အန ္တရာယ်နံပါတ်-၇
အန ္တရာယ်နံပါတ်-၇
ဒီနေ့အလှည့်ကျတာကတော့ ဝဲစုပ်လို့မြှုပ်သွားရတဲ့သစ်တုံးကြီး ရဲ့ အဖြစ်ပါပဲ ။ အင်း ဒီသစ်တုံးကြီးဟာ ရှေ့က အန ္တရာယ်(၆) မျိုးကတောင်လွတ် လာပြီးမှ သူ့ခမျာနော် မထင်ပါပဲ ဝဲစုပ်လို့မြှုပ်သွားရတယ်လို့နော်။ အင်းဒီလို အန ္တရာယ် တွေလည်း မတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူးနော်။ ဘာပဲဖြစ်ဖြစ် ဒါဟာလည်းကြုံတွေ့ရမယ့် အန ္တရာယ် တစ်ခု ပဲမို့ သိထား မှဖြစ်မယ်လေ။
အဲဒါလေးကို စဉ်းစားကြည့်ကြရအောင်။ လူ့ဘဝမှာ အရွယ်(၃)ပါးရှိတယ်နော်။ ပထမအရွယ်မှာ ပညာ ရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊ တတိယအရွယ်မှာ တရားရှာရယ်လို့ သိထားကြပါတယ်။ အင်းဒီဖော်မြူလာကြီး ကိုပဲ အဟုတ်ထင်ပြီး ငယ်တုန်းတော့ ရှာလိုက်ရတဲ့ပညာတွေ မပြီးနိုင်မစီးနိုင်လေ။ အဲ ဘွဲ့တွေ အသီးသီးရလို့ ပညာတွေစုံပြီဆိုတော့ ဥစ္စာရှာကြရပြန်ရော ။ အဲဒီမှာပဲ အိမ်ထောင်တွေဘာတွေကျပြီး မြှုပ်သွားလိုက်ရတာ ပေါ် ကို မလာနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သားရေး၊သမီးရေး၊ စီးပွားရေး၊ကြီးပွားရေးတွေနဲ့သာ အချိန်တွေဖြုန်း လာလိုက်တာ မမောနိုင်၊မပမ်းနိုင် ၊မနားနိုင်၊မအားနိုင်နဲ့ ဘဝကြီးဟာ ဝဲစုပ်ခံရသလိုကို မြုပ်သွားလိုက်တာ။ အင်းဒီလိုနဲ့သာ ရှာရင်း၊ဖွေရင်း၊ရုန်းရင်း၊ကန်ရင်း သေသွားပါပြီတဲ့ ။ ဘာတွေပါသွားမလဲ စဉ်းစားကြည့်ပါဦးနော်။ အဲဒီလိုနဲ့သေသွားတဲ့လူတွေလည်း အများကြီးရှိသလို မသေသေးဘူးပဲထား။ ဘယ်မလဲ ဘာဝနာပွားဖို့ အလှည့် …အို မအားသေးပါဘူးလေ ခုတော့ဖြင့် …နောက် အားတော့ လုပ်မှာပေါ့ ဆိုတာတွေနဲ့ပဲ တောင်ပြော၊မြောက် ပြောနဲ့ ဘဝမှာ အရေးမပါတာတွေ ကိုယ့်နောက်မပါတာတွေနဲ့သာ အချိန်တွေကုန်လို့ ဟော…နောက်ဆုံးမကျန်း မမာဖြစ်လို့ သေခါနီး အိပ်ယာထဲလဲပြီဆိုမှ သတိထားကြည့်လိုက်တော့။ ဘာတွေ့လဲ ?ကိုယ့်ဖို့ ယူသွားရမယ့်ဟာ လေ။ ဟင်း…ငါမှာတော့ တစ်ဘဝလုံးမောလိုက်ရတာ။ခုမှသိတော့တယ်။ ငါသေရင်ဘာများငါနောက်ပါပါ့မလဲ ဆိုတော့ ဘာမှလည်းမရှိပါလားနော်။ အင်း…ဒီတိုင်းသာ သေသွားလို့ကတော့ အပါယ်ကို တန်းသွားရမှာပါလား ရယ်လို့ ကိုယ့်ကိုယ်ကို သိလိုက်ရတဲ့အချိန်မှာ အချိန်ကနှောင်းသွားပါပြီ။ ခန္ဓာက မလိုက်နိုင်တော့ဘူး။ ရောဂါ ဝေဒနာတွေက တစ်မျိုးပြီး တစ်မျိုးပေါ်ပြနေပြီ ဆိုတော့ မျက်ရည်စလေးတွေနဲ့ အိပ်ယာထက်မှာ လှဲလို့ ဝမ်းနည်း ပြီးသာ သေမယ့်ရက်ကို စောင့်နေရပါတော့မယ်နော်။ အင်းဒီလိုဆိုရင်တော့ မှတ်ထားလိုက်ပါနော် ငါတော့ ဝဲစုပ် လို့မြုပ်ရမယ့် သစ်တုံးကြီးရဲ့ဘဝနဲ့အတူတူပါပဲလားလို့လေ။
တကယ်တော့ဖြင့် တရားအလုပ်ဟာ ဉာဏ်အလုပ်ဖြစ်သလို ကိုယ့်တစ်ဘဝစာအတွက် မဟုတ်ပါပဲ တစ်သံသရာလုံးစာအတွက်ဖြစ်တာကြောင့် ဘဝမှာနံပါတ်-၁ အရေးအကြီးဆုံးလို့ တောင်ဆိုရပါတော့မယ်နော်။ နောက်ပြီး အပါယ်လေးဘုံက လွတ်မြောက်လိုတဲ့သူတိုင်း ကြိုးစားခွင့်ရဖို့ဆိုတာလည်း အခုလိုလူ့ဘဝမှာပဲအခွင့် အရေးအရဆုံးလို့ပြောလို့ရမယ်နော်။ အင်းလူရယ်လို့လည်းဖြစ်လာပြီ ။ ဗုဒ္ဓတရားတွေနဲ့လည်း ထိတွေ့ခွင့်ရထား တယ်။ကျင့်စဉ်တွေကိုလည်းကောင်းစွာနားလည်ထားပါတယ်။နောက်အရေးအကြီးဆုံးဖြစ်တဲ့ဆရာကောင်းတွေနဲ့လည်း ကြုံဆုံခွင့် ရနေတယ်ထား။ ဒါတွေအားလုံးဟာ လူဖြစ်တာခြင်းတူတူ ရခဲလှတဲ့ အခွင့်အရေးတွေဆိုရင် မမှားပါဘူး။ ကဲ ဒီလို အခွင့်အခါကောင်းနဲ့ ကြုံလို့ လူလာဖြစ်တာကိုပဲ တန်ဖိုးထားလို့ ကြိုးစားအားထုတ်လိုက် မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရာလည်း ရောက်မှာဖြစ်သလို အပါယ်လေးဘုံကလည်း လွတ်အောင် ရုန်းနိုင်မှာပါလားလို့တစ်ချက်ကလေးလောက်တွေးမိလိုက်ရင်ပဲအဖြေကထွက်နေပြီနော်။ကောင်းလိုက်တာနော်။ အင်းငါရထားတဲ့လူ့ဘဝမှာ ဘာတွေများပိုပြီး လူရယ်လို့ ထူးပြီးလုပ်ခွင့်တွေရမှာပါလိမ့်လို့ တွေးကြဖို့ ကောင်း တယ် နော်။ အဲလိုမှ မဟုတ်ပဲ လူ့ဘဝတော့ရပါရဲ့ လောကီစည်းစိမ်တွေနဲ့ ရစ်ဝဲပြီး အချိန်တေ ွဖြုန်းနေကြမယ်။ နောက် ကာမဂုဏ်တွေ ခံစားလို့ ပျော်ပါးမော်ကြွားနေကြမယ် ….တစ်နေ့တစ်နေ့ မိုးလင်းကမိုးချုပ်ထိကိလေသာ တောထဲက တစ်ချက် ကလေးတောင် ရုန်းရမှန်းမသိရှာဘူးဆိုရင်တော့အော်..ငါဟာအတိတ်ကံလေးကြောင့်သာ လူလာဖြစ်ရတာပါလား။လူခန္ဓာသဏ္ဍာန်သာရှိပြီးစိတ်မှာကိလေသာနဲ့သာမိုးလင်းမိုးချုပ်ရှာဖွေပျော်ပါးနေမယ်ဆိုရင်အင်းလူနဲ့တန်တဲ့အသိဉာဏ်မရှိသေးတာကြောင့်လူဖြစ်ကျိုးရှုံးနေပါပေါ့လားလို့ကိုယ့်ကိုယ်ကိုပြန်ပြီးဆုံးမပေးရ ပါဦးမယ်နော်။ ဒါဆိုရင်တော့ အန ္တရာယ်နံပါတ်-ရ နဲ့ ကြုံလို့စုန်းစုန်းမြှုပ်ရတဲ့ဘဝဖြစ်နေပြီဆိုတာသတိပေး ပေး လိုက်ပါ။
ဒါကြောင့် ဉာဏ်ကောင်းတုန်းမှာ ဉာဏ်အလုပ်ကို ဦးအောင်လုပ်ထားဖို့ အရေးကြီးပါတယ်နော်။ ဉာဏ်မွဲ၊ကံမွဲ ကျတော့မှလုပ်မယ်ဆိုရင်တော့ဖြင့် ကြောက်အားလန့်အားနဲ့သာ သေပွဲဝင်ရလိမ့်မယ်ဆိုတာကို ဒီသစ်တုံးပမာ တရားလေးနဲ့ ကြုံလာနိုင်မယ့် အန ္တရာယ်တွေကို သိရှိပြီးတော့ အမြန်ရုန်းထွက်နိုင်ဖို့ တင်ပြ လိုက်ပါတယ်။