Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Why Women Have Sex အမည်ရှိ အသစ်​ထုတ်ဝေလိုက်သည့် စာအုပ်အ​ဖုံး​© dailychilli

cobraAugust 27, 20101min4349

အမျိုးသမီးများသည် လိင် ဆက်ဆံမှုကို မိမိ ချစ်ခင် နှစ်သက်သူနှင့် ချစ်တင်း နှီးနှောလိုသည့် ဆန္ဒ အပြင် အခြားသော ရည်ရွယ်ချက် များဖြင့်လည်း ပြုလုပ် တတ်ကြောင်း အသစ် ထုတ်ဝေ လိုက်သည့် စာအုပ် တစ်ခုတွင် ဖော်ပြ ထားသည်။

ဆင်ဒီမက်စတန်နှင့် ဒေးဗစ်ဘုစ်တို့ ထုတ်ဝေ လိုက်သည့် Why Women Have Sex အမည်ရှိ စာအုပ်တွင် ရေးသားထားမှု အရ အမျိုးသမီးများသည် မိမိ တို့၏ ပျင်းရိ ငြီးငွေ့မှုကို ဖြေလျှော့ ချင်သည့် အခါ၊ အမျိုးသား တစ်ဦး အား အညှာအတာ ကင်းမဲ့စိတ် ဖြစ်ပေါ်လာသည့် အခါနှင့် ခေါင်းကိုက် သည့် အခါများတွင် လိင် ဆက်ဆံ တတ်ကြောင်း သိရသည်။ ထိုအချက်များသည် လေ့လာမှုများ အရ နံပါတ် ၁ အကြောင်းအရာများ ဖြစ်နေပြီး စိတ်တည်ငြိမ် အေးချမ်းနေသည့် အခါနှင့် ညစာ ကောင်းကောင်း စားခွင့် ရသည့် အခါများတွင်လည်း အမျိုးသားများကို အိပ်ခန်းထဲ ခေါ်သွားလေ့ ရှိကြောင်း စာအုပ်တွင် ပါရှိသည်။

ယင်းစာအုပ်တွင် အမျိုးသမီးများ လိင် ဆက်ဆံ လိုစိတ် ဖြစ်ပေါ်လာသည့် အကြောင်းရင်း ပေါင်း ၂၀ဝ ဝန်းကျင်ကို မီးမောင်းထိုး ဖော်ပြထားသည်။ စာအုပ်တွင် အမျိုးသား အများစုသည် အမျိုးသမီး တစ်ဦးအား ချဉ်းကပ်ရာတွင် လိင်ဆိုင်ရာ ဆွဲဆောင်မှု အနည်းဆုံး တစ်ခုမျှ ရှိနေရန် ကြိုးစားတတ်ပြီး အမျိုးသမီးများကမူ ယင်းအချက်ကို အရေးတကြီး လိုအပ်သည်ဟု ယူဆလေ့ မရှိကြောင်း တက္ကဆက် တက္ကသိုလ်မှ စိတ်ပညာ ဆရာဝန်များဖြစ်သည့် စာရေးသူများက မှတ်ချက်ပြုထားသည်။

စာအုပ်အတွင်းတွင် အမျိုးသမီးများ၏ လိင် ဆက်ဆံသည့် အကြောင်းရင်း အနက် ၈၄ ရာခိုင်နှုန်းသည် အိမ်မှု ကိစ္စများအား ငြီးငွေ့မှုနှင့် စိတ်အေးချမ်းမှုကို ရရှိစေရန်ဟု ဆိုသည်။ ယခု စာအုပ် အတွက် အမျိုးသမီး ၁၀၀၆ ဦးအား သဘောထား ကောက်ခံ စစ်တမ်း ပြုစုခဲ့ကြောင်းလည်း သိရသည်။

အချို့အမျိုးသမီးများက ခေါင်းကိုက်သည့် အခါ လိင် ဆက်ဆံခြင်းသည် အကောင်းဆုံး ဆေးနည်း တစ်ရပ် အဖြစ် ညွှန်းဆိုကြသလို အများစုက အကြိမ်များလေလေ၊ ကျွမ်းကျင်မှု တိုးလာလေလေဟု ထောက်ခံခဲ့ကြောင်း သိရှိရသည်။

9 comments

  • chitsayar

    August 27, 2010 at 10:58 am

    ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ကိုယ့်ကိုယ် ကို ခေါင်းကိုက်ပျောက်ဆေးဆိုတာ
    ခုမှသိတယ်
    မက်စီကိုမယ်လေးကို မေးကြည့်မေးကြပါလားဗျာ
    ခေါင်းများကိုက်နေသလားလို ့

  • who am I

    September 7, 2010 at 5:17 am

    တကယ်နော်
    အဲဒါဆိုအမျိုးသမီးများခေါင်းကိုက်ပျောက်ဆေးအဖွဲဆိုထောင်လိုက်တော.မယ်နော်

  • Maung Dae`

    September 7, 2010 at 6:29 am

    မိန်းမရလို့ မိန်းမက မောင်ရေ ခေါင်းကိုက်လိုက်တာကွာ..ဆိုရင်တော့ ဟေ ဟေ ဟေ… Signal

    ပြတယ်လို့ပဲမှတ်လိုက်တော့… အဟီး

    မောင်ဒဲ့

  • lovesickkalay

    September 7, 2010 at 10:08 am

    အို….. ဂလိုလား.. ဘယ်သူတွေများခေါင်းတွေကိုက်နေကြပါလိမ့်.. လိုက်မေးကြည့်အုန်းမှ…

  • Azzurri

    June 1, 2012 at 3:35 pm

    အောင်မယ်လေးလေးလေ့လေ ….
    ဒီပိုစ့်ကို အတွေ့နောက်ကျ ပလေခြင်း ….

    ဒါမျိုးပိုစ့် ဆိုဒါ အဲဗား စတစ်ကီ ထားရမယ့် ပိုစ့် …
    သဂျီးရဲ့..

    တီလုပ်ပြီသွားပီး ဂေါင်းကိုက်ပျောက်ဆေး ဖော်ရောင်းမယ်..
    ဒန်တန့်တန်
    :mrgreen:

  • cobra

    June 4, 2012 at 8:36 pm

    ခေါင်းမကိုက်ပဲနဲ့တော့အတင်းသွားမစီးရုံးနဲ့ပေါ့။

  • ကိုရင်စည်သူ

    June 4, 2012 at 8:46 pm

    ခေါင်းကိုက်နေရင် မြွေပွေးဆောင်…
    ခေါင်းမူးနေရင် အူးဗိုက်ရှောင်…. 😀 😀

  • မောင်ပေ

    June 4, 2012 at 9:05 pm

    ဟိုက် ရှယ်တစ်ကာ့ရှယ် ဗဟုသုတ ကြီး ပါကလား
    ကျုပ် သေချာလေး မှတ်သွားတယ်ဆိုတာ ကို လုံးဝ သံသယ မရှိပါနဲ ့မိတ်ဆွေ
    ဟီဟိ

  • မိုးတိမ်

    June 4, 2012 at 9:58 pm

    အိုးးးး ခုမှဖတ်ဖူးမှတ်ဖူးဒယ်။ကြောက်ခမန်းလိလိ ရှာဖွေတွေ့ရှိမှု့ပါတကား
    ခေါင်းကိုက်လိုက်တာဆို သတိထားနေမှ။ဒါနဲ့ စကားမစပ်…
    ခေါင်းကိုက်ပျောက်ကင်းစေရေး အဖွဲ့ကြီး ထောင်ရင် ကျုပ်ကိုမမေ့ကြနဲ့နော်(လေသံလေးနှင့်)
    ဦးပေကော၊ကိုရင်ကော အဖွဲ့ထဲ ဝင်မယ်မဟုတ်လား
    အဟီးပျင်းလို့စတာပါ……….

Leave a Reply