Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘဝ

naywoon niMarch 28, 20151min4419

ဘဝ

ဘဝဆိုတာက
ရွံမုန်​းစရာမဟုတ်​​ပေမဲ့
အန်​မထုတ်​မိ​အောင်​
​အော်​ဂလီဆန်​မှု​တွေကို မြိုသိပ်​​နေရတာကြာပါပြီအချစ်​ရယ်​ ။
ဝန်​​ဆောင်​မှု​ကောင်​း​ကောင်​းမ​ပေးနိုင်​တဲ့
ဘဝဟာ
​ဈေးကွက်​မှာ မျက်​နှာပန်​းမလှတာ မဆန်​းပါဘူး ။
ဟန်​​ဆောင်​မှု ဆိုတဲ့ကန်​့လန်​့ကာ ​ရှေ့မှာ
လူမြင်​​ကောင်​း​လောက်​​အောင်​ (ဝါ ) လူအထင်​ကြီး​လောက်​​အောင်​
သရုပ်​မ​ဆောင်​တတ်​လို့
လက်​လွတ်​ဆုံးရှုံးခဲ့ရတဲ့ အခွင်​့အလမ်​း​တွေ ရပိုင်​ခွင်​့​တွေကိုမလွမ်​းပါဘူး ။
ကန်​့လန်​့ကာ​နောက်​မှာပဲ
ဘဝ ဆိုတာကို ဓမ္မဌိဌာန်​ကျကျ
​ခေါက်​ရိုးကျိုးပြီးသား ပွင်​့လင်​းမြင်​သာမှု​တွေနဲ့
ရိုးသားစွာဖြတ်​သန်​း​နေချင်​တာပါပဲ ။
အဲ့ ဒိ အတွက်​ သန်​းကြွယ်​သူ​ဌေး မဖြစ်​ခဲ့ရလို့
ကမ္ဘာ မ​ကျော်​ခဲ့ လို့လဲ
ဝမ်​းနည်​း​နေမှာမဟုတ်​ပါဘူး ။
လက်​ရှိဘဝရဲ့ အဆင်​မ​ပြေမှု​တွေနဲ့
​ထွေးလုံးရစ်​ပတ်​​နှောင်​ဖွဲ့ထားတဲ့
လူသားဆန်​တဲ့ ဘဝတစ်​ခုမှာပဲ ​ပျော်​​မွေ့​နေပါ့မယ်​ ​ ။

​နေဝန်​းနီ
3:30 PM
2015 Mar 28 တွင်​ Edit ပြန်​လုပ်​သည်​။

9 comments

  • Wow

    March 28, 2015 at 6:24 pm

    ဘွ… ဘွ… ဒီလိုရွယ်… ဒီလိုပဲ :mrgreen:

    • naywoon ni

      March 28, 2015 at 7:01 pm

      သင်​လည်​း တစ်​​နေ့ အိုရဦးမြီ 🙂

  • Alinsett@Maung Thura

    March 28, 2015 at 11:42 pm

    သင်သီ မုတ်ချ တေရမြီ
    အချိန်ပိုင်းသာ လိုဓေါ့သီ

    :k:

    ”ငါသည်” လို့ မပြောရက်လို့စ်

    :k:

  • kai

    March 29, 2015 at 6:36 am

    လူတွေမှာ… လူသားအဖြစ်မွေးလာကတည်းက.. ရှောင်လွှဲမရ.. ရှိနေတဲ့… အရှိတရား..သစ္စာတရားတွေ..
    ဥပမာ.. လူသားဖြစ်ခြင်း..။ ဘဝဖြစ်ခြင်း…။ လောကဓံတွေရင်ဆိုင်ရခြင်း..။ ယောက်ျားဖြစ်ခြင်း..။ မိန်းမဖြစ်ခြင်း..။ အသားဖြူခြင်း..။မဲခြင်း..။
    အဲဒါတွေကို.. ဆင်းရဲတယ်..။ ဒုက္ခတွေလို့ လူ့အညွှန့်ချိုးပြောဟောတဲ့.. တရားတွေကို.. မတရားတွေလို့ပြောချင်မိတယ်..။

    ရှောင်လို့မရတာကို.. ညွှန်းပြောနေကတည်းက.. လိမ်ဆင်တခုခုတော့စပြီလို့… :k:

    • naywoon ni

      March 29, 2015 at 11:43 am

      သူကြီး က ဒုက္ခ ဆိုတာ လက်​မခံနိုင်​တာလား ။ အ​ကြောင်​းချင်​းရာ ​တော်​​တော်​များများကို ဒုက္ခ လို့ မယူဆတာလား ။ ဒါ သဘဝ ပဲ ဒုက္ခ မဟုတ်​ဘူး လို့ ဆိုလိုချင်​တာလား ။

  • lu lu

    March 31, 2015 at 4:23 pm

    ဘဝ အကြောင်း ထိုင်တွေးမိရင်
    စားမဝင် အိပ်မပျော် ဖြစ်လွန်းလို ့
    မေ့ ထား လိုက်ချင်ပြီ
    အဘနီ ရော
    :buu:

  • koyinmaung

    April 14, 2015 at 8:05 pm

    ဆရာကြီးဦးသုခရဲ့ ဘဝသံသရာ ရုပ်ရှင်ကားကိုရိုက်ပြီး ရုပ်ရှင်မင်းသားကြီး ဦးဇေယျာကြီးတယောက် အသိတရားတွေရပြီး ရဟန်းဘဝကူးပြောင်သွားခဲ့တယ် ….မိသားစုကိုခွင့်တောင်းပြီး မိသားစုကိုစွန့်လွတ်လို့စစ်ကိုင်းချောင်မှာ ရာသက်ပန်းတရားအားထုတ်ခဲ့တယ်… ကိုယ်တွေကတော့အသက်သာ၅ဝကျော်နေပြီ ခုချိန်ထိ ဖေးဘုတ်ကြီးကိုမစွန့်နိုင်ဖြစ်နေတုန်း အော်ဘဝ ဘဝ အဲ့ဒါကြီးကိုစွန့်ဘို့အယင်ကြိုးစားရအုံးမယ် ကိုနေဝန်းနီရေ……..

  • uncle gyi

    April 15, 2015 at 11:19 pm

    ဘာပြောပြောကိုယ့်စိတ်ထဲအေးခ ျမ်းမှုရှိဖို့ကလိုရင်းပဲမဟုတ်လားကိုနီ

Leave a Reply