ဝမ်းလေဒီ Live Show
ဝမ်းလေဒီ Live Show
ဇာတ်ညွှန်းခွဲပြီးသာ
ရုပ်ရှင်တစ်ကားလောက်ရိုက်ခွင့်ရရင်
သူမ ကို (၁၈) ကိုယ်လောက်ခွဲပြီး ရိုက်လိုက်ချင်ပါရဲ့ ။
သို့ပေမဲ့
ရေးထားတဲ့ဇာတ်ညွှန်းအတိုင်း
သူမ သရုပ်ဆောင်မပြမှာကတော့သေချာတယ်
သူမ ရင်ထဲကအတွေး စိတ်အကြံနဲ့စေတနာ
ဘယ်သူမှ လိုက်တွေးလို့မမှီဘူးရယ်လေ ။
ရုပ်ရှင်က ရိုက်လို့မပြီးသေး
ပြဖို့ ရုံပေါ်တင်ခိုင်းလိုက်ပြီ
ရိုက်ရင်ပြမဲ့ Live Show
ကဲ …….
အားပါးတရကြည့် ။
နေဝန်းနီ
10:10 PM
2016 March 21
5 comments
မြစပဲရိုး
March 21, 2016 at 10:55 pm
She is ONE and ONLY. :-)))
မြစပဲရိုး
March 21, 2016 at 11:31 pm
ပင်ပန်းမှာကိုဘဲ စိုးတာပါ။ အခု ပြောတဲ့ ဝန်ကြီး ဌာန တွေ က “ပြည်ပ အကူအညီ တွေ အတွက်ရော၊ ပြသနာပေါင်း သောင်းခြောက်ထောင် စု နေတာ ရော” မို့။ သူ မှဘဲ နိုင်မှာ။ မရှိမှ မရှိသလို။ သူရှိတုန်းမှာတော့ သူ့လက်ထဲ ဘဲ ဝကွက် အပ်ချင်တာပါဘဲ။ အခြေခိုင်ဖို့ က အရေးကြီးပါတယ်။ လာပါတော့ မည်။ အရွဲ့ အထေ့ တွေ နဲ့ လေဆရာကြီး များ။ အပြင်မှာတော့ ဘယ်လောက် ေ-ာက်သုံးကျ တဲ့ ပုဂ္ဂိုလ်များ လဲ တော့ မသိ။ အလုပ်လုပ်ပြ နေသူ (တနည်း) သူတို့ ဘယ်လိုမှ လိုက်မမှီနိုင်သူ ကို အရှက်မရှိ ဝေဖန်တတ်ကြပုံများ။ ဟုတ်ရင်လဲ တော်သေး။ မဟုတ်တော့ ခက်ရော။ အဲဒီ ဘာမဟုတ် တဲ့ ဘဝင်ရူး တွေ ကို ကြို ပြောထားတာ။ :angry:
ခင်ဇော်
March 22, 2016 at 6:39 am
သူမ အကွက်တွေ ကြိုတွေးဖို့ မှန်းသိဖို့ မပြောနဲ့
ဒါပါလို့ ပြတာတောင် လိုက်မှီဖို့
ဟပ်ထိုးဟပ်ထိုး လိုက်နေရတဲ့ အဘတို့နဲ့ အဘမတို့ ကို သနားသော အားးဖြင့် ၃ ကိုယ်လောက်ပဲ ခွဲတာ လုံလောက်တာထက်ပိုပါတယ်..
ခွိ..!!
???
အားးးရထှာာာာာာ..!!
naywoon ni
March 22, 2016 at 6:46 pm
မကျေနပ်ဖူးလား သဘောမတူဘူးလား ဒါဆိုမဲခွဲမယ်လေ ။ နိုင်လို့ အနိုင်ကျင့်တာမှုတ်ပါဘူး ။ ြပြီးခဲ့တဲ့ သက်တမ်းတုန်းက အရင်အစိုးရ လုပ်သလိုလေးပါ 🙂
Thint Aye Yeik
March 22, 2016 at 9:14 pm
.သေချာတာကတော့ ကျနော်တို့ရှေ့မှာ မြင်နေရတာက
.အကြို ပဏာမ ဇာတ်ညွှန်း
တကယ် ကရင် သိပ်လှမယ့် အကွက်တွေ ထပ်တိုးမှာ
ဒါလေး တွေးမိတော့ ကျေနပ်လိုက်တာမှ