နားဦးတည့်ရာ တစ်ဆယ့်ခြောက် – Alex – Like we used to (အရင်လို)

မြစပဲရိုးApril 14, 20151min52131

အိမ်ပြန်ခဲ့တယ်။

အိမ်ပြန်ခဲ့တိုင်း ကိုယ်တို့ရဲ့ နယ်မြေဟောင်းလေး ဆီ ကို အမြဲသွားတယ်။
အဲဒီရောက်တိုင်း ဟိုးအရင်အချိန်တွေ က အရိပ် တွေ ထဲ မှာ လူက ပြန်ငယ်သွားသလိုဘဲ။
အရင်အခေါက်တိုင်း မှာ လူဟောင်းကြီး တွေ ပြန်တွေ့လဲ မစုံ ပါဘူး။
ဒီတစ်ခေါက် အကုန် မဟုတ်ပေမဲ့ ထိပ်တန်း တွေ ကို အတော်လေး လူစုံ တွေ့တယ်။
မင်းလဲ ပြန်ရောက်နေသတဲ့။

အတိတ် ကို ပြန်တွေး ရင် ရီ ရ သလို အတော် လွမ်းစရာလဲ အကောင်းသား။
မိန်းမ တွေ ဆို အဖက်မလုပ် သလို နေတတ်တဲ့ စရိုက် ရှိတဲ့ လူ နဲ့ မှ အဓိက အလုပ် တွေ တွဲ လုပ် ရတော့ ခက်ရော။
စကား မပြော မပြော နဲ့ ပြောလိုက်ရင်လဲ အင်မတန် ခံရခက်တဲ့ ဘုဂလန့် ဂွကျကျစကား တွေကြားမှာ အတော် အလုပ်ဖြစ်အောင် နေရင်း ကိုယ်တို့ အခင်ဆုံး တွေ ဖြစ်ခဲ့သလား။
သင်္ကြန်အချိန် မပိတ်ခင် အလုပ်မှာ ဆွမ်းကပ်ကြ၊ မုန့်လုပ်စားကြ နဲ့ ပျော်စရာ နေ့ရက်တွေ ရှိခဲ့တာ မမေ့ပါ။
သင်္ကြန် တွင်းအချိန် မှာလဲ အင်မတန် ကြိုးစားတဲ့ ကိုယ်တို့ ဖိုးသခွါးလေး တွေက ရေကစား မဲ့ အစား ရုံးမှာ Project   တွေ ကို အပေါက်ဖာပွဲ လုပ်ရတာ လို့ ပြောရင် အခုလူတွေ ဩချ မယ်။
ကိုယ်တို့ တုန်း က အလုပ် က ဒီလောက် မချမ်းသာ တော့ စာသင်တဲ့ စက် တွေ နဲ့  မျှ ပြီး သုံးရတာမို့ ဒီလို စာသင်ပိတ်ရက် တွေ မှာ ကုန်းရုံးပြီး စက်သုံးရတာ။
ရေမလောင်းပါနဲ့ လို့ ပြောထားတာ ကို ရေလာလောင်းတဲ့ တစ်ယောက် ကို အော်လိုက်ချိန် မင်း က ကြား က ဘာလို့ သူ့ကို ရှေ့နေ လိုက်ပေးခဲ့လဲ။
စိတ်တိုတို နဲ့ ကား အိပ်ဇော့ပိုက် ထဲ က အမဲ တွေ ယူပြီး အဲဒီ တစ်ယောက် ကို ပြန်သုတ်လိုက် တော့ ဟို က သဘောကျပြီး ရီနေချိန် မင်းဘာလို့ မျက်နှာ ပျက်ခဲ့လဲ။
ညနေ ယောကျာင်္းလေး တွေ က အလုပ်မှာ ဘဲ Camp ဝင်သလို နေခဲ့တော့ မိန်းကလေး တွေ ကို ကိုယ်က အိမ်ပြန်ပို့ချိန် စိတ်မချ သလို မျက်လုံး နဲ့ ဘာလို့ ကြည့်ကျန်ခဲ့ တာ လဲ။

ဘာဘဲဖြစ်ဖြစ် ကိုယ်တို့ အတွက် ဒီ သင်္ကြန်အချိန် တွေဟာ ဘယ်တော့မှ မေ့မရတဲ့ အချိန်တွေဘဲ။
ဒီလို အချိန်တွေကြား မှာ ကိုယ်တို့ အင်မတန် မှ နီး ရင်း ပိုပို နီးလာခဲ့တာ။
နောက်တော့ ကိုယ်တို့ ခွဲပြီး အဝေးကြီး ဝေးခဲ့ ကြတာ။
တစ်ချိန်က ပေါ့။

အခုချိန် ဘယ်မှာ ဘာကြီး ဖြစ်နေနေ အရင်အကြောင်းတွေ ပြန်ပြောတိုင်း ကိုယ်တို့ အားလုံး က ဟိုး အရင်က လူငယ်လေး တွေ ပြန်ဖြစ်သွားတာဘဲ။
ကိုယ်တို့ အားလုံး ရဲ့ သွေး တွေ ပြန်နီး သွားတာ ပါဘဲ။

တိုက်တိုက်ဆိုင်ဆိုင်။
ဒီနှစ် မှာ ကိုယ်တို့ ရဲ့ မျိုးဆက်သစ်လေးတွေရဲ့ သင်္ကြန် အကြိုပွဲ မှာ ကိုယ်လဲ ရှိခဲ့တယ်။
မင်းလဲ ရှိခဲ့တယ်။ တစ်ခြား ကိုယ်တို့ ရဲ့ လူဟောင်းကြီး တွေလဲ ရှိခဲ့တယ်။

ဟိုးတုန်းက အတိတ်တွေကို အားမနာတမ်း ပြန်ဖော်ရင်း ဟားတိုက် ရီမောလို့ မဆုံးခဲ့ကြဘူး။
အရင်လို အတော်လေး ပြန်ပိန်နေတဲ့ ကိုယ့်ကို ကိုယ်တို့ လူဟောင်းကြီး တွေ က “အရင်အတိုင်းဘဲ” တဲ့။
ဒါကို မင်းက ကြည့်ပြီး မထိတထိ လှောင်သလို ရီ ပြီး “ကျွန်တော့ အမြင်တော့ အရင်လို မဟုတ် တော့ပါဘူး၊ အဖွားကြီး ဖြစ်နေပါပြီ” တဲ့။
ပြီးတော့ ကိုယ့်နား နား ကို တိုးတိုးကပ်ပြောခဲ့တယ်။
“အရင်လိုမဟုတ်လဲ  မင်းကို အရင်လိုဘဲ” တဲ့။

ကိုယ့်မှာတော့လား ……  !

….

….

….

မျက်စောင်း တစ်ချက်ဘဲ ထိုးလိုက်နိုင်တယ်။
“ဒက်ဒီ ဘာပြောလိုက်တာလဲ” လို့ မေးနေတဲ့ ကလေး ကို ဘယ်လိုဖြေ ရမယ် ဆိုတာ တွေးပြီး အလုပ်ရှုပ်သွားလို့။

😉

:))

မြန်မာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။

 

 အရင်လို – အဲလက်စ်

မင်း မျက်လုံးလေးထဲမှာ အဖြေ
အချစ် နဲ့ ဘဝ ကို ရွေးချယ် ရင်ထဲနားလည်
ရင်ထဲ စိတ်ကူးခဲ့မိတာကို
မင်းနဲ့ဝေးနိုင်ပါ့မလားလို့
တကယ်ဆိုမဖြစ်နိုင်တဲ့အခါ
လွမ်းစရာတွေဘဲလား

အရင်လိုမဟုတ်လဲ
မင်းကိုအရင်လိုဘဲ
ဒို့ဆုံပြန်တော့လည်း
မင်းကတော့ သိမယ်မထင်ဘူးကွယ်
တစ်ခါတစ်လေတော့လဲ
လွမ်းသလိုလိုရင်ထဲ
တိုက်ဆိုင်ပြန်တော့လဲ
ငါလဲ မေ့လို့ ထားချင်တယ်

မင်း သတိရမိတယ်ဆို
သီချင်းလေးနားထောင် အလွမ်းတွေကို
ဖြေသိမ့်လိုက်ကွယ်
ရင်ထဲ ချစ်ခဲ့မိတာ ကို
အထိမ်းအမှတ် တစ်ခု လို ခံစားဖို့
တကယ်ဆိုမဖြစ်နိုင်တဲ့အခါ
လွမ်းစရာတွေဘဲလား

အရင်လိုမဟုတ်လဲ
မင်းကိုအရင်လိုဘဲ
ဒို့ဆုံပြန်တော့လည်း
မင်းကတော့ သိမယ်မထင်ဘူးကွယ်
တစ်ခါတစ်လေတော့လဲ
လွမ်းသလိုလို ပါဘဲ
လို့ ဆိုပြန်သော်လည်း
ရင်ထဲ မေ့လို့ ထားချင်တယ်

Quote

31 comments

  • မြစပဲရိုး

    April 14, 2015 at 11:26 pm

    ရွာထဲ တိတ်နေတုန်း အရီး တစ်ယောက် သူငယ်ပြန်ကြည့် နေသည်။ 😉 :))
    ဝင်နိုင် စွမ်း ရှိသူများ ကျေးဇူးပြု၍ ကိုယ့် သင်္ကြန် အလွမ်း အတိတ်လေးများ ဟ ပြီး အသံလေးများ ပြု ကြပါ။
    သရဲခြောက် မစိုးလို့။

    အရင်လို – အဲလက်စ်

    https://www.youtube.com/watch?v=fX6Khu9_hlA

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 15, 2015 at 3:32 am

    ကျ​နော်​ မဝင်​သွားဘူးခီည

  • ဝင့်ပြုံးမြင့်

    April 15, 2015 at 6:28 am

    .အပျ ို ဖြူ ငယ်ကကျွမ်းမို့ … လွမ်းတုံ့တင် … ။

  • pooch

    April 15, 2015 at 8:40 am

    လွမ်​းချင်​ပါတယ်​အရီးအခု​တော့
    ချယ်​ရီ​တွေလှိုင်​တဲ့ ​ရှေး​ဟောင်​းြမြို​တော်​တခုကို​ရောက်​​နေလို့ ချမ်​း​နေတယ်​

    Old city of lijiang where dreams come true တဲ့

    ဖူးစာရှင်​​တွေအများဆုံး ဆုံစည်​း​လေ့ရှိတြဲ့မြို​တော်​တဲ့ ;p
    ခဏ​နေ​ရေချိုးြပြီးမြို့ပတ်​ကြည်​့လိုက်​အုန်​းမယ်​
    Story အသစ်​​တွေရလို ရငြား

    မနက်​ဖြန်​ haba snow mountain သွားတက်​မယ်​
    ​ပေ ၁၈၀၀ဝ တဲ့ summit ထိ​ရောက်​မ​ရောက်​ကံ​ပေါ့

    သူများတကာက​တော့ ခါကာဘိုရာဇီတက်​ဖို့ ဒီလာ​လေ့ကျင်​့ကြတာ
    သများတို့ ဂျ​လေဘီအုပ်​စုက​တော့ အ​ပျော်​လာတက်​တာ :mrgreenn:

  • kai

    April 15, 2015 at 9:37 am

    ဆရာသော်တာဆွေရေးဖူးတာလေးအမှတ်ရတယ်..။
    ဇာတိရွာပြန်ရင်.. ကိုယ်ဘယ်လောကအသက်ကြီးကြီး.. ကိုယ့်ရွယ်တူတွေ… ကိုယ်ထက်ကြီးတာတွေနဲ့တွေ့တော့.. ငယ်သွားရတော့တာပဲ..တဲ့…။
    အဲလိုပေါ့..
    ဇာတိနိုင်ငံပြန်ရင်.. ဒီလိုပြန်ငယ်တာပေါ့..။
    နောက်ကလေးတွေ ဂျန်နရေးရှင်းများရောက်ရင်.. ဇာတိကမ္ဘာဂြိုလ်ကို… ပြန်ရင်..။ အိမ်ပြန်ခဲ့ရင်… ။ အိမ်ပြန်ခဲ့တယ်… များဖြစ်ကြမလားမသိ..။ :k:

  • ခင်ဇော်

    April 15, 2015 at 10:15 am

    ဟွန့်။
    သီချင်း နဲ့ ရောရောပြီး ရေးတဲ့ အတိတ်လမ်းတွေ လိုက်လိုက်ဖော်နေရတာ မောတယ်။
    :kwi:

    ဟိ၊

    သများ ပလိုဖိုင်းဖိုတိုကို ကြည့်!!!
    :mrgreenn:

  • မြစပဲရိုး

    April 15, 2015 at 1:06 pm

    မောင်ဂီ
    မဝင်သွားတာ ကို ကျေးဇူးတင်ပါတယ်။

    ပြုံးညီမ
    စာအုပ် ကို ဟိုတစ်ယောက် ဖတ် နေပြီ။
    ကိုကိုကွန့် က မူရင်း ကို တောင် ရှာလိုက်သေး။
    ပြီးတာ နဲ့ မှတ်ချတ် တောင်းပြီး အကြောင်းပြန်မယ်။
    သူပြီး ရင် တော့ ကိုယ့် အလှည့်ပေါ့။
    သေချာတာ က တို့ နှစ်ယောက် ရဲ့ မှတ်ချက် တွေ ဆန့်ကျင်ဘက် ဖြစ်နေမှာဘဲ။
    သူက မဟာ့မဟာ လစ် ပါခင်ဗျား။

    ပုချ်လေး
    မျှလာမဲ့ အကြောင်းလေးတွေ ကို စပြီး မျှော်နေပြီ။
    တောင်တက်ချင်တာတော့ အမှန်ဘဲ။
    ဒီအချိန် ရာသီလဲ ကောင်းမို့ အတော်လှမှာ။
    စတိုရီ က တကယ်မဟုတ်လဲ ပြောလို့ ရအောင် တစ်ခု တော့ ဖန် ခဲ့အေ။
    သမိုင်းကြောင်း ထဲ ရသ လေး တစ်ခု မြောက်တာပေါ့။
    All the best သမီးရေ။ Take care!!!

    သူကြီး ရဲ့
    ဟိုးတုန်းကတော့ ဟုတ် တယ်။
    အခုတော့ တဖြေးဖြေး နဲ့ ကိုယ့် ရှေ့ က လူ တွေ ထွက် သွားတာ နဲ့ ကိုယ့်နောက် မှာ လူ တွေ တိုးလာတာ နဲ့ မို့ ကိုယ်က စီနီယာ ဖြစ်ပြီး ပိုပို ကြီးလာတာ ဘဲ မြင်တော့တယ်။
    ပါလာ တဲ့ ကလေး တွေ က မျက်စိ ရှေ့တင် အရွယ်ရောက်လာကြတာ။
    တစ်ချို့ မြေးရကုန်ပြီ။
    ဘာဘဲဖြစ်ဖြစ် ကိုယ် ပျော်ခဲ့ဘူး တဲ့ နေရာ ကို မပြတ်အောင် ထားနိုင်ကြ ရင် စိတ်ကတော့ ပြန်ငယ် သွားပါတယ်။
    ရုပ် ကို ဖယ်ပြီး စိတ် ကို အားဖြည့်ခြင်းပေါ့။

    ဇီကလေး ရေ့
    အရီး အတိတ် က ဗရုတ်ကျလွန်း လို့ ဗရုတ်ဗရက် ကြားမှာ ပြောပလောက်အောင် ဇာတ်မရှိတာမို့ အခု ပြန်လွမ်းဖို့ အတင်း လုပ်ကြံ ပြီး ဖန်ကြည့်ရတာ။
    အရုပ်လေး ကို ကြိုက်လို့ ကျေးဇူးနော်။

  • သင်္ကြန်ဇာတ်လမ်း မရှိခဲ့ပါဘူး အရီးရယ်..
    အရီးဇာတ်လမ်းလေးကို ဖတ်ပြီး.. ဝင်ခံစားမိသွားတယ်… ဆုံနေလျက်နဲ့ လွဲလေခြင်းများလားလို့.. :k:

    • မြစပဲရိုး

      April 16, 2015 at 1:41 am

      လုံမ အရီး က လိုချင်ပြီဆို အလွတ် ဘယ်ခံ မလဲ။
      မရ ရ အောင် မလွဲ ရလေအောင် ကားတင်ပြီး ပြန်ပေးဆွဲပလိုက်တယ်။
      လုံမ လဲ လိုရင်ပြော။ ကူ မယ်ဟေ့။ 😉

  • ဝင့်ပြုံးမြင့်

    April 16, 2015 at 2:39 pm

    .မျှစ်ကြော်စာအုပ်ကို အရီးသူငယ်ချင်း ဖတ်နေပြီဆိုလို့ အားတော့တက်သွားပြီ။ တကယ်က မူရင်းနဲ့ တိုက်ဖတ်ရင် အကောင်းဆုံးပါပဲ။ မျှစ်ကြော် ရဲ့ သူငယ်ချင်းကတော့ မဟာ့မဟာ ကွန်ဗေးပါ။
    .မြန်မာစကားပုံရှိတယ်နော်။ အသွင်တူ … ဘာဆိုလား။ အခု ဘာလို့ မတူတာလဲ။ တူတာရှိလို့ နေမှာပေါ့နော်။ အရီးနဲ့ မျှစ်ကြော်တောင် ဟိုဘက်စွန်းနဲ့ ဒီဘက်စွန်း pole apart ဖြစ်နေတာတောင် အရမ်းတူတာ တစ်ခု ရှိနေတယ်။ တကယ့်သေရေးရှင်ရေး အချက်တစ်ခု မှာ သွားတူနေတာ။ အံ့ဩဖို့ မကောင်းဘူးလား။

  • ဦးကျောက်ခဲ

    April 16, 2015 at 3:45 pm

    တကယ်တော့ သင်္ကြန်က ကျောက်စ်အတွက်လွမ်းစရာပါ…
    မိုးတညမှာ ကမ႓ာပျက်ခဲ့ရတဲ့ ငယ်ချစ်ဦးထာဝရ လမ်းခွဲသွားခဲ့တာ ဒီသင်္ကြန်ပေါ့…
    အမှတ်တရ… အဲသည့်နှစ်က ဝါထပ်တယ်ဗျာ… အကြတ် ၂-ရက်
    အခုတော့ လူသစ် စိတ်သစ် ဘဝသစ်မှာ အလွမ်းဆိုတာ ရေထဲက ခြေရာလိုပဲ…

  • ဝင့်ပြုံးမြင့်

    April 16, 2015 at 3:56 pm

    .အဲဒါလေး လုပ်ပါဦး ကျောက်စ် ။ ပွဲတောင်းပါတယ်။ မဒမ်ကျောက်စ်ကို ပြန်မပြောပါဘူး။

  • ဦးကြောင်ကြီး

    April 17, 2015 at 10:21 am

    နားမီလည်ဗူး.. အံနှဲဒီလော်ဘီ ဒေါမြစံပါယ်ယို ဂေါက်တွားပီးရား..

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    April 17, 2015 at 2:15 pm

    အရီးလတ်ကို ပညာရှိကြီး၊ ထက်မြက်တဲ့အတွေးအခေါ်ရှိတဲ့ အန်တီကြီးအနေနဲ့သိထားတော့ အခုရေးတဲ့
    မော်ဒန်ဆန်ဆန် အလွမ်းလေးရေးတာဖတ်ရတာ မေ့ထားတဲ့ အတိတ်ဆိုတာလေးဒွေတောင်
    ငရုတ်သီးစားမိသလို.. ရှိန်းဂနဲ့ ပြန်ပွင့်သွားဒါ..
    တားအတွက်ကတော့ အချစ်ဆိုတာ ကျောက်စာတချပ်ဆိုရင် ကျိန်စာပါတဲ့ အပိုဒ်တွေမှာ ဖတ်မိဒါဘာဗျာ.. 😥

    • Alinn Z

      April 17, 2015 at 4:29 pm

      အဟမ်းးး အခု ရေးထားသမျှ မော်ဒန်မဟုတ်( လုံးဝ လုံးဝ မဟုတ်) း
      သမားရိုးကျ ရေးခြင်းတခုကို
      ဖတ်ရှုသွားပါကြောင်းးးးးးးးးးး

      :kwi:
      —–

      ကျနော်က အင်တာနက်နဲ့ ဝေးလွန်းချိန်
      (တောတောင်ရေမြေတွေကြား ခေါ်သံဟူသမျှ မကြားနိုင်ချိန်)
      ဘားအံမြို့ပေါ် ရောက်တုန်းလေး
      ဝင်ဖတ်ပြိီး ကလိကလိဖြစ်င်္သွားပါကြောင်းးးးးး

  • uncle gyi

    April 17, 2015 at 10:58 pm

    သင်္ကြန်ရင်မခုန်တာကြာပါပကောအရီးရယ်
    အရင်ကရှိခဲ့သလိုလို

  • မြစပဲရိုး

    April 18, 2015 at 9:15 pm

    ညီမပြုံး
    အဖွဲ့ ကို အောင်မြင်စေချင်ရင် အယူအဆ မတူတဲ့ သူ တွေ ကို စုထားလိုက်မှ ပိုပြီး အောင်မြင်မယ် ထင်ရဲ့။
    မတူတာ တွေ ကို ဘက်စုံ က ကြည့်နိုင်လေ ပိုပြီး ပြည့်စုံလေပါ။
    တစ်ခုတော့ ရှိတယ်။
    အဲဒီ အဖွဲ့ ရဲ့ ခေါင်းဆောင် ကတော့ ခပ်တုံးတုံး ဖြစ်နေလို့ မရဘူးပေါ့။
    တို့ နိုင်ငံ မှာ တိုင်းပြည် ဖွံ့ဖြိုးဖို့ အတွက် ဘာမှ ပညာမရှိ တဲ့ သူ တွေ က နေရာယူထား တော့ သူတို့ ထက် တော်တဲ့ တတ်တဲ့ အမှန်ပြင်ပေးမဲ့ ပညာရှင် တွေ ကို အဖွဲ့ ထဲ မသွင်း ရဲဘူး။
    ဒါ့ အပြင် ပညာရှင် တစ်ချို့ က လဲ သူတို့ အလို ကိုလိုက်ပြီး ဖင်မ နေလေတော့ အဟုတ်ကြီး မှတ်ပြီး ခက်နေရော။
    အစ်မ ကတော့ ကိုယ်မှန်တယ် ထင်ရင် အဲဒီ အတွက် ရပ်ပြီး ပြောမယ်၊ ဒါပေမဲ့ သူများ ပြောတာ က ပိုကောင်း လိုက်ရင်လဲ အဲဒါကို လိုက်နာဖို့ ဝန်မလေးပါဘူး။
    မှန်တာပြောရရင် မပြုံးဆီက ယူခဲ့တဲ့ ပညာ တွေလဲ မနည်းပါဘူး။
    ရွာထဲ ရောက်ပြီး မှ ကွ ကိုယ်ပိုပြီး ရင့်ကျက်လာတယ် လို့ ခံယူ လိုက်သေး။
    ပညာ ဆိုတာ ယူတတ် ရင် လူတိုင်း ဆီမှာ ကိုယ်သင်နိုင်တဲ့ အကြောင်း တွေ ရှိပါတယ်။
    အဆုံးစွန် မကောင်းဘူးပြောတဲ့ ပြည့်တန်ဆာမလေး ဆီ ကလဲ ပညာ ရနိုင်တာ မဟုတ်လား။

    ကျောက်စ်
    ထာဝရလမ်းခွဲ တယ် ဆိုတာ ဘဝ ခြား/ပြောင်း သွားခဲ့တာလား။
    အဲဒီ မှာ ဝေးလိုက် လို့ ဒီနှင်း ဒီဝီ လေး (အဲ့ အဲ့ ချစ်စနိုး အဖျားစွတ် ခေါ်တော့ ခက်ရော) နဲ့ ကြုံ ရတာပါ့။
    အခုချိန်မှာ သားလေး ရဲ့ အပြုံး အရီ လေး တွေကြား တစ်ခါက အလွမ်း တွေ က ခေါင်းပြူနိုင်မယ် မထင်တော့ တာမို့ အဲဒီ အကြောင်း တွေ ကို မပြုံး တောင်းဆိုသလို ရေးနိုင်တော့ မယ် မထင်။
    မယ်မယ်နှင်းနှင်း ကတော့ သိပြီး ဇာတ်ကြောင်း ဖြစ်နိုင်ရဲ့။

    . ကြောင်စုတ် ကြောင်နာ ကြောင်မွတ်ချာ
    နာ ဖြစ်ညှစ်ပြီး ရေးထား ရတာ ကို
    ဒင်းမှာ ဂလို အရင်လို တွေ တောင် ပြောစရာ မရှိဘဲ နဲ့ များ။

    ဟိဟိ ကိုရင်စည်လေး ရဲ့
    ပြင်ညာ ဆိုတာ ဟန်လုပ်တတ်ရင် ရှိပါတယ်။
    သူဒေါ်ဂေါင်း အဖွားကြီး ဆိုတာလဲ တစ်ခါက ဆပ်စလူး လဲ ဖြစ်နိုင်တာ မမေ့နဲ့ ရှင့်။
    ကျောက်စာပေါ်က ကျိန်စာ တွေ ကို ဖျောက်ချင်ရင် ကျောက်စ် လို နို့ဗူးဖျော် ပြီး ဒိုင်ရာပါ လဲပေးချိန် ကို ရောက်အောင် သွားပေတော့။

    ဆက်ဆက်
    အရီး ထင်တာတော့ ရှည်လှတဲ့ စာကြောင်း အခန့်အထည် တွေ နဲ့ ဖွဲ့ထားတဲ့ ဂန္တဝင် စာ ကြီး တွေ က နေခွဲ ထွက်ပြီး အတို စာကြောင်း တွေ နဲ့ အလွယ်ရေးလာကြတာ ကို မော်ဒန် စာပေလို့ ခေါ်သလား မှတ်တယ်။
    မော်ဒန် writing ဆိုတာထဲ အိမ်သာ ပုံ အတိုကောက် တွေ၊ လမ်းညွှန်ဆိုင်း တွေ ကိုတောင် ထည့်ထားတယ် ကြားဖူးတာ။
    . မြန်မာပြည်ထဲ က လူနားမလည် အောင် ရေး တဲ့ မော်ဒန် စာ ဆိုတာ ကလဲ မော်ဒန်အရေးအသားထဲ က တစ်ခု ဖြစ်မှာပါ။
    ဒါပေမဲ့ အဲဒီ စာမျိုး တစ်ခု ထဲ က မော်ဒန် စာပေ ကို ကိုယ်စားမပြုဘူး လို့ ထင်ရဲ့။
    ဟုတ်မဟုတ် တော့ ပရိုဆရာကြီး များ သိမယ်။ :))

    အန်ကယ်ကြီး
    ငယ်တုန်း က သင်္ကြန်ဇာတ်လမ်း မရှိ ခဲ့ဘူး ဆိုရင်တော့ အဲဒီ ကာလ တွေထဲ လူဝတ်ကြောင် စွန့် နေ သူ သာ ဖြစ်ရမယ်။
    ရှိတယ် ဆိုရင် ပြန်နူး ဗျာ။ :))

    • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

      April 18, 2015 at 10:50 pm

      မော်ဒန်ဆိုတာ ဘာနဲ့ပုံဖော်ပြီး ဘယ်လို လုံးဝ လုံးဝမဟုတ်ဆိုတာ
      ဘာနဲ့ဘယ်လို ဘာပညာရှင်တွေက ပုံဖြတ်လဲတော့မသိဘူး..
      ကျနော်ကတော့ ရင်ထဲကို ဘာမှန်းမသိအောင် ထိသွားတဲ့ ဝါကျတမျိုးနဲ့ပုံဖော်တယ်။ ဥပမာ..
      ဆရာမ အရီးလတ်ရေးသွားတဲ့…..
      ))တိုက်တိုက်ဆိုင်ဆိုင်။
      ဒီနှစ် မှာ ကိုယ်တို့ ရဲ့ မျိုးဆက်သစ်လေးတွေရဲ့ သင်္ကြန် အကြိုပွဲ မှာ ကိုယ်လဲ ရှိခဲ့တယ်။
      မင်းလဲ ရှိခဲ့တယ်။ တစ်ခြား ကိုယ်တို့ ရဲ့ လူဟောင်းကြီး တွေလဲ ရှိခဲ့တယ်။))
      ဘာမှမရှိဘူးလို့ ထင်ရပေမဲ့ အားလုံးရှိနေတယ်ဆိုတဲ့သဘောမျိုးဆိုတော့..။ ။
      လူဆိုတာက ကိုယ့်မှာ ရှိတာကြီးကိုတောင် မရှိတာ ထင်တယ်.. မရှိတာကို ထင်တတ်ဆိုတော့…
      ဘုရားဟောနဲ့များရောချလိုက်ရင်… ပုထုဇဉ်တကော အရူးပါနောလို့…
      မော်ဒန်စာရေးဆရာတွေကိုလဲ ဘာမှန်းမသိရေးတဲ့လူတွေက အရူးလို့ ထင်တာကြောင့်…
      ကိုယ့်ဘက်ကိုယ်ဆွဲတွေးရင် အားလုံးက မော်ဒန်ဆန်ပါကြောင်း…။
      မော်ဒန်အာချောင်သွားပါတယ်..ငိ..

      • မြစပဲရိုး

        April 18, 2015 at 10:55 pm

        That’s true.
        Here it is.:-)))
        {
        Modernist fiction spoke of the inner self and consciousness. Instead of progress, the Modernist writer saw a decline of civilization. Instead of new technology, the Modernist writer saw cold machinery and increased capitalism, which alienated the individual and led to loneliness. (Sounds like the same arguments you hear about the Internet age, doesn’t it?)

        To achieve the emotions described above, most Modernist fiction was cast in first person. Whereas earlier, most literature had a clear beginning, middle, and end (or introduction, conflict, and resolution), the Modernist story was often more of a stream of consciousness. Irony, satire, and comparisons were often employed to point out society’s ills. For the first-time Modernist reader, this can all add up to feel like the story is going nowhere.
        }
        http://www.cliffsnotes.com/cliffsnotes/literature/what-are-characteristics-of-modernist-literature-fiction-in-particular

        . သများလဲ ကြောင် တစ်ကောင် နားမလည် အောင် ရေးသွားနိုင်မှ မော်ဒန် မှ မော်ဒန် ပေါ့။ lol:-))))

  • ဦးဦးပါလေရာ

    April 18, 2015 at 11:42 pm

    အခု ၂၀၁၅ မှာ ဗိုက်ပူခါးကိုင်း ထုံထုံထိုင်းထိုင်း အဖိုးကြီးတစ်ယောက်ဟာ
    တစ်ချိန်တုန်းကတော့
    ပါးပါးလျားလျား သွက်သွက်လက်လက် ကောင်လေးတစ်ယောက်ဖြစ်ဖူးတာပေါ့….
    အဲသည်တုန်းကလဲ သင်္ကြန်တွေကြုံခဲ့တာပေါ့….
    သင်္ကြန်ဆိုတော့လဲ သင်္ကြန်ရေတွေ စိုတာပေါ့
    ကြာတော့လဲ သင်္ကြန်ရေတွေ ခြောက် သွားခဲ့တာပေါ့..
    တစ်လောကပြန်တွေ့တော့ ကြည်နူးရွှင်ပြတဲ့အပြုံးလေးနဲ့ လာပြောတယ်…
    အငယ်မလေးလဲ ကျောင်းပြီးသွားပြီ …. တဲ့
    ….
    အမ်း………….
    ကျုပ်က..
    ကိုယ့်ကိုယ်ကိုတောင် ကျောင်းမပြီးသေးဘူးထင်နေတာ…
    ..

  • Mr. MarGa

    April 19, 2015 at 9:50 am

    ​နောက်​နှစ်​မှပဲ
    သင်္ကြန်​ဇာတ်​လမ်​း ရှာဖို့ Day Club တက်​ (အဲ​လေ မှားလို့) မဏ္ဍပ်​ထိုင်​​တော့မယ်​ လို့ ​တွေးထားမိပါ​ကြောင်​း
    :mrgreenn:

  • Ma Ma

    April 20, 2015 at 10:35 am

    ပိုစ့်ိကိုဖတ်
    ကွန်မန့်ကိုဆက်ဖတ်ပြီးသကာလ……………
    (. ကြောင်စုတ် ကြောင်နာ ကြောင်မွတ်ချာ
    နာ ဖြစ်ညှစ်ပြီး ရေးထား ရတာ ကို
    ဒင်းမှာ ဂလို အရင်လို တွေ တောင် ပြောစရာ မရှိဘဲ နဲ့ များ။)
    ဆိုတာကို ဖတ်ပြီး အသံထွက်ပြီး တခွီးခွီးရီနေမိတယ်။
    အနားကလူတွေဝိုင်းကြည့်တာတောင် အရီရပ်မရဘူး။ :k: :k: :k:

  • Courage

    April 21, 2015 at 8:13 pm

    သင်္ကြန် အမှတ်တရတွေမရှိ ကျွန်တော်တောင် လွမ်းလာသလိုလိုပဲ။
    ဘာပဲဖြစ်ဖြစ် အတိတ်ဆိုတာဟာ စာမြုပ်ပြန်လို့ အကောင်းဆုံး ပြက်လုံးတွေပါပဲ ဒေါ်လေးရယ်။

  • padonmar

    April 21, 2015 at 10:35 pm

    မလတ် ပို့စ်တွေကို ခံစားနိုင်မှ ဖတ်မယ်လို့ စုထားတာ။
    သင်္ကြန်ရက် အားဖြည့်ဖို့ မဝင်ပေးမိတာ ခွေးလွှတ်နော်။
    ….
    .မင်းကို ဘယ်သူပါလိမ့် လို့ ပုံဖော်ရင်း ကလေးနဲ့ .ဒက်ဒီ တွေ့လိုက်မှ မှန်းမိသွားတယ်။
    .အဲဒါ ဆုံနေရက်နဲ့ လွမ်းနေခြင်း ပဲပေါ့။(ရှာကြံပြီး လွမ်းရတာ .အရသာ ထင်ပါရဲ့)

    • မြစပဲရိုး

      April 24, 2015 at 3:10 am

      အစ်မဒုံ အချက် ကို တွေ့လိုက်လို့ အရောင်ချယ်ပြီး ကြောင်စုတ် ကို ပြလိုက်ဦးမယ်။ု
      . ကြောင်စုတ် ဒီမှာ တွေ့လား။ စိမ်းထားတာ။ နားလည်ပြီလား။
      :))

  • black chaw

    April 22, 2015 at 8:19 am

    နေနိုင် လျက် နဲ ့မင်းရဲ ့အနား
    မ နေဖြစ် ခဲ့တဲ့ အချိန်လေးတွေ
    ကိုယ် အများကြီး လွှတ်ပစ်ခဲ့မိ
    အခုမှ ပြန်နှ မြောနေ
    အခုမှ ပြန်နှ မြောနေ
    အခုမှ ပြန်နှ မြောနေ

    • မြစပဲရိုး

      April 24, 2015 at 3:07 am

      ကိုချော ရယ် …
      သတိရတာလဲ ရပေါ့။
      . ရှေ့ကလာနေတဲ့ ကား ကို လုံးလုံး မမြင်လိုက်လို့ ပြားပြား ဖြစ်သွားမှာတော့ စိုးပါတယ်။
      lol:-))))) 😉 :))

  • Mike

    April 23, 2015 at 11:56 am

    .အင်း…သင်္ကြန်လွမ်းချင်း ပြန်မပြောချင်တော့ပါဘု
    .အဟောင်းတွေ အသစ်မဖြစ်ချင်တော့ပါဘု…
    .♫♪♫အလွမ်းတွေကို….စမ်းရေထဲမှာမျှောလိုက်ပြီ♪♫♪ …ဒီသီချင်းသာ ဆက်ဆိုကြည့်နော် :k:

  • မြစပဲရိုး

    April 24, 2015 at 3:11 am

    ဖိုးသိကြား၊ မမ၊ ကိုပါ၊ မောင်ကာ နဲ့ မိုက်
    မရှိလဲ ရှိတာ ရှာကြံပြီး လွမ်းပေးကြပါ။ lol:-))))

  • chate chate

    April 24, 2015 at 10:43 am

    ဖတ်လို့ကောင်းလိုက်တာ….
    ခုများတော့ သကြန်ဇာတ်လမ်းနုနုရွရွတော့ တော်တော်ရှားလောက်တယ်ထင်တယ်..
    လမ်းပေါ်တွေ့သမျှ ရူးတဲ့သူနဲ့ မူးတဲ့သူနဲ့..

Leave a Reply