နားဦးတည့်ရာ တစ်ဆယ့်ခွန် – The Rembrandts (I’ll be there for you)
ဒီ ပို့စ် က အိမ်အပြန် တတိယစီးရီး ပေါ့။
. နောက်မှ ရေးခဲ့ပေမဲ့ ဂရုထားခြင်း ကတော့ မနည်းပါ။
စစ်ကြည့်ရင် ပါဝါတောင် ပိုကြီးလေမလားဘဲ။
ရွာ က လူ တွေ နဲ့ တွေ့လိုက်ဖို့ ကို နှစ်ပေါင်းများစွာ ရင်းနှီး ခင်မင် ခဲ့သူ တွေ ထက် ဦးစားပေးဖို့ ကြိုးစားနေခဲ့ တဲ့ အဖြစ်။
. ရောက်ပြီး နောက်တစ်နေ့ဘဲ သွားလာလို့ လမ်း အသင့်ဆုံး နဲ့ ကားရပ်စရာ ခေါင်းမစားရတဲ့နေရာမှာ ရှိတဲ့ သွေးသောက် ညီအစ်မ ဆီ ကို လွန်ခဲ့တဲ့ ၃နှစ် က ရှိထား တဲ့ နံပါတ် အတိုင်း ဖုန်းခေါ်ပါတယ်။
ကံ ပါရင်တွေ့,၊ မပါလဲ နောက်မှသာ လှမ်း နှုတ်ဆက် တော့မယ်လို့ သဘောထား ခဲ့တာ။ ဖုန်းခေါ်လိုက်တာ နဲ့ ရှိနေလို့ ညနေ ပိုင်းလေး အပြေးသွား တွေ့ခဲ့တာပေါ့။
ကံကောင်းချင်တော့ နောက် သွေးသောက် အစ်မ ကလဲ သူ့မှာ ခရီး ထွက်ဖို့ ရှိတာကို အကြောင်းတစ်ခု နဲ့ မသွားဖြစ်သေးလို့ လာနိုင်ခဲ့တယ်။
. နောက် ညီမ ကတော့ မြို့ပြင်ထွက် နေလို့ ခေါ်မရလိုက်။
တိုက်ဆိုင်စွာဘဲ ရွာစောင့်နတ် တစ်ပါး နဲ့ ရွာ့ဂျစ်တူး မှင်စာလေး တစ်ကောင် ကို ပါ ချိန်းလိုက်နိုင်တော့ ပွဲ က ပိုစည်ရော။
နောက် ဘဖိုးအို တစ်ယောက် ကိုလဲ ခေါ်သေး။ ဖုန်းပိတ်ထား တယ်။
ကြည့်ရတာ သူ့ကို နားညည်း သက်သာခွင့် ရအောင် နတ်သိကြားများ က ဆောင်မ ပေးလိုက်တာ နေမှာပေါ့။
. ရောက်တတ်ရာရာ ပြောနေတာ ကဘဲ မကုန်နိုင်၊ ပြန်တော့ အတော်လေး မိုးချုပ်ပြီ။ ပျော်ရွှင်စရာ စကားဝိုင်းလေး ဖြစ်ခဲ့တာ ပေါ့။ မဆီမဆိုင် ဆူလိုက် တာ ကို စိတ်များကောက် သူ ရှိနေမလားလဲ တွေးမိလိုက်သေး။
. ကောက်လဲ ကောက်တော့။ ချစ်လို့ ပြောတာ ကို နားမလည်လဲ မတတ်နိုင်။ ဘဝ မှာ အသဲကွဲခြင်း ကို ဇိမ်ခံ နေလိုက်ရင် ပိုပြီး အကျိုးရှိရာလုပ်စရာ တွေ ကို မေ့ သွားတတ်သည်။
ထူးချွန်နေတဲ့ အကြောင်း ရှိရက် အများလုပ်နိုင်တဲ့ ရေစီးကြောင်းထဲ မျောမနေစေလို။
. နောက်နေ့မှာတော့ တစ်ခြား အလုပ်တွေ လုပ်ရင်း လမ်းသင့်သူ တွေ ကိုလဲ အတင်း ကို ဝင်တွေ့ပါတယ်။
တစ်ယောက် ကိုတော့ သူ့ မတွေ့မှန်းသိလဲ သူ့ ကလေးလေး ကို မြင်ချင်လွန်းလို့ ဝင်ကြည့်ပါတယ်။ မြင်ခဲ့ရတယ်။ အပြင်မှာလဲ သမီးလေးက ချစ်ဖို့ တစ်အားကောင်း။
. တော်မှ စပ်ရမဲ့ တူမတော် နဲ့လဲ စကား တွေပြောခဲ့တာမှ ရေပက်မဝင်။
. နောက် ရွာ့ အသည်းကျော် မင်းသားကြီး တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက် မဟေသီ ကို ချစ်ခင် လေးစားလို့ သွားတွေ့ပေမဲ့ ကံ မပါ တော့ ဒီ တစ်ခေါက် လွဲ ပါတယ်။
သူ့ ရဲ့ ဂုဏ်ယူဖွယ် သမီးချော ကိုတော့ ကိုယ်တိုင် နှုတ်ဆက်ခွင့် ရခဲ့လို့ကျေနပ်လိုက်မိပါတယ်။ မေ့ပင်အောက် ရောက်ခဲ့ တဲ့ အကြောင်း ကို နားထောင်ရင်း ဗိုက်နှိပ် ရီလိုက်တာ နောက်မှ အားနာရ ကောင်းမှန်းသိတယ်။
တာဝတိန်သာ က ပုဂ္ဂိုလ်တစ်ပါး ကိုလဲ တွေ့ဖို့ ကြုံ လိုက်ပါရက် နဲ့ လွဲ လိုက်ရတဲ့ အဖြစ်။
. နောက်နေ့ ကျ ကိုယ့် နေရာဟောင်း ကို သွားရင်း နေရာချင်း ကပ်ရက် မှာ ရှိတယ်လို့ သတင်း နံ့ ရထား တဲ့ မင်းသား တစ်ယောက် ကို သွားချောင်းပါတယ်။ ကံကောင်းစွာ တွေ့လိုက်ရတာ မို့ အမှတ်တရ တစ်ခု ကျန်ခဲ့တာပေါ့။
သူ့ နံဘေးမှာ မိန်းမကလေး ချောချောလေး တွေ ဝိုင်းနေတဲ့ အလုပ်ဘဲ။
ညနေ မှာတော့ ကိုယ် ရှိ တဲ့ နေရာ ကို ရောက်အောင် မရမက လာတွေ့ ခဲ့ ကြတဲ့ ဇွတ်မလေး နဲ့ ဇွတ်ထီးလေး နှစ်ကောင် ကြောင့် ပျော်စရာ ညနေခင်း လေး တစ်ခု ရခဲ့တယ်။
အပြန်မှာ အရီး တစ်ယောက်ထဲမို့ ပြန်ပို့မယ် လုပ်နေကြလို့ မောင်းထုတ် လိုက်ရသေးတယ်။ ကိုယ်က မှ နီးနီးလေး ပြန်လျှောက်ရတာ။ သူတို့ က အဝေးကြီး ပြန်ကြရမှာ၊
တကယ်တော့ သူတို့ ကို ပြန်မပို့ လိုက်နိုင်တာ ကို စိတ်မကောင်းဘူး။ မှောင်နေပြီလေ။
အဲဒီ ညနေ ကို လာပြီး ပူးပေါင်းချင်ပေမဲ့ နေမကောင်းဖြစ်ပြီး ဆေးခန်း ရောက်နေတဲ့ ညီမ တစ်ယောက် ရဲ့ အိမ်ကိုတော့ နောက်နေ့ အပြေးသွား ပြီး လူနာ မေး ခဲ့တယ်။
သူ့ရဲ့ ချစ်စဖွယ် သားလေး နဲ့ ဆုံလိုက်တာ အဆစ် ပေါ့။ အရင်က အင်မတန် ရင်းနှီးခဲ့သလို စကားတွေ ပြောမကုန်ပြန်ဘူး။
အဲဒီနောက်မှာတော့ တစ်ခြား သူငယ်ချင်း တွေ နဲ့ ချိန်းလိုက်ပြီ မို့ ရက် မရှိ တော့။
. ဖြစ်နိုင်ရင် ရွာထဲ က သိသမျှ လူအားလုံး (အထူးသဖြင့် ဟင်းချက်ကောင်းသူညီမများ) နဲ့ ဆုံချင်ပေမဲ့ ရတဲ့ အချိန် က တိုလွန်းခဲ့တာမို့ ရသလောက် နဲ့ဘဲ ဖြေသာ လိုက်ရတာ။
. နေပူတော် ကို ကြွ တဲ့ ကိုယ့်မွေးစားအဖေ ဆရာသခင်က တစ်ရက် နဲ့ ပြန်လာမယ်ပြောပြီး ကိစ္စမပြတ်ဘဲ နှစ်ရက် ကြာသွားတာမို့ သူ ပေးထား တဲ့ အချိန် မှာ ရွာ့ အမျိုး တစ်ချို့ နဲ့ ဆက်ပြီး တွေ့ဖို့ ရေစက် က ရှိ လိုက်သေး တယ်။
ကိုယ်ရှိတဲ့ နေရာ ကို လာတွေ့ဖို့ ချိန်းရတာ ကို တခုတ်တရ နေပူပူ ထဲ လာတွေ့ပေး ကြသူ တွေ ကို တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
ချိန်းထားတဲ့ ကန်တင်း ရောက်တော့ ရွာ့ မျက်နှာဖုံး ဦးကြီး က ပြုံးပြုံး ကြီး စောင့်ရင်း ရောက်နှင့်ပြီ။
ဂျူတီ မတိုင်ခင် အပြေးလာတွေ့လိုက်တဲ့ သူ ကတော့ မြင်တာ နဲ့ ကိုယ်နဲ့ တူရာ မောင် တစ်ယောက် ကောက်ရပြီ မှတ်လိုက်ပါတယ်။ သူ့ ကို အရင် မတွေ့ဖူးဘူး။
စကားပြောကောင်း သလောက် မျက်နှာချိုသူ မောင် တစ်ယောက်၊ လစာ မတရား တက်သွာတဲ့ အလုပ် ကို တောင် ဘေးချိတ်ပြီး လာခဲ့ တဲ့ ညီမတော်၊
တစ်ခါတွေ့တာ အားမရ နောက်တစ်ခါ အပြေးလာတွေ့တဲ့ ညီမ နဲ့ ဘီဇနက် နဲ့ အချိန်မအားတာတောင် ရောက်အောင် လာခဲ့တဲ့ တူတော်မင်းသား အားလုံး ကို ကျေးဇူးတင်ပါတယ်။ “သိပ်မကြာပါဘူး။ ၁၁နာရီ ခွဲ ဆို ပြန်လာမယ်” လို့ ပြောပြီး နောက်ထပ် တစ်နာရီ ကြာအောင် ပြန်မလာလို့ လို့ စိတ်တို နေတဲ့ သူတွေ ကို ဒီအတိုင်း ပစ်ထားမိတာ ကို သိရင် ကိုယ့်သံယောဇဉ် ကို သိကြပါနော်။
. လှောင်အိုက်နေတဲ့ ကန်တင်း ထဲမှာ ချွေးတစ်လုံးလုံး နဲ့ ဖြစ်နေတာ ဂရုမထား ဘဲ တဟားဟား နဲ့ ရီမော ခဲ့ရတာ အမှတ်တရပါ။
တကူးတက အော်ဂနိုက်ဇ် လုပ်ပေး တဲ့ နှစ်ထပ်ကွမ်း မောင်တော် နဲ့ စားဝိုင်း ကို ရှင်းပေးသွားတဲ့ ဦးကြီး ကိုလဲ အထူး ကျေးဇူးတင်ကြောင်း ထပ်ပြောလိုပါ တယ်။
. သွေးသောက် ညီမ တွေ နဲ့ လဲ တစ်ကျော့ပြန် ထပ်တွေ့ချင်ပေမဲ့ ဘယ်လိုမှ မအားတော့။
. နောက်ဆုံး မပြန်ခင် ရက် မှာ မှ ချစ်မမ ဆီ အပြေးဝင်ပြီး နှုတ်ဆက်ရုံ နှုတ်ဆက်နိုင်တော့တယ်။
တွေးရင်း တွေးရင်း အံ့ဩမိတယ်။
အားလုံးက ကိုယ်နဲ့ အရင်က မသိခဲ့၊ မမြင်ဘူးခဲ့၊ မရင်းနှီးခဲ့၊ ကိုယ်ကျင်လည်ရာ အသိုင်းအဝိုင်း ကလဲ မဟုတ်၊ တစ်စိမ်း မှ တကဲ့ စိမ်းစိမ်းတောက် တစ်စိမ်း တွေ ပါ။
ဒါကို ဆွေရင်းမျိုးချာလို ခင်မင်နိုင်တာ အကြောင်း တစ်ခု တော့ ရှိနေမှာ။
အရင်က အကြောင်းဆုံ ရေစက်ပါ ခဲ့လို့ဘဲလား။
. နောက်ထပ် ပြောချင်တာ က သူကြီး ရဲ့ ကံကောင်းပုံ အကြောင်းပါဘဲ။
အဲဒီလို စိတ်ထဲ ဖြစ်သွားတာက ရွာထဲ လူအင်မတန် ခြောက်နေချိန် မှတ်ချက်လေး ဝင်ပေးလာတဲ့ “ကိုရင်မောင်” ကို တွေ့လိုက်လို့။
သူပြောခဲ့ဖူးတာလေး မှတ်မိနေတယ်။ သူနေတဲ့ နေရာ က ရွာထဲ ကိုဝင်ဖို့ မလွယ်ဘဲ ကျော်ခွပြီး ဝင်ရတာတဲ့။
ဒါပေမဲ့ သူ့ကြည့်ရတာ အခါသင့်တိုင်း ရွာထဲ ကို စောင့်ကြည့်နေပုံပါ။
အလှူ ဆိုလဲ သူ့ အသံ ပေးမြဲ။
ဒါက သူကို နာမည်တပ်ပြီး နမူနာ ပြလိုက်တာပါ။
တကယ်တော့ ရွာပြင်က နေ ရွာထဲ ကို တိတ်တိတ်လေး ကဲ ပြီး ကြည့်နေသူ အများလဲ ရှိနေမှာ လို့ ယုံပါတယ်။
ကိုညို ပြောခဲ့တာလေးကိုလဲ မမေ့ပါ။
အခုတောင် ပိတ်ရက်ထဲ ဝင်လာပေးသူ တွေ မြင်နေရတာဘဲ။
တစ်ချို့ မလှုပ်နိုင်တဲ့ အခြေအနေ မှာတောင်မှ ကလေး ချီး သေး ပေ လက် နဲ့ ကီးဘုတ် ရိုက်နေရတာ လဲ မြင်ယောင်မိတယ်။
အဲဒီလိုကို “Loyalty” လို့ ခေါ်နိုင်မလားဘဲ။
အဓိပ္ပါယ်အရှည် ထပ်ဖွင့်ရင် “a devotion to a person, country, group” / “a strong feeling of support or allegiance”။
အတို ကတော့ သစ္စာထားခြင်း၊ ကိုယ့် အတွက် အမြဲရှိနေခြင်း လို့ ဆိုမလား။
သူကြီး မှာ မနာလိုစရာကောင်းလောက်အောင် ကို အဲလို လူ တွေ သူ့အနားမှာ ရှိနေတာ မြင်လိုက်တယ်။
ဒီလူ တွေ အတိတ် က သူ့ကို ဘာများ နှိပ်စက်ခဲ့ မိတယ်မသိ။
ဘာဘဲ ဖြစ်ဖြစ် တစ်စုံတစ်ဦး လိုအပ်ချိန်မှာ အနည်းဆုံးတော့ စိတ်အင်အား နဲ့ ဖြည့် ပေး မဲ့ မိတ်ဆွေကောင်း တွေ ရွာထဲ မှာ ရှင်သန် နေတာ က ဘဲ မင်္ဂလာတစ်ပါးပါဘဲ။
. ပျော်ရွှင်တာ လဲ မျှ လို့ ရတယ်။ ဝိုင်းပျော်ကြမယ်။
အသဲကွဲသလား။ ဝိုင်းဆဲပေးမယ်။
အားငယ်စရာ ရှိချိန် မှီ နိုင်မဲ့ ပခုံး တွေ ရှိတယ်။ (ဖြေးဖြေးတော့ မှီပေါ့ သများကတော့ ယဲ့ယဲ့လေး)
အကြံလိုသလား၊ ပူမနေနဲ့။ ပေးတဲ့ အကြံ မတူချိန် ငြင်းပွဲ တောင် ဖြစ်သွားဦးမှာ။
ရင်ဖွင့်ချင်လား၊ ထောင်နားစိုက်မဲ့ သူတွေ အသင့်။
ဒီတော့
. လောကကြီးထဲ အလှူ ဆိုတာ ငွေကြေး နဲ့ ဆက်ထားနိုင် မှ ရတာ မဟုတ်ပါလေ။
. ကိုယ့် ချစ်ခြင်းမေတ္တာ တွေ ကို စကားလုံး တွေ က တစ်ဆင့် ချ ပေးနိုင် လိုက်လို့ တစ်ဖက်သား မှာ ပျော်ရွှင်သွားရင်ဘဲ ကြီးမြတ်တဲ့ အလှူ တစ်ခု ဖြစ်ပါတယ်။
. နှစ်သစ် က စလို့ အပြစ်ကင်းတဲ့ ချစ်ခြင်းစကား တွေ နဲ့ တို့ ရွာကြီး ပို စည်ပင် အောင်ကြိုးစား ကြပါစို့။
. နေသာချိန်ဖြစ်ဖြစ်၊ မိုးရွာထဲ မုန်တိုင်းထန်ချိန် ဖြစ်ဖြစ် I’ll be there for you.
~~~~
“I’ll Be There For You (Theme From Friends)”
So no one told you life was gonna be this way
Your job’s a joke, you’re broke, your love life’s D.O.A.
It’s like you’re always stuck in second gear
When it hasn’t been your day, your week, your month, or even your year, but
I’ll be there for you
(When the rain starts to pour)
I’ll be there for you
(Like I’ve been there before)
I’ll be there for you
(‘Cause you’re there for me too)
You’re still in bed at ten and work began at eight
You’ve burned your breakfast, so far things are going great
Your mother warned you there’d be days like these
But she didn’t tell you when the world has brought you down to your knees and
I’ll be there for you
(When the rain starts to pour)
I’ll be there for you
(Like I’ve been there before)
I’ll be there for you
(‘Cause you’re there for me too)
No one could ever know me
No one could ever see me
Seems you’re the only one who knows what it’s like to be me
Someone to face the day with, make it through all the rest with
Someone I’ll always laugh with
Even at my worst, I’m best with you, Yeah!
It’s like you’re always stuck in second gear
When it hasn’t been your day, your week, your month, or even your year
I’ll be there for you
(When the rain starts to pour)
I’ll be there for you
(Like I’ve been there before)
I’ll be there for you
(‘Cause you’re there for me too)
I’ll be there for you
(When the rain starts to pour)
I’ll be there for you
(Like I’ve been there before)
I’ll be there for you
(‘Cause you’re there for me too)
20 comments
မြစပဲရိုး
April 18, 2015 at 5:57 pm
No one could ever know me … No one could ever see me
Seems you’re the only one who knows what it’s like to be me
Someone to face the day with, make it through all the rest with
Someone I’ll always laugh with
Even at my worst, I’m best with you, Yeah!
It’s like you’re always stuck in second gear
When it hasn’t been your day, your week, your month, or even your year
I’ll be there for you (When the rain starts to pour)
I’ll be there for you (Like I’ve been there before)
I’ll be there for you (‘Cause you’re there for me too)
https://www.youtube.com/watch?v=q-9kPks0IfE
ဝင့်ပြုံးမြင့်
April 18, 2015 at 7:58 pm
အရီးလတ် says: ဒီတော့
လောကကြီးထဲ အလှူ ဆိုတာ ငွေကြေး နဲ့ ဆက်ထားနိုင် မှ ရတာ မဟုတ်ပါလေ။
ကိုယ့် ချစ်ခြင်းမေတ္တာ တွေ ကို စကားလုံး တွေ က တစ်ဆင့် ချ ပေးနိုင် လိုက်လို့ တစ်ဖက်သား မှာ ပျော်ရွှင်သွားရင်ဘဲ ကြီးမြတ်တဲ့ အလှူ တစ်ခု ဖြစ်ပါတယ်။
—
.အမလတ်ရဲ့ အားကောင်းခိုင်မာတဲ့ မူဝါဒပေါ့နော်။ လက်မအကြီးကြီး ထောင်သွားပါသည်။
ဦးဦးပါလေရာ
April 18, 2015 at 11:14 pm
အသက်က ကိုယ်နဲ့ မတိမ်းမယိမ်းလောက်ရှိလောက်မှန်းသိနေရက်နဲ့ကို
အရွယ်က ကိုယ့်တူမလောက်ဖြစ်နေတာတော့ ယုံကိုမယုံနိုင်အောင်ပဲ…
အဲ့ဒါကတော့ သူ့ကုသိုလ်နဲ့သူ ပေါ့လေ
…
ဒီမှာ ပြောချင်တာက-
လူတစ်ယောက်ရဲ့ ရင်ထဲက စေတနာမေတ္တာစစ်စစ်တွေက အသေအချာရောင်ပြန်ဟပ် တတ်တယ်ဆိုတာ
မန်းဂဇက်ကို ကြည့်ရင်ကို သိသာတယ်။ သိနိုင်တယ်…။
…..
ဥပမာ ၁- သူကြီး …
ဘယ်သူနဲ့မှ ကောင်းကောင်းအစပ်တဲ့လှတယ်မရှိပဲနဲ့ကို သူ့ကို ရွာသူားတွေ တော်တော်ချစ်ခင်ကြတယ်
အဲသည်တော့ သူ့ဆိုက်ကိုလဲ (အခုအချိန်မှာ ဘာမှသိပ်မဟုတ်လှတော့ပဲနဲ့ကို) ချစ်ခင်ကြ သံယောဇဉ်ရှိကြသပေါ့…
အဲဒါ ဘာကြောင့်လဲဆိုတော့ . သူက ဒီဆိုက်ကို စေတနာ မှ စေတနာစစ်စစ်နဲ့ လုပ်ထားတာကိုး……
်
ဥပမာ ၂- ခင်ဇော် / ကေဇီ
အဲဒါ သူ့နာမည်တော့မဟုတ်ဘူး ။ သူ့နာမည်က ဘာမှန်းလဲ မသိတော့ဘူး……
တကယ်ဆို တော်တော်မျက်စေ့နောက်စရာကောင်းတာပါ..
ဒါပေမယ့် သူ့ကို ရွာသူားတွေအများအပြားက အရမ်းနှီးချစ်ခင်ကြတယ်..
(ကျုပ်လဲပါတယ်. လူချင်းဆက်ဆံတာမရှိပေမယ့် စိတ်ထဲရင်းနှီးနေတယ်။
မိတ်ဆုံပွဲမှာ မိနစ်ဝက်လောက်တွေ့လိုက်ရတာ စိတ်ထဲမတော့ကိုယ့်အမျိုးတွေ့ရသလိုပဲ…)
အဲဒါ ဘာကြောင့်လဲဆိုတော့ . သူက ဒီရွာသူားတွေကို အင်မတန်ရိုးစင်းပွင့်လင်းစွာချစ်ခင်လို့ပဲ….
ဥပမာ ၃- အရီးလတ်
…..
ဥပမာ ၄- မပဒုမ္မာ
……..
ဥပမာ ၅-
ဥပမာ ၆-
……..
…
အဲလို ဥပမာတွေ ဒီရွာထဲ ပြောလို့မကုန်ဘူး…
ဒီရွာသူားတွေ လူချင်းဝေးချင်ဝေးမယ်..
ရင်ချင်းတော့ နီးတယ်…….
..
ခင်ဇော်
April 19, 2015 at 7:23 am
ဥဥပါ ကော်မန့်ဖတ်ပြီးးး
လူ က ငိုချင်သလို ရီချင်သလို ဖြစ်နေတာ…
ခိခုခုခိ….
:a:
ကျနော်က စွန့်ခွာကြေးးဆို
ဖေ့ဘုတ်ကို စွန့်ပြီးးးးး
ရွာ မှာပဲနေဖို့ ရွေးးးမယ် ဆိုတာ တဂျီးးး ဂွဇာဂျီးးး ကြားးမဆိုးးလို့ မပြောပြတော့ဘူးးး
:k:
ဘဝ မှာ အရမ်းးအကင်းးပါးးတဲ့ သူတွေ ကို တစ်စုတစ်ဝေးး အများးကြီးးး
မြင်ရချစ်ရ တဲ့နေရာကို ကျနော် မခွာနိုင်ပါဘူးးး
:chit:
kai
April 19, 2015 at 3:14 am
ကုဒ်တွေနဲ့ရေးထားသလိုပဲ..။မနည်းဖတ်ပြီး.. လူတွေကိုပုံဖေါ်ရတယ်..။
ဆိုတော့….
ဒီရွာက… ရွာသူားတွေရဲ့..မေတ္တာတွေနဲ့တည်ထောင်ထားတာလေ…။
ရွာဝင်ပေါက်မှာဆိုင်းဘုတ်တခုရှိသဗျ..။
သင်နှင့် ချစ်ခြင်းမေတ္တာကိုသာဝင်ခွင့်ပြုသည်… ။
အမုန်းတရားအတူပါခဲ့လျှင်.. ထိုအရာကိုစွန့်ပစ်ခဲ့ပါ… တဲ့..။ :k:
မြစပဲရိုး
April 22, 2015 at 2:42 am
သူကြီးမင်း ရွာအဝင်စာ ကို ထင်ရှားစွာ ပိုမြင် အောင် အရောင်ချယ် ဗျစီ။
Mr. MarGa
April 19, 2015 at 9:34 am
ကုဒ်တွေ တခုမှ ဖော်မရသေးဘူး
တာဝတိံသာက ပုဂိ္ဂုလ် ဆိုတာ ဘယ်သူများပါလိမ့်
🙄 :mrgreenn:
ခင်ဇော်
April 19, 2015 at 8:58 pm
လောကမှာ ပိုက်ဆံမကုန်တဲ့အလှူထဲမှာ
စစ်မှန်တဲ့အပြုံး
ကောင်းသောစကား
ကောင်းသောစိတ်ထား စတာတွေဟာ အလွယ်ကူဆုံးပေးနိုင်တာတွေလို့ လက်ခံထားပါတယ်အရီးရေ။
ကျနော်က ကျနော့ကိုယ် ကျနော် မှန်လိုကျင့်တယ်ပြောတတ်ပါတယ်။
ဒါပေမဲ့ ကျနော့ မွေးမေလေ့ရဲ့ သင်ကြားမှု အရ စစချင်း ကျနော့ဘက်က မေတ္တာကို အပြည့်ပေးပါတယ်။
ကျား/မ မရွေးးး
ကျနော် ကူနိုင်ရင် ဘာမှ ထည့်မတွက်ပဲ အရင် ကူညီပါတယ်။
ဒီ အချိန်ထိ စစ်ချထားတဲ့ ဇကာတွေလို့ တင်စားရမဲ့ ပြသနာပေါင်းသောင်းခြောက်ထောင် အပြီးမှာ ကျနော့နားမှာ ကျနော့ကို မေတ္တာအစစ်ပေးနိုင်မဲ့ လူ တွေ ကျန်ပါတယ်။
နောက်ထပ် ဇကာ တွေ လာဦးမှာ မို့ ဘယ်သူတွေပဲ တင်ကျန်မယ် ဆိုတာမသိပေမဲ့ ခုချိန်ထိ ရထားတဲ့ မိတ်ဆွေ သူငယ်ချင်း လက်တွဲဖော်တွေဟာ ကျနော့ ဘဝ ရဲ့ Blessing ပါ။
စောစောစီးစီး လမ်းခွဲသွားတဲ့ သူတွေကိုလည်း ကျေးဇူးတင်စရာ ရှိတယ်ပဲမှတ်ပါတယ်။
သူတို့ဆီက ကျနော် သင်ယူခဲ့ရတာတွေ ရှိလို့ပါ။
ကျနော် ဘေးနားနေပြီး ကျနော့အပေါ်မကောင်းတဲ့သူမျိုးတွေ အတွက်ကတော့ ရေစက်ကိုပဲ အားကိုးပါတယ်။
ရေစက်ကုန်တဲ့ထိ ကျနော် သည်းခံရမှာပါပဲ။
ဆိုတော့ … များသောအားဖြင့် ကျနော် စိုသောလက် ခြောက်သွားတာမျိုးအဖြစ်မခံနိုင်ပါဘူးးး
အဲ၊ စိုတဲ့လက်ကို အတင်း ဒရိုင်ရာ မှုတ်ချင်တဲ့ သူတွေကိုလည်း နေပူထဲထားခဲ့ပါတယ်။
သူတို့ကို စိတ်ချမ်းသာအောင် ထားတဲ့ သူ နဲ့ မတန်လို့လို့ ယူဆ လို့ပါ။
ကျနော်မှာ ဘာမှ မရှိခဲ့ရင်တောင် သူများကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ စွမ်းအင်လေးရှိတယ်လို့ ယူဆထားတဲ့ လိပ်မ ပါ။ ဟိဟိ။
ကျနော့ ဆီက ချိုတဲ့ စိတ်ကလေးကို အခါးခတ်ချင်နေတဲ့သူတွေလည်း များတယ်။
ပို့(စ) နဲ့တော့ မဆိုင်ပါဘူးးး
ခုလတ်တလော ကျနော် စိတ်မချမ်းမသာဖြစ်နေတာတွေ ရင်ဖွင့်တယ်ပဲ မှတ်ထားပေးတာ။
😥
pooch
April 19, 2015 at 9:57 pm
အနော့်ရဲ့ကပေါက်တိကပေါက်ချာ စိတ်ကူးပေါက်တိုင်း ထွက်ပေါက်ရှာတိုင်းနားထောင်ပေးတဲ့ အားပေးတဲ့ ရွာကဆွေမျိုးတွေကို
အနော်ကလည်းချစ်ပါတယ်အရီး
တခါတလေ ကိုယ့်ဘေးနားကလူတွေကိုတောင် ရင်မဖွင့်ဖြစ်ပေမဲ့
ရွာကလူတွေကိုတော့ ပြောဖြစ်တာ အံ့ဩစရာတော့ကောင်းသား
ထူးဆန်းတဲ့ရေစက်ပေါ့
အခုလောလောဆယ်တော့ အိမ်ပြန်မရောက်သေးဘူး
လမ်းပေါ်မှာပဲ ရှိသေးတယ်
နှစ် ၁ ထောင်ကျော်တြဲ့မြိုဟောင်းတခုကိုထပ်ရောက်နေတယ်
အရမ်းအြေးပြီး အရမ်းလှတယ်
ဆွဲဆောင်မှုရှိတဲ့လူတယောက်ကိုလည်းဆုံခဲ့ရတယ်
so so cool ””” :mrgreenn:
တမြန်မန့က Haba snow mountain တက်တာ summit မရောက်ခဲ့ဘူး
ရာသီဥတုအရမ်းကြမ်းလို့ တနာရီ ၇၅ မိုင်နှုန်းနဲ့ လေတိုက်ကြမ်းတာ လူတောင်လွင့်တယ်
ကံကောင်းလို့မသေတယ်
basecamp ကနေ ပေ ၁၅၀၀ဝ လောက်ပဲရောက်တယ်
အရမ်းကြောငက်စရာကောင်းတယ် တက်ဖူးသမျှထဲ
တောင်ထိပ်ရောက်ခါနီးလေ ဆံပင်တွေတောင်ခဲလာတယ်
ပေက ၁၇၇၀ဝ မြင့်တာ
ဒီညလည်းြမြိုဟောင်းမှာဓာတ်ပုံတွေပတ်ရိုက်တာ အေးခဲနြေပြီ
ခုမှပြန်ရောက်တယ်
လူလည်းဒေါင်းနြေပြီ
kai
April 21, 2015 at 4:51 am
မြန်မာပြည်မွှေတာအားမရလို့.. စိန့်ပြည်သွားမွှေတယ်ပေါ့…။
uncle gyi
April 19, 2015 at 10:14 pm
သင်နှင့် ချစ်ခြင်းမေတ္တာကိုသာဝင်ခွင့်ပြုသည်… ။
အမုန်းတရားအတူပါခဲ့လျှင်.. ထိုအရာကိုစွန့်ပစ်ခဲ့ပါ… တဲ့..။
သူကြီးရဲ့ရွာအဝင်ဘီဘုတ်ကဒီကဘီဘုတ်တွေထက်
အပြတ်သာတယ်
Ma Ma
April 20, 2015 at 9:47 am
လိပ်ပြာတောင်ပံခတ်လိုက်လို့ စိတ်ရင်းအတိုင်းချစ်ခင်ခွင့်ရတဲ့ သွေးသောက်ညီအမတွေ ဖြစ်ခွင့်ရတာလည်း ထူးတဲ့ကံပဲ။
ဒီလိုဖြစ်ခွင့်ရတောင် ဒီဆိုဒ်ကိုတည်ထောင်ထားတဲ့ သဂျီးကိုတော့ ကျေးဇူးတင်ကြောင်းးးး မပြောတော့ဘူး။ :p:
ရွာအဝင်ဆိုင်းဘုတ်က သင်နဲ့ ချင်ခြင်းမေတ္တာကိုသာ ဝင်ခွင့်ပြုသည်တဲ့။
အထဲရောက်မှ အနုပညာမြောက်စွာ ငြင်းခုန်မလားးးးးး ရန်ဖြစ်မလားးးးး ပဲ :k:
သေချာတာတစ်ခုကတော့ သဂျီးနဲ့ရွာသူားတွေရဲ့ အားပြိုင်ခြင်း အနုပညာပဲ။ :kwi:
Alinn Z
April 20, 2015 at 4:59 pm
ဇွတ်ထီးလေး နှစ်ကောင်ထဲမှာ ကျနော်က တကောင်ပေါ့
အဲ့ဒီ ညနေခင်းဟာ ကမ႓ာမြေရဲ့ မြတ်နိုးဖွယ်ရာ လက်ဆောင်တခုပါ
kotun winlatt
April 21, 2015 at 4:47 am
ဒဲ့မရေးပဲ သွယ် ဝိုက် တင် စား ရေး ထား တော့ ရွာ နဲ့ ခပ် ဝေး ဝေး က ကျနော်တောသားအတွက်တော့ ပုံဖော်လို့မရ သို့သော် ရန်ကုန်မြို့ကြီးကိုများ ရောက်ခွင့်ရဦးမယ်ဆိုရင် အားလုံးးနဲ့ ဆုံချင်သေးးသဗျ
Courage
April 21, 2015 at 8:09 pm
တိန် ် ် ် ် ဆွေမျိုးတွေကို လိုက်မှတ်နေရတာ မျက်စိတောင် လည်သွားတယ်။
ပျော်စရာကြီးပါလား ဒေါ်လေးမြရေ့။
🙂
padonmar
April 21, 2015 at 10:03 pm
Yay!!!!!
အရီးရဲ့ ကုဒ်တွေကို ဖော်နိုင်တယ်ကွ။
အဲဒါ ရင်ဘတ်ချင်းနီးလို့။
(ကြွားထှာ)
မြစပဲရိုး
April 22, 2015 at 2:41 am
ရင်ဘတ်ချင်းနီးတာ ကတော့ ပိုပိုပြီး နီးလာတာ အသေအချာဘဲ။
. နောက်နေ့မှ ပြန်လာ ပြီး ပြောစရာတွေ ပြောဦးမယ်။
ဒီနေ့တော့ အချိန်စေ့သွားပြီ။ :))
လုံမလေးမွန်မွန်
April 22, 2015 at 11:18 am
အဆူခံပြီး ဇွတ်ခဲ့ရတာရယ်…. လုပ်ချင်တဲ့အလုပ်ကို ဘယ်သူ့ကိုမှ မကြည့်ဘဲ လုပ်မိတတ်တာ.. အားနည်းချက်ခေါ်မလားတော့ မသိဘူး… ပြီးမှ အားနာမိနေတာ.. ငါဇွတ်လွန်းသွားပြီလားမသိဘူး ဆိုပြီး.. :k:
ဒီရွာကလူတွေကို ကိုယ့်ဆွေမျိုးတွေလို အရမ်းချစ်ခင်တယ်.. တစ်ခုခုဆို ရွာထဲကသူတွေကို အရင်ဆုံးသတိရမိတတ်တာဆိုရင် အပြင်က သူငယ်ချင်းတွေ ဆဲမယ်ထင်တယ်…
အပြင်မှာတွေ့ပြီးမှာပဲ အရီးကို ပိုချစ်သွားမိတယ်… ပိုလေးစားမိတယ်.. :kiss:
Mike
April 22, 2015 at 2:25 pm
.အင်း..တစ်မနက်ပေါ့…အပြင်ခဏသွားတုန်း ဟန်းဖုန်းကအိမ်ကျန်ခဲ့…ပြန်လာလို့ကြည့်တော့
.မစ်ကောတွေ့တယ်..ကြိုးဖုန်းနံပါတ်တစ်ခု…ဆက်ကြည့်လိုက်တော့..သုခကမာ္ဘ ကပါရှင်တဲ့..
.မစ်ကောတွေ့လို့ပါဆိုတော့ မဆက်ပါဘူးတဲ့…ဒီလိုနဲ့နေရင်း ..အိမ်ကကြိုးဖုန်းမည်လာတယ်..
.ကိုင်ကြည့်လိုက်တော့….ကျုပ်လိပ်စာအတင်းမေးနေတဲ့ .အမျိုးသမီးတစ်ဦးအသံ..ဘယ်သူလည်းဆိုတော့လည်းမပြောဘူး..ဘာရမလည်း…မသိပေမဲ့လိပ်စာအတိအ..ကျပေးလိုက်ပါသဗျာ…သိပ်မကြာခင် ကျုပ်ဈေးဆိုင်ကနေအိမ်ဖက်ပြန်တော့…အိမ်မှားတံခါးခေါက်နေတဲ့
.သူ့ကိုယ်သူ လူလည်လို့ထင်နေသူအမျိုးသမီးကိုတွေ့တာပဲ..ခိခိ
.မဒမ်မိုက် ကိုအလှူအိမ်ကလှမ်းခေါ်လိုက်ဖို့ကောင်းတယ်…နောက်တစ်ခေါက်ပေါ့
.ဘာမှလည်းမကျွေးလိုက်ရ…ဒါလည်း…နောက်တစ်ခေါက်ပေါ့ :k:
.တကူးတကလာတွေ့လို့ ဝမ်းသာပါတယ် ဗျာ
မြစပဲရိုး
April 24, 2015 at 3:01 am
. ပြုံးညီမ
လက်မထောင်အားပေးသွားလို့ ကျေးဇူးပါ။
စာအုပ်လဲ ပြီးခါနီးပြီ။ ဒီ တစ်ပါတ် တော့ အဆုံးသတ်နိုင်မယ် မှန်းတယ်။
. ပြီးခဲ့တဲ့ အပါတ်က သင်္ကြန်ပွဲ သွားနေခဲ့လို့။
ကိုပါ
အားပေးလို့ ကျေးဇူးတင်ပါတယ်။
သို့ပေသည့် သူများ ကို အားပေးဖို့ ကွ ကိုယ် ကို ၇ဝတန်း ထဲ တွန်းပို့ တာလိုက်တော့ မလုပ်ပါနဲ့ရှင်။
(ကျွန်မ အဒေါ်များ က ၇ဝ တန်းထဲ ရောက်နေလို့) 😉
တကယ်တော့ ရွာထဲ သာ ရောက်အောင်လာပါလေ။
လူချင်းလဲ မဝေးပါဘူး။
ဇီကလေး
အခု လောလောဆယ် တို့ ရွှေမြန်မာများ ရဲ့ ဖဘ သုံးစွဲ ပုံ တွေ အကြောင်း ကတော့ ကမ္ဘာမှာ စံတင်တော့မယ်။
အမုန်းတွေ အတွက်၊ လက်စားချေပွဲ တွေ အတွက် အသုံးချနေ တဲ့ လက်နက် တစ်ခုလို ဘဲ။
အညိုးအတေးများ သံသယများ ငါစွဲ အတ္ကများ နဲ့ ပျော်ရွှင် တိုးတက်တဲ့ အသိုင်းအဝိုင်း ကို ဖန်တီးလို့ မရနိုင်တာ ဘာလို့ မမြင်နိုင်ကြလဲ မသိ။
သူကြီး ရဲ့
ရှင် ကမှ ရေးထားတဲ့ စာ က ကုဒ် ကို ဖော်ရတာ။
ကျွန်မ က အတိအကျမသိ တဲ့ အိမ်လိပ်စာ တစ်ခု ကို ရမ်းရှာပြီး သွားခဲ့ရတာ။
အညွန်းက ဘယ်လိုမှတ်လဲ။
ကျောင်းဆိုင်းဘုတ်ကြီး အောက်က ဝင်သွား၊ လမ်းဆုံး မရောက်ခင် နားလေးမှာဘဲ။ နံပါတ်တော့ မသိဘူး တဲ့။
ကျွန်မလဲ ရမ်းသွားတာ။ တွေ့တဲ့သူ ကို မေးမယ်ပေါ့။
ကံကောင်းချင်တော့ အဲဒီ လမ်းထဲ က အိမ် တစ်အိမ်မှာ ကုဒ် တစ်ခု ကို ဘွားကနဲ မြင်လိုက်တာ။
ဝမ်းသာအားရ နဲ့ တံခါးခေါက် တော့ မှန်သဗျာ။
အဲဒီ ကုဒ် က “မီးပုံးလေးတွေ”။
အတိအကျ နံပါတ် ပြောသူ တွေကျ အိမ်မှား တံခါးခေါက်ပါတယ်။
သများက ကုဒ် မှ ဖော်တတ်တာကိုး လေ။
ဖိုးသိကြား
မတွေ့ရဲလို့ ပါတ်ပြေး နေသူ လေလားဟဲ့။
ကုဒ်တွေ ကတော့ ဆိုင်ရာလူများသာ သိပေမည်။
ဇီကလေး
တစ်ခါတစ်ခါ မြွေမသေ ဒုတ်မကျိုး က မလွယ်တာမို့ အတွယ်အတာများ တတ်လဲ အချိန်တိုင်း မှာ အားလုံးကို ပျော်အောင်ထားနိုင်ဖို့ မကြိုးစားနဲ့ ကလေး ရေ့။
(သီချင်း တစ်ပုဒ် ကို ကူးရေးသည်)
ပုချ်လေး
စိနတိုင်း ရဲ့ အလှ တွေ မှာ ယမ်းငွေ့တွေ မမြင်ခဲ့တာ တော်သေးကွယ်။
မှတ်ချက်ဖတ်ပြီး အေးလိုက်တာ။
အခု ခရီး ကို ပိုပြီး တောင် စိတ်ဝင်စားတကြမှာ သေချာတာမို့ စိနတိုင်းသွား တောင်လား လေး ကြိုးစားပေးပါ ဟေ့။
အန်ကယ်ကြီး
အဲဒီ ဘီဘုတ် အောက်မယ် အမှိုက်ပုန်း လေးလဲ ထားပေးဖို့ ကောင်းမယ် မထင်ဘူးလား။
ချစ်မမ
. ကြောင်လေး ကို နင်းမိလိုက် သူကြီး နဲ့ တွေ့တာ ကျန်သွားတယ်။
အပြင်မှာ မျက်နှာ က အတော်ချို သူ မို့ ကြောင်လေးပြားသွားတာ ကို အပြစ်မဖို့ရက်ပါဘူး လေ။
ရွာထဲက သူကြီးမင်း နဲ့ ချစ်မေတ္တာ အားပြိုင်ဖို့ ပြန်ဝင်လာပါဦးလို့။
. စားရသမျှထဲ မမ ရဲ့ အသုတ် က အကြိုက်ခဲ့ဆုံးထဲ က တစ်ခုပါ။
အဲဒီ ညနေခင်းလေး က လဲ အလှဆုံး ဆည်းဆာထဲ မှာ တစ်ခုပါ။
(ကဘာ ဆန်လိုက်လေခြင်း)
ဆက်ဆက်
ရွာထဲ မှာ စကားအလွန်များ တဲ့ ကလေး တစ်ယောက်က အပြင်မှာ ဒီလောက် စကားနဲနေလိမ့်မယ် လို့ မထင်ခဲ့ဘူး။
ဆရာလေး နဲ့ မောင်ကာကြီး တို့
. ဖြစ်နိုင်ရင် နီးစပ်ရာ တွေ့နိုင်သူ တွေနဲ့ ဆုံ ဖို့ကြိုးစားလိုက်ပါလေ။ အရမ်းပျော်ဖို့ကောင်းပါတယ်။
လုံမ ရေ
ချစ်ဖို့ကောင်းတဲ့ ကလေး တွေ ဇွတ်လာတွေ့လို့ တွေ့လိုက်ရတာလေး က အမှတ်တရ ဖြစ်ကျန်ခဲ့ပါတယ်။
တကယ်တော့ ဇွတ်ဆိုတိုင်းလဲ ကံ မပါရင် မဆုံဘဲ လွဲတတ်ပါတယ်။
မောင်အံ လဲ ရွာထဲ အခုထိ ပေါ်မလာပါလား။
မဟုတ်ရင် အရီးပြောသလို အကောင်အထည် ဖော်ပေတော့ လုံမ ရေ့။
ဒင်း ကို ဒီအတိုင်း ငြိမ်နေတာ မကြည့်ချင်တော့ဘူး။
မိုက်မိုက်
လူကိုများ အထင်စမောလို့။
အဲဒီနေ့ မနက် အစောကြီး ၄နာရီလောက် သုခကမ္ဘာရောက်တော့ အစောင့်တွေ အပြေးအလွှား လာပြီး “ဆရာဝန်ကြီးများသာ” ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ကို အပြေးဖယ်ပေး သဗျ။
ကျွန်မ ဆရာဝန်မဟုတ်ဘူး လို့ ပြောတော့မှ တစ်ခြား ကို သွားရပ်ခိုင်းတာ။
အမှန်တော့ ခပ်တည်တည် ရိုက်စား လုပ်လိုက်ရမှာ။
နောက်မှ သိတာ ဆရာဝန် တွေ က မနက် ၃ ခွဲ လောက်က စပြီး ခွဲ ကြတာတဲ့။
မြန်မာပြည်ထဲ ဒီလောက် ကို ပိုက်ဆံနောက်လိုက်နေကြရတော့တာကို။
တစ်ခုခု တော့လွဲနေတာ။
သမီးလေးတို့ အချိန်ကျရင်တော့ ခေတ်ပြောင်းလောက်တန်ကောင်းပါရဲ့။
ညီမ မိုက် နဲ့ ကလဲ လွဲဖို့ ဖြစ်ခဲ့တာကိုး။
နောက်တစ်ခေါက်ပေါ့။
နွေးအေး ကိုလဲ နောက်တစ်ခေါက်ပေါ့။ :))