လူမသိ သူမသိ ကွယ်ပျောက်ခြင်း
ဘဝ ဆိုတာကို
အရက်တွေနဲ့ ရောရောပြီးမျိုချ
ငါဆိုတဲ့ အတ္တ ကို အမြည်းလုပ်ခဲ့ပေါ့ ။
စကတည်းက သိခဲ့ဖို့ကောင်းတာ
ပန်းတိုင်ထိ ရောက်အောင် ပြေးနိုင်မယ်မဟုတ်ဘူး ဆိုတာ ……
ခုတော့ ပြေးလမ်းကြောင်းတွေရဲ့ အပြင်ဘက် ထွက်ထိုင်နေခဲ့ရသူ
ပြေးဖော်တစ်ချို့ကို မုဒိတာပွားရင်းအားပေး
ပြိုင်ဘက်တစ်ချို့ကိုလည်း အ,မနာပ ဆဲရေးရင်းပေါ့ ။
တစ်ကယ်တော့
ရေစီးကြောင်းနဲ့ အလိုက်သင့် မမျောပါတတ်တဲ့
ဒိုက်ဖတ် ကမ်းစပ်က သစ်မြစ်မှာငြိတွယ်တဲ့ဒုက္ခ
စကြာဝဠာကြီးထဲက မြူမှုန်တစ်မှုန်ရဲ့အတ္ထုပ္ပ
ဘယ်သူမှ ဂရုမပြုမိတာ အဆန်းတစ်ကျယ် ကိစ္စတော့မဟုတ်ပေဘူး ။
နေဝန်းနီ
2015 Oct 23
11:00 PM
2 comments
ကိုပေါက်(မန္တလေး)
November 3, 2015 at 9:22 am
ပြေးရင်းပြေးရင်း
လမ်းပျောက်သူ
ပြေးရေင်းပြေးရင်း
လမ်းလျေုာက်သူ
ပြေးရင်းပြေးရင်း
အမောဖောက်သူ
ပြေးရင်းပြေးရင်း
ပြေးရင်းပြေးရင်း
ပြေးရင်းပြေးရင်း
ပျောက်ကွယ်သွားတဲ့သူ
ဘယ်သူမှမသိလိုက်ပါကလားနော်
Alinsett @ Maung Thura
November 3, 2015 at 1:01 pm
စကားလုံးတွေ….မိုက်တယ်…