” ငြိမ်းချမ်းရေးကိုရှာဖွေခြင်း”
” ငြိမ်းချမ်းရေးကိုရှာဖွေခြင်း”
ညကလေးက
အပြာရောင်
လရောင်ကလဲ
သဲ့သဲ့လေးဆိုတော့
သိပ်တော့မမှောင်ပေဘူး။
တောင်ကုန်းနဲ့သစ်ပင်အချို့
အငို ဝ သွားတဲ့
ကလေး လေးလို့
တစ်တစ်ခါထွက်လာတတ်တဲ့
သဲ့သဲ့ရှိုက်သံကလွဲရင်
အားလုံးတိတ်ဆိတ်။
ဒီလိုအချိန်လေးမှာ
အရာရာကိုခဝါချ
ဗလာ ကျနေတဲ့စိတ်နဲ့
လောက ကိုမြင်ကြည့်မယ်ဆိုရင်
ငြိမ်းချမ်းရေးဆိုတာ
အဝေးသွားရှာစရာမလိုပါဘူး
ကိုယ့်နံဘေးမှာတင်ရှိလေရဲ့
သတိမထားမိသေးလို့ဝေးနေတာပါ။
ကိုပေါက်လက်ဆောင်အတွေးစဉ်
၁၅၈၁၆
3 comments
Foolish Girl
August 18, 2016 at 5:19 pm
အဲလိုအချိန်မှာ ကြယ်တွေကြည့်ရင်းတိတ်ဆိတ်စွာငေးမောချင်တယ်
uncle gyi
August 28, 2016 at 4:35 pm
မှန်တာပေါ့ဗ ျာ
ငြိမ်းချမ်းရေးဆိုတာ
အဝေးသွားရှာစရာမလိုပါဘူး
ကိုယ့်နံဘေးမှာတင်ရှိလေရဲ့
Shar Thet Man
May 8, 2018 at 5:12 pm
ဟဟ မိုက်တယ်