အရှေ့နဲ့အနောက် Opposite

Ma MaAugust 19, 20151min27512

အရှေ့နဲ့အနောက် ရဲ့ အတွေးအခေါ်အယူအဆတွေ ကွာခြားနေတာကို အမှတ်မထင် သိလိုက်ရတဲ့ အတွေးတစ်စ ဖြန့်ဝေပါရစေ။

 

ဘာမဟုတ်တဲ့ အသေးအဖွဲလေးကနေ တကယ့်အမှားကြီးကို မြင်လိုက်ရတာမို့ သိစေချင်မိတယ်။

 

ပြောရမယ်ဆိုရင်………အမေရိကကို ဂရင်းကဒ်ရလို့ ထွက်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။

 

မိသားစုလိုက်လည်းဖြစ် နေရာသစ်ကိုရောက်တာလည်းဖြစ်လို့ လိုအပ်တာတွေ အများကြီးရှိတာပေ့ါ။

လူကြီးတွေမှာ ပစ္စည်း ပစ္စယတွေ ဝယ်ရ ခြမ်းရ နေရာချရနဲ့ အလုပ်ရှုပ်နေကြတယ်။

 

အဲဒါနဲ့ပဲ သမီးလိုချင်တဲ့ ကျောင်းတက်လွယ်အိတ်ဝယ်ဖို့အတွက် ဒေသခံညီမကို အကူအညီတောင်းပြီး စူပါမားကက်ကို လိုက်ပို့ခိုင်းရတယ်။

 

ကလေးက အမေရိကရောက်ရင် ထူးခြားဆန်းပြားတာတွေ အများကြီးတွေ့ရမယ်၊
ဝယ်မယ်၊ သုံးမယ် ဆိုတဲ့ အတွေးနဲ့ လိုက်ရှာတယ်။

 

လွယ်အိတ်ပုံစံကြိုက်တော့ အရောင် မကြိုက်လု့ိ၊

အရောင်ကြိုက်တော့လည်း အရုပ်မပါလို့၊

အရုပ်ပါတော့လည်း အိတ်သေးလို့… လို့ …. လို့….. ဆိုပြီး
တစ်ခုပြီး တစ်ခု စိတ်တိုင်းမကျပဲ နောက်ထပ်စူပါမားကက်တစ်ခုကို လိုက်ပို့ဖို့ အဒေါ်ဖြစ်သူကို တောင်းဆိုတယ်။

 

အဲဒီမှာတင် အမေရိကရောက်တာကြာပြီဖြစ်တဲ့ အဒေါ်က အံ့ဩစိတ်ပျက်သွားတယ်။

 

ကလေးတွေကို ….

နင်တို့ လွယ်အိတ်ကို ဘာလုပ်ဖို့ ဝယ်တာလဲ။

စာအုပ်ထည့်ဖို့လား အလှကိုင်ဖို့လား။

လိုသလောက်ပဲ လုပ်တာကောင်းတယ်။

မဟုတ်တဲ့ အပိုအလုပ်တွေ မလုပ်နဲ့။

ငါလည်း မအားဘူး။ ဒီမှာပဲ ဝယ်ချင်ဝယ်၊ မဝယ်ရင် နောက်ထပ်လည်း လိုက်မပို့နိုင်ဘူး……

လို့ ပြောလိုက်တယ်။

 

ကလေးတွေခမျာ တခါမှ မကြားဖူးတာ ကြားလိုက်ရပြီး မျက်နှာငယ်လေးတွေနဲ့ အဲဒီထဲကပဲ တစ်ခုကို မကြိုက်ချင်ကြိုက်ချင်နဲ့ ရွေးလိုက်ရတယ်။

 

မြန်မာပြည်မှာဆိုရင် မိဘတွေကိုယ်တိုင် Need & Want ကို မကွဲပြား၊

လွဲမှားတဲ့အတွေးတွေနဲ့ ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး အမျိုးမျိုးဇာချဲ့ခဲ့ကြတာကိုးးးးး :e:

 

 
ဘာမဟုတ်တာလေးလို့ ထင်ရပေမယ့် ဘဝတစ်လျှောက်လုံးအတွက် အတွေးအခေါ်မှန်ဖို့ လမ်းကြောင်းပေါ်တင်ပေးလိုက်သလိုဖြစ်သွားတယ်။

မိဘတွေကိုယ်တိုင် မမြင်ခဲ့ မှားခဲ့ကြတာကို အမြင်မှန်ရသွားကြတယ်။

ကျမတို့တတွေ သုံးနေ လွဲနေကြတာတွေ အများကြီးထဲက ပြုပြင်နိုင်တဲ့ အခုလိုအလွဲလေးတွေကို မြင်ဖို့ ပြင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ 🙂

12 comments

  • မြစပဲရိုး

    August 19, 2015 at 9:28 pm

    After nearly 5 Years, you have done it my dear Sis.
    Well Done and Congratulations! :-)))
    Who Next ……….. 😉

  • ဇီဇီခင်ဇော်

    August 20, 2015 at 6:50 am

    ခိခိ
    သော်ရေးးတဲ့ ဝိ လိုပေါ့…

    အရှေ့ တိုင်းးထဲ ရှိ တာ ချင်းး တူတူ ကျနော်တို့ ဆီ က ပို ဆိုးး သလားးမသိ…
    ငယ်တုန်းး က နယ်ကျောင်းးတွေမှာ အဆင့် တို့
    စာတော်တာလောက်တို့ ကိုယ် က ပြိုင်နေချိန်…
    ရန်ကုန်နေ ဝမ်းးကွဲ မောင်နှမတွေ ကျောင်းးတွေ က ခဲဖျက်က အစ ပြိုင်ကြတယ် ဆိုတာ
    မိဘ ချင်းးချင်းး ပြိုင်ကြတယ်ဆိုတာ
    ပါးးစပ် အဟောင်းးသားးနဲ့ နားးထောင်ဖူးးရဲ့…!!

  • kai

    August 20, 2015 at 11:35 am

    ဂရင်းကဒ်ဆိုတော့.. အမေရိကန်မှာ..ဆက်တိုက် ၅နှစ်နေရင် အမေရိကားဖြစ်မှာပေါ့..။ :k:

    • Ma Ma

      August 20, 2015 at 9:01 pm

      သဂျီးပြောပြောနေတာကို သတိမထားမိဘူးဖြစ်သွားတယ်။

      အရင်တုန်းကဆိုရင် ပိုစ့်တစ်ပုဒ်ကို ရေးလိုက်ပြင်လိုက်နဲ့ အကြာကြီးရေးပြီး စိတ်တိုင်းကျမှ တင်ဖြစ်တယ်။

      ၁သိန်းပြည့်တဲ့အထိမ်းအမှတ်နဲ့ တစ်နေ့တာဝေစုအပြည့် ပိုစ့်၂ပုဒ်တင်တဲ့ အထိမ်းအမှတ်လည်းဖြစ်အောင်လို့ ပိုစ့်၂ပုဒ်လုံးကို တထိုင်ထဲရေးပြီး အမြန်တင်လိုက်တာ။

      ခုတော့ သဂျီးကို လုပ်ကြံချင်စိတ်များပြီး သူများမကောင်းကြံ ကိုယ်သာအရင်ထိ ဆိုတဲ့ စကားပုံလို ဖြစ်သွားပြီ။ :a:

  • Mike

    August 20, 2015 at 4:03 pm

    .သိနေတယ်လေ…မမ တစ်ယောက် သဂျီးအပြောခံရတော့မယ်ဆိုတာ :k:

    • ဇီဇီခင်ဇော်

      August 20, 2015 at 4:05 pm

      အာ့လေ။
      မနက်က အဲဒီ ကော်မန့်ကြီး ဖတ်ပြီး အကြာကြီးကို ရီနေရတာ။

      :mrgreenn:

  • မြစပဲရိုး

    August 20, 2015 at 4:14 pm

    ဟင်း ဟင်း
    မပြောချင်လို့ကြည့် နေတာ ကြာပြီ။
    {{
    Posted by kai on Sep 11, 2008
    http://myanmargazette.net/45
    မန္တလေးဂေဇက်အကြောင်း နည်းနည်းလေးတော့ ထပ်ပြောထားပါမယ်။
    အမေရိကန်ပြည်ထောင်စု ၊လော့စ်အိန်ဂျလိစ်အခြေစိုက် လစဉ်ထုတ် ပုံနှိပ်သတင်းစာ ဖြစ်ပြီး သတင်းလောကနဲ့ မီဒီယာလောကမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သက်တန်း ၄နှစ်ရောက်နေပြီဖြစ်တဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့သတင်းစာပါ။
    အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်ဗျူရိုတွေအပါအဝင် သန်းခေါင်စာရင်းဌာနတို ့ရဲ့ တရားဝင် ကြော်ငြာများလည်း ထည့်ပြီး ဆက်စပ်ဆောင်ရွက်နေတဲ့ သတင်းစာဖြစ်ပါတယ်။
    ဘယ်အဖွဲ ့အစည်း၊ အသင်းအဖွဲ ့၊ အစိုးရ၊ ပါတီ၊ လူပုဂ္ဂိုလ်တို့ရဲ့ ထောက်ပံ့ငွေနဲ့မှ မတည်လုပ်ကိုင်နေတဲ့ သတင်းစာမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်ကြော်ငြာနဲ့ရပ်တည်တဲ့ အခမဲ့ ဖြန့်ဝေသော သတင်းစာဖြစ်ပါတယ်။ စောင်ရေ လစဉ် ၁သောင်း၂ထောင် ထုတ်ဝေပါတယ်။
    သတင်းစာရဲ့ ကျင့်ဝတ်၊ မီဒီယာစည်းကမ်းများနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေများကို လေးလေးစားစားလိုက်နာပြီး ထုတ်ဝေနေတာဖြစ်ကြောင်း အသိပေးလိုပါတယ်။ ပိုသိချင်ရင်တော့ ဂိုဂယ်(Google)လိုက်ရင်ပါတယ်။ မူပိုင်ခွင့်ကို အလေးထားပြီး တဦးနဲ့တဦး ပုဂ္ဂိုလ်ရေးဦးတည်တိုက်ခိုက်တဲ့ စာတွေကိုလည်း( မူအရ )ဆန့်ကျင်ပါတယ်။
    }}

    အတိတ်မေ့ တယ်မပြောပါဘူး။ :-)))
    အမှားသိလို့ အမှန်ပြင်တယ်လို့ ပြောပါ့မယ်။
    သို့ပေမဲ့ ကိုယ်လည်း တစ်ခါ က သူတို့ လို ဆိုတာလေး သထိရစေဖို့ သမိုင်းလေး ကို တူးပေးလိုက်ပါတယ်။ 😉

    • Ma Ma

      August 20, 2015 at 9:02 pm

      စစ်ကူပေးလို့ စိမ်းလိုက်ပြီ။ 🙂

  • nature

    August 22, 2015 at 3:45 am

    တစ်သိန်းပြည့်သွားပြီလား း။ အဟီးးးးးးး

    • kai

      August 22, 2015 at 3:55 am

      အဲဒီပိုက်ပိုက်.. ရွာကိုပြန်လှူလိုက်ပြီ… အဟား..။ :k:

  • လုံမလေးမွန်မွန်

    September 2, 2015 at 12:15 pm

    ဟုတ်တယ်… သူများအောက်မကျအောင်.. သူများနဲ့တန်းတူ… သူများထက်သာအောင်.. အကြောင်းပြချက်ပေါင်းစုံနဲ့ ကလေးတွေကို ဖျက်စီးနေတာ မိဘတွေပဲ.. ကလေးရဲ့ အပြိုင်အဆိုင်စိတ်တွေ.. မလိုအပ်တဲ့အပေါ် အလေးထားနေတာတွေကို ကိုယ်ကတောင် ပြုပြင်ပေးရမှာ..အခုက မိဘတွေကိုယ်တိုင်က ကျောင်းသွားကြိုတာကအစ..အပြိုင်အဆိုင်ဝတ် ဆိုတော့ ပိုဆိုးရော..

    အခုလိုပြောလိုက်တဲ့ အန်တီကို Bravo ပါလို့.. 🙂

Leave a Reply