Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မလော်ပါ – ဒေါ်နီနီဒွန်း

မြစပဲရိုးSeptember 13, 20152min60314

ကျွန်မ သူ့ကို လော်စရာ မလိုပါ။
သွားလော်လိုက်ရင်တောင် သူ့ နယ်ကသူ တွေ က သူတို့လောက်တောင် သိလို့လား လို့ ပြန်မေးကြမှာ။
ဟုတ်ပါတယ်။
ကျွန်မ ချစ်သူငယ်ချင်း “နီနီဒွန်း” က ငယ်ဘဝ မှာ သူ့ကျောင်း က “လသာ (၂)” ပါ။ သူငယ်တန်း ကနေ ဒသမတန်း ထိပေါ့။
ချစ် အစ်မဒုံ တို့ ချစ်မမ တို့ ရဲ့ ညီမတော်ပေါ့။ သူလဲ အပျိုကြီး ပါဘဲ။
. နောက်တော့ စီးပွါရေးတက္ကသိုလ် က ဘီကွမ်း ဘွဲ့ ရပါတယ်။
. ကျောင်းပြီးတာ နဲ့ သူ့ အမေ ဆေးခန်း ရှိရာ အရပ် “ပေါက်ခေါင်းမြို့” ကို ပြန်ပြီး အဲဒီ အရပ်က လူ တွေ အတွက် သူ့ဘဝ နှစ်ထားခဲ့တာ နှစ်ပေါင်း ၃ဝ နီးပါး ရှိပါပေါ့။
သူ့အဖေက “ဦးစောနေဒွန်း” နဲ့ အမေက “ဒေါက်တာ ဒေါ်သန်းခင်ပါ”။
၁၉၉ဝ ရွေးကောက်ပွဲတုန်း က သူ့တို့နယ် တစ်ဝိုက်မှာ NLD  အတွက် အားကြိုးမာန်တက် မဲဆွယ်ပေးခဲ့ပြီး နောက်ပိုင်းမှာ အဆင့်ဆင့်တက်ပြီး လက်ရှိမှာ ပေါက်ခေါင်းမြို့နယ် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က္ကဌ တာဝန်ယူထားသူပါ။
သူ့ရဲ့ ရိုးသားမှု၊ ကြိုးစားမှု၊ မာန်မာနကင်းမှု၊ ကိုယ့်ကျိုးအတ္တ နဲ ပြီး အများအကျိုးကို ဆောင်ရွက်လိုမှု တွေ အားလုံး ဟာ မှတ်ကျောက်တင်ခံနိုင်ပါတယ်။
သူ့ဘဝကို ပိုတိုးတက် အောင်မြင်ဖို့ထက် သူ့ရပ်ရွာက ကလေးတွေ ၊ လူအိုတွေ အပါအဝင် လူသား အားလုံး အကျိုးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်နေသူပါ။
လက်ရှိကိုကြည့်ရင်တော့ သူ့ရပ်ရွာလေးဟာ အရင်ကထက်တောင်  ပိုပိုတောင် ဆင်းရဲနွမ်းပါး နေပါတယ်။
အဲဒီ ရပ်ရွာ အတွက် ဘတ်ဂျက် ဆိုတာ ဘယ်သူ့ အိတ်ကပ် ထဲ ရောက်ခဲ့လဲ။ ဘယ်သူပြောနိုင်ပါ့မလဲ။
အဲဒီ မတရားမှု က နေ လွတ်အောင် သူမဟာ အားကောင်းတဲ့ “ခွပ်ဒေါင်း” အဖြစ် နဲ့ တိုက်ပွဲ ဝင်နေရဆဲပါ။
. ရွေးကောက်ပွဲ အလွန်မှာတော့ အဲဒီ “ခွပ်ဒေါင်း” ကနေ ပိုမို တင့်တယ် တဲ့ “ကဒေါင်း” အသွင် နဲ့ သူချစ် တဲ့ ရပ်ရွာအကျိုး ကို အစွမ်းရှိရှိ သယ်ပိုးပေးနိုင်မယ် ယုံကြည်ပါတယ်။

အဲဒီ ပေါက်ခေါင်းမြို့နယ် အပါအဝင် တစ်နိုင်ငံလုံး မှာ “ခွပ်ဒေါင်း” လေးများ ပြည်သူ့ အကျိုးဆောင်နိုင်ဖို့ ကျွန်မတို့ အားလုံး ဒီရက်ပိုင်းလေး တတ်နိုင်သမျှ ဝိုင်းဝန်း ပံ့ပိုးပေးကြပါစို့။

(PS – သူ့ ကို သတိရခြင်း၊ ချစ်ခြင်းများစွာ နဲ့ သူ့ ဓာတ်ပုံ တွေ ကို မရ မက ရအောင်ရှာပြီး အားပေးနေတဲ့
ဟိုး အဝေးက သူငယ်ချင်းတစ်ယောက် အကြောင်း ကို သူ ကတော့ သိနိုင်မှာ မဟုတ်ပါလေ)

 

Ni Ni Dun
ဒေါ်နီနီဒွန်း (B.Com – Yangon Institute of Economics) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါက်ခေါင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

 

Ni Ni Dun01
N L D နာယက ဘဘဦးတင်ဦးနှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်တို့၏ လူထုဟောပြောပွဲတက်ရောက်စဉ်။

 

Ni Ni Dun02
၈ ရက်တာစည်းရုံးရေးခရီးစဉ်

 

Ni Ni Dun04

Ni Ni Dun05
ဒီလို စွပ်ကျယ် မျိုး ကို ဝတ်နေရတာ မြန်မာပြည် ထဲ ဘယ်လောက်များ မယ် ကျွန်မ မှန်းကြည့်နေမိတယ်။ ဒီလောက် ချို့တဲ့ နေတဲ့ လူတွေ များတဲ့ မြေမှာ အရမ်းတန်ဖိုးကြီး တဲ့ အဝတ် ဝတ်ထားရတာ ကို ကျွန်မတို့ ရှက်သင့်ပါတယ်။

 

Ni Ni Dun06
ကတွတ်တောင်စာသင်ကျောင်းကျလာရင်ဆောက်မဲ့မြေနေရာ

 

Ni Ni Dun03
သူကတော့ အနာဂါတ်ရဲ့မျိုးဆက်သစ်အတွက်တာဝန်ကျေခဲ့ပြီ။ အားလုံး တာဝန်ကျေကြစို့နော်။

 

 

Ni Ni Dun07
အဟဲ – ဒါကတော့ သူလဲ ငယ်တုန်း က အင်မတန် ချစ်ဖို့ ကောင်းသူ တစ်ယောက်ပါ လို့စ်။ :-)))

14 comments

  • aye.kk

    September 13, 2015 at 5:59 pm

    မလတ်
    လေးစားဂုဏ်ယူမိလို့
    share ပါရစေ။

  • ဇီဇီခင်ဇော်

    September 13, 2015 at 6:28 pm

    တိုက်ပွဲ ဝင် ခွပ်ဒေါင်း ကိုပဲ ကြိုက်တယ်။
    ဝမ်းသာ ဂုဏ်ယူ
    :chit:

  • ဦးကြောင်ကြီး

    September 14, 2015 at 10:13 am

    မန်းလေးကနေ ဝံအရွေးခံမည့် နေဇင်လတ် မြန်တ ျန့်တိုတက်ရေးပါတီ ကိုယ်စားလှယ် windtalker (ခ) မောင်ပေအတွက်လည်း စည်းရုံးပေးပါခမြှာ…။ လေက ျီးမိုးက ျီး ဂဇွတ်ရွာမှာ ဖြစ်ဖြစ်မြောက်မြောက် ရှိမှာဆိုလို သူတေ ျာက်ပဲ မြင်လို့ပါ။

  • ကထူးဆန်း

    September 14, 2015 at 10:42 am

    ပေးဘူး …အရီးကို ပေးမလို့ စောင့်နေတာ….. စတာပါ အရီး .. ကျွန်တော့်မြို ့ နယ် မဟုတ်လို့ပါ …
    ကျွန်တော့်မြို ့နယ်က NLD
    ကိုယ်စားလှယ်လောင်းက ဘယ်လိုလူမျိူ းဆိုတာ ခုထိ သိသေးဘူး .. သူတို့ပြောသလို နုနုရွရွလေး
    တွေ မဟုတ်လို့ လော်ဘီ မလုပ် လို့လားတော့ သိဘူး.. လိုက်ရှာကြည့်နေတာ တော့ ခုထိ တွေ့သေးဘူး
    နံမည်က တော့ ဦးအောင်အောင်စိုး ဆိုလား ..

  • kai

    September 14, 2015 at 2:59 pm

    သူ့ပြိုင်ဖက်.. ပြည်ခိုင်ဖြိုးက ဘယ်သူလည်းသိမှ.. ပိုကောင်းမယ်ထင်မိတယ်…။
    ရွေးကောက်ပွဲဆိုတာ.. မဲတွေ.. ကောက်သင်းကောက်လိုက်သိမ်းယူနေဖို့မလို.. ယှဉ်ပြိုင်ဖက်.. အတိုက်အခံကိုအနိုင်ချယုံ…။ :k:

  • အောင် မိုးသူ

    September 14, 2015 at 3:03 pm

    NLD ကို မဲပေးဖို့သာဆော်ဩနေတာ တကယ်တော့ မဲစာရင်းစစ်ဖို့က ပိုအရေးကြီးနေသလားလို့။

  • မြစပဲရိုး

    September 14, 2015 at 3:22 pm

    ကျေးဇူးပါ ဇီကလေး နဲ့ အစ်မအေး။
    ကျွန်မ သူငယ်ချင်း မြို့နယ် အတွက် တော့ စိတ်ချရမယ်ထင်ရဲ့။
    ဒါပေမဲ့ တစ်ချို့ နယ် တွေ က သူတို့ အခံ လူ ကို အထင်မကြီး တာ၊ မကြိုက်တာ တွေ လဲ ရှိနေတယ်။
    ဒါကြောင့် အနေနဲ့ သိပ် အနိုင်တွက် ထားလို့ မရဘူး။

    . ကြောင်ကြောင်
    သူ့ အတွက် နီ လော် ပေးလိုက်။

    ကထူးဆန်း
    သများ ကြုံလို့ ပြောရရင် – အရင် မြန်မာပြည် မှာ လုပ်တုန်း က အလုပ် အတွက် တီဗီ ထဲ ကြော်ငြာ ထည့်ဖို့ ရိုက်တယ်။ ကျွန်မ က စီစဉ်သူ ဖွဲ့ဝင်ပေါ့။
    အာ့ကို ဒါရိုက်တာကြီး က ကျွန်မ ကို လဲ ဝင်ရိုက်မလား မေးတယ်။ ဟိ။ (ကြွားဗျစီ – ဘယ်သူသိတာလိုက်လို့)
    ဟင့်အင်း ပေါ့။ ကျွန်မ က အပြစ်ရှာ အင်မတန် လွယ်သူမို့ ကိုယ့် မျက်နှာရဲ့ အားနည်းချက် တွေ သိပြီး မို့ ကင်မရာ ရှေ့ ဝင်ဖို့ ကြောက်ပါတယ်။
    တီဗီ ပေါ်ရောက်တာ နဲ့ အပြင်မှာ နေတာထက် ပိုပြီး အဝေဖန်ခံ ရတော့ မှာ။
    ကျွန်မ ကို ရုပ်ဆိုးတယ်ပြောရင် မကြိုက်ဘူး။ 😉
    တကယ်တော့လဲ သူများ အပြစ် တွေ ဘဲ ရှာပြီး ပြောရတာ ပိုပြီး ကောင်း၊ ပိုပြီး လွယ် တာမဟုတ်လား။
    lol:-)))

    .မောင်အောင်
    အခု မဲစာရင်းစစ်ဖို့ ကို တော်တော်လေး လှုံ့ဆော်နေတာပါ။ ဒါပေမဲ့ အများစု က လုပ်နိုင်သူတွေ လုပ်ကြပါတဲ့။
    ဒီလို နဲ့ အစိုးရကောင်း ကို ရဖို့ လမ်းမရှိပါ။

    သူကြီး မင်း
    သူ့လို အခံကောင်းကောင်း ရှိတဲ့ နေရာမှာ တစ်ဖက်က လူကောင်း တွေ သိပ်မထည့်ဘူး။
    ကျွန်မ အဒေါ်တွေ ဆီမှာတော့ ဒီချုပ် က အစုတ် မှာ ဝင်ပြိုင်မှာက ဒုဝန်ကြီး တဲ့။ 🙄

    • kai

      September 14, 2015 at 4:44 pm

      ပြည်ခိုင်ဖြိုးအမတ်နေရာတွေချပေးသွားသူထဲ.. ဦးရွှေမန်းက.. ပါတီဥက္ကဌ.. ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဌအနေနဲ့.. သေသေချာချာစီစဉ်သွားတယ်လို့ထင်တယ်..။
      အမှတ်မမှားရင်.. ဒေါ်စုနယ်မှာ.. ဒေါ်စုပြိုင်ဖက်က.. ဘွဲ့မရဖူးတဲ့..၁ဝတန်းအောင်လူရွယ်တယောက်..
      အဲဒီအတိုင်းပဲ.. ဦးရွှေမန်း ဖြူးနယ်မှာဝင်မယ့်.ဒီချုပ်ကအမတ်လည်း.. အကောင်းစားကြီးလို့.. တယ်မထင်..။

      ကြည့်ရတာ.. စု-မန်း ညှိလိုက်တာမှာ.. တဖက်ဖက်က.. တော်တော်ထိသွားပုံပေါ်ပါတယ်..။

      အဲဒီမူလဦးတည်ရာကို ခေါင်းဆောင်တွေ.. ညှိနှိုင်းပြီးပြန်တွန်းတင်နိုင်ရင်.. တိုင်းပြည်ကောင်းလာမယ်.. ထင်..။
      တိုင်းပြည်ကောင်းလာဖို့က… တပ်ကိုလည်း ပစ်မရ.. မပစ်သင့်…။

      ဆိုတော့…
      ဦးမင်းအောင်လှိုင်သမ္မတ…။ ဒေါ်စုဝန်ကြီးချုပ်နဲ့.. ဝန်ကြီးနေရာတွေကို.. ပါတီ၂ခု.. တဝက်စီလောက်မျှယူ.. ညွှန့်ပေါင်းဖွဲ့နိုင်ရင်.. တော်တော်ဟုတ်သွားမယ်လို့.. ထင်..။

      အိပ်မက်လားတော့မသိ…။ ဖြစ်ချင်တာပြောတာပါလေ..။ :k:

      • ကထူးဆန်း

        September 14, 2015 at 5:23 pm

        ဖြစ်ခဲ့ ရင်တော့ .. တိုင်းပြည်ငြိမ်မယ် ..
        ဇင်ဘာဘွေ လိုတော့ဖြစ်နေမယ်….Robert Mugabe သူ့ အတိုက်အခံ Morgan Tsvangirai ကို
        ဝန်ကြီးချု ပ် ရာထူးပေးပြီး ဘာမှအလုပ်မဖြစ်သလို လဲ ဖြစ်နေနိုင်တယ်..

        • မြစပဲရိုး

          September 14, 2015 at 5:36 pm

          . ဒေါ်အောင်ဆန်းစုကြည် ကတော့ ထားရာနေ စေရာ သွားမဲ့ သူတော့ ဟုတ်မယ်မထင်ပါ ကထူးဆန်း ရယ်။ 😉

      • မြစပဲရိုး

        September 15, 2015 at 4:05 am

        အိန္ဒိယ မှာ ဝန်ကြီးချုပ် က သမ္မတ ထက်ပိုပြီး လုပ်ပိုင်ခွင့် ပါဝါ ကြီး တာရော။ :-)))

  • Ma Ma

    September 14, 2015 at 11:30 pm

    အားရစရာပဲ။ 🙂

  • မြစပဲရိုး

    November 12, 2015 at 3:49 am

    Officially announced ….
    . ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ခဲ့သော ပြည်သူ့လွှတ်တော် အနိုင်ရ ကိုယ်စားလှယ်များစာရင်း
    (နိုဝင်ဘာ ၁၁ ရက်၊ ညနေ ၆ နာရီ).
    ■ပဲခူးတိုင်းဒေသကြီး
    ၂။ ပေါက်ခေါင်း မဲဆန္ဒနယ်
    ဒေါ်နီနီဒွန်း (NLD) – ၃၉၈၀ရ မဲ

  • naywoon ni

    November 13, 2015 at 1:00 am

    မ​လော်​ဘူး ဆိုတာကိုက ​လော်​လိုက်​တာပါပဲ 🙂

Leave a Reply