Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပိုးစာသီး (Mulberry)

Foolish GirlAugust 7, 20151min97016

ပိုးစာသီး လို့ခေါ်တဲ့ (Mulberry)

 

20140415_110836 20140415_113720

imagesindex

ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့အသီးပါ။ ပိုးစာပင်က ခုလူတွေဝတ်နေတဲ့ပိုးထည်တွေထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့အစာပင်မို့ပိုးစာပင်လို့ခေါ်ပါတယ်။ ပိုးကောင်လေးတွေကအရွက်ကိုပဲစားတာပါ။ အသီးတွေကိုတော့လူတွေစားလို့ရပါတယ်။ ပိုးစာသီးကအနီရောင်ရှိတဲ့အသီးဖြစ်တဲ့အတွက် အခြားအနီရောင်အသီးတွေလိုပဲ အဟာရဓါတ်ပေးပါတယ်။ သွေးအားကိုဖြည့်ပေးနိုင်ပါတယ်။ သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးပြီး အအေးမိခြင်းကိုလည်းကြိုတင်ကာကွယ်စေပါတယ်။ ပိုးစာသီးလေးများကို မြန်မာပြည်မှာတော့ တွင်တွင်ကျယ်ကျယ်ရောင်းချစားသုံးတာကိုမတွေ့ရပါဘူး။ ပြည်ပမှာတော့ ပိုးစာသီးများကို ယိုအဖြစ်တမျိုး အချိုရည်အဖြစ်တစ်ဖုံပြုလုပ်ကြပါတယ်။ ပိုးစာသီးအရောင်ပြောင်းလဲပုံမှာ အစိမ်းရောင် မှ အနီရောင် ၊ အနီရောင်မှ ခရမ်းရောင် ဖြစ်ပါတယ်။ ခရမ်းရောင်ဖြစ်သွားပါက စားလို့ရပါပြီ။ ပိုးစာပင်တွေကိုတော့ အပူပိုင်းဒေသတွေမှာတွေ့ရခဲပါတယ်။

adsfdsaf afasdfsaf fasefesfedf

 

 

16 comments

  • Ma Ei

    August 7, 2015 at 1:23 pm

    ပိုးစာသီးလေးတွေက အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးပြီး အအေးမိခြင်းကိုလည်းကြိုတင်ကာကွယ်စေပါတယ်။ ဆိုလို့ စိတ်ဝင်စားတယ်တော့
    အပင်စိုက်ထားချင်လိုက်တာ… အဲ့ အပင်က အသီးလေးတွေ သီးလာရင် လှလှပပ အသီးလေးဆိုတော့ ခူးရက်ပါ့မလားမသိ… 🙂

  • Mike

    August 7, 2015 at 1:35 pm

    .မေမြို့မှာသိပ်ပေါပေါ့
    .ကျုပ်ငယ်ငယ်ကမေမြို့မှာနေတုန်းက ကန်တော်ကြီးအရှေ့ဖက်မှာ .ပိုးစာခြံရှိတယ်…ပိုးမွေးမြူ ရေးခြံလည်းရှိတယ်…ခုတော့ရှိမရှိမသိတော့
    .ပိုးစာသီးကစားကောင်းတယ်

    • Foolish Girl

      May 27, 2016 at 11:56 am

      ပိုးချည်စက်ရုံတွေ အရင်ကတော့မြန်မာပြည်မှာရှိတယ် ပိုးစာတွေ။ပိုးချည်တွေကို တောင်သူတွေဆီကနေဈေးနှိမ်ပြီး နိုင်ငံခြားကို အမြတ်များများနဲ့သွင်းကြတော့ တောင်သူတွေအနေနဲ့ဘာမှမကျန်လို့လုပ်ငန်းရပ်သွားတယ်လို့ကြားဖူးတယ်

  • Foolish Girl

    August 7, 2015 at 2:22 pm

    အပေါ်ကပုံနှစ်ပုံက ကိုယ်တိုင်ရိုက်ထားတာပါ ကျန်တဲ့ပုံတွေက Google က Mulberry ပုံတွေပါနော် 🙂 ဂျိုင့်အပြည့်ခူးထားတဲ့ပိုးစာသီးတွေကိုတထိုင်တည်းကုန်အောင်စားရတာတောင်စားလို့မဝဘူး 😀

  • ဇီဇီခင်ဇော်

    August 7, 2015 at 3:37 pm

    ခု သိသွားပြီ။
    ကျေးကျေးးး
    တောင်ကြီးမှာပေါ သတဲ့

    🙂

  • အောင် မိုးသူ

    August 11, 2015 at 9:43 am

    ရန်ကန်ုမှာ စိုက်လို့ရသလားမသိ။ စိုက်ချင်မိတယ်။ ဘလက်ဘယ်ရီနဲ့ မတူဘူးလားလို့ မေးချင်တယ်။

    • ဇီဇီခင်ဇော်

      August 11, 2015 at 9:54 am

      ဘလက်ဘယ်ရီ က သတ်သတ်
      ရာ့(စ)(ပ) ဘယ်ရီက သတ်သတ် တဲ့။
      ရှာကြည့်လိုက်သေးတယ်။

      http://www.examiner.com/slideshow/how-to-distinguish-blackberries-raspberries-and-mulberries

      Raspberries grow around a central nub, or “torus,” that stays on the plant when the berries are picked. Notice the hollow fruit.
      Black raspberries are hollow when picked, just like their red siblings
      Golden raspberries are also hollow when picked
      Blackberries look like raspberries, but are not ripe when they’re red.
      Blackberries do not have the same hollow center as raspberries when picked. Instead, they are solid fruit.
      Mulberries grow on thorn-free trees, and may be ripe when red. They are also much longer than blackberries.

    • Foolish Girl

      August 11, 2015 at 11:48 am

      ရန်ကုန်မှာ ပိုးစာပင်တွေ့ဘူးတယ် ဒါပေမယ့် အသီးတော့သီးတာမတွေ့ဘူး၊ Berry သီးတွေက ပုံစံတွေဆင်သလိုလိုဖြစ်ပေမယ့် သူတို့အပင်ပုံစံမတူကြဘူး၊ City Mart မှာ ဆိုရင် Mulberry တော့မတွေ့ဘူးပေမယ့် နိုင်ငံခြားကလာတဲ့ Berry (red, black, blue)သီးတွေ ဈေးကြီးကြီးပေးဝယ်ရတယ် မြန်မာပြည်မှာလဲ Berry သီးတွေရှိတာပဲ အဲဒါတွေကိုတွင်တွင်ကျယ်ကျယ်လုပ်နိုင်ရင်ကောင်းမှာဘဲ 🙂

  • ဦးကျောက်ခဲ

    August 11, 2015 at 10:20 am

    အဲသည့် ပိုးစာသီး (Mulberry) ကို ကြေနေအောင်ချေပြီး…
    အစေ့တွေ အဖတ်တွေစစ်ထုတ် ၊ အရည်သန့်သန့်ကိုယူ…
    သစ်ကြမ်းပိုးမှုန့် အပါအဝင် ဟင်းခတ် အဆာပလာတွေနဲ့စီမံ…
    ဝက်နံရိုးကို အဲသည့်အရည်ထဲ ထည့်နှပ်ထားပြီး ကင်စားကြည့်ပါ…
    အလွန့်အလွန် အရသာထူးခြားကောင်းမွန်တဲ့ ဝက်နံကင် ရပါမည်… :k:

  • kai

    August 12, 2015 at 7:15 am

    Mulberry ကိုတောက်လျှောက်.. Blackberry ထင်နေတာ…
    ပိုးစာသီးလို့.. မြန်မာလိုခေါ်မှန်းလည်း.. အခုမှသိ…
    ကျေးကျေး..။
    အဲဒီအသီးကို.. အသီးခင်းထဲ.. တခါဝင် ၁၈ဒေါ်လှပေးပြီး.. တထိုင်ထဲခူး..ရေတောင်မဆေးပဲ.. အဝစားဖူးပါ့..။

    သိသလောက်ဘယ်ရီအသီးတွေ.. အကုန်လိုလို.. ဆေးဖက်ဝင်ပါတယ်..။
    ကင်ဆာရောဂါကာကွယ်နိုင်တယ်လည်းပြောကြတယ်…
    မြန်မာတွေ.. နေ့စဉ်အစားအစာထဲ.. ဓလေ့အဖြစ်ထည့်စားသင့်လှတယ်..။
    export လုပ်ရင်လည်း.. အခြောက်ဖြစ်စေဦးဈေးကောင်းရသမို့.. ဘယ်ရီစိုက်ခင်းတွေထောင်သင့်လှတယ်..။
    ===========
    ယူအက်စ်မှာတော့.. အဲဒီပိုးစာသီး.. အပါအဝင်.. ဘယ်ရီသီးတွေက.. နေ့စဉ်စားအစားအစာထဲတနည်းမဟုတ်…တနည်းပါသဗျ..။
    အိုက်စကရင်ထဲထည့်တာရှိသလို.. ဒီအတိုင်းအသီးလိုက်လည်းရောင်းကြတယ်..။

    စကားအတင်းစပ်….
    ခုတလော.. ဓတ်ကျပြီး…ဝယ်ဝယ်သောက်ဖြစ်နေတာ..Acai Berry အသီးကထွက်တဲ့ဖျော်ရည်…
    အဲဒီဖျော်ရည်ဗူးမှာ.. အမေဇုံတောပြုန်းတာကို… ကာကွယ်တဲ့အနေနဲ့.. အဲဒီအမေဇုံတောထဲကအသီးကို.. စီးပွားဖြစ်တင်ပို့ရောင်းချတာမို့.. တောခုတ်တောင်သူားတွေအလုပ်ရပြီး.. တောခုတ်တာတဖက်တလမ်းက.. အကာအကွယ်ရတယ်လို့.. ရေးထားတယ်..။
    ခရီးထွက်ရင်.. တဗူးဝယ်ပြီး..တလမ်းလုံးသောက်သွားတာ..။
    အဲဒီ အဆိုင်အိဘယ်ရီသီးက.. အုန်းပင်လိုအပင်ကသီးတာ…
    မြန်မာပြည်မယ်ရှိမရှိမသိ… သူလည်း.. ဘယ်ရီနွယ်ဝင်အသီးတမျိုးဖြစ်ပါကြောင်း…

    null

  • manawphyulay

    August 12, 2015 at 2:56 pm

    ဒါဆို ကိုယ်ဝန်ဆောင်တွေ ဖောလစ်အက်ဆစ်မသောက်ပဲ ဒီပိုးစားသီးတွေ စားရင်ကော ရလားဟင်… ဝယ်လို့ရရင်ကောင်းမယ်။ တစ်ခါမှတော့ မစားဖူးသေးဘူး။

  • CharTooLan

    May 28, 2016 at 1:11 pm

    ကိုယ်တိုင်ရိုက်ထားတယ်ဆိုတဲ့ပုံက ဘယ်ဒေသကလဲ မြန်မာနိုင်ငံတွင်းဆို ဘူးနဲ့တဘူးလောက်ရန်ကုန်ပို့ဖို့မှာချင်တယ်
    အပြင်မှာလုံးဝမတွေ့ဖူးဘူး ဘယ်ရီသီးတွေသဘောကျလို့
    ဂူဂယ်ကနေခဏခဏကျိဖူးတယ်

    • Foolish Girl

      May 30, 2016 at 3:02 pm

      ချင်းပြည်နယ် တီးတိန်မြို့မှာပါ

  • Thint Aye Yeik

    May 28, 2016 at 2:39 pm

    အမှန်အတိုင်း ပြောရရင် မစားဖူးသေးဘူးဗျ။
    ကျနော်က စားဖူးသမျှလေးထဲက ကြိုက်မိတဲ့အသီး တစ်မျိုးနှစ်မျိုးထဲမှာပဲ ပိတ်မိနေပြီး အဲ့သလောက်ကိုပဲ ထပ်ခါထပ်ခါ စားမိနေတာမျိုး။
    ဥပမာ ပိုးစာသီးနဲ့ ပိန္နဲသီး ဘယ်ဟာစားမလဲလို့ ရွေးခိုင်းရင် ကြိုက်တဲ့အသီး ပိန္နဲကိုပဲ ဆွဲစားမိတာမျိုးဆိုပါတော့။

    စိတ်ကိုက အဲ့လို။
    အနီရောင် အသီးတွေကို စားချင်စိတ်ရှိတယ်။ အနီရောင် အသီးတွေထဲမှာ အကြိုက်ဆုံးနှစ်ခုက ဖရဲသီးနဲ့ခရမ်းချဉ်သီး။

    ပိုးစာသီးလည်း စားတော့ အကြည့်ချင်သား

Leave a Reply