မေ့မထားပါနဲ့ သားရယ်
မေ့မထားပါနဲ့ သားရယ်
အလုပ်အကိုင်မဲ့မို့ တစ်နေ့အသက်ကြီးရင်လေ
သားတို့ မိဘကို ပြစ်သွားမှာတဲ့လားတဲ့
ရင်နစ်အောင်ကြားခဲ့ရတဲ့ ငယ်ငယ်တုန်းကစကားပေါ့
ကြင်ရာဖော်ရှိလို့ အနေဝေးခဲ့ရင်လေ
သားတို့မေမေ့ကို မေ့သွားကြမှာပါတဲ့
စိတ်ထဲမှာ ခံစားခဲ့ရတဲ့ အရွယ်ရောက်တုန်းဘဝပေါ့
အိုခြေပြီ မေမေအိုခြေပြီ ပြိုတော့မယ့်မိုးလို ခိုလို့တွဲ
မျက်ရည်စက်များ အဝေးရောက်သားကိုလွမ်းလို့ပေါ့
မငိုပါနဲ့မေမေ ကောင်းကင်လည်းပြိုမှာ မဟုတ်သလို
လေလည်းမထန်ပါဘူးလေ သားအရွယ် ဘယ်လောက်လောက်ပြောင်းပြောင်း
မေမေ့နှလုံးသားအောက်မှာ နားခိုဖို့ သားအရောက်လာခဲ့မှာပါမေမေ
ကြင်ရာရှိလည်း မေ့မသွားသလို ပြစ်မထားရက်တဲ့ သားမေတ္တာကလေ
ကောင်းကင်ကလမင်းပမာ ဝင်းပမြဲမို့ မေမေ့လက်ကိုအမြဲတွဲထားပါရစေသား
ကာရံ ၉ ့၁ဝ ့၂၀၁၅
3 comments
ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး
December 6, 2015 at 12:52 pm
ဒါမှ မေမေ့ သားကောင်း
ကာရံ
December 7, 2015 at 8:31 pm
ဟုတ်ကဲ့
Alinsett @ Maung Thura
December 8, 2015 at 8:30 am
ကဗျာ ရည်ရွယ်ချက်လေး ကောင်းလိုက်တာာာ
အဟမ်း ပိုစ့်မော်ဒန်ဝါဒ အရတော့ဖြင့် —
ကဗျာမှာ— ရည်ရွယ်ချက်တို့ ဘာတို့ညာတို့ တစ်ခုမှ မပါသင့် — (မပါဘဲလည်း ဖန်တီးချင်ဖန်တီးခွင့် ရှိသင့်—)
ကုန်ကုန်ပြောရလျှင် နယ်ကုန် ကမ်းကုန် တွန်းကာ ဖောက်ထွက်ကြေးမို့—-
ကဗျာထဲမှာ စာသားတောင် မပါသင့်တော့—
ဘာသာစကားတွန့်တွန့်ကောက်ကောက်တွေနဲ့ ဖွဲ့စည်းပြမှ ကဗျာဆိုတဲ့ အယူအဆကို ပစ်ပယ်ကြသင့်—-
ဘာသာစကားချည်းမဟုတ်ဘဲ အခြား အညွှန်းခံအရာတစ်ခုခု သို့မဟုတ် အများအပြားနဲ့ အစားထိုးသင့်—-
စသည်—-
🙂
ပုံ/ ပိုစ့်မော်ဒန်ဝါဒီဂိုဏ်းချုပ် မောင်သူရ