Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလွမ်း ကဖီး မဟုတ် တဲ့ ကော်ဖီဆိုင်

. ဒေါ်ဇီဇီ တို့ ရဲ့ ခြင်္သေ့တိုင်းပြည် မှာ နိပွန်ကလာပြီး ဖွင့်ထား တဲ့  ကော်ဖီဆိုင် တစ်ဆိုင် ရှိသတဲ့။
“Cat Cafe”  လို့ အမည်နာမ ပညတ်ထားသတဲ့။

. ကြောင်ချစ်သူများ အတွက်  ကြောင်တွေ ကို ကြည့်ရင်း  ကာဖီလေး သောက်ရင်း၊ မုန့်လေးစားရင်း လုပ်နေလို့ ရတာပေါ့။
. အဲဒီ က ဓာတ်ပုံများ ကြည့်ပြီး စိတ်ထဲ သကာင်္မကင်း ဖြစ်ပြီးရင်း ဖြစ်ရင်းဘဲ။
. ကြည့်ကြပါ။
. တွေ့ပါလိမ့်မယ်။ :-))))

 

Cat Cafe 01
ကြောင်ညို နဲ့ ကြောင်ဖြူ
Cat Cafe 02
ကြောင်ကျား နဲ့ ကြောင်မီးခိုး
Cat Cafe 03
ကြောင်မဲ နဲ့ ကြောင်ညိုကျား
Cat Cafe 04
ကြောင်ဖြူနက်
CAt Cafe 05
အဲဒီက ကြောင်များ ရဲ့ ဒါ့ပုံ
Cat Cafe 06
တွေ့ကြလား ပိတ်သတ်ကြီး၊ အဝါရောင် ကြောင်ကြီး ရဲ့ နာမည် ကို။

ကလေး က ဒီမှာထဲ က အင်တာနက် ကနေ တွေ့ထားပြီး အဲဒီကို သွားဖို့ သူ့ပါပါး ကို Book လုပ်ထားတာ။
ဟိုကလဲ ကြောင်ဆိုရင် အမြီးနင်းချင်သူ မို့ အဲဒီ သွားဖို့ကို အပေးအယူ အတော်လုပ်ပြီး မှ လိုက်ပို့ ရသတဲ့။

ပန်းပုံ တွေ ကတော့ ဇီ တို့ ဂီ တို့ ကို အားကျလို့ အဆစ်ပေါ့။ :-))

2015 Yangon from iPhone 188
ပန်းနီ
2015 Yangon from iPhone 192
ပန်းဝါ
2015 Yangon from iPhone 193
ပန်းလိမ္မော်
2015 Yangon from iPhone 207
ပန်းကျား

16 comments

  • ခင်ဇော်

    May 10, 2015 at 4:43 am

    TheCatCafe is located at 241B Victoria Street Level 3. Just right above Burger King

    မရောက်သေးးဘူးးး အရီးးရေ။ ခိခိ
    ဇူးးး က ပန်ဒါ ၂ကောင် နာမည်က လည်းး jia jia and Kai Kai ပဲလေ။

    ကြောင် နဲ့ ခိုင်တစ်ကောင်တည်းး အဲလေ တစ်ယောက်တည်းး မှတ်နေလို့လားးငင်???
    :k:

  • မြစပဲရိုး

    May 10, 2015 at 3:37 pm

    ဇီကလေး
    . ကြောင်ကဖီး ဘယ်နှစ်ခု ရှိလဲ တော့ မသိ။
    အရီးတို့ သိတာက ….
    Cat Cafe Neko no Niwa is located at
    54A Boat Quay (Level 2) Singapore 049843
    *we are NOT at Clarke Quay*
    http://www.catcafe.com.sg/about/

    ဆက်ဆက်
    အဲဒီဆိုင်က စွန့်ပစ်ခံရတဲ့ ကြောင်တွေ ကို ခေါ်ပြီး မွေးထားတာ။
    ဒါကြောင့် ဝင်ကြေးက အလှူထည့်တဲ့ သဘောပါ။ ဈေးတော့ နဲနဲ ကြီးသပေါ့။ :-))

  • uncle gyi

    May 10, 2015 at 9:56 pm

    မြန်မာမှာအဲလိုဖွင့်ရင်ရောင်းအားဘယ်လိုရှိနိုင်မလဲသိချင်သား

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 11, 2015 at 1:08 am

    ကျားကျား နဲ့ ကိုင်ကိုင် က စွန့်ပစ်ခံထားရရှာသကိုး ..
    သနားနွန်းနွန့် ချက်စားချင်ထှာ..

    စကားမစပ်
    ပန်းနာမည်ပေးပုံလေးတေ လှလွန်းလို့
    ဘော်တနီမှာ ပါမောက္ခ လာလုပ်လှည့်ပလား ဟင်င်င်င်င်

    😀

  • အောင် မိုးသူ

    May 11, 2015 at 10:08 am

    ကြောင်လည်း သိပ်မချစ်တတ် ကော်ဖီလည်းမကြိုက်တတ်တော့ ခက်နေပြီ။

  • Ma Ma

    May 11, 2015 at 5:14 pm

    အော် ခိုင် ဆိုတာ ကြောင်ဂိုဏ်းဝင်ကိုးးးး :kwi:

    ပန်း ဒါ့ပုံလေးတွေ လှလှ။
    သွားရည်ကျ။
    :a:

    ဓာတ်ပုံရိုက်တိုင်း စိတ်တိုင်းမကျလို့ ဝယ်ထားတဲ့ ကင်မရာကြီး ဝဲပစ်ချင်စိတ်ပေါက်နေတယ်။
    ( ဓာတ်ပုံတွေမကောင်းတဲ့ တရားခံအမှန်က လူ) :k:

    ဆြာသော့ရဲ့ ခန့်ခန့်ကြီးမှာ သင်တန်းသွားတက်ချင်နေတယ်။

    • naywoon ni

      May 12, 2015 at 12:17 am

      ကင်​မလာဝဲ လ်​ မယ်​ဆို ​နေပူ​ဒေါ်ဘက်​ ဝဲလ်​လိုက်​ပါ
      ပိတ်​သာချိန်​​ဈေး​ကောင်​း​နေလို့ 🙂

  • Mike

    May 12, 2015 at 9:33 am

    .ကြောင်ဆို မြင်ပျင်းကတ်လွန်းလို့ အဲ့ကဖီးတော့ ဘယ်တော့မှမသွားဘူး :k:

  • Mr. MarGa

    May 12, 2015 at 11:42 am

    ဘယ်​သီချင်းထဲမှာ ကြားဖူးတယ်​မသိ
    ပန်းဖြူ ၊ ပန်းနီ၊ ပန်းပြာ၊ ပန်းဝါ ဆိုပြီးတော့လေ
    ကော်​ဖီဆိုင်​က​တော့ ကြောင်​ မရှိတဲ့ဆိုင်​ပဲ သွားမယ် :mrgreenn:

  • Shwe Ei

    May 12, 2015 at 4:17 pm

    -ကြောင်တွေကိုကြည့်ရင်း ကော်ဖီသောက်လို့ရတယ်ဆိုတော့..
    -ပွေ့ချင် ဖက်ချင် ပွတ်ချင် စိတ်ပေါက်လာရင် ဘယ့်နှယ့်လုပ်ရပ :mrgreen:

  • ဦးကြောင်ကြီး

    May 13, 2015 at 9:59 am

    လွမ်းကဖေး
    နမ်းပြေး
    လမ်းဘေး
    ပန်းသေး…

  • Ma Ei

    May 14, 2015 at 10:14 am

    Cat Cafe…
    ကြောင်ကျား က အရောင်ကြားထားတာအဆန်းလေးနော်
    ကြောင်မဲ နဲ့ ကြောင်ညိုကျား တို့များ ဆော့နေလိုက်တာ…
    ကြောင်ဖြူနက် ကြီးကလဲ ချစ်ဖို့ကောင်းချက်…
    ပန်းဝါဝါလေးကတော့ အလှဆုံး…
    <3

  • Crystalline

    May 14, 2015 at 2:45 pm

    ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ သိပ်အဆင်မပြေလောက်ဘူး… :)) တချို့ရုပ်သံလိုင်းတွေမှာ… ခွေးလေး..ကြောင်လေးတွေအတွက် သီးသန့်စားသောက်ဆိုင်လုပ်ထားတာ… အာ့လေးတော့သဘောကျသား.. :mrgreenn:

  • မြစပဲရိုး

    May 16, 2015 at 1:34 pm

    အန်ကယ်ကြီး
    ကျွန်မ အထင်တော့ မြန်မာပြည် မှာ ကြောင်တွေ ကို ကယ်ဖို့ နေနေသာသာ ကိုယ့် ဗိုက်တောင် မနဲ ဖြည့်နေရတာ များမှာ။
    ပိုက်ဆံတတ်နိုင်မဲ့ သထိန်း များ ကလဲ သတ္တဝါများ ကို သနား တတ်ဦးမှ။
    စကာင်္ပူ မှာ လုပ်လို့ အဲဒီမှာ funcy လိုက်လုပ် ရင်တော့ လဲ တစ်မျိုးပေါ့။
    ဒါပေမဲ့ အဲဒီ ဘိဇနက်က ငွေရပြီး ချမ်းသာဖို့ လမ်း လဲ ရှိမှာ မဟုတ် တော့ စိတ်ဝင်စားသူ ရှိမယ် မထင်။

    ကိုရွှေမောင်မောင်ဂီ
    ရွာထဲ က တစ်ကောင် ပျောက်နေတာ မင်းလက်ချက်များလား။

    မောင်အောင်
    အရီး ကတော့ ကော်ဖီ မကြိုက်ဘူး။ ကြောင် တွေ ကိုတော့ ချစ်ဖူး ခဲ့ တဲ့။ (အခု မဟုတ်တော့)

    မမ
    . ပြောရင်တော့ ရွာ့ ဓာတ်သေဆြာများ ဆဲ တော့ မယ်။
    ဒီနေ့ နည်းပညာ ခေတ်ကြီး မှာ ကင်မရာကောင်းကောင်း နဲ့ ကောင်းကောင်း ရှိနေတာ ကို သုံး တတ်ရင် ပုံတွေ က အနည်းအများ လှ တာပါဘဲ။
    အိုင်ဒီယာ ဆိုတာ ကလဲ သူများ ထက် ဦးအောင် ထွင် တာ မဟုတ်လဲ သူများ လုပ်တာ အတုခိုး ရင်း အခုနောက်ပိုင်း အပျော်သမား တွေတောင် ပရို နီးပါး ဖြစ်လာကြတာ။

    မိုက် နဲ့ ဖိုးသိကြား – အမြီးနင်းဖို့ အထိတော့ မမုန်းဘူး မဟုတ်လား။

    ချွေ၏ လေး – အဲဒီ မှာ ကိုင်လို့ ပွေ့လို့ ပွတ်လို့ ရတယ်။ အဝင် မှာ လက် ကို စင်အောင်ဆေး ပြီး ပိုးသတ်လိုရှင်း လိမ်း ရသတဲ့။

    . ကြောင် အစား မခံ ရသေးဘူး။ ရှိဆဲ ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ အခု ရော ရှိသေးလား၊ အသံပြုပါဦးလေ။

    မအိ – ဟုတ်တယ်။ အဲဒီ အကျား က အကျား ဆန်း။ ပန်းလေးတွေ ဆိုတာ ကတော့ လမ်းဘေးပန်း တောင် သူ့ဟာသူ အလှရှိတယ်လို့ ထင်တာပါဘဲ ညီမရေ့။

    မကြည်စင်လေး ပြောတာ ဟုတ် ပါတယ်။ ဘယ်လောက် သန့်တဲ့ ကြောင်ဖြစ်ဖြစ် အမွေး ရှိမှတော့ ကျွတ်မှာပါဘဲ။
    စကာင်္ပူ မှာမို့ သိပ်တော့ ဖြစ်သလို ထား လို့ မရတာမို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိလို့ သာ ဒီလို အစားအသောက် နဲ့ ရောထားနိုင်တာလို့ တော့ တွေးမိတယ်။
    ခွေးလေး..ကြောင်လေးတွေအတွက် သီးသန့်စားသောက်ဆိုင်လုပ်ထားတာ ဆိုတာ ကိုတော့ မကြားဖူးဘူး။

    အားလုံးဘဲ ကျေးဇူးပါ။ :-)))

  • manawphyulay

    June 16, 2015 at 1:55 pm

    မြန်မာမှာ အဲလိုဖွင့်ရင်တော့ ကြောင်တွေများနေတော့ ကျန်းမာရေး မညီညွတ်ဘူးဆိုပြီး ကလေးအမေတွေက ကလေးတွေ ခေါ်မလာမှာတော့ သေချာတယ်…. :mrgreen:

Leave a Reply