မြင်အောင်ကြည့်ကြပါစို့”
“ မြင်အောင်ကြည့်ကြ ပါစို့”
ဟိုအရေး ဒီအရေး
စိတ်တွေ လေးမနေပါနဲ့
ရိုးရိုးလေး တွေးရင်
အမှန်တွေ မြင်လာပါမယ်။
ဟိုအကြောင်း ဒီအကြောင်း
စိတ်တွေ ညောင်း မနေပါနဲ့
ဖြည်းဖြည်းလေး စောင့်ရင်
အမှန်တွေ မြင်လာပါမယ်။
ဟိုအပူ ဒီအပူ
စိတ်ထဲကို ယူမထားပါနဲ့
အေးအေးလေး နေရင်
အမှန်တွေ မြင်လာပါမယ်။
ဟိုလိုကြား ဒီလိုကြား
စိတ်တွေ ဗျာမ များပါနဲ့
ရေးရေးလေးတွေးရင်
အမှန်တွေ မြင်လာပါမယ်။
ဟိုလိုလူ ဒီလိုလူ
စိတ်တွေ ပူမနေပါနဲ့
…………………………..
……………………………….
………………………………..
…………………………………….
အမှန်တွေ မြင်လာပါမယ်။
အမှန်တွေမြင်လာပါမယ်။
အမှန်တွေ
အမှန်တွေ
အမှန်တွေ
မြင်လာပါမယ်။
မြင်လာပါမယ်။
မြင်လာပါမယ်။
မြင်လာပါမယ်။
ကိုပေါက်လက်ဆောင်အတွေးစဉ်
1-1-2016
8 comments
E-မြောက်မြောက်
January 1, 2016 at 11:12 pm
အမြင်တွေ မှန်လျင် အမှန်တွေမြင် လာပါလိမ့်မယ်
ကိုပေါက်(မန္တလေး)
January 2, 2016 at 9:45 pm
အမှန်မမြင်လျှင် ပြန်ပြင်ဆင်ကြပါလိမ့်မည်
ဦးကြောင်ကြီး
January 3, 2016 at 7:54 am
မြင်အောင်ကြည့် တင်ပေါင်ထိ ရင်အောင်အိ ခြင်ကောင်မိ
ကိုပေါက်(မန္တလေး)
January 3, 2016 at 7:05 pm
တင်ရင်
ဖင်ခြင်
မြင်ရင်
ဘာလုပ်ချင်
Mike
January 6, 2016 at 2:04 pm
.အင်မတန်ကောင်းတဲ့ဓမ္မကဗျာလေးပါ ကိုပေါက်ရေ…
ကိုပေါက်(မန္တလေး)
January 6, 2016 at 6:09 pm
မြင်နေတယ် မျက်လုံးများရှိလို့
ကျော်ဟိန်းဆိုခဲ့တာလေ
မြင်တာကို ပြန်ဆင်ခြင်မှ
မှန်မယ်ထင်ပါတယ်
alinsett
January 6, 2016 at 5:14 pm
အမှန်ကို မမြင်နိုင်တဲ့မျက်လုံးတွေထက်စာရင်…
ကန်းနေတာကမှ ကောင်းသေးတယ်…ဆိုတဲ့ စကားပုံတစ်ခုကို သတိရသွားမိ…
ကိုပေါက်(မန္တလေး)
January 6, 2016 at 6:11 pm
ဆင်ခြင်မူ့ကန်းသွားတာ
မျက်စေ့ကန်းသလိုပါဘဲ
အလက်ဆင်းရေ