Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘွဲ့နှင့်လျော်ညီသော အလုပ်အကိုင်ရရှိမှု နည်းပါးလာပြီး နေ့ကျောင်းတက်ရောက်၍ ဘွဲ့ရရှိထားသူ လူငယ်အချို့ ယာဉ်နောက်လိုက်၊ လုံခြုံရေး၊ အရောင်းမြှင့်တင်ရေး စသည့် အလုပ်အကိုင်များကို လုပ်ကိုင်နေကြ

ဆူးAugust 26, 20101min32012

ဘွဲ့နှင့် လျော်ညီသော အလုပ်အကိုင် ရရှိမှုများ ယခု နောက်ပိုင်းတွင် နည်းပါးလာပြီး တက္ကသိုလ်များ၌ နေ့ကျောင်းတက်ရောက်ပြီး ဘွဲ့ရရှိထားကြသူ လူငယ်အချို့သည် ပညာအရည်အချင်းများစွာ မလိုအပ်သော ယာဉ်နောက်လိုက်၊ လုံခြုံရေးဝန် ထမ်း၊ အရောင်းမြှင့်တင်ရေး ဝန်ထမ်း အစရှိသည်တို့ကိုပင် လုပ်ကိုင်နေကြကြောင်း သတင်းရရှိပါသည်။

ယခင်ကမူ အလုပ်အကိုင် ရှာဖွေရာတွင် များသောအားဖြင့် ရရှိထားသည့် ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် ရရှိမှုများ ရှိခဲ့ကာ ယခု နောက်ပိုင်းတွင်မူ အလုပ်အကိုင် အတွေ့အကြုံ၊ အခြား ကျွမ်းကျင်မှုလက်မှတ်များ စသည်တို့ ပါရှိမှသာ အလုပ် လျောက်ထားနိုင်ခြင်း၊ အလုပ် ခန့်ထားနိုင်မှုများကလည်း အကန့်အသတ်ရှိလာခြင်း စသည်တို့က လူငယ်များအား အလုပ်ရွေးချယ်ခွင့် နည်းပါးမှုကို ကြုံတွေ့လာစေသည်ဟု သိရှိရသည်။

”စီးပွားရေးတက္ကသိုလ်မှာ နေ့ကျောင်းတက်ပြီး ဘွဲ့ရထားတဲ့ တစ်ယောက်ကို အထူးယာဉ်လိုင်းတစ်ခုမှာ ယာဉ်နောက်လိုက်အဖြစ် တွေ့လိုက်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးပေမယ့် တစ်ကျောင်းတည်းမို့ သေချာမှတ်မိတယ်”ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြသည်။

နေ့ကျောင်း တက်ရောက်ကြသူများသည် အဝေးသင်တက္ကသိုလ် တက်ရောက်ခဲ့ကြသူများထက် အချိန်နှင့် ငွေကြေးကို ပိုမိုရင်းနှီး မြှုပ်နှံခဲ့ကြရသူများ ဖြစ်ပြီး လူငယ်များအနေဖြင့် ကျောင်းပြီးပါက အလုပ်ခွင်သို့ ဝင်ရောက်နိုင်မည်ဟု မျှော်မှန်းမှုများ ရှိခဲ့ကြသော်လည်း အမှန်တကယ် ကျောင်းပြီးသည့် အချိန်တွင်မူ မျှော်မှန်းသည်နှင့် ကွာခြားမှုများ ရှိလာကြောင်း သိရှိရသည်။

ကွန်ပျူတာကျွမ်းကျင်မှု လက်မှတ်များ၊ အင်္ဂလိပ်၊ တရုတ် စသည့် ဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းမှုများ၊ LCCI တက်ရောက်ဖြေဆို အောင်မြင်သည့် အသိအမှတ်ပြုမှုများ အပြင် လုပ်ငန်းအတွေ့အကြုံ တစ်နှစ်ဝန်းကျင် အနည်းဆုံးထားကာ တောင်းဆိုလာမှုများက ကျောင်းပြီးသည်နှင့် အလုပ်ဝင်ရန် အခြေအနေ ရှိနေသူများ အပေါ် အခက်အခဲ ကြုံလာစေသည်ဟု လူငယ်အချို့က ဆိုပါသည်။

”ရှော့ပင်းစင်တာတစ်ခုမှာ ကျောင်းက အစ်မတစ်ယောက်ကို တွေ့လိုက်တော့ တော်တော်အံ့ဩသွားတယ်။ သူက လုံခြုံရေးဝန်ထမ်း လုပ်နေတာပါ။ အဲဒါနဲ့ သူ့ကို ဒီအလုပ်က ထွက်လိုက်ပါလားလို့ ပြောမိတယ်။ သူကတော့ သူ့မှာ ဘာလက် မှတ်မှ မရှိလို့ တခြားအလုပ်ပြောင်းဖို့ မလွယ်ဘူးလို့ ပြောပြတယ်။ သူရတဲ့ လစာနဲ့ သူ့ဘာသာတော့ အဆင်ပြေ နေတယ်လို့ သိရပါတယ်”ဟု စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိထားသူ တစ်ဦးက ပြောကြားသည်။

”ရထားတာတော့ မဟာဘွဲ့ပဲ။ ဒါပေမယ့် အရောင်းမြှင့်တင်ရေးအလုပ်ကို စလုပ်ခဲ့ရတယ်။ အလုပ် မရွေးနိုင်ဘူးလေ။ ကျွန်မလိုပဲ အလုပ်မရွေးနိုင်တဲ့သူတွေ ပတ်ဝန်းကျင်မှာ တော်တော်တွေ့ရတယ်။ အရောင်းမြှင့်တင်ရေး လုပ်ရင်းကနေမှ ကုမ္ပ ဏီတစ်ခုကို ထပ်ပြောင်းခဲ့ရတယ်။ ရထားတဲ့ဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ နယ်ပယ်အသစ်မို့ လေ့လာရတာတွေလည်း အများကြီးပဲ။ ဖြစ်နိုင်ရင်တော့ ရထားတဲ့ဘွဲ့ကို အသုံးချချင်တာ။ ဒါပေမယ့် အသုံးချခွင့်တော့ အခုထိ မရသေးပါဘူး”ဟု အသက် ၂၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါသည်။

ယခုအခါတွင် အလုပ်အကိုင် ရှားပါးမှုများကို လူငယ်များ ကြုံတွေ့နေရပြီး အလုပ်ရှာဖွေလိုသူ လူငယ်အများစုသည် ကြောငြာများ၊ ဂျာနယ်များမှ အလုပ်ခေါ်စာများကို မိမိတွင် ရှိထားသည့် အရည်အချင်းနှင့် ကိုက်ညီရာ ရှာဖွေလျှောက်ထားနေရ ကြောင်း၊ အလုပ်နေရာတစ်ခုအတွက် အင်တာဗျူးဝင်ရန် သွားရောက်ပါက ယင်းနေရာအတွက်ကိုပင် လာရောက် ဖြေဆိုသူဦးရေမှာ အဆများစွာ ပိုမိုနေကြောင်း လူငယ်အချို့က ဆိုပါသည်။

ဘွဲ့နှင့် မကိုက်ညီသော်လည်း ဘွဲ့ရတစ်ယောက်အနေနှင့် လျော်ညီသည်ဟု ဆိုနိုင်သော အလုပ်များကို ရရှိရန် ခက်ခဲလာမှုသည် လူငယ်များကို အလုပ်ရွေးချယ်ခွင့် နည်းပါးစေကာ တက္ကသိုလ်ဝင်တန်းအောင်နှင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေး သူများ လုပ်ကိုင်နိုင်သည့် အလုပ်များကိုပင် လုပ်ကိုင်လာကြရသည်ဟု သိရှိရသည်။

နေ့ကျောင်းတက်ရောက်ခဲ့စဉ် က တစ်လလျင် ကျပ်သိန်းဂဏန်းဝန်းကျင် အသုံးပြု ပညာသင်ကြားခဲ့ရသူများသည် ယခုအခါတွင် ကျပ်လေးသောင်းမှ ကျပ်ခြောက်သောင်း ဝန်းကျင်သာ ရရှိသည့် အလုပ်များကိုပင် အပြိုင်လျောက်ထား လုပ်ကိုင်နေ ရသည်ဟု ဆိုပါသည်။

ထို့အတူ အဝေးသင် တက္ကသိုလ်တက်ရောက်ပြီး ဘွဲ့ရရှိသူ အချို့သည်လည်း ဘွဲ့ကိုအသုံးချနိုင်မှု မရှိသော အလုပ်များအား အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်နေကြရကြောင်း လူငယ်အချို့ထံမှ သိရှိရသည်။

Eleven Media Group မှ ကူးယူ ဖော်ပြသည်။

12 comments

  • winne

    August 26, 2010 at 4:25 am

    ကိုယ်တိုင်လည်း ရတဲ့ ဘွဲ့နဲ့ အပိုသင်ထားတဲ့ ပညာနဲ့ တလွဲစီ အသက်မွေးနေရတာ လက်တွေ့ဘဲ။ အမြင်လေးတွေ ဝိုင်းဆွေးနွေးကြပါအုန်း။

  • Shwemannmay

    August 26, 2010 at 5:11 am

    Myanmar young people who has got a degree ( Bachelor or Master or Ph.d) from any local university are found as not qualify enough to be employed in their respective areas.The weakness in Education comes to light after a decades. Education needs to make changes. Current myanmar education emphasizes on parrot learning. U can notice that in 10 standard exams. discuss more later

  • shin

    August 26, 2010 at 6:14 am

    အဝေးသင် တက္ကသိုလ်တက်ရောက်ပြီး ဘွဲ့ရရှိသူ အချို့သည်လည်း ဘွဲ့ကိုအသုံးချနိုင်မှု မရှိသော အလုပ်များအား အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်နေကြရကြောင်း လူငယ်အချို့ထံမှ သိရှိရသည်။

    ကိုယ်တွေ ့ပါပဲရှင့်

  • alfred

    August 26, 2010 at 7:08 am

    အဓိကက ဘွဲ့တွေကို မတရားထုတ်ပေးနေလို့ပါ။ လုပ်ငန်းရှင်တွေကိုလည်း အပြစ်ပြောလို့မရပါဘူး။ ဘွဲ့တာရတာ အရည်အချင်းမှ မရှိကြတာ။ ဒါကြောင့် အဲနေရာလေးတွေပဲရတာပေါ့။ အလုပ်အတွက် လက်မှတ်တွေလိုပေမယ့် အဓိကလိုတာကတော့ လုပ်ငန်းခွင် အရည်အချင်းပါ။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ဘယ်ရမလဲမဟုတ်လား။ ဒါကြောင့် ကိုယ့်ဘွဲ့ နဲ့သက်ဆိုင်တဲ့ အလုပ်မှာ လခစားမဟုတ်ပဲ အလုပ်သင်နဲ့ လုပ်ရင်း တဖြည်းဖြည်းသွားရမှာပါ။ ဘွဲ့ရတာနဲ့ ချက်ချင်း အလုပ်ကောင်းဖို့ ဘယ်လွယ်မလဲ။ အဓိအချက်ကတော့ ပညာတတ်တွေကို ငါးတွေ ဖမ်းသလို ပေါပေါလောလော အလကားရသလို မထုတ်ပဲ ရွေးချယ်ထုတ်ပေးစေချင်ပါတယ်။ သို့မဟုတ်ပါက တစ်ချိန်ချိန် ရေခမ်းသွားသလို ပညာအရည်အချင်း တွေ ခမ်းသွားရင် ဘယ်ပညာတတ်ကို မှ မွေးထုတ်ပေးနိုင်တော့မှာမဟုတ်ပါ။

  • Visesa

    August 26, 2010 at 7:46 am

    မကြာသေးမီက တရုတ်နိုင်ငံ လူစည်ကားသောလမ်းမပေါ်မှာဘွဲ ့ရပညာတတ်အမျိုးသမီးငယ်တစ်ဦးကဂျပ်ပြားငယ်
    တစ်ချပ်ပေါ်တွင်ကိုယ်တိုင်၏အရည်အချင်းတို ့ကိုဖေါ်ပြကာခြေလျင်လမ်းလျှောက်လျက်အလုပ်ရှာပုံကို ၊တရုတ်သတင်းဌာနတစ်ခု ကထုတ်လွှင့်ပြသသွားသည်ကိုမြင်တွေ ့လိုက်ရပါသည်။တရုတ်နိုင်ငံ၌ ဘွဲ ့ရပညာတတ်
    များ အလုပ်အကိုင်ရရှိရေးအတွက် မြန်မာလူမျိုးများရေရှားသောဒေသတွင် တန်းစီစေါင့်ဆိုင်းလျက် တစ်စက်ချင်းကျ
    နေသောရေကိုခံကြရသကဲ့သို ့သောပုံများလည်းတွေ ့ရပါသည်။
    အဆင့်မြင့်ပညာသင်ကြားခြင်းသည်အလုပ်အကိုင်ရရှိရေးအတွက်အာမခံမှုပေးနိုင်သောနေရာ၊ဌာန၊တိုင်းပြည်ဟူ၍
    ရှားပါးလှပါသည်။သင်ကြားပြီးသောအဆင့်မြင့်ပညာနှင့်ကိုက်ညီသောလုပ်ငန်းကိုလုပ်ကိုင်ရသူဦးရေမှာလည်းနည်းပါး
    လှသည်ကိုသာတွေ ့ရပါသည်။အဆင့်မြင့်ပညာသင်ကြားပြီးသူတို ့သည် လစာရဝန်ထမ်းအလုပ်တစ်ခုတည်းမျှကိုသာ
    မျှော်လင့်မနေသင့်ပါ။ကိုယ်တိုင်ထိုးထွင်းကြံဆလုပ်ကိုင်၍ ဘဝရပ်တည်မှုခိုင်မာသွားကြသူများလည်းအများအပြားရှိ
    ကြပါသည်။အဆင့်မြင့်ပညာသင်ကြားပြီးသူများသည် ရောက်လေရာလုပ်ငန်းဌာနတို ့၌အသိအမြင်၊အတွေးအခေါ်ပိုမိုကျယ်ပြန် ့စွာဆောင်ရွက်လုပ်ကိုင်နိုင်ကြသည်မှာကားအသေအချာဖြစ်ပါသည်။

  • winne

    August 26, 2010 at 12:08 pm

    ၁ဝတန်းအောင်တော့ ကွန်ပြူတာ သင်တန်းတခုကြေညာတာတွေ့တယ် အဲဒီမှာ အောက်ဆုံး အကြောင်းက အရေအချင်းပေါ်မူတည်ပြီး အလုပ်အကိုင် အခွင့်အလန်းရမည်ဆိုတော့ စိတ်ဝင်စားပြီး တက်ကြတဲ့ ကျောင်းသားတွေ သောက်သောက်လဲ ကိုယ်တိုင်အပါအဝင်ဘဲ နောက် ဒီပလိုမာ တခုရတယ် ပြီးသွားတော့ အလုပ်ခေါ်တယ် လူ ၄၀ဝ ကျော်လျှောက်တာ ၂ဝခေါ်တယ် အဲဒီမှာ ကံကောင်းလို့ ပါသွားတယ် သိပ်လည်းပျော်တာပေါ့ လုပ်ငန်းခွင်လည်း ရောက်ရော ကျပ်တာတွေ မျိုးစုံ တခါမှ အလုပ်စည်းကမ်းကို ပေးမဖတ်လို့ မသိဘူး ဘာကြောင့်မှန်းမသိဘူး လစာက ဘယ်သူမှ အပြည့်အဝ မရပါဘူး အလုပ်ကြိုးစားသူကော အလုပ်ကို ခိုကပ်သူပါမကျန် အနဲအများ ပမာဏ မျိုးစုံနဲ့ ၁၅၀၀ဝကျပ်နဲ့ ခန့်တာ ၁၀၀၀ဝ နဲ့ ၉၀၀ဝ လောက်ဘဲ ရပါတယ် ၂၀၀၃ ခုနစ်တုန်းကတော့ အနိမ့်ဆုံး လစာပါ သူတို့ ရည်ရွယ်ချက်ကတော့ အလုပ်ပေးမယ်ဆိုပြီး ကြေညာလို့ ပြန်ခေါ်တာပါ။ လျောက်တဲ့ သူတွေကို ဇကာတင်ရွေး ပြီးရင် ပြသနာမျိုးစုံရှာ မခံနိုင်တဲ့လူ ထွက် အစမ်းခန့် ၃လ ပြီးတာနဲ့ အကြောင်းမျိုးစုံရှာပြီး ထုတ်ပြစ်တာဘဲ မသိတော့ ခံလိုက်ရတယ် အလုပ်သင် ဆရာဆိုတော့ အတန်းချိန် မတိုင်ခင် ၁၅မိနစ်စောသွားရပါတယ် မနက်ပိုင်းအတန်းက ရနာရီစမယ်ဆိုရင် ၆.၄၅ အရောက်သွား ပြီးရင် ၁နာရီမှာ အတန်းပြီးရင် ၃နာရီမှာ အလုပ်သင်တွေကို စာပြန်သင်ပေးပါတယ် ည ရနာရီအထိ အလုပ်မှာ စိတ်ဖိစီးမှု မျိုးစုံနဲ့ တနေ့တာ အလုပ်ချိန်များတော့ ပင်ပန်းလွန်းတွေ ကြုံရတယ် အလုပ်စည်းကမ်းက တယောက်နဲ့ တယောက် စကားမပြောရဘူး တွေ့ရင် အမှတ်လျော့တယ် ဆိုတာ ပါတယ် ထင်တယ် ပြောသံကြားမိတာဘဲ သေချာတော့မသိဘူး။ နောက် အလုပ်ကလည်း လိုအပ်လို့မဟုတ်ဘဲ အပိုခန့်တာဆိုတော့ အရှေ့က စီနီယာကြီးတွေက နောက်လူတွေ သူတို့ထက် တော်နေရင် မတရားကို နှိပ်ကွပ်တော့တာဘဲ ဝန်ထမ်းအချင်းချင်း နှိပ်ကွယ်တာ ပြန်တိုင်လို့မရဘူး စည်းကမ်း ထိန်းသိမ်းရေးက ဝတ်လာတဲ့ အကျီ အရောင်မကြိုက်ရင်က အစ လစာလျော့လို့ရသလို ဖြစ်နေတော့တာပေါ့။ မခံနိုင်တဲ့ အဆုံး ၅လ လုပ်ပြီး သင်ထားတဲ့ ပညာတွေနဲ့ ဝေးကွာပြီး အိမ်စီးပွားရေး အလုပ်တွေ ကူလုပ်ပေးရင်းနဲ့ ဒီကနေ့ အထိ ဖြစ်လာတော့တာဘဲ။ အိမ်မိသားစု စီးပွားရေး နောက်ခံမရှိတဲ့ လူတွေဆို မလွယ်တာတော့ မလွယ်တာ အမှန်ဘဲ

  • deathnote.book

    August 26, 2010 at 1:11 pm

    အဲဒီလိူတွေကတော နောင်လဲရှိနေအုံးမှာပါပဲလေ ဘာဖြစ်လို ့လဲ ဆိုတော့..မိမိတက်တဲ့ပညာနဲ ့ အလုပ်နဲ ့အံဝင်ခွင်ကျဖြစ် ဖို ့စောင့်လာတာခုဆိုရင် နှစ်ပေါင်း၃ဝကျော်ခဲ့ပါပြီ။။။

  • bigcat

    August 27, 2010 at 1:12 am

    မြန်မာပြည်မှာ အလုပ်တွေရှားရတဲ့အထဲမှာ စစ်သားတွေယူနီဖေါင်းချွတ်ပြီး အရပ်ဖက်ကို ဝင်စီးတာ တချက်ပါတယ်လို့ထင်ပါတယ်။ ဒီတော့ပြန်လက်စားချေတဲ့ အနေနဲ့ သူတို့စစ်တပ်ထဲကို ပြန်ဝင်လိုက်ကြရင် မကောင်းဘူးလား။ စဉ်းစားမိတာလေးတခု ပြောပါတယ်။

    • winne

      August 27, 2010 at 2:35 am

      အခုမှ စစ်ထဲ ဝင်ရင် အရှေ့က စီနီယာတွေ ပါးရိုက်တာ ခံနေရအုန်းမယ် တသွေးတသံ တမိန့်နော်။

  • sususan

    August 27, 2010 at 8:19 am

    ဘွဲ့ရတယ်ဒီပလိုမာတစ်ခုရတယ်LCCI 2တက်ထားတယ်..
    ခုဘာအလုပ်ရတယ်ထင်လဲ..အိမ်မှာထိုင်စားနေတာလေ..ဒါကပဲ
    ကောင်းတယ်ထင်လို့….အလုပ်အကြောင်းဆိုရင်တော့..ပြောကိုမပြောချင်တော့တာ..
    ကော်ကောင်းမှရတာ…

    • winne

      August 27, 2010 at 12:26 pm

      အားမငယ်နဲ့ ကိုယ်လိုလူ လောကမှာ အများကြီးလို့သာ မှတ်.. အလုပ်ရလည်း အလုပ်ရှင်က ညှစ်အုန်းမှာ ပညာ တင်မကဘူး အတွေ့အကြုံပါ မေးမှာ အတွေ့အကြုံရလာတော့လည်း ဝန်ထမ်းအချင်းအချင်း အပြိုင်များလို့ စိတ်ညစ်ရကော.. အေးအေးနေတာ အကောင်းဆုံးဘဲ စိတ်ချမ်းသာတယ်

  • Visesa

    August 28, 2010 at 12:58 pm

    ဂျီနီဗာ- လွန်ခဲ့သည့်နှစ်က ကမ္ဘာ့အလုပ် လက်မဲ့လူငယ်များ စံချိန်တင်မြင့်တက်ခဲ့ရာ အလုပ်အကိုင်မရှိသူ လူငယ် ၈၁သန်းရှိခဲ့ပြီး မျှော်လင့်ချက်မဲ့ကာ လမ်းပျောက်နေသော မျိုးဆက်တစ်ဆက်ဖြစ်လာမည့် အလား အလာရှိနေခဲ့ကြောင်း သိရသည်။
    အသက် (၁၅)နှစ်မှ (၂၄)နှစ်အရွယ် အလုပ်လက်မဲ့ များ ၁၃ရာခိုင်နှုန်းတိုးပွားလာခြင်းက ၂ဝဝရ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကာလက လူငယ်အလုပ်လက်မဲ့ ၁၁ဒသမ၉ရာခိုင်နှုန်း နှင့် နှိုင်းစာလျှင် အလုပ်လက်မဲ့နှုန်းများစွာ တိုးပွားလာခြင်းဖြစ်ကြောင်း နိုင်ငံတကာလုပ် သားအဖွဲ့အစည်း(ILO)မှ ပြောကြားခဲ့သည်။
    ILO၏အစီရင်ခံစာတွင် ကြိုတင် ခန့်မှန်းချက်အရ ယခုနှစ်တွင် လူငယ်လူရွယ် အလုပ်လက်မဲ့များ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ပို၍တိုးပွားလာမည်ဟု ဆိုသည်။
    ကမ္ဘာပေါ်တွင် အသက်(၁၅)နှစ် မှ (၂၄)နှစ်အရွယ် လူငယ်သန်း ၆၂ဝရှိပြီး ၂ဝဝရခုနှစ်နှောင်းပိုင်းနှင့် လွန်ခဲ့သည့်နှစ် ကုန်အကြားတွင် လူငယ်အလုပ်လက်မဲ့ အရေအတွက် ရ ဒသမ ၈သန်းအထိရှိလာ ခဲ့သည်ဟု သိရသည်။ လက်ရှိလူငယ် အလုပ်လက်မဲ့အရေအတွက်မှာ ILO ၏ ရေတွက်မှုအရ အမြင့်ဆုံးပင်ဖြစ်သည်ဟု ILOမှ မစ္စဆာရာအယ်လ်ဒါက ပြောကြား ခဲ့သည်။ အစီရင်ခံစာတွင်ဖော်ပြချက်အရ လူငယ်များအား ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများနှင့် စီးပွားရေးဖြစ်ထွန်းနေသော နိုင်ငံများရှိ လုပ်သားဈေးကွက်များမှ ထုတ် ပစ်ခဲ့ခြင်းကို တွေ့ရှိရပြီး ထိုသို့သော အခြေ အနေက လူငယ်တို့အား လုပ်ငန်းခွင်ရှိရာ သို့ ပြန်လာရန် စိတ်ဓာတ်ကျဆင်းမှုကိုဖြစ် ပေါ်စေသည်ဟုဆိုသည်။ လမ်းပျောက်ဆုံး နေသော မျိုးဆက်အမွေကို ဆက်ခံခြင်းက လူငယ်များကို လုပ်သားဈေးကွက်မှဖယ်ခွာ စေသည့်အနေအထားကို ဖြစ်ပေါ်စေမည် ဟု ဆိုသည်။
    ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူငယ်များ သည် ကမ္ဘာ့လူဦးရေ၏ ၉ဝရာခိုင်နှုန်းရှိပြီး ထိုလူငယ်များ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်း ရဲချို့တဲ့မှုက စီးပွားရေးတွင် အားနည်းချက် ကို ပိုမိုဖြစ်ပေါ်စေမည်ဟု ကုလသမဂ္ဂလုပ် သားအေဂျင်စီမှ ပြောကြားခဲ့သည်။ ထိုသို့ သော အခြေအနေက စိုးရိမ်ဖွယ်ရာသော ပဲ့တင်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး လူငယ်များအနေဖြင့် အလုပ်အကိုင်ရှာဖွေ နိုင်ခြင်းမရှိပါက အသုံးမကျသော၊ ပျင်းရိ သော အသိစိတ်ကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ထိုမှတစ်ဆင့် ရာဇဝတ်ပြစ်မှု၊ စိတ်ကျန်းမာ ရေး ပြဿနာ၊ အကြမ်းဖက်မှု၊ ပဋိပက္ခနှင့် မူးယစ်ဆေးသုံးစွဲမှုများကို တိုးပွားစေမည် ဟု ဆိုသည်။ အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသော ကြိုတင်ခန့်မှန်းချက်အရ လာမည့်နှစ်တွင် လူငယ်အလုပ်လက်မဲ့များ ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂ရနိုင်ငံတို့တွင် လူငယ်အလုပ်မဲ့များကို ဆက်လက်တွေ့မြင်နေရမည်ဟု ILO မှ ပြောကြားခဲ့ကြောင်း သိရသည်။
    source:http://yangonmedia.com

Leave a Reply