ဝေဖာ Waffle
တစ်နေ့ပြီးတစ်နေ့တွေဖတ်ပြီး မောနေကြမှာစိုးလို့…..
ဒီတခါတော့ မုန့်နဲ့ဧည့်ခံမှာဖြစ်ပါတယ်။ :aa:
ဝေဖာ Wafle လို့ခေါ်တဲ့ ဂျုံ ကြက်ဥနဲ့ အလွယ်တကူ လုပ်စားနိုင်တဲ့မုန့်ပါ။
ကလေးဘဝတုန်းက တောဘုရားပွဲတွေမှာ လုပ်ရောင်းလေ့ရှိတဲ့ မုန့်နဲ့တူပါတယ်။
ကြက်ဥမုန့် လို့လည်း ခေါ်တာပေ့ါ။
အစိမ်းရောင်ခွက်ကလေးတွေက ချင်တွယ်တဲ့ ခွက်လေးတွေပါ။
အဲဒီလိုခွက်တွေမရှိလည်း ခွက်တစ်ခုခုနဲ့ အဲဒီအချိုးအဆအတိုင်း ထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့….
၁။ ဂျုံမှုန့် ၂ခွက်
၂။ ကြက်ဥ ၂လုံး
၃။ သကြား ၂ လက်ဖက်ရည်ဇွန်း
၄။ ဆီ ၁/၃ခွက်
၅။ ထောပတ် အနည်းငယ်
၆။ နွားနို့ ၂ခွက်
၇။ Baking powder ၁လက်ဖက်ရည်ဇွန်း
၈။ အနံ့ဆီအနည်းငယ် တို့ ဖြစ်ပါတယ်။
အမှုန့်တွေအကုန်လုံးကို ပန်းကန်တစ်ခုထဲထည့်ပြီး နှံ့အောင်မွှေပါတယ်။
ကြက်ဥ ၂လုံးကို ခေါက်ပြီး အရည်တွေအကုန်လုံးကို ရောထည့်မွှေပါတယ်။
ကြက်ဥနဲ့ ရောမွှေထားတဲ့အရည်တွေထဲကို ရောမွှေထားတဲ့ အမှုန့်တွေထည့်ပြီး သမအောင် မွှေပေးရင် မုန့်နှစ်ရည် ရပါပြီ။
ပုံစံခွက်ကို ထောပတ်အနည်းငယ် သုတ်လိမ်းပေးပါတယ်။
မုန့်နှစ်ရည်ထည့်ကာ အဖုံးပိတ်ပြီး အပူပေးပါတယ်။
တခါလုပ်ရင် ၂ခုရပါတယ်။
သူ့ချည်းပဲလည်း စားနိုင်သလို ရေခဲမုန့်နဲ့စားရင် ပိုကောင်းပါတယ်။
မုန့်ဖုတ်တဲ့ ပုံစံခွက်မရှိလည်း ဒယ်အိုးကို ထောပတ်သုတ်၊ အပူပေးပြီး ခေါက်မုန့်လို အပြားလိုက်လုပ်လည်း ရမယ်ထင်ပါတယ်။
တခုပြောရရင် ပေးထားတဲ့ အချိုးအစားအတိုင်းလုပ်လိုက်တာ ဗမာပါးစပ်နဲ့တော့ အချိုပေါ့နေသလိုပဲ။
စားချင်ဖွယ်ပါဘဲ လား မမ ရေ။
ဒီမှာတော့ ဂျုံ နဲ့ သကြား ဆတူ ထား ကြတာမို့ တအားချိုတာ။
အချိုပေါ့တာ ဘေးကင်းပါတယ်။
အဲဒီလို မုန့်ဖုတ်တဲ့ ပုံစံခွက် တွေ နဲ့ လုပ်မှ အထက်မီး အောက်မီး လို ရပြီး ကြွပ် မှာ ထင်တယ်။
မဟုတ်ရင် တော့ ပန်ကိတ် ကို မျိုး ဖြစ်သွားမယ်။
ပန်ကိတ် လုပ်တာ အဲဒီလို အစပ်မျိုးဘဲ။ :-))
Was this answer helpful?
LikeDislikeEasy Cook ရဲ့ Easy Snack ပေ့ါ။
အဓိက မုန့်ရည်ဖျော်ပြီး စက်ထဲထည့် ခဏစောင့်ရင် ရပြီ။
အရမ်းလွယ်လို့ စိတ်ဝင်စားပြီး လုပ်ကြည့်ဖြစ်တာ။
Was this answer helpful?
LikeDislikeငယ်ငယ်တုန်းက စားခဲ့ရတဲ့ နိုင်လွန်ဝေဖာသွားသတိရသလို
မုန့်ပုံစံမြင်တော့ မန်းလေးက တရုပ်တန်းမှာစားလေ့ရှိတဲ့
ဖက်ထုပ်ကြော်ကို ပိုသတိရသွားတယ်။
အခုရက်အစားတွေဘဲ မြင်နေမိတယ်.။
ပိန်ဘို့တော့ မလွယ်.
Was this answer helpful?
LikeDislikeကျမတို့ ငယ်ငယ်က ဘုရားပွဲတွေ ပွဲဈေးတန်းတွေမှာ လုပ်ရောင်းတာ။
အရမ်းကြိုက်ခဲ့တဲ့မုန့်ပေ့ါ။
ခုနောက်ပိုင်းတော့ ရောင်းတာမတွေ့တော့ဘူး။
အဲဒီစက်ကလေးက လုပ်စားလို့ရတယ်ဆိုလို့ သဘောကျပြီး လုပ်စားကြည့်တာ။
Was this answer helpful?
LikeDislikeဒီမှာ ပန်ကိတ် လုပ်တာ။
မြေပဲထောင်း ထည့်မားး
ချိ(စ) သုပ် ခိုင်းမားး
ကာရား သုပ်ခိုင်းမား ရတယ်။
စားကောင်းတယ်။
ဒီလို စက် ရှိမှန်း ခုမှသိတယ်။
ဟိဟိ
Was this answer helpful?
LikeDislikeဒီမှာသာ လုပ်ရောင်းတဲ့သူမရှိတာ။
စလုံးကလူတွေကတော့ အလွယ်တကူ ဝယ်စားနိုင်မှာပါ။
Was this answer helpful?
LikeDislikeမမ
အဲ့ စက်ကလေးတွေ ပုံစံမျိုးစုံလေ ခုလို ဝေဖာကွက် အသဲပုံ အဝိုင်း ပုံစံမျိုးစုံ ဝယ်ချင်တာ တစ်ပိုင်းသေရော
ခုရက်ပိုင်း (လချီနေပါပီလေ) ရုံးရော အိမ်မှာပါ အလုပ် တော်တော်မအားတာမို့ ဘာမုန့်မှကို မလုပ်ဖြစ်တော့တာ.. လုပ်ချင်တာ မလုပ်ရတဲ့ဘဝ ပျော်ရာမှာမနေရ တော်ရာမှာ နေနေရသလိုဘဲ
ဒါပေသိ ခု မမ မုန့်ကလေးတွေ့တော့ ပိုးပြန်ရှင်လာပီရော…
ဝယ်ဦးမှာ အင်ဖော်မေးရှင်းလေး ပေးပါနော်…
Was this answer helpful?
LikeDislikeမမ ရေ

ခုဘဲ super one သွားရင်း wafer, sandwich, donut 3 မျိုးပါတာလေး တွေ့လို့ ဝယ်ခဲ့လိုက်ပီ
Was this answer helpful?
LikeDislikeမအိ ပိုးလေး အမြန်ရှင်သန်ခွင့်ရသွားတာ ဝမ်းသာပါတယ်။
မအိရဲ့ လက်ရာကောင်းတာ သိနေတယ်။ (ကိုယ်တိုင်စားဖူးတယ်လေ)
Was this answer helpful?
LikeDislikeဝီလီတို့အမေကို အဲသည့်လို Snack Maker 3 in 1 ဝယ်ပေးထားတယ်…
Tray ၃-ခုပါတယ် ၊ ဝေဖာ ဆန်းဒဝစ်ချ် အကင် (Grill Steak) လုပ်လို့ရသတဲ့…
ဆန်းဒဝစ်ချ်တော့ လုပ်စားပြီးပြီ … ကျန်တာတွေတော့ မစမ်းရသေးဘူး…
အာဟိ… အန်တီမာမားရဲ့ ဝေဖာပုံကြည့်ပြီး ဒီတပါတ်ရုံးပိတ်ရက်မှာ လုပ်စားဦးမှ…
Was this answer helpful?
LikeDislikeဒီစက်လည်း ၃မျိုးလုပ်လို့ရတယ်တော့ပြောတယ်။
ကျန်တာတွေတော့ မစမ်းရသေးဘူး။
ဝေဖယ် (ဝေဖာ) ကတော့ ငယ်ငယ်က အရမ်းကြိုက်ခဲ့တာမို့ အရင်ဆုံးစမ်းကြည့်လိုက်တာ။
Was this answer helpful?
LikeDislikeစားချင်စရာ။ ကိုယ့်အရည်အချင်းကို ကိုယ်တိုင်သိလို့။ သရေပဲ ကျသွားပါကြောင်း…….
Was this answer helpful?
LikeDislikeအစားအတွက်ဖြင့် အသက်ပင်သေသေ…
အဲ မှားလို့ အစားအတွက်ဆို ကြိုးစားအားထုတ်တတ်တဲ့ ဗီဇရှိရင်ရပြီ ဟေသီ။
Was this answer helpful?
LikeDislikeဝေဖယ်ကိုတော့သိတယ် ဝေဖာနဲ့ အမျိုးတော်မယ် ထင်တယ်။ ဒါပေမယ့်လည်း အဲ့လိုစက်ရှိမှ လုပ်စားလို့ ရမှာဆိုတော့ သိပ်ပြီး အထမမြောက်လောက်ဘူး။
Was this answer helpful?
LikeDislikeမှတ်မိသေးတယ် စင်ကာပူမှာ အဲ့လို လေးထောင့်မဟုတ်ဘဲ အလုံးလေးတွေ အဲ့လို မုန့်နှစ်ရည်နဲ့ ကြက်ဥကတ်ဆိုပီး လုပ်ရောင်းတာ စားခဲ့ဖူးတယ်။
Was this answer helpful?
LikeDislikeဟုတ်တယ်။
အဲဒါ စင်္ကာပူမှာ လုပ်ရောင်းတာမျိုး အိမ်မှာလုပ်စားနိုင်တဲ့ စက်ပေ့ါ။
Was this answer helpful?
LikeDislikeမမရေ
ဝေဖာကငယ်ငယ်ထဲကကြိုက်တာ
ခုလည်းကြိုက်နေဆဲပါ၊ဒီမှာတော့ဝယ်စားဖြစ်တာများပါတယ်။
အခုမမလုပ်ပြတာလေးကိုနှစ်သက်ပြီးလုပ်စားချင်မိတယ်။။။။
Was this answer helpful?
LikeDislikeကျမတို့ငယ်ငယ်က လုပ်ရောင်းကြပေမယ့် ခုချိန်မှာတော့ မတွေ့တာ ကြာပြီ။
ရွာသူားတွေ ကြုံကြဆုံကြရင်လည်း လုပ်ကျွေးချင်ပါတယ်။
Was this answer helpful?
LikeDislike.စားကောင်းမဲ့ပုံပဲ
Was this answer helpful?
LikeDislikeတခါတုန်းက ချက်ပြုတ်နေတုန်း ရောက်လာတဲ့ အသိတစ်ယောက်က မွှေးနေတာပဲ၊ ဘာတွေချက်နေလဲ လို့ မေးပြီး ကိုယ့်အကြောင်းလည်း သိထားတော့…
တခါတလေ အနံ့ကိုလည်း မယုံရဘူး၊ မွှေးနေပေမယ့် စားကောင်းချင်မှ ကောင်းတာတဲ့။
Was this answer helpful?
LikeDislike