Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Increasing your vocabulary – ဆရာမျိုးကျော်မြင့်

kaiOctober 23, 20152min4234

အမေရိကနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာအများစုသည် အမေရိကန်များနှစ်သက်သော အားကစားနည်းများကို စိတ်မဝင်စားကြပါ။မြန်မာပီပီဘောလုံး ကန်တာလောက်သာ စိတ်ဝင်စားသူများပါသည်။အမေရိကများနှစ်သက်သည့် baseball , football , basketball နှင့် ice hockey စသည့်အားကစားနည်းများကိုုကြိုက်ဖို့မလိုပါ။သို့သော်ထိုအားကစားနည်းများနှင့်ပတ်သက်သည့် ဝေါဟာရများကိုတော့ သိထားဖို့ သုံးတတ်အောင်လေ့လာထားဖို့တော့လိုပါသည်။သို့မှသာ အများ နည်းတူပြောနိုင်ဆိုနိုင်ရေးနိုင်ကြမည်ဖြစ်ပါသည်။
ဥပမာအားဖြင့်နာမည်ကြီး three strikes and you are out ဥပဒေကိုအားလုံးကြားဖူးကြပါလိမ့်မည်။ ထိုစကားစု လေးကိုနားလည်ရန် baseball အကြောင်းအနည်းအပါးတော့ သိထားဖို့လိုပါသည်။ ရာဇဝတ်မှုသုံးကြိမ်တိုင်တိုင်ကျူးလွန်မိသူများကို ထောင်တစ်သက်တစ်ကျွန်း ထိပင် ချပစ်နိုင်သည့် ဥပဒေဖြစ်ပါသည်။ တခါတရံတတိယအကြိမ် ကျူးလွန်မိသည့်ပြစ်မှုမှာ လွန်စွာသေးငယ်သော်လည်း ထိုပုဂ္ဂိုလ်ကို ကြီးမားသောထောင်ဒဏ်ပေး နိုင်သောကြောင့် အဆိုပါဥပဒေကို ရာဇဝတ်သားများအထူးကြောက်ကြပါသည်။ မည်သည့်ကိစ္စ၌မဆို နှစ်ကြိမ်တိတိဘေးမဲ့ပေးထားပြီး တတိယအကြိမ်၌ အပြစ်ပေး မည်ဆိုလျှင် သုံး၍ရပါသည်။ ဥပမာ- ခလေးငယ်တစ်ယောက်သည် မိခင်ကိုနှစ်ကြိမ်တိတိလိမ်လည်ပြောဆိုသည်ဆိုပါစို့။

“You’ve lied to me twice already.Three strikes and you are out.Next time, you will lose your allowance .”

လိမ်ပြောတာနှစ်ကြိမ်ရှိပြီ။နောက်တစ်ခါလိမ်ရင်တော့ ဒုက္ခရောက်ပြီသာမှတ်။ မုန့်ဖိုးဆုံးပြီသာမှတ်။”ဟူ၍ ပြန်ဆိုနိုင်ပါသည်။baseball နှင့်ဆက်စပ်နေသည့်နောက် ထပ်စကားစုလေးမှာ hit a home run ပင်ဖြစ်ပါသည်။ထူးထူးခြားခြားအောင်မြင်မှုရရှိခြင်းကို ဆိုလိုပါသည်။ဥပမာအားဖြင့်

” The company”s new product is a home run and has been sold out.”

“ကုမ္ပဏီ product အသစ်ဟာ ထူးထူးခြားခြားကိုအောင်မြင်ပြီး အရောင်းရသွက်သည် “ဟု ဆိုလိုပါသည်။ baseball နှင့်ဆက်စပ်နေသည့် အခြားဝေါဟာရလေးများ မှာ pinch run နှင့် pinch hit တို့ပင်ဖြစ်ပါသည်။သုံးစွဲပုုံခြင်းတူပါသည်။တစုံတယောက်အစား အခြားတစ်ယောက်ကဝင်ပြီး တာဝန်ယူပေးရသည့်အခါ အလုပ်လုပ်ပေး ရသည့်အခါ သုံးနိုင်ပါသည်။ဥပမာအားဖြင့်

” Our teacher was sick  yesterday so the principal had to pinch hit/pinch run for her.”

ဟူ၍ သုံးနိုင်ပါသည်။” ဆရာမနေမကောင်းဖြစ်နေ၍ ကျောင်းအုပ် ကြီးက သူမအစားဝင်၍သင်ပေးရသည်” ဟုအဓိပ္ပါယ်ရပါသည်။
စင်စစ် baseball ထက်အမေရိကန်များနှစ်သက်သည့် အားကစားနည်းမှာ football ပင်ဖြစ်ပါသည်။ထို football နှင့်ဆက်စပ်နေသည့် ဝေါဟာရလေးမှာ ” a Hail  Mary Pass” ပင်ဖြစ်ပါသည်။ လုံးဝမဖြစ်နိုင်ဟုထင်ရသော ကိစ္စတစ်ခုကို စွန့်စွန့်စားစားကြိုးစား၍ လုပ်ဆောင်သည့်အခါမျိုး၌ အသုံးပြုတက်ပါသည်။ ကံကောင်းပြီးအောင်မြင်သွားတာမျိုးရှိတက်သော်လည်း အများအားဖြင့်တော့ အရှုံးနှင့်ပင် ရင်ဆိုင်ရတက်ပါသည်။
ဥပမာ –

While gambling he was down to his last hundred , so he threw a Hail Mary pass and laid all hundred on number 9.To everyone’s surprise , the ball landed on number 9 and he ended up winning all his money back .

လောင်းကစားရင်းဒေါ်လာတစ်ရာသာကျန်တော့သည့်အခါ ဖြစ်ချင်ရာဖြစ်ဟုယူဆပြီး နံပတ် ၉ အကွက်ပေါ်၌ ငွေတစ်ရာလုံးပုံအောလိုက်သည်။ကံကောင်းပြီး ဘော လုံးကနံပတ်၉ ပေါ်ကျ၍ ရှုံးထားသောငွေအားလုံးပြန်လည်ရရှိသည်ဟု ဆိုလိုပါသည်။
အမေရိကန်တို့အနှစ်သက်ဆုံးအားကစားနည်း football မှပင် touchdown နှင့် field  goal ဆိုသည့် ဝေါဟာရလေးများရပါသည်။football ကစားသည့်အခါ touchdown ရဖို့ကြိုးပမ်းရပါသည်။ မရနိုင်မှ field goal ကန်ရပါသည်။ ထိုကဲ့သို့ပင် မိမိလိုချင် တာကို မရနိုင်၍ ရတာလေးနှင့်ပဲ ကျေနပ်လိုက်ရသည့်အခါမျိုး၌ ဤဝေါဟာရလေးများကို အောက်ပါအတိုင်းသုံးစွဲနိုင်ပါသည်။

“When he went to Las Vegas, he was looking to score a touchdown and win a lot of money. However, he had to be satisfied with kicking a field goal and a small winning of only 25 dollars.”

သူဟာ Las Vegas ကိုသွားတုန်းကတော့ ပိုက်ဆံအများကြီးနိုင်ဖို့ မျှော်မှန်းသွားတာပါ။ ဒါပေမယ့် သူထင်သလိုဖြစ်မလာတော့ Las Vegas မှာ ၂၅ဒေါ်လာလောက်နိုင် တာနဲ့ပဲ ကျေနပ်လိုက်ရတယ်။နာမည်ကျော်စာရေးဆရာကြီးမောင်သာရပြောသလိုကတော့ “ငါးမရရေချိုးပြန်တယ်ပေါ့”။
ယခုခေတ်မှာ Million မဟုတ် Billion ပေါင်းမြောက်များစွာကန်သည့် ball park ကြီးများဆောက်လုပ်ကြသည့်ခေတ်ဖြစ်ပါသည်။ စာရေးသူတို့ကျောင်းအ နီးရှိ 49ers  တို့၏ Levi Stadium ကြီးဆိုအင်မတန်ခံ့ငြားထည်ဝါလှပါသည်။ ထိုသို့ ball parks များခေတ်စားလာသည်နှင့်အမျှ “ball park figure” ဟူသောဝေါဟာရ လေးလည်း ခေတ်စားလာပါသည်။အဓိပ္ပါယ်မှာ အတိအကျမဟုတ်ဘဲ ခန့်မှန်းခြေဟုဆိုနိုင်ပါသည်။ ဥပမာအိမ်ရောင်းရန် ရည်ရွယ်ထားသည်ဆိုကြပါစို့။Realtor က ဘယ်ဈေးလောက်နှင့် ရောင်းမည်လဲဟု မေးလာသည့်အခါ  တိတိကျကျ မဖြေနိုင်ခဲ့လျှင် ထိုRealtor ကပင်

“Even if you can’t tell me the exact price you want, at least give me a ball park figure, so I can let you know it I can spell it at around that price.”

ဟုပြောနိုင်ပါသည်။”ထားပါတော့၊ အတိအကျဈေးမပြောချင်ရင်တောင် ခန့်မှန်းခြေလောက်တော့ပြောပါ။ဒါမှဒီအိမ်ကို ဒီဈေးနဲ့ရောင်းပေးလို့ဖြစ်မဖြစ် ကျွန်တော်ပြော နိုင်မှာပေါ့” ဟုဆိုလိုပါသည်။
အမေရိကန်လူမျိုးအများစုသည် မည်သည့်အားကစားပွဲ၌မဆို ရှုံးနိမ့်မည်ဟုယူဆရသော အသင်းကိုအထူးအားပေးလေ့ရှိပါသည်။ထိုအသင်းမျိုး၊ အားကစား သမားမျိုးကို underdog ဟုခေါ်ပါသည်။” We love the underdog” ဟုပြောဆိုလေ့ရှိပါသည်။ဥပမာအားဖြင့်

“My American friends are pulling for the underdog in our soccer match against South Korea.

ဆိုသည့် ဝါကျ၌ underdog ၏အဓိပ္ပါယ်ကို နားလည်သူများသည် အမေရိကန်မိတ်ဆွေများသည်မြန်မာအသင်းကိုရရန် အားပေးနေကြကြောင်း နားလည်ပေလိမ့်မည်။South Korea အသင်းသည် World Cup အဆင့်ထိရောက်ပြီး ယှဉ်ပြိုင်နေသည့်အသင်းဖြစ်ပါသည်။ နိဂုံးအနေဖြင့် ကျွန်တော်တို့မြန်မာအားကစားအသင်းများကအားကစားသမားများနှင့်အမေရိကရောက်နေသည့်မြန်မာအားလုံးတို့သည် underdog ဘဝနှင့်မကျေနပ်နေသင့်ပါ။ Gold medal and Silver medal တို့မရရင်နေပါစေ။အနည်းဆုံးတော့ success အောင်မြင်မှုနှင့်အမြဲတန်းရင်ဆိုင်နေရသည့် winners များဖြစ်ကြပါစေဟု ဆုတောင်းရင်း နားပါဦးမည်။

 

မြန်မာ့ဂဇက် နိုဝင်ဘာ ၂၀၁၅ တွင်ပုံနှိပ်ဖေါ်ပြပြီးြ့ဖစ်သည်။

4 comments

  • ဇီဇီခင်ဇော်

    October 23, 2015 at 1:02 pm

    အားကစားနဲ့ နီးချက်ကတော့ တစ်ခုမှ မသိဘူးး
    အားငယ်ထာ။

    😥

  • လုံမလေးမွန်မွန်

    October 24, 2015 at 11:46 am

    အပေါ်ဆုံး ၂ ကြောင်းလောက်တော့ နားလည်သေးတယ်..
    ကျန်တာ ဘာမှ မသိတော့ဝူး. ဦးနှောက်ကလည်း အလုပ်မလုပ်တော့ မမှတ်မိဝူး.. 😥

  • Alinsett @ Maung Thura

    October 25, 2015 at 3:54 pm

    ဖတ်ကား ဖတ်၏… .
    .နောက်တစ်နာရီလောက်တွင်…. မေ့ကား…မေ့၏…

  • Shwe Ei

    October 26, 2015 at 4:35 pm

    -TOEFL မှာ vocabulary သင်သလိုဘဲ… ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့
    -စကားလုံး တစ်လုံး..ချပေးထားပီး..သူနဲ့ အဓိပ္ပါယ်ဆင်တဲ့ နောက်တစ်လုံးကို
    ရှာခိုင်းသလိုမျိုး ခံစားနေရတယ် 😛
    -ဖတ်ပါများရင်တော့ တကယ်အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ဗျာ..

Leave a Reply