မမှီချင်တော့… သတိပေးရပြီ ကိစရှိမှဖုန်းပြောဖို့… ကိုယ့်ပိုက်ဆံအိတ်ထဲက မှတ်မှတ်သားသားထားတဲ့ တသောင်းတန်လေးတွေခုန်ပျံ…ဖုန်းဆိုင်ကအန်တီကြီးနဲ့ တွေ့အပြီး… ခုန်ပျံသွားတဲ့ စက်ကူလေးတွေအကြောင်း အရိပ်အမြွက်ေံပြာသတိပေး… အင်းးး တို့ သတိပေးတာတွေ သိပ်ကို များသွားခဲ့တယ် ထင်တယ်…လေဒီဖုန်း(၁)နဲ့ တဇာတ်သိမ်းသွားတော့တယ်…

လေဒီဖုန်း(၂)နဲ့ တွေ့ပါပြီ… လခကြိုထုတ်ချင်တယ်…ဖုန်းဝယ်မို့…ဟင်..အင်းလေ.လူတိုင်းတော့ မတူနိုင်ပါဘူး..အိုကေ…ဒီလိုနဲ့ မနက်တိုင်းအိမ်နဲ့ဖုန်းပြော အော်ဟစ်ဆဲဆို… လုပ်စရာတွေဘေးချ… every time gamer … ထုံးစံအတိုင်း ပြောရပြန်…အချိန်လေးသတ်မှတ်ပြီး ကစားပေးဖို့… ဒိလိုနဲ့ပဲပေါ့လေ… အလေးမထားမှုတွေရဲ့ အဆုံးမှာပဲ လေဒီဖုန်း(၂)နဲ့ လမ်းခွဲ…

လူထပ်ရှာဖို့ ဝမ်းကွဲ အမတွေ မိတ်ဆွေတွေဆီသွားအပြီး…ကိုယ်နဲ့ချွတ်စွတ်ကိုတူနေတဲ့ အကြောင်းအရာတွေနားထောင် အပြီးမှာတော့…တို့လက်လျှော့လိုက်ပါပြီ လူတွေကွဲလည်း မူတွေကွဲမည် မဟုတ်… ပြုပြင်ဖို့ ကြိုးစားလည်း ကြိုးစားသူအလွန်သာ… လေဒီဖုန်းကတော့ လေဒီဖုန်း ဖြစ်ဆဲပဲဖြစ်မည်ထင်ပါသည်။ ။

28 comments

  • မ​နေ့ကတင်​ ကိုယ်​့ဆီက အ​ကြောင်​းအမျိုးမျိုးနဲ့ ပိုက်​ဆံ​ချေးတတ်​တဲ့ အမျိုးသားရဲ့ဌာနက သန်​့ရှင်​း​ရေးဝန်​ထမ်​း​လေဒိဖုန်​းမ​လေး​ရေးထားခါစမို့ အ​တွေ့ကြုံဆင်​တယ်​။
    နားလည်​​ပေးရမယ်​့​ခေတ်​​ပေမယ်​့
    လွန်​လာရင်​​တော့ကျိတ်​သီးမခံပါနဲ့။​ပြောသာ​ပြောတယ်​ ကိုယ်​​တောင်​ စိတ်​ဆိုးပြီး သူ့မျက်​နှာမ​ကောင်​းတာမြင်​​တော့ စိတ်​​ပြေချင်​​နေပြီ
    🙂

    • chate chate

      March 17, 2015 at 6:08 am

      ဟုတ်တယ်..တခြားအရာတွေ သည်းခံနိုင်ပေမယ့် တခုခုအာရုံစိုက်နေတုန်း ဖုန်းသံပြဲခနဲ ဖုန်းေ

      ့ဟုတ်တယ်နော် …ပြောပြီးပြန်လည်း စိတ်မကောင်း

  • ခင်ဇော်

    March 16, 2015 at 7:36 pm

    အချိန်သတ်မှတ်ပေးလိုက်လေ။
    ကိုယ့် အလုပ်ချိန်ကို ဖုန်းမပြောခိုင်းနဲ့။
    သူတို့လုပ်အားနဲ့ အချိန်ကို ကိုယ်က ပိုက်ဆံပေးဝယ်ရတာလို့ပဲ သဘောထားလိုက်။
    ကိုယ့် အလုပ်ကို မလုပ်ရတဲ့ အချိန်မှ သူတို့ကိုယ်ပိုင်အချိန်မှ ပြောခိုင်းး
    ဝင်စကတည်းက ပြောမှရမယ်ထင်တယ်။

    :a:

    • chate chate

      March 17, 2015 at 6:15 am

      ်ခက်တာက ဖုန်းသံကြောင့် လန့်လန့်နိုးတဲ့ ညဘက်က သူတို့ ကြူုချင်တိုင်းကြုူလို့ရတဲ့ သူတို့ ကိုယ်ပိုင်အချိန်
      ဖြစ်နေတယ် :'(
      ကိုယ်တိုက်ခန်းကလည်း ကျဉ်းသကိုး

  • Mr. MarGa

    March 16, 2015 at 7:48 pm

    ဆုပေး ဒဏ်ပေး စနစ်နဲ့ သွားကြည့်ရင် ဘယ်လိုနေမလဲ
    :a:

    • chate chate

      March 17, 2015 at 6:19 am

      ဟမရေး….ဒဏ်ပေးစနစ်မစခင်ဆုပေးစနစ်တုန်းကတော့ ပျော်တပြုံးပြုံး အဲ..ဒဏ်ပေးစနစ်လဲရောက်ရော
      တချိုးတည်းလစ်ကြတော့တာ…သူတို့ အတွက်က အလုပ်မရှားဘူးလေ..

  • မွသဲ ( 17082011 )

    March 16, 2015 at 7:55 pm

    ဟမလေး လေဒီဖုန်း ဂျန်းတဲမန်းဖုန်းတွေနဲ့ကတော့ အလုပ်ထုပ်ပစ်ရပေါင်းမနဲ။

    • chate chate

      March 17, 2015 at 10:33 am

      ဒါဆို ဒီကိစကပေါ့သေးသေးတော့ ဟုတ်တော့ဘူးနော်… သူတို့အတွက်ရော ကိုယ့်အတွက်ရော အရှိန်ပျက်တယ်

  • naywoon ni

    March 16, 2015 at 8:32 pm

    အဲ့သဟာ​ကြောင်​့ စာ​ပေ​ဟော​ပြောပွဲ တစ်​ခုမှာ ဆရာ​မောင်​သာချိုလား ​ပြောသွားတာ။
    ” ထိုင်​းမှာ မြန်​မာကို ဖမ်​းရလွယ်​တယ်​တဲ့ ပထမဆုံး ပါးစပ်​ကြည်​့သတဲ့ ကွမ်​းစားထားရင်​ ကွမ်​း​သွေး​ပေ​နေရင်​ မြန်​မာတဲ့ ​နောက်​ လမ်​း​ပေါ်မှာ ဖုန်​းပွတ်​​နေတာ​တွေ့ရင်​ မြန်​မာ ​သေချာပြီတဲ့ “

    • chate chate

      March 17, 2015 at 10:37 am

      yeah… out of control း(

  • padonmar

    March 16, 2015 at 9:48 pm

    စက်ရုံမှာတော့ အလုပ်ဝင်တာနဲ့ ဖုန်းတွေကို စက္ကူဖာလေးတွေနဲ့ ခွဲထည့်ပြီး အပ်ထားခိုင်းရတယ်။
    အဲဒီလို အပ်ထားတဲ့ ဖုန်းတွေကိုကြည့်ပြီး လာသမျှ ဧည့်သည်နိုင်ငံခြားသားတွေက လက်မထောင်ပြသွားတယ်။
    ဒီစနစ်ကို သဘောကျတယ်ပေါ့။
    ဒါပေမယ့် အခြားအလုပ်မှာတော့ ကျင့်သုံးလို့မရသေးဘူး။
    အိမ်က လေဒီဖုန်းကတော့ လူကြီးတွေ မရှိချိန် လိုင်းဖုန်းကနေ ပြောတာ တခါပြောရင် ၁နာရီကြာတယ်။
    တလကို ဖုန်းဘေလ် ၈သောင်းလောက်ကျလို့ ဘေလ်စစ်ကြည့်တော့မှ သူဒီလောက်ပြောထားမှန်း သိတာ။

    • သော့ပါတဲ့သေတ္တာလေးနဲ့ထားပါတီဒုံ အဝင်ပဲပြောလို့ရအောင်။ဘကြီးကတော့ အိုက်လိုလုပ်တယ်။

    • chate chate

      March 17, 2015 at 10:39 am

      သေးသေးလေးဆိုပေမယ့် ကြာလာရင် ကြီးသွားနိုင်တဲ့ ပြသနာပါ..

  • Alinsett@Maung Thura

    March 17, 2015 at 9:14 am

    ဖုန်းမကိုင်ရဆိုတဲ့အလုပ်ထဲ
    အလုပ်ဝင်ချိန် ဖုန်း ထုတ်ထားခဲ့ဖို့မေ့ပြီး အိပ်ကပ်ထဲပါလာတာ
    သူဌေးနဲ့ စကားပြောနေချိန်ကျမှ ဖုန်းက ထမြည်တာကြုံဖူးတယ်
    သူဌေးက စိတ်ကြည်နေချိန်မို့ ဘာမှတော့မပြော
    အဲ့ဒီလို ဘာမှမပြောပဲ သူဌေး တွေးဆနေတာက
    တခုခု ပြောဆိုအပြစ်တင်လိုက်တာထက် ဆိုးတယ်လို့ ယူဆခဲ့တာလေ

    :kwi:

  • Ma Ei

    March 17, 2015 at 3:12 pm

    အယ်…
    ဒါဆို အိမ်က မမ ကိုကျေးဇူးတင်ရဦးမယ်တော့..
    ရွာက ဖုန်းလာရင်တောင် အလုပ်ရှုပ်တယ်…
    တီဗီ ကြည့်နေတာ အာရုံပျက်လို့တဲ့…
    🙂

  • Kaung Kin Pyar

    March 18, 2015 at 4:24 pm

    ဒါကြောင့်လဲ နည်းပညာတွေ တိုးတက်လာတာ တမျိုးကောင်းသလို တမျိုးလဲ မကောင်းဘူးလို့ ပြောကြတာကိုး နော်… ။

    • chate chate

      March 20, 2015 at 3:09 pm

      သများနိုင်ဂံတွေတော့ ဘယ်လိုလဲ မသိ

      • Swal Taw Ywet

        March 24, 2015 at 2:25 am

        ဒီမှာ ကာတာမှာလည်း ထိုနည်း၎င်းပါဘဲ။ ပြီးခဲ့ တဲ့ ၃နှစ်တုံးက ခုလောက်မဆိုးဘူး။ စမတ်ဖုန်းတွေ ဈေးမပေါသေးတာလည်းပါမဗျ။
        ခုပြန်ရောက်တော့ လုံခြုံရေးရော သန့်ရှင်းရေးရော ကန်ထရိုက်ဝန်ထမ်းတွေပါ အားလုံးနီးပါး နားကြပ်ကိုယ်စီ နဲ့ ခေါင်းလေးတွေ ငုံ့ပြီး ဖုန်းပွတ်နေကြသဗျ။ ကြမ်းတိုက်စက်မောင်းတဲ့ ကုလားလေး တယောက်တော့ အပွတ်ကောင်းနေတုံး သူျမာင်းနေတဲ့ စက်က လမ်းဘေးက ကျောက်ပြား ခုံရှည်ကို နမ်းလိုက်လို့ ပြန်သွားရလေရဲ့။
        With respect.
        Swal Taw Ywet.

  • Shwe Ei

    March 19, 2015 at 11:33 am

    -ကိုယ်ရေးကိုယ်တာ (အများအားဖြင့် အရေးမပါတာတွေ) ကိတ်စတွေကို..
    -နေရာမရွေး အချိန်မရွေး အားအားယားယား လေကြောရှည်နိုင်ကြတာ..
    -ကို့လူမျိုး အဆိုးဆုံးဆိုတာတော့..မျက်မြင်ဘဲ..
    -ဘတ်စ်ကားပေါ်မှာ ရုပ်ရှင်ရုံမှာ.. စားသောက်ဆိုင်မှာ..လူတွေအများကြီးကြားထဲလဲ
    -..ပြောချင်သလိုပြောတယ်..ပြောချင်တာတွေ အကုန်ပြောတယ်..
    -အိမ်ထဲမှာ ဆိုလို့ကတော့..စဉ်းတောင်မစဉ်းစားနဲ့တော့ (ကျိန်းသေပြောကြလိမ့်မယ်) :).
    -အိုက်တော့…အလုပ်ချိန်မှာ (သေရေးရှင်ရေးမဟုတ်ရင်) အဝင်ကောကြာကြာမပြောရ..အထွက်ကော လုံးဝမခေါ်ရလို့သာ..စည်းကမ်းထုတ်ထားလိုက်တော့ 😛

  • chate chate

    March 20, 2015 at 3:11 pm

    ပြောနိုင်လွန်းသူကြီးများ 🙁

  • black chaw

    March 20, 2015 at 9:03 pm

    တို့ကတော့ တို့ကတော့
    တို့ကို ကျလောက်အောင်ပြောပြီး ချူ စားတတ်တဲ့
    စိတ်ဒဏ်ရာတွေ အထပ်ထပ်ပေးတတ်ခဲ့တဲ့
    ရည်းစားဦးကြီးကို အစွဲအလမ်းမပြတ်နိုင်
    မိုက်လုံးကြီးနေသေးတုန်းပဲ ပြောပြော….
    contact no. တွေပြောင်းပေးရမှာ အပျင်းကြီးတယ်ပဲဆိုဆို….
    မပုတုမှ မပုတုပါပဲရှင်…

    ဆိုတာကို ဖတ်ပြီး နည်းနည်းပြုံးမိတယ်…။
    ဦးဘလက်နဲ့ တူနေတာကိုး…။
    လေဒီဖုန်း ၁ နဲ့ လေဒီဖုန်း ၂ တို့ကို ဖတ်လိုက်ရတဲ့အခါ
    ဟက်ဟက်ပက်ပက် ပြုံးမိသွားပါတယ် chate chate ရေ…။
    ချစ်ခင်လေးစားတဲ့
    ဦးဘလက်…။

  • chate chate

    March 22, 2015 at 2:55 pm

    ဦးဘလက်လည်း မပုတုကိုင်တုန်းပဲပေါ့နော်… 🙂
    ပြုံးမိသွားတယ်ဆိုတာလေး ပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်..

  • မြစပဲရိုး

    March 22, 2015 at 3:03 pm

    ညီမ ရေ
    အဲဒီ လေဒီ တွေ ကို
    အားမကိုး ဘဲ
    သူတို့ရှိမှ အလုပ်ဖြစ် တယ် လို့ မတွေးဘဲ
    သူတို့ မရှိဘဲ ကိုယ့်ဟာကိုယ် အဆင်ပြေနိုင်တဲ့ အကြောင်းလေး များ မရှာနိုင်ဘူးလား။
    အခုဟာ က မြန်မာပြည် မှာ အိမ်ဖော် မရှိရင် ဘာမှ လုပ် မရတော့ တဲ့ ယဉ်ကျေးမှု ဖြစ် နေပြီ။
    . ယောင်းမ တစ်ယောက် ဆို အပြင် အလုပ် လဲ မလုပ် ဘဲ နဲ့ ကိုယ့်ကလေး အတွက် နာနီ သီးသန့် ထားသတဲ့။
    ထမင်းချက် သူ က နှစ်ယောက် ရှိပြီး နော်။
    . ပြောရရင် သူတို့ လွန်တာ လဲ ရှိ။ မြန်မာအိမ်ရှင်မ မိန်းမ တွေ တစ်ချို့ (သို့) အများ ကလဲ ကိုယ့်တာဝန် ကိုယ် မယူချင်ဘဲ ရေသာခို တတ် သူ တွေ လဲ ရှိနေတော့ တာ။
    ဒီတော့ အနိုင်ကျင့်ချင် သူတွေ အတွက် အထက်စီး ရတာပေါ့။

  • chate chate

    March 23, 2015 at 11:53 am

    လက်ရှိမှာ ..အမပြောတဲ့နည်းကို ကျင့်သုံးနေပါတယ်… ၃ နှစ်ကျော်ကာလမှာ အတော်လည်း စိတ်ကုန်သွားခဲ့ပြီ… ပိုကောင်းလာတာက ကလေးနဲ့ ထိတွေ့ချိန်ပိုရလာတယ်… ချက်ပြုတ်ရတာစိတ်တိုင်းပိုကျလာတယ်…ကလေး အစားပိုစားလာတယ်…အဲ..ဆိုးသွားတာက…အလုပ်အတွက်အချိန်ကို မျှပေးလိုက်ရတော့ ဝင်ငွေအရင်ထက်နည်းနည်းလျော့သွားတယ်… အကောင်းဆုံးကတော့ ငဲ့ညှာသတိထားပြောဆိုနေရမယ့်လူမရှိတော့လို့ စိတ်ရဲ့ လွတ်လပ်မှုတွေပိုရလာတယ်… ကလေးကို မကူးစက်စေချင်တဲ့ အကျင့်စရိုက်တွေ မကူးစက်နိုင်တော့လို့ စိတ်ချမ်းသာတယ်…
    အကြံပေး အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်…အမရေ 🙂

  • uncle gyi

    March 23, 2015 at 9:47 pm

    ပြောမယ်ဆိုအကြီးကြီး
    မပြောဖူးဆိုမကြီးဖူး
    အခုဖြစ်နေတာအဲလို

    အခုဖြစ်နေတာတွေကတကယ်ပြောမယ်ဆို
    တိုင်းပြည်နိမ့်ကျမှုကြောင့်
    တကယ်ဆိုဒီလောက်ဖြစ်စရာမရှိ
    အစိုးရအဆက်ဆက်ဖုန်းကိုရှားပါးကုန်ဖြစ်အောင်
    လုပ်ပြီး လုပ်စားခဲ့ကြလို့
    အခုမှတာရိုးကျိူးသလိုဖြစ်တာတကြောင်း

    နောက်တခုကစဉ်းစားတွေးနိုင်မှုအားနည်းတာ
    ကိုယ်ကသူများဆီမှာထမင်းစားအလုပ်လုပ်နေရတာ
    ငွေဆိုတာစုရမယ်မဖြုန်းရဖူး
    အဆက်အသွယ်ရအောင်ဖုန်းရှိထားတော်ပြီ
    နောက်ကငွေယားလေးတွေထပ်ကုန်အောင်
    ကိုယ့်ဖာသာကိုယ်လုပ်နေတော့ဒီဘဝက
    ဘယ်လိုတက်တော့မလဲ

    ပြောကိုမပြောချင်ဖူး

Leave a Reply