အသက်ဆက်မည့်သူ

ကာရံAugust 16, 20151min3431

အသက်ဆက်နေမယ့်သူ

အားမငယ်ပါနဲ့ နွေးထွေးတဲ့လက်တစ်စုံက
မင်းဘဝအတွက် အေးမြစေမယ်လေ

သောကတွေဘယ်လောက်ကြမ်းကြမ်း
ဒေါသစိတ်နဲ့မဖြေရှင်းလိုက်ပါနဲ့ အနားမှာ
ထာဝရရပ်တည်ပေးမည့်သူ

အမုန်းတံတားခင်းချင်ခင်းပါစေ
ရဲရဲသာနင်းလျှောက်လိုက်ပါ လောကကြီးက
မင်းအတွက်မပြောင်းလဲရင်တောင်
ငါ့နှလုံးသားက ဟောင်းသွားမှာမဟုတ်ဘူး
သိပ်ချစ်တာယုံပါနော်

မအေးမြသေးတဲ့မင်းဘဝထဲ ငါအလည်လာခဲ့တာမဟုတ်ဘူးမေ
မငြိမ်းချမ်းသေးတဲ့ အနာဂတ် ငါအရောင်ဆိုးဖို့မဟုတ်ပါဘူး
သံသရာအဆုံး တွဲလက်မြဲဖို့ ငါမင်းအတွက်
အသက်ဆက်နေမယ့်သူ

ကာရံ ၁၆ ့၈ ့၂၀၁၅

One comment

  • အောင် မိုးသူ

    August 17, 2015 at 9:45 am

    မအေးမြသေးတဲ့မင်းဘဝထဲ ငါအလည်လာခဲ့တာမဟုတ်ဘူးမေ
    မငြိမ်းချမ်းသေးတဲ့ အနာဂတ် ငါအရောင်ဆိုးဖို့မဟုတ်ပါဘူး
    သံသရာအဆုံး တွဲလက်မြဲဖို့ ငါမင်းအတွက်
    အသက်ဆက်နေမယ့်သူ

    ကြိုက်တယ်………….. 🙂

Leave a Reply