The Panama Papers & Burma
07.04.2016 07:38
Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ ပါဝင်သူတွေဟာ တရားဥပဒေ ချိုးဖောက်ရာ ရောက်မရောက် သေသေချာချာ မပြောနိုင်ပေမဲ့ ဒါဟာ ကမ္ဘာနဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တောင်းယူပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က ပနားမား အခြေစိုက် Mossack Fonseca ဥပဒေအကျိုးဆောင်ကုမ္ပဏီ ဆီက ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းပေါင်း ၁၁.၅ သန်းလောက် ၂၀၁၃ ခုနှစ်က သူတို့ရဲ့ဝဘ်ဆိုဒ်မှာ တင်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံတကာမှာ ထင်ရှားတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံ့ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ပုဂိ္ဂုလ်တွေ ပါဝင်နေပါတယ်။
အခုလို ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ သန်းနဲ့ချီပြီး ပေါက်ကြားခဲ့တာနဲ့ ပက်သက်ပြီး၊ ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Global Financial Integrity (GFI) က ဒါဟာ ကမ္ဘာနဲ့အဝှမ်း ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တောင်းယူပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒီ Panama Papers စာရင်းထဲမှာ ပါဝင်သူတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ရာ ရောက်မရောက် ဆိုတာနဲ့ ပက်သက်လို့ (GFI) အဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Christine Clough က အခုလို ပြောပါတယ်။
“ဆယ်စုနှစ်တော်တော်များများ အကြာက စာရွက်စာတမ်းတွေ အပါအဝင် စာရွက်စာတမ်းပေါင်း ၁၁သန်းခွဲလောက် ပေါက်ကြားသွားတဲ့ ဒီကိစ္စမှာ အဓိက ပြဆိုနိုင်တာက ပြည်ပ ဘဏ္ဍာရေးဆိုင်ရာ ကုမဏီတွေ ဥပဒေကို ဘယ်လိုပုံစံနဲ့ လှည့်စားပြီး အလုပ်လုပ်နေကြသလဲ ဆိုတာကိုပါ။ ဒီလုပ်ငန်းတွေက အမှန်တကယ်မရှိတဲ့ အမည်မသိ ကုမ္ပဏီတွေကို တည်ထောင်ထားပေးပြီး၊ အဲဒီ တကယ်မရှိတဲ့ လုပ်ငန်းတွေရဲ့ဘဏ်အကောင့်ထဲမှာ သူတို့ရဲ့ ဖောက်သည်တွေ ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ထည့်ထားပေးပြီး လျှို့ဝှက်ပေးထားဖို့ အကူအညီပေးနေတာပါ။ ဒါဟာ တရားမဝင်တဲ့ကိစ္စလို့တော့ သေချာပေါက် ပြောလို့ မရနိုင်ပါဘူး။ ဒီလို တည်ထောင်ပေးထားတဲ့ ကုမ္ပဏီ တွေက ပြစ်မှုတစ်ခုခု ကျူးလွန်မယ်ဆိုရင်တော့ ဒါဟာ တရားမဝင်တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ကုမ္ပဏီ ရှိရုံနဲ့တော့ တရားမဝင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီလို ကုမဏီတွေကို အသုံးချပြီး ဘယ်လို အလုပ်လုပ်နေကြတယ်ဆိုတာကို သိခွင့်ရတဲ့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့် အစိုးရနဲ့ ပေါ်လစီချမှတ်သူတွေအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။”
Panama Papers စာရင်းထဲမှာ ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်အချို့လည်း ပါဝင်နေပြီး၊ အချို့ကလဲ စာရင်းထဲမှာ ပါသလို ပြည်ပမှာ လျှို့ဝှက် ဘဏ်အကောင့်ဖွင့်ပြီး ငွေကြေးတွေ စုဆောင်းထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို လုံးဝ ငြင်းပယ်ထားကြပါတယ်။ Panama Papers စာရင်းထဲမှာ ပါတဲ့ အချက်အလက်တွေဟာ ဘယ်လောက် ယုံကြည်စိတ်ချရမှု ရှိသလဲဆိုတာကို GFI အဖွဲ့က Christine Clough က အခုလို ဖြေကြားခဲ့ပါတယ်။
“ကျမရဲ့ အမြင်အရတော့ ဒီသတင်းအချက်အလက်တွေဟာ ၁၀ဝ ရာခိုင်နှုန်း ယုံကြည်စိတ်ချရမှု ရှိပါတယ်။ ICIJ အဖွဲ့ဟာ တကယ်ကို ပညာရှင် ဆန်ဆန်နဲ့ ဒီကိစ္စကို ကိုင်တွယ်ပြီး၊ ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်ခဲ့တာပါ။ သူတို့ဆီကို ရောက်လာတဲ့ စာရွက်စာတမ်းပေါင်း ၁၁.၅သန်းလောက်ကို ဒီအတိုင်း အွန်လိုင်းပေါ် တင်ပေးလိုက်တာ မဟုတ်ပါဘူး။ အဲဒါမတိုင်ခင် နှစ်နဲ့ ချီပြီးတော့ ကျွမ်းကျင်သူ ဥပဒေ ပညာရှင်တွေ၊ နိုင်ငံပေါင်း ၈ဝကျော်က စာနယ်ဇင်းသမားတွေနဲ့ တိုင်ပင် ညှိနှိုင်းခဲ့ပါတယ်။ ဒီ စာရွက်စာတမ်းတွေထဲမှာ ဘာတွေပါသလဲ။ ဒီသတင်းအချက်အလက်တွေကို လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို မထိခိုက်ပဲ အများပြည်သူရဲ့ အကျိုးစီးပွားအတွက်ဆိုတဲ့ ရည်ရွယ်ချက်မျိုးဖြစ်အောင် ဘယ်လို ပုံစံနဲ့ ထုတ်ပြန်ပေးမလဲဆိုတာကို အများကြီး ချိန်ဆခဲ့ကြပါတယ်”
GFI အဖွဲ့ဟာ မြန်မာနိုင်ငံ ထဲကနေ ၁၉၆ဝ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀ဝ နီးပါးရှိတဲ့ တရားမဝင် ငွေကြေးတွေ စီးဝင်စီးထွက်မှုရှိနေတယ်လို့ လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
ခုလို တရားမဝင် ငွေကြေး စီးထွက်မှု ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဝင်ငွေ ကွာဟချက်တွေကို ပိုဆိုးစေပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို နှောင့်နှေးစေတဲံအတွက် မြန်မာနိုင်ငံထဲကနေ စီးထွက်နေတဲ့ တရားမဝင်ငွေကြေးတွေကို အစိုးရသစ်အနေနဲ့ဂရုတစိုက် ကြည့်ရှုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း GFI အဖွဲ့က Christine Clough က ပြောပါတယ်။
“အခုလို လျှို့ဝှက်ငွေကြေးစနစ်မျိုးကို အကြမ်းဖက်သမားတွေကလည်း သုံးနိုင်ပါတယ်။ မူးယစ်ဆေးနဲ့ လူကုန်ကူးတဲ့ လူတွေကလည်း အသုံးပြုနိုင်ပါတယ်။ လာဘ်စားထားတဲ့ အစိုးရအရာရှိတွေကလည်း သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ငွေကြေးချမ်းသာတဲ့ လူပုဂို္ဂလ်တွေက အခွန်ရှောင်ချင်လို့ လဲ သုံးနိုင်ပါတယ်။ ဘယ်လိုလူမဆို ငွေကြေးတွေ လျှို့ဝှက်ပြီး သွားထားနိုင်တဲ့ စနစ်ရှိနေတာဟာ အများပြည်သူ အကျိုးစီးပွားအတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒီလို တရားမဝင် ငွေကြေးတွေ နိုင်ငံထဲကနေ စီးထွက်လို့ ရနေတဲ့ စနစ်တစ်ခုရှိနေတာကို ဘယ်လို အစိုးရမျိုးကမှ ခွင့်မပြုသင့်ပါဘူး။”
ICIJ အဖွဲ့ရဲ့ Panama papers စာရင်းထဲမှာဖော်ပြထားတဲ့ လူပုဂိ္ဂုဟ် နာမည်တွေထဲမှာ မြန်မာနိုင်ငံက ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။ ဒီစာရင်းမှာ ပါဝင်သူတွေထဲ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။
နိုင်ငံခြားသားနာမည်နဲ့ လူလေးဦးပါဝင်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဆိုပြီး ပါဝင်တာ တွေ့ရပါတယ်။
http://burmese.voanews.com/content/panama-burma/3274070.html
===================
ကမ္ဘာ့လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ ၁၆ ဦးပါဝင်
- – Director of Myint & Associates Company Limited
- Authorised Person & Signatory of MPRL E&P Pte Ltd
- Director of ASIA Drilling Pte Ltd
ပနားမား ငွေကြေးစနစ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်
သမ္မတ Varela က ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ကြေညာ။ (ဧပြီ ၆၊ ၂၀၁၆)
VOA (မြန်မာပိုင်း) 07.04.2016 22:14
ကမ္ဘာတလွှား ဩဇာကြီးသူတွေ၊ ကျော်ကြားသူတွေနဲ့ နိုင်ငံရေး သမားအများအပြားရဲ့ လျို့ဝှက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ချလိုက်တဲ့ Panama Papers – ပနားမား စာရွက်စာတမ်း အရှုပ်တော်ပုံကြီး ပေါ်ပေါက်လာမှု အတွင်း ပနားမား နိုင်ငံ ရဲ့ ငွေကြေးဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကို ပြန်လည် သုံးသပ်ဖို့ အတွက် အစိုးရက လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းမယ်လို့ သမ္မတ Juan Carlos Varela က ပြောဆိုလိုက်ပါတယ်။
နိုင်ငံရဲ့ လက်ရှိ လုပ်ကိုင်ပုံတွေကို လေ့လာသုံးသပ်ပြီး ဘဏ္ဍာရေးနဲ့ တရားဥပဒေရေးရာ စနစ်အတွင်း ပွင့်လင်းမြင်သာမှု ခိုင်မာစေရေး လုပ်ဆောင်ရမယ့် ကိစ္စတွေကို အဆိုပြုတင်ပြမယ့် ကော်မရှင်မှာ ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေ ပါဝင်မယ်လို့ သမ္မတ Varela က မနေ့ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ကြေညာချက်မှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဒီအကြံပြုချက်တွေကို ပနားမား နိုင်ငံက တခြားနိုင်ငံတွေနဲ့လည်း မျှဝေသွားမှာ ဖြစ်တာကြောင့် စီးပွားရေး ကဏ္ဍ အလုံးစုံ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးနိုင်ဖို့ အတွက် ပူးတွဲ ဆောင်ရွက် သွားနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ Varela က ပြောဆိုခဲ့ပါတယ်။
တချိန်တည်းမှာဘဲ ပြင်သစ်နိုင်ငံက ပနားမား နိုင်ငံကို Grey List လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အခွန်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံများ စာရင်းထဲကို ထည့်သွင်းလိုက်ပြီး နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ အဖွဲ့ကြီး OECD အနေနဲ့လည်း အလားတူ ဆောင်ရွက်ဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
Panma Papers တွေ ပေါက်ကြားထွက်လာမှုဟာဆိုရင် နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အတွင်းမှာ လျို့လျို့ဝှက်ဝှက် လုပ်လို့ ရတယ်ဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ OECD ရဲ့ အတွင်းရေးမှူး Angel Gurria က ပြောဆိုလိုက်ပြီး လူတွေ အနေနဲ့ ဥပဒေပိုင်း တာဝန်ရှိသူတွေ မသိအောင် သူတို့ငွေတွေ သိမ်းထားလို့ ရအောင် ခွင့်ပြုထားတဲ့ အဓိက နောက်ဆုံး နေရာ တခု ဖြစ်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။
အရှုပ်တော်ပုံတွေ ထွက်ပေါ်လာတဲ့ ပနားမား ဥပဒေ အကျိုးဆောင် လုပ်ငန်း Mossack Fonseca ကတော့ သူ့ရုံးကနေ ဒီသတင်းပတ် အတွင်း ပေါက်ကြား ထွက်လာတဲ့ ကမ္ဘာ့ ဩဇာကြီးသူတွေ၊ သူကြွယ်တွေနဲ့ ကျော်ကြားသူတွေရဲ့ ပြည်ပ ဘဏ်စာရင်းတွေ အကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲဟာ အင်တာနက် ဖောက်ထွင်းသူ ဟက်ကာတွေရဲ့ ဖောက်ထွင်းခိုးယူမှု ခံခဲ့ရတာ ဖြစ်ပြီး လုပ်ငန်းကြီးရဲ့ အတွင်းစည်းကနေ ပေါက်ကြားထွက်လာတာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
Was this answer helpful?
LikeDislike=
Officers & Master Clients (19)
Aung Kyaw Myint
Aye Zaw Win
Dr Ohmar Moe Myint
Ernest Howard Bolton II
Financecorp Limited
Jonathan W. Smith
KYAW WIN
Maung Maung Sway-Tin
Mya Mya Soe
Mya Thidar Sway-Tin
Quamruddin Ahmed
Thu Ta
Thu Ta
U HTAY MYINT
U Moe Myint @ Michael Moe Myint
U MOE MYINT@ MICHAEL MOE MYINT
U Myint Swe
U Myo Tin
William Mark Hilsman
==============
Listed Addresses (15)
132 University Avenue University Post Office Yangon, Myanmar
132 University Avenue Yangon Myanmar
223(B), Shwegondaing Road Bahan Township Yangon Myanmar
257 Insein Road, Yangon, Myanmar
33 Nawaday Road, Dagon P.O., Yangon, Myanmar
623 Pyay Road University Post Office Yangon Myanmar
85(B) WINDSOR ROAD, SANCHAUNG YANGON 11111, MYANMAR
c./o NORTH ANDAMAN RESOURCES LTD ROOM 805 LA PYAT WUN PLAZA NO.37, ALAN PHAYA RD., DAGON TOWNSHIP YANGON MYANMAR
c/o Nawarat Concorde Hotel, 257 Insein Road, Yangon, Myanmar
c/o Suite 33, Building II, 8 Mile Pyay Road, Mayangon Junction Yangon, Myanmar
No. 130 Shwe Gon Taing Road Uyzana Centre, Bahan Township, Yangon Myanmar
No. 26 Nandawun Street Sanchung Township Yangon Myanmar
No. 41, 140th Street Maugone Tamwe, Yangon Myanmar
No. 7 West Ady, Lane 1 Parami, Yangon, Myanmar
Suite 217, Nawarat Concorde Office Centre, Nawarat Concorde Hotel 257 Insein Road, Yangon MYANMAR
Was this answer helpful?
LikeDislikeနာမည် နှစ်ယောက်ထပ်နေလို့ ပြန်ဖြုတ်ထားတာပါ။ လို့ ၁ရ – လူမဟုတ် တာ ၁ ဒါကြောင့် ၁၆ လို့ ပြောတာပါ။
ကိုယ့်နိုင်ငံတွင်းမှာ ပြဌာန်းဥပဒေ မရှိရင် ဘာမှ လုပ်လို့ မရ ထင်တာပါဘဲ။
“Panama Papers စာရင်းမှာ ပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရတွေမှာတာဝန်ရှိ” ဆိုတာ ဘယ်သူ့အာဘော်တုန်း။
အခုမှ တက်လာပြီး အခြေကျအောင် လုပ်နေဆဲ အချိန်မှာ အပြင်က နေ ဘာကြောင့် တွန်းအားတွေပေးနေလဲ မစဉ်းစားတတ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့နားမှာ ရှိနေကြတဲ့ သူ တွေ ဟာ အပြင်က လေ သမား တွေထက် ပိုပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိပါတယ်။
ပြင်ပ နိုင်ငံရေး ဆရာကြီး တွေ တောင် အကွဲကြီးကွဲ အလွဲကြီးလွဲနေတာ ကို ဆ ဆရာကြီး လုပ်နေကြသေးတယ်။ တစ်ချို့ စကား တွေ က စေတနာ မပါကြပါ။
ပြောချင်လွန်း လို့ ဟုတ် ဟုတ် မဟုတ်ဟုတ် ပြောမှာဘဲ ဆိုလဲ ပြောကြပါလေ။
Was this answer helpful?
LikeDislike“Panama Papers စာရင်းမှာ ပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရတွေမှာတာဝန်ရှိ” ဆိုတာ.. VOA သတင်းသမား “ရဲခေါင်” ရေးထားတာမို့.. VOA အာဘော်ပေါ့..။
ယူအက်စ်အစိုးရအာဘော်တပိုင်းတော့ ပါမယ်ထင်ရတာပဲ..။
အကြမ်းအားဖြင့်.. အဲဒီလူတွေနဲ့.. ယူအက်စ်အစိုးရနဲ့ တိုက်ရိုက်အလုပ်လုပ်ဖို့ခက်(သွား)ပါလိမ့်မယ်..။
ဒါကို သိထားသင့်တာဖြစ်ပါတယ်..။
ငွေကြေးခဝါချတာတွေ.. လာဘ်ပေး/ယူတာတွေကို.. ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က.. ကိုင်တွယ်မယ်လို့ကြေညာတက်လာတာဖြစ်ပြီး.. သမ္မတဦးထင်ကျော်လည်း ထပ်ပြောထားတာမို့.. ဒါက တိုင်းပြည်သစ်အတွက်လိုတာလို့ထင်ပါတယ်..။ ဒီကိစ္စမျိုးက.. အခုမှတက်တာ..နောက်မှတက်တာတော့မရှိ…။
ခုရှင်း. ခုကောင်းပါ..။
သိသလောက်တော့ မြန်မာပြည်မယ်.. ပြည်ပမှာဘဏ်စာရင်းမဖွင့်ရ.. ဖွင့်ထားတာကို အခွန်ပြရမယ်လို့.. ဥပဒေ/လုပ်ထုံးမထုတ်ထားသေးပါ..။
ယူအက်စ်မှာတော့.. လွန်ခဲ့တဲ့ ၁နှစ်လောက်ကမှ.. အသည်းအသန်ထုတ်လိုက်တာ…။
သူတို့(ယူအက်စ်အစိုးရ) ကအဲဒီလောက်ကတည်းက .. ဒီစာရင်းသိပြီးသွားဟန်ရှိပါတယ်…။
Report of Foreign Bank and Financial Accounts (FBAR)
https://www.irs.gov/…/Report-of-Foreign-Bank-…
Internal Revenue Service
Dec 11, 2015 – Report of Foreign Bank and Financial Accounts (FBAR). If you have a … United States persons are required to file an FBAR if: the United States …
Was this answer helpful?
LikeDislikeယူအက်စ်မှာ တက်စ်ရီတန်းလုပ်တော့ ..မှတ်မိသလောက် တမြန်နှစ်ကမှ Report of Foreign Bank and Financial Accounts (FBAR) ဆိုတာနဲ့.. ပြည်ပမှာဘဏ်အကောင့်ဖွင့်ထားသူတွေ စာရင်းပြရမယ်လို့ ပါလာတယ်မှတ်မိတယ်..။
လုပ်ထုံးဥပဒေက အဲဒီအချိန်ကမှထွက်တာမို့.. ရှေ့ကလူတွေ အဲဒါနဲ့ ဥပဒေအရသက်ဝင်ပြီး.. အခွန်ငွေလိုက်ကောက်လို့ မရ/အရေးယူလို့မရဘူးလို့ ထင်မိပါတယ်..။
အိုဘားမားမိန့်ခွန်းတွေထဲ တခုမှာ ပြည်ပမှာဘဏ်အကောင့်ဖွင့်ထားသူတွေကြောင့် အခွန်ငွေတွေအရမ်းနစ်နာတယ်ပြောပြီးနောက်မှ.. ဒါကထွက်လာတယ်လို့လည်းမှတ်မိပါတယ်…။
မြန်မာပြည်လို ဘဏ်စနစ်က အူကြောင်ကြောင်.. အကြွေးရာဇဝင်မရှိ.. ငွေစက္ကူတွေဖျက်သိမ်းတတ်တဲ့ နိုင်ငံမျိုးမှာ မိမိရှိငွေကို နိုင်ငံအပြင်မှာသွားစုထားတဲ့ သဘောရိုးသူဌေးတွေလည်း မနည်းရှိလောက်တယ်ထင်တာပါပဲ..။
ဒါပေမယ့် ဒါတွေက ငွေခဝါချသဘောမို့. တိုင်းပြည်အမြတ်ခွန်အလွန်နစ်နာတာအပြင်.. ငွေမဲနဲ့လဘ်ပေး/ယူမှာလည်း အသုံးချနေနိုင်တာမို့.. လုပ်ထုံးဥပဒေသစ်ထုတ်သင့်ပြီး.. မလိုက်နာသူတွေကို ဒဏ်ကြေးချသင့်တယ်ထင်ပါကြောင်း..။
Report of Foreign Bank and Financial Accounts (FBAR)
If you have a financial interest in or signature authority over a foreign financial account, including a bank account, brokerage account, mutual fund, trust, or other type of foreign financial account, exceeding certain thresholds, the Bank Secrecy Act may require you to report the account yearly to the Department of Treasury by electronically filing a Financial Crimes Enforcement Network (FinCEN) 114, Report of Foreign Bank and Financial Accounts (FBAR). See the ‘Who Must File an FBAR’ section below for additional criteria.
https://www.irs.gov/Businesses/Small-Businesses-&-Self-Employed/Report-of-Foreign-Bank-and-Financial-Accounts-FBAR
Was this answer helpful?
LikeDislikeဘဏ်စာရင်းလို့ ထပ်ဖြည့်သာလေ.. ခုဟာက ပင်လယ်ရပ်ခြားမှာ ဘယ်လိုရမှန်းမသိတဲ့ငွေနဲ့ ရင်းနှီးမြှုပ်နှံ ကုမဏီဖွင့်… ရလာတဲ့ငွေကို အခွံလှေ ျာင်တာ…။ အဲဒီဥပဒေသည် ဝင်ငွေခွန်နဲ့ အကြုံးဝံမည်။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
အပေါ်မှာနာမယ်ထပ်နေတာတွေက.. နာမယ်တခုနဲ့.. အကောင့်၂ခုဖွင့်ထားတာဖြစ်ပါလိမ့်မယ်…။
အခုထပ်ရှာတွေ့သလောက်က.. စင်္ကာပူကနေဖွင့်ထားတာတွေပါ..။
စိန့်တိုင်းသားနာမယ်..။ အိနိ္ဒယနာမယ်..။ ဘိုနာမယ်တွေဆိုရင်တော့ မသိ…။
ဗမာနာမယ်ကို.. အဲဒီနာမယ် ၄၉၁၈ ကနေ တခုဆီ တွေ့သလောက်ဆွဲထုတ်ထားတာတွေဖြစ်ပါကြောင်း..။ အမှားတွေပါနိုင်ကြောင်း..
=
Officers & Master Clients (4918) Singapore
Aung Myo Naing @ Thomas Berett
Aung Soe Naing @ Clive
Aye Aye Soe
Ma Su Yamin
MA YEE CHOONG
Maung Aung Ko Ko Tin Win
Ong Tun Cheik
Saw Nay Nwe
Su Hsin Chi ?
Su Ming Tong ?
U Moe Zaw
Win Lu Htut
Y Myint Swe
Zaw Moe Khine @ Matthew Toh
=
ဒါကတခြားနိုင်ငံတွေ…
Dr. Ohmar Moe Myint @Dr. Ohmar – Thailand
Josephine Ho Soe Shun – Malaysia
THONG SWE CHEONG
YANG TUN – China
MA KHINE ZAW – Tortola British Virgin Islands
Ko Ming-Yu
Was this answer helpful?
LikeDislikeကျော် မပါဘူးနော် …ကျော်ပါဘူး..မယုုံရှာကျိ အဟိ
Was this answer helpful?
LikeDislikeKYAW WIN
Aung Kyaw Myint
ကျော်ပါတယ်ဗျ…။ ၂ယောက်တောင်တွေ့တယ်..။
Was this answer helpful?
LikeDislikeအခုလို အမည်စာရင်းထွက်လာတာကောင်းပါတယ်…
နောင် ဆက်ခိုးမယ့်သူတွေအတွက်လဲ ဒုစရိုက်ဆိုတာ ဆိတ်ကွယ်ရာမရှိဘူးလို့ သတိပြုစရာတစ်ချက်ရသွားတာပေါ့..
နိုင်ငံခြား ငွေစာရင်းရှိတိုင်းတော့လဲ မရိုးမသားလို့ ပြောလို့မရသေးပါဘူး..
အစ ထုတ်မိရုံရှိပါသေးတယ်…
ဆွဲချင်ရင် ဆက်ဆွဲကြည့်နိုင်တာပေါ့..
သို့သော်… လက်ရှိအခြေအနေအရတော့ ဘာမှမလုပ်သေးတာ ကောင်းပါတယ်..
တခြားအရေးတကြီးလုပ်စရာတွေများလွန်းနေသေးတယ်..
Was this answer helpful?
LikeDislikeဒီမှာ လဲ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် ရဲ့ အဖေ နာမည်ပါတယ် ကိုပါ။
ဒေးဗစ်ကမ်မရွန် ကိုယ်တိုင် လဲ ရှယ်ယာပါဘူးတယ်။ ဝန်ကြီးချုပ် မဖြစ်ခင် ရောင်းထုတ်ပစ်ခဲ့တယ်။
သူကတော့ အဲဒီ အတွက် ဝင်ငွေခွန် အပြည့်ဆောင်ခဲ့ ပါတယ် ပြောတာပါဘဲ။
တကယ်တော့ ငွေ တွေ ကို ရင်းနှီးဖို့ လက်ခံတဲ့ နိုင်ငံ က ဝင်လာတဲ့ ငွေတွေ ကို စစ်ရမှာ ထင်ပါတယ်။
စီးပွါးရေးသမား တွေ ကတော့ နည်းမျိုးစုံ သုံးပြီး စီးပွါးရှာမှာပါဘဲ။
သူတို့လဲ အလုပ်ဖြစ် နိုင်ငံလဲ အကျိုးရှိ မဲ့ နည်းလမ်း စည်းကမ်းတွေ ကို ချပြနိုင်တဲ့ နေရာတွေ က တိုးတက်သွားတယ် ထင်တာပါဘဲ။
မြန်မာပြည် ကိုတော့ လက်ရှိ အခြေအနေမှာ အတော်လေးမျှော်လင့်ချက် ထားနိုင်ပါတယ်။
တကယ်ဘဲ လူညီရင်၊ စည်းကမ်းရှိရင်၊ အချင်းချင်း ခြေမထိုးဘဲ တွဲခေါ်နိုင်ရင်၊ အများ ကို စေတနာထားပြီး ဝင်းဝင်း ကို ကြည့်တတ်ရင် တိုးတက်ဖို့ အရမ်း မခက်နိုင်ပါ။
ကျွန်မတို့မှာ လူ အရင်းအမြစ် ရော သဘာဝ သံယံဇာတပါ မရှားပါလေ။
ရှိတာတွေ ကို နိုင်ငံအတွက်မသုံးနိုင်ကြလို့ သာပါ။
Was this answer helpful?
LikeDislikeဒေါ်စုဘာလှုပ်မလဲ ပေ ျာ်ပေ ျာ်ကြီး စောင့်ကြည့်မယ်… တဖြူ းဖြူ းတိုက်တဲ့လေလား.. လိုရာ လှောခတ်ပေးမည့်လှေလား… လေနဲ့လှေ ကွဲအောင်…
Was this answer helpful?
LikeDislikeALTSEAN-BURMA က မြန်မာတွေနာမယ်ပါတဲ့.. PP သတင်းရယ်..။
ဧရာဝတီက အင်္ဂလိပ်သတင်းရယ်.. တက်လာပြီးမှ ပြန်ဆွဲချခံရတယ်…။
သဘောက… နာမယ်ပါနေသူများသည်.. အချဉ်မဟုတ်..။
ယူအက်စ်လည်း.. ဒီလိုပဲ…။
သတင်းတွေထဲမှာကို.. ကောင်းကောင်းမရောက်..။
အမေရိကန်ဘီလီယံနာတွေလည်း… အချဉ်မဟုတ်..။
Was this answer helpful?
LikeDislikeနာ့ နံမည် မပါတာတော်သေးးး
ဟေးးဟေးးး
စလုံး ဘဏ်တွေ လှုပ်မယ်ဆိုလို့ ရှိတဲ့ လက်ကျန် ၃ဝ တောင် မနေ့ က ထုတ်ထားးရဒယ်..
??
Was this answer helpful?
LikeDislikeငင့် မြန်မာဘဏ်တွေကော ဟိုတစ်ခါ ဘဏ်တွေ ပိတ်တုံးကလိုဖြစ်မာလား
Was this answer helpful?
LikeDislike.တော်သေးတယ်…
အဲ့စာရင်းထဲ
ကျနော့် နာမည် ပါမလာလို့…။
.နောက်ပိုင်း ယူအက်စ်အစိုးရနဲ့ ချိတ်ဆက် လုပ်ရမယ့်အလုပ်တွေမှာ…
ကျနော်ကတော့ အဆင်ပြေမှာ သေချာနေပြီ။
Was this answer helpful?
LikeDislike