Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Increasing your vocabulary – ဆရာမျိုးကျော်မြင့်

kaiDecember 23, 20152min2964

နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းတော့မည့် အချိန်ကိုရောက်လို့လာပါပြီ။ဒီလိုအချိန်မျိုးမှာ Thanksgiving (ကျင်းပပြီးစီးခဲ့ပြီ)။Christmas, New Year ဆိုတဲ့ အရေးကြီးတဲ့ holiday တွေကအားလုံးရဲ့စိတ်ထဲမှာကိန်းအောင်းနေပြီး၊ နှုတ်ဖျားမှာလည်းရောက်နေတတ်ပါသည်။ဒီတော့ဖော်ပြပါ Holiday သုံးမျိုးစလုံးနဲ့ ဆက်စပ်နေတဲ့ ဝေါဟာရလေးတွေကို လေ့လာကြရအောင်။
ဦးစွာပထမ turkey ကလာတဲ့ idiom လေးတွေကို ဖော်ပြလိုပါတယ်။Thanksgiving ဆိုတာ turkey မပါရင်မပြီးသလို turkey ဆိုတဲ့ဝေါဟာရလေးနဲ့ဆက်စပ်နေတဲ့ Idiom လေးတွေကို သိထားမှလည်း ယခုလိုအချိန်အခါမျိုးမှာ American တွေနဲ့စကားပြောတဲ့အခါအစဉ်ပြေမှာပါ။”to be a turkey ” ဆိုလို့ English လို “to be weird or funny ”
တဲ့။”မြန်မာလိုတော့နည်းနည်းပေါကြောင်ကြောင်နိုင်တယ်” လို့ဆိုလိုပါတယ်။
ဒီတော့ တစုံတယောက်က ပေါတောတောလုပ်နေရင်၊ ကိုးယိုးကားယားလုပ်နေရင် “Don’t be a turkey” လို့ခပ်တည်တည်နဲ့ ဟောက်လိုက်ရုံပေါ့။ “to go cold turkey ”
ဆိုတာကတော့ ရေခဲသေတ္တာထဲက turkey ဟင်းကိုစားဖို့ပြောတာမဟုတ်ပါဘူး။ မကောင်းတဲ့အလေ့အကျင့်တခုခုကို ဆေးဝါးအကူအညီမယူဘဲ ရုတ်တရက်ကြီး
ဖြတ်တောက်ပစ်လိုက်တာကို ဆိုလိုပါတယ်။ဥပမာ – “He is going to quit smoking and he is going to go cold turkey” လို့ဆိုရင် ဆေးလိပ်ကိုဖြတ်တော့မယ်။ ဖြတ်တဲ့အခါမှာလည်း ဆေးဝါးမသုံးဘဲ ရုတ်တရက်ကောက်ခါငင်ခါ ဖြတ်ပစ် မယ်လို့ဆိုလိုပါတယ်။
နောက်ထပ်သိထားသင့်တဲ့ idiom လေးကတော့ “To count your blessing ” တဲ့ ။ကိုယ့်မှာရရှိထားတဲ့ အခွင့်အရေးလေးတွေ ပိုင်ဆိုင်မှုလေးတွေနဲ့ ကျေနပ်နေဖို့ အားရနေဖို့ ဆိုလိုပါတယ်။ဥပမာ “Don’t complain about your problems. Count your blessings instead .” ကြုံတွေ့နေရတဲ့ပြဿနာလေးတွေအတွက် ငြီးတွားနေမဲ့အစား ရရှိထားတဲ့အကျိုးအမြတ်လေးတွေအတွက် အားကျ ကျေနပ်နေဖို့သင့်ကြောင်း ဆိုလိုပါတယ်။
တခါတလေ ကိစ္စတခုဟာ သာမန်ကြည့်လိုက်ရင် မကောင်းဖူးလို့ထင်ရပေမယ့်၊ တကယ်တန်းကျတော့ အကျိုးအမြတ်ပေးတတ်တယ်။ဒီလိုအခါမျိုးမှာ a blessing in disguise ဆိုတဲ့ expression လေးဟာ အသုံးဝင်ပါလိမ့်မယ်။ဥပမာ –
“Losing his job at 1 BM was actually a blessing in disguise for Mg Aye.He found a better job with much higher pay in just a few days.”
“IBM ကအလုပ်ပြုတ်သွားတာမောင်အေးအဖို့ ကံကောင်းဖို့ဖြစ်လာတယ်။မကြာခင်မှာ ဒီထက်ပိုကောင်းပြီး လခအများကြီးပိုရတဲ့ အလုပ် သူရှာတွေ့သွားတယ်။” အဆိုးနဲ့ အကောင်းဒွန်တွဲနေတဲ့ ကိစ္စမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ Mixed blessing ဆိုတဲ့ဝေါဟာရလေးကို သုံးစွဲနိုင်ပါတယ်။ဆိုကြပါစို့ – အလုပ်ခွင်မှာ ရာထူးတိုးပေးခြင်းခံရတယ်၊
ဒါပေမယ့် ဒီရာထူးကိုလက်ခံမယ်ဆိုရင် တနယ်တကြေးကိုပြောင်းရမယ်။ဒီလိုကိစ္စမျိုးမှာ Mixed blessing ဆိုတဲ့ ဝေါဟာရလေးကို သုံးနိုင်ပါတယ်။
“His promotion at work turned out to be mixed blessing.Of course, he is now a vice-president , but he will have to move to South Caroline.where the weather can be terrible .”
တလောကပြီးဆုံးသွားတဲ့ မြန်မာပြည်ကရွေးကောက်ပွဲကြီးမှာ အဖွဲ့ကြီးအနိုင်ရသွားတာ အားလုံးအသိပါ။ဒီလိုကြီးမားတဲ့အောင်ပွဲကြီးကိုတောင် Mixed blessing လို့သုံးစွဲနိုင်ပါတယ်။
ဥပမာ – “NLD’s victory in the recent elections in Burma could be a mixed blessing .On the one hand, the party has secured a historic victory which could lead to meaningful change in Burma.On the other hand, NLD now will be responsible for bringing about such changes which could be difficult in a country like Burma. ”
တဖက်ကကြည့်ရင် NLD ရဲ့သမိုင်းဝင်အောင်မြင်မှုကြီးဟာတကယ်ကို ဂုဏ်ယူစရာပေါ့။တကယ့်ကိုအဓိပ္ပါယ်ရှိတဲ့ ပြောင်းလဲမှုတွေမြန်မာပြည်မှာအများကြီး ဖြစ်လာဖို့ရှိတယ်။ ဒါပေမယ့် တဖက်ကကြည့်ရင် ဒီအောင်မြင်မှုကြီးကြောင့် NLD အဖွဲ့ကြီးမှာ တာဝန်တွေအများကြီးပိလာပြီး မြန်မာပြည်ကြီးတိုးတက်အောင်မြင် ရေးအတွက် စစ်မှန်သောပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ဆောင်ပေးဖို့ကြိုး
ပမ်းရတော့မှာမဟုတ်လား ။ဒီတော့ တကယ့်ကို mixed blessing ပေါ့နော်။
တကယ်တော့လည်း ဘဝမှာ ကြုံတွေ့ရသမျှ ‘အောင်မြင်မှုတွေ’၊ ‘ဆုံးရှုံးမှုတွေအားလုံးဟာ mixed blessing တွေပါဘဲ’။ သုံးတတ်ရင်အကောင်း
တွေဖြစ်လာမယ်။မသုံးတတ်ရင်လည်း အန္တရာယ်ပေးတတ်ပါတယ်။

Christmas နီးလာလေ present လေးတွေရဖို့ နီးလာလေပေါ့နော်။နည်သူမဆို present လေးတွေကိုတော့ မျှော်တတ်ကြပါတယ်။ဒီနေရာမှာ ဖော်ပြပါလေးတွေကိုသိထားဖို့ လိုပါလိမ့်မယ်။ဦးစွာပထမ “Don’t look a gift horse in the mouth” ဆိုတဲ့ဝေါဟာရလေးကိုကြည့်ကြရအောင်။အဓိပ္ပါယ်လေးကရှင်းပါတယ်။အလကားရတဲ့လက်ဆောင်ကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ လက်ခံလိုက်ပါ။အရောင်မကြိုက်ဘူး၊ အဆင်မကြိုက်ဘူး စသဖြင့် ဇီဇာချဲ့နေရင် ပေးသူလည်းမကောင်း၊ရသူလည်းမကောင်းဖြစ်မယ်မဟုတ်လား။နောက်တခုက “Good things come in small packages.” တဲ့။ လက်ဆောင်ကြီးတိုင်းကောင်းမယ်မထင်နဲ့။အထဲဖွင့်ကြည့်လိုက်မှ စက္ကူတွေအများကြီးပတ်ထားတဲ့ တကျပ်တန် Ball-point pen လေးတချောင်းဖြစ်နေအုံးမယ်။အဲလက်ဆောင်လေးက သေးသေးမို့မလို့လည်းစိတ်ပျက်လက်ပျက်နဲ့ ပေးသူကိုအပြစ်မတင်လိုက်မိစေနဲ့။ဖွင့်ကြည့်လိုက်မှ ဒေါ်လာထောင်ကျော်တန်တဲ့ Rolex နာရီလေးဖြစ်နေရင် မခက်ပေဖူးလား။
နောက်ဆုံး idiom တခုကတော့ “It’s thethought that counts.” တဲ့။တန်ဘိုးကြီး
ကြီးလက်ဆောင်ရလို့ ထခုန်မတတ်ဝမ်းသာမသွားမိဖို့ အရေးကြီးသလို တန်ဖိုးမရှိလှတဲ့ လက်ဆောင်ရတဲ့အခါမှာလည်း ဟက်ဟက်ပက်ပက် ကျေးဇူးစကား ဆိုမိဖို့ မေ့မနေပါနဲ့ ။ပစ္စည်းရဲ့တန်ဘိုးက အရေးမကြီးပါဘူး။ပေးသူရဲ့စေတနာကသာ အ
ရေးကြီးပါတယ်။စာရေးသူဆိုဇနီးသည်ကိုChristmas မှာနှင်းဆီပန်းလေးတစ်ပွင့်သာ ပေးဖို့ရည်ရွယ်ထားပါတယ်။ပန်းပွင့်လေးရဲ့တန်ဘိုးက မပြောပလောက်ပေမယ့် ရင်ထဲကမေတ္တာနဲ့ စေတနာကတော့ တိုင်းတာလို့မရလောက်အောင် ကြီးမားပါတယ်။ လက်ဆောင်ကောင်းကောင်းကိုမှ လိုချင်သူများအတွက်တော့ အကောင်းဆုံးလက်ဆောင်ပေးဖို့ အကြံဉာဏ်ပေးပါရစေ။အထူးသဖြင့် အရွယ်အတန်
ငယ်ရလာပြီဖြစ်သူများအတွက် နုပျိုစေမဲ့၊ ဆံပင်နက်စေမဲ့ ဆေးတွေဝါးတွေဖြစ်စေ၊ lotion တွေဖြစ်စေ ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။
“Give someone something that will take years off them. ”
“Take Years off someone”ဆိုတဲ့စကားစုလေးရဲ့အဓိပ္ပါယ်ကတော့ “တစ်စုံတစ်ယောက်ဟာနုပျိုသွားတယ်၊ အများကြီးငယ်တယ်လို့ ထင်သွားရတယ်ပေါ့” ။
ဒီတော့ ဒီလိုနုပျိုသွားစေမဲ့ လက်ဆောင်မျိုးကို အမျိုးသမီးတိုင်းလိုချင်ကြမှာပေါ့။နှစ်
ဟောင်းကုန်လို့နှစ်သစ်ပြောင်းတော့မဲ့အခါမျိုးမှာ မိမိကိုယ်မိမိလည်း ပြုပြင်ပြောင်းလဲဖို့ သင့်တော်ပါပြီ။
“It’s time to turnover a new leaf .” ပျင်းရိတတ်တာလေးတွေးရန်လိုတတ်တာလေးတွေ၊ တကိုယ်ကောင်းဆန်တာလေးတွေကို ပယ်ပြစ်ပြီး ကြိုးကြိုးစားစားရိုးရိုးသားသားနဲ့ အများအကျိုးကို သယ်ပိုး နိုင်မဲ့လူတော်လူကောင်းတစ်ယောက်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲကြဖို့ စာရေးသူကိုယ်တိုင်ရော စာဖတ်သူအားလုံးကိုပါ တိုက်တွန်းလိုက်ပါရစေ။

4 comments

  • ဇီဇီခင်ဇော်

    December 23, 2015 at 11:40 am

    ရွာပြန်လက်ဆောင်တွေ ဝယ်နေတုန်း ဖတ်ရတာ ဆိုတော့ ဒါကိုပဲ ပရင့်အောက်လုပ်ပြီး ဝေရင် ကောင်းမားး
    ဟိ။

    “Don’t look a gift horse in the mouth”

    :k:

  • alinsett

    December 23, 2015 at 11:53 am

    .ဖွေးဖွေးကို ဒေါ်ဖွားမေထက် ပို ဂလုချင်ပါသည် ဆိုတာကို…
    အင်းဂလိပ်လို…ပြောချင်တာ…မပြောတတ်လို့…

  • E-မြောက်မြောက်

    December 23, 2015 at 6:32 pm

    ထုံးဆန်အတိုင်း နုတ်ထဲပဲ ဆေ့ထားပါအိ 🙂

Leave a Reply