” ၁၃၇၈ နှစ်သစ်ဆုတောင်း “
“၁၃၇၈ နှစ်သစ်ဆုတောင်း”
ဆိုင်းဘုတ်တွေသာ အလီလီပြောင်း
အနှစ်သာရမပြောင်းတဲ့ နှစ်ဟောင်းများစွာကို
ချန်ထား ပယ်ပစ်
ကျနော်တို့စွန့်လွှတ်ခဲ့ကြပြီ။
၁၃၇၈ မြန်မာနှစ်သစ်ကို
အသစ်အစစ်တို့ဖြင့်
ကြိုဆိုရင်း
လွန်လေပြီးသောကာလများမှ
စံနစ်ဟောင်း
အဖြစ်ဟောင်း
အမြင်ဟောင်း
အတွေးဟောင်း
အကျင့်ဟောင်း
အညစ်ဟောင်း
မှန်သမျှ
ချန်ထားပယ်ပစ်ခြင်းဖြင့်
နှစ်သစ်ကို မျှော်လင့်ကြပါစို့။
ကိုပေါက်လက်ဆောင်အတွေးစဉ်
မြန်မာနှစ်ဆန်းတစ်ရက်နေ့
6 comments
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
April 16, 2016 at 11:48 pm
အင်း
အကြွေးဟောင်းတွေ ချန်ထားပစ်ပယ်လို့ရရင်
သိပ်ကောင်းမှာဘဲလို့
မြစပဲရိုး
April 17, 2016 at 12:30 am
မျှော်လင့်ပါတယ် ကပေါက်ကြီး ရေ။
ကောင်းတဲ့ အရွေ့ ဖြစ်မှာပါ။ :-))
Thint Aye Yeik
April 17, 2016 at 12:34 pm
အသစ်အစစ် ဆိုတဲ့စကားက တာ သွားတယ်
အဲ့ဒါ ဖြစ်ဖို့ လိုတာ
အရင်ကကျော်စွာဦးကြီးမိုက်
April 20, 2016 at 12:53 pm
နှစ်သစ်မှာ
စံနစ်သစ်
လူသစ်
အစိုးရသစ်
တွေနဲ့အတူ
စိတ်သစ်
အတွေးသစ်
အကျင့်စရိုက်သစ်တွေနဲ့
အတူချီတက်ကြရအောင်ပါ
ကိုပေါက်ေ ရ 🙂
ကိုပေါက်(မန္တလေး)
April 22, 2016 at 8:44 pm
ကောင်းစေဘို့
ပြောင်းလေစို့
ဒို့တစ်တွေ
အောင် မိုးသူ
April 27, 2016 at 2:47 pm
ကမ္ဘာမြေကြီး ကျန်းမာပါစေ။