Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၁၆

kaiSeptember 20, 20161min67314

ကျေးဇူး

ပညာရေးဝန်ကြီးဌာနထုတ် မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် “ကျေးဇူး”ကို 1. Good deed for others 2. Benefit 3. Gratitude ဟု ဖေါ်ပြထားသည်။ Benefit အထိပင်ပြထားသော်ငြား အင်္ဂလိပ်ဘာသာစကားအားဖြင့် ထင်ရှားတိကျသော စာလုံးမရှိ၊
မြန်မာအနက်ကောက်လျှင်မူ အပြုအမူပြ စကားနှစ်လုံးပေါင်း၏အဓိပ္ပါယ်  “ကြေးစူး”မှလာသည်။  “ကြေး”ဆိုသည်မှာ တန်ကြေး၊ “စူး”ဆိုသည်မှာ စူးဝင်ခြင်းဟုဖွင့်ဆိုပါသည်။
သို့ဖြစ်လျှင် ကျေးဇူးဟူသည် ကြွေးကင်းလွတ်လပ်နေသူကို အကြွေးတင်စေခြင်းဖြစ်သည်။ ပြန်ဆပ်ရမည့်သဘောပါသည်။
အပေးအယူသဘောသက်သည်။ အတိုးပေးရမည့်အဓိပ္ပါယ်ဝင်သည်။ ကြွေးရှင်အဖြစ်အာဏာရှင်အငွေ့အသက်ပါသည်။ တကယ်တော့ ဥစ္စာကြွေး၊ ဝဋ်ကြွေး နှုတ်ကြွေး အကုသိုလ်ကြွေး၊ ချစ်ကြွေး၊ ရန်ကြွေး မည်သည့်အကြွေးမှ မတင်စကောင်း။

နို့တလုံး

ရတနာသုံးပါးနှင့်တန်းတူထားကာ ဘုရားဟောမဟုတ်သည့် “အနန္တောအနန္တငါးပါး”ပြု၍ မိဘနှင့်ဆရာကို တွန်းတင်ခြင်းသည် မြန်မာ့ ယဉ်ကျေးမှုဓလေ့တွင်သာရှိပေသည်။ ဂေါတမဗုဒ္ဓဘုရားသည်ပင် “မိခင်၏နို့တလုံးဖိုးသာ ကျေသည်”ဟူသော အစွန်းရောက်မြှင့်တင်ခြင်းမျိုးအထိပင် ရှေးအဌကထာ/ဋီကာဆရာ၊လောကနီတိသမားတို့ ပြုခဲ့ကြသည်။
ကွန်ဖြူးရှပ် ဒဿနတို့တွင်လည်း မိဘနှင့်အုပ်ချုပ်သူအကြီးအကဲတို့အပေါ် ရိုကျိုးလေးစားရခြင်း Filial Piety ဟူသည်အရှေ့တိုင်း၏အခြေခံဒဿတခုအဖြစ်ပင်ရပ်တည်ခဲ့ဟန်ရှိသည်။
မြန်မာတို့၏ မူလ အမြုတေအတွေးအခေါ်ဓလေ့တို့သည် ဇတ်ခွဲယဉ်ကျေးမှုကြီးသော အိနိ္ဒယမှလောကနီတိနှင့် အဌကထာတို့အား  ကွန်ဖြူးရှပ်အတွေးအခေါ်နှင့်ဝါယမပြု ရောမွှေသမထားခြင်းဖြစ်ပေရာ အစွန်းရောက် လွန်ကျူးခြင်းသို့ရောက်ခဲ့သည်ဟုယူဆနိုင်သည်။  ယခုလို ကမ္ဘာ့လူသန်းခုနှစ်ထောင်ကျော်နှင့် ပြိုင်၍ အလုပ်လုပ်ကြရပ်တည်ကြရမည့်ခေတ်တွင် ခေတ်မမှီအတွေးအခေါ်ဟောင်းများ စွန့်ကြရတော့မည်။ မိမိကိုယ်နှိုက်က ချက်ချင်းမပြင်နိုင်ငြား ပြင်ကြပါရန် မျိုးစေ့ချသင့်ပါပြီ။
သို့ဆိုသော်.. အဖြူမဟုတ်လျှင်အမဲကားမဖြစ်ကောင်း။ သားသမီးနှင့်မိဘကြားဖြူစင်မေတ္တာ နှင့် ဖြည့်စီးပေးမှု၊ သံယောဇဉ်များအပေါ် စော်ကားနေခြင်းမဟုတ်။  ကြားတွင်ရောင်စုံသက်တံ့လှလှ ရှိပါ၏။
ကြားနေ၍ သက်တန့်၏အရသာကို ခံစားကြပါလေ။ ဆိုင်ရာကျင့်ဝတ်တို့ကား ကျေပါစေ။

GOD နှင့် အနောက်နိုင်ငံသား

ထာဝရဘုရားသခင် ကိုးကွယ်ကြသူတို့တွင်ကား GOD သည် လူသားအား ဖန်ဆင်းထားယုံမက လူသား၏ကျေးဇူးအထွေထွေကို လက်ခံရယူသိမ်းပိုက်ထားသဖြင့် ဖန်ဆင်းခံမိဘ/သားသမီးအပါအဝင် လူသားအားလုံးဟူသည် တန်းတူခွင့်တူညီမျှဖြစ်လေသည်။
မိဘကျေးဇူးဟူသည်မှေးမှိန်မရှိဖြစ်လေ၏။ မိဘသည်ဘုရားသခင်နှင့်တတန်းထဲ၌ကားမထား မရှိ။ သို့သော်မိဘအပေါ် နာခံရိုကျိုးရပါ၏။
ယဉ်ကျေးစွာဆက်ဆံရပါသည်။
သို့ဆိုသော် အနောက်နိုင်ငံသားများသည် ရုပ်ဝတ္ထုဦးစားပေး/ ချစ်ခြင်းမေတ္တာအလေးမထား/ အားပေးနှစ်သိမ့်မှုခေါင်းပါး။ မိဘအားရိုသေစောင့်ရှောက်ခြင်းမရှိ ထင်ကြသည့် မြန်မာပြည်သားများ ရှိခြိမ့်မည်။ အာဏာရှင်စစ်အစိုးရအဆက်ဆက်၏ ရိုက်သွင်းသပ်များသာဖြစ်ပါ၏။
အခြေအနေမှန်ကိုသိလိုလျှင် အနောက်နိုင်ငံများတွင် ရှေးကထက်ပိုအခြေကျနေကြပြီဖြစ်သော အမြဲတမ်းနေထိုင်သက်တမ်း ဆယ်စုနှစ်တခုကျော်သည့် မြန်မာများကိုသာမေးကြည့်ကြပါလေ။

မိဘဝတ်သစ်

သင်္ဃဇာဆရာတော် သည် သိင်္ဂါလောဝါဒ ဆုံးမစာဖြင့် ကျင့်ဝတ်များကို သီကုံးရေးသားပေးထားသည်။

မိဘဝတ်
မကောင်းမြစ်တာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ။

တိုးတက်ပြီးနိုင်ငံတို့တွင် ကလေးသူငယ်အား ပြုစုပျိုးထောင်ခြင်းကို စာသင်ကျောင်းများ၏ ဆရာများကဆောင်ရွက်ကြသည်။ ကျောင်းများ၏ အုပ်ချုပ်သူနှင့်ဆရာများသည် ကလေးသူငယ်ပြုစုပျိုးထောင်ရန်အတွက် စနစ်တကျသင်ကြားလေ့ကျင့်ထားသူများဖြစ်ကြသဖြင့် ယုံကြည်စွာအပ်နှံနိုင်ပါသည်။ ကိုယ့်ထက်သာသောသူ ပရိုတို့ သင်ကြားပြုစုပျိုးထောင်ပါမှ အတိဇာတ (မိဘထက်သာလွန်သော ) သားသမီးဖြစ်ပါလိမ့်မည်။
ကျန်းမာရေးထိခိုက်ချို့ယွင်းလာလျှင်လည်း လက်ပူတိုက်ကု စိတ်ပူနေရန်မလို၊ ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုအာမခံညွှန်းရာ
ဆရာဝန်များထံသို့သာ အမြန်ဆုံးခေါ်သွား ခေါ်ရသည်ဖြစ်ပါ၏။
မိဘ၏တာဝန်မှာ ဆိုင်ရာပရောဖက်ရှင်နယ်များ၏လက်တွင်း မိမိ၏ရင်သွေးအား မိတ်ဆက်ပို့ဆောင်ပေးရန်သာတည်း။
၂၁ ရာစု၏မိဘသည် သားသမီးတို့အား ပုံမသွင်းရ၊ ပုံမသွင်းသင့်ပါ။ တိတိကျကျပြောရလျှင် မိဘ၊အုပ်ထိန်းသူထံတွင်  လူသားတယောက်အား လွှမ်းမိုးချုပ်ကိုင်ပုံသွင်းရန်အခွင့်မရှိပါ။ ကြွေးမချရပါ။ လူသားတိုင်းတွင် သူမတူသော မူလဗီဇရှိကြပါ၏။ အရည်အချင်းရှိပါ၏။ ထိုအရည်အချင်းကို ပေါ်လွင်အောင် ပြစုပျိုးထောင်ရင်းသာ စောင့်ကြည့်အားပေးပါလေ။ သက်တမ်းတခုရောက်၍ ဥပဒေအသိအမှတ်ပြု “လူကြီး”ဖြစ်သည်ဆိုလျှင် ကျေးဇူးနှောင်ကြိုးတို့ကို ဖြတ်ပေးလျှက်မှ လွတ်လပ်စွာအမြင့် ပျံပါစေလေ။ မိဘနှင့်အတူဆက်နေပါမည်ဆိုလျှင်လည်း သူ့ပုဂ္ဂလိကအခွင့်အရေးကို လေးစားစွာဖြင့် အိမ်သားတယောက်တာဝန်ပေးပါလေ။
သားသမီးအားအသုံးချ၍ ငွေကြေးစီးပွားရှာ(ခိုင်း)ခြင်းလည်းမပြုပါနှင့်။ မျှတစွာ အုပ်ထိန်းပါလေ။
မိမိကိုယ်တိုင်မူအသက်ကြီးပင်စင်ယူချိန်ရောက်လျှင်လည်း အလုပ်တခုခု ရှာလုပ်ကြပါလေ။ မြေးထိန်းပါလေ။ ကျန်းမာ၍ အသက်ပိုရှည်ပါ၏။
မိမိစိုက်ပျိုးထားသောအပင်ကို နေ့စဉ်ပေါင်းသင်ရေလောင်းခြင်းအားဖြင့်ပြုစုပျိုးထောင်သကဲ့သို့ မိမိသွေးသားမှဖြစ်သော လူသားကလေးအား မိဘဝတ်တရားနှင့်အညီလုပ်ကိုင်ရပါမည်။ ရှင်သန်ကြီးထွားလာအောင် စောင့်ရှောက်ရပါမည်။ ၎င်းမှာ တာဝန်ဖြစ်သည်။ ကျင့်ဝတ်ဖြစ်သည်။  Filial  Duty ဖြစ်သည်။ ကြေးစူးအဖြစ်အသိမဖြစ်စေသင့်ပေ။
ဤသည်သာ မိဘမေတ္တာဖြစ်ပါသည်။ သံယောဇဉ်နှင့်သာချည်ပါ။ ကျေးဇူးတရားနှင့်မချည်ရစ်သင့်။

သားသမီးဝတ်သစ်

သားသမီးဝတ်

ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့မှာ။

၂၁ရာစု၏သားသမီးတို့သည် မိဘကျေးဇူးနှင့်အချုပ်အနှောင်မခံပါလင့်။ မငှဲ့ပါနှင့်၊ လွတ်လပ်စွာ သွားပါလေ။  မြန်မာစကားတွင် များပြားလွန်းလှသည့် နှုတ်ထွက်ခက်သည့် ချစ်ခြင်းမေတ္တာဘွဲ့များအစား LOVE တလုံးတွင်တွင်သုံးကာ စိတ်ထည့်ပါလေ။ နှုတ်မှ၊စာဖြင့် မိဘများဆီ ဝစီကံမြောက်ဖွင့်ထုတ်ကြပါလေ။ သားသမီးတို့သည် မိဘနှင့် ခွဲနေသူဖြစ်ပါက တလတခါ ဆက်သွယ်ပြောဆိုခြင်းတခုမျှသည်ပင် လုံလောက်လှပါသည်။

နွေးထွေးသောမိသားစု

အိမ်တအိမ်ရှိ အိမ်သားတိုင်းသည် အိမ်တည်တံ့ရန် တာဝန်ကိုယ်စီရှိကြပါသည်။ အပြန်အလှန်အလုပ်အကျွေးပြုကြရသည်။ တိုးတက်ရာတိုးတက်ကြောင်း တတ်နို်င်သမျှ ဝင်ကူကြရမည်။ ကျင့်ဝတ်များကို စောင့်ထိန်းကြရမည်။
ယုတ်စွ ၂လသားကလေးသည်ပင် နို့ဆာလျှင် ငိုကြွေးတောင်းဆိုရမည့်တာဝန်ကို အလိုအလျှောက်လုပ်သည်။ ကျင့်ဝတ်ကျေခြင်းအားဖြင့် ကျေးဇူးခံကျေးဇူးစားမရှိ ကြွေးမချခြင်းဖြင့်တည်ထောင်လည်ပတ်နေသောအိမ်သည် သီရိဂေဟာသာလျှင်ဖြစ်သည်။
သီရိဂေဟာတို့ပေါင်းစုထားခြင်းဖြင့် ရပ်ကွက်မြို့နယ်နိုင်ငံ စသည့် သီရိကျက်သရေပြည့်ဖြိုးဝေသော လူ့အဖွဲ့အစည်းတို့ဖြစ်လာသည်။

လူမှုဖူလုံရေး၊ ကျန်းမာရေးအာမခံနှင့်ပင်စင်

မိဘများကလည်း မိမိအိုမင်းမစွမ်းချိန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်။ ပင်စင်ကျန်းမာရေးစရိပ်တို့အတွက် အနည်းကျဉ်းစီကစ စုဆောင်းပါလေ။ အမေရိကပြည်ထောင်စု၏ ယခုနှစ်စစ်တမ်းတခုအရ သားသမီးတယောက်ကို  မွေးစဉ်မှ အသက်၁၈နှစ်အထိ ပြုစုပျိုးထောင်ရန်ကုန်ကျစရိပ်မှာ ဒေါ်လာ၃သိန်းကျော်သည်ဟုဆိုပါသည်။
သားသမီးယူရာတွင် အမျှော်အမြင်ထား ချိန်ဆကြပါလေ။ မနိုင်ဝန်မထမ်းလင့်။ ကျေးဇူးနှင့်မရင်းစားနှင့်၊ ပင်စင်နှင့်အတိုးထုတ်သင့်။

သို့… အဖမြန်မာပြည်

နောင်တချိန်မိဘဖြစ်လာမည့်သားသမီးများက အခြားကမ္ဘာ့နိုင်ငံကြီးများကဲ့သို့ လူမှုဖူလုံရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ ရှိသော စနစ်တခုရရန်(သာ) တစိုက်မတ်မတ်ရည်ရွယ်အားထုတ်သင့်သည်။ ယခုလိုခေတ်ပြောင်းစနစ်ပြောင်းတွင် တတ်သိပညာရှင်များနှင့် ပေါ်လစီလုပ်နိုင်သူ နိုင်ငံရေးသမားများက ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုစနစ်၊ လူမှုဖူလုံရေးစနစ်၊ ပညာရေးစနစ်တို့ကို ကြိုးစားဖော်ဆောင်နေပါပြီ။
မိဘတို့အိုမင်းမစွမ်းချိန် အစိုးရမှအားပေးကူနိုင်သော စနစ်တခုဖြစ်လာရန် ကာယ၊ဉာဏအားတို့စိုက်ကူညီသင့်သည်။ ဤသို့ဖြင့်
မြန်မာလူ့အဖွဲ့အစည်းသည် အမေရိကပြည်၊ အင်္ဂလန်ပြည်၊ဂျပန်ပြည်တို့ကဲ့သို့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးတွင်  စနစ်မှန်နှင့်တကွ ရေရှည်တည်တံ့လည်ပါတ်သွားပါလျှင် သင်နှင့်သင့်မျိုးဆက်အားနောက်နောင် သားသမီး/မိဘတိုင်း သာဓုအကြိမ်ကြိမ်ခေါ်မည်သာတည်း။
ထိုလုပ်ရပ်မျိုးသည်သာလျှင် သားသမီး/မိဘအားလုံးအတွက် အကျိုးအရှိဆုံးဖြစ်လေရာ ကျေးဇူးတော်အနန္တဆပ်၍ကျေခြင်းလည်းမည်ပေသည်။

14 comments

  • Tawwin Pan

    September 20, 2016 at 5:38 pm

    သူဂျီးမြှောက်ပေးလို့ ဘာပဲဖြစ်ဖြစ်ဆိုပြီး ဒီနှစ်ကုန်တာနဲ့ အိမ်ထောင်ပြုလိုက်ရင်ကောင်းမလားလို့။ (ဟိဟိ..တရားခံကြိုရှာထားတာ)..
    အခုတော့ အိမ်လည်း ပြည့်ပြည့်စုံစုံ မထောက်ပံ့နိုင်၊ ကိုယ်လည်း လောက်လောက်ငင မသုံးနိုင်တဲ့ ဘဝနဲ့ ချာလပတ်ရမ်းနေတာမို့အိမ်ထောင်ပြုမယ်ပြောရင် ဆူညံနေမယ့် အိမ်တွင်းရေးကြိုတွေးပြီး အခုချိန်ထိ သတ္တိမရှိသေးတဲ့ ဘဝပါ။ တခါတလေတော့လည်း ကိုယ့်ဘာသာ အိမ်ထောင်ပြုပြီး ခွဲနေလိုက်ရင် ဒီလို ဟိုဘက်မလောက်၊ ဒီဘက်မလောက်ငတဲ့ အရေး မရှိလောက်ဘူးလို့လည်း ထင်မြင်မိလို့ပါ။

    • kai

      September 20, 2016 at 6:00 pm

      မှန်တာပေါ့..။ လုပ်သာလုပ်..။
      မိဘကျေးဇူးဆိုတာကြီးဆပ်ချင်ရင်.. အိမ်ထောင်ကျပြီးမှ.. အယ်ဒီတာ့သင်ပုန်းထဲ တိုက်တွန်းထားတဲ့အတိုင်းလုပ်ပေး..။

      မကြာခင်မှာ မြန်မာပြည်က ကျန်းမာရေးဝန်ကြီးဦးဆောင်ပြီး တင်ထားတဲ့.. ပြည်သူ့ကျန်းမာရေး၊ လူမှုဖူလုံရေး စတာတွေ ဒေါ်စုအစိုးရက.. စ.. အကောင်အထည်ဖေါ်လိမ့်မယ်..။
      အဲဒါတွေအောင်မြင်အောင်သာကူ..။

  • မင်း ခန့် ကျော်

    September 22, 2016 at 4:10 pm

    သူကြီးပြောတဲ့ မိဘနဲ့သားသမီးကြား ဆက်ဆံရေးပုံစံကို
    ဘယ်လိုမှ စဉ်းစားလို့ကိုးမရသေးဘူး။

  • kai

    September 22, 2016 at 4:24 pm

    ကွန်ပျုတာတလုံးပိုင်တယ်မဟုတ်လား.. အဲဒါကိုဘယ်လိုစောင့်ရှောက်သလဲ..။
    အဲဒီကိုယ်ပိုင်တဲ့ ကွန်ပျူတာလေး.. ဆဲလ်ဖုံးလေးတောင် မပျက်ဆီးအောင်.. ကြာရှည်ခံအောင်စောင့်ရှော်ကတယ်မဟုတ်လား..။
    အဲ.. သက်ရှိတဲ့.. ခွေးလေး.. ကြောင်လေးဆိုရင်ကော..
    အစာပုံမှန်ကျွေး..။ ထိမ်းသိမ်းစောင်ရှောက်ကာကွယ်တယ်ပေါ့..။ အဲလိုလုပ်ပါ..။

    အဲ.. နွားတို့.. ကျွဲတို့.. မွေးထားရင်တော့.. ငယ်တုံးကထဲက.. ကြီးလာရင်ခိုင်းလိုက်မဟဲ့.. ဆိုတဲ့စိတ်ရှိတာပေါ့..။
    နွားကိုး..။
    ကိုယ့်ကလေး.ကိုယ်မွေးထားတဲ့.. ကိုယ့်သွေး..သားသမီး.. ကိုတော့.. အဲလိုမလုပ်ပါနဲ့ပေါ့..။

    • မင်း ခန့် ကျော်

      September 22, 2016 at 10:14 pm

      သူကြီးက သားသမီးတွေကိုခိုင်းစားတယ်လို့ ြမြင်နေ
      ကတည်းက စလွဲနေတာ။
      ဖြစ်ထွန်းနိုင်မဲ့သူကို တွန်းတင်ပေးတာ။
      ဆိုလိုတာက အလုပ်ကောင်း စီးပွားကောင်းတခု
      ပိုင်ဆိုင်နိုင်ပါစေ ဆိုပြီး ြမြှင့်တင်ပေးတာ။

    • မင်း ခန့် ကျော်

      September 22, 2016 at 10:24 pm

      သူကြီးက သားသမီးတွေကိုခိုင်းစားတယ်လို့ ြမြင်နေ
      ကတည်းက စလွဲနေတာ။
      ဖြစ်ထွန်းနိုင်မဲ့သူကို တွန်းတင်ပေးတာ။
      ဆိုလိုတာက အလုပ်ကောင်း စီးပွားကောင်းတခု
      ပိုင်ဆိုင်နိုင်ပါစေ ဆိုပြီး မြှင့်တင်ပေးတာ။
      ဒုံးပျံတစီးလွှတ်တင်သလို အပေါ်တတ်သွားတဲ့အချိန်
      အောက်က ပစ်စင် မီးလောင်သွားတာမျိုးက
      လူ့ကျင့်ဝတ်မဟုတ်ဘူးလေ။
      ကျေးဇူးတရား ဆိုတာ အတင်းကာရောသွတ်သွင်း
      နေစရာမလိုသလို။
      ကျေးဇူးတရားကို မသိတတ်သူဟာ လူမိုက်ပဲ။
      မြန်မာပြည်မှာ ကျေးဇူးတရားခေါင်းပါးနေလို့ ဒီနေ့အခြေနေ
      ရောက်တယ်ပြောရင် မိုင်များပိုနေမလား။
      တကယ် ပါယ်ရမှာ ြပြင်ရမှာက “အားနာတတ်တယ်”
      ဆိုတဲ့ ကမ္ဘာမှာဝေါဟာရပဲသူကြီးရေ။
      အားနာလိုက်တာ အားနာလို့ပါ နဲ့ ပျက်စီးကုန်တာ။

      • မင်း ခန့် ကျော်

        September 22, 2016 at 10:26 pm

        ကမ္ဘာမှာမရှိတဲ့ ဟုပြင်ဖတ်ပေးပါ။

        • မင်း ခန့် ကျော်

          September 22, 2016 at 10:40 pm

          နောက် ကွန်ပြူတာ ဖုန်းကို မပျက်အောင်ပဲ
          ထိန်းသိမ်းဖို့ငွေကုန်ခံတာလား
          လိုအပ်သလိုတော့ ြပြန်သုံးရသေးတယ်လေ။
          ဝယ်လာပြီး မသုံးရသေးခင် ပျက်သွားရင်
          ဘယ်လိုနေမလဲ။
          ခွေးကလေးမွေးမယ်။ သူခိုးလာလို့ဟောင်ရင်
          ငါ့ခွေးကလေးက ဘာညာ ဘာညာ။
          လူစိမ်းဝင်လာလို့မှငုပ်တုတ်ဆိုရင်။
          ခွေးက ေဟောင်ရင်ကျေးဇူးဆပ်တာပဲမဟုတ်လား။
          မွေးထားတဲ့ကြောင်က ြကြွက်မခုတ်ရင်တောင်မှ
          ခဏခဏ ဟင်းလောက်ခိုးစားနေရင်
          ကြောင်စုတ် ကြောင်ပဲ့ (တိုက်ဆိုင်မူ့ရှိလျှင် ခလပ)
          အဲသလိုမျိုး ကျွေးထားတာမှမထောက် ဘာညာဘာညာ။
          အလိုလို ပြန်တုန့်ပြန်နိုင်တာမျိုးကို
          ကျေးဇူးတရားလို့ခေါ်သဗျား။
          ပျက်နေတဲ့ကွန်ပြူတာ
          သုံးမရတဲ့ ဖုန်း
          ထဟောင်ဖေါ်တောင်မရတဲ့ခွေး
          ခိုးစားဖို့ပဲ တတ်တဲ့ကြောင်
          အဲတာမျိုးကို ေကျေးဇူးတရားမရှိသူလို့
          ကျတော်တော့ထင်သဗျာ။

  • Tawwin Pan

    September 27, 2016 at 1:23 pm

    သူငယ်ချင်းတစ်ယောက်က သူ့အဆောင်က ကောင်မလေးတစ်ယောက်အကြောင်း စကားစပ်ရင်းပြောတာပါ။ အဲဒီကောင်မလေးက ဂေါက်ကြောင်လိုဖြစ်နေတာတဲ့။ ဘာလို့တုန်းမေးတော့မှ အလုပ်မှာ ၃လပြည့်ရင် လစာဘယ်လောက်ပေးမယ်ဆိုပြီး ခန့်ထားပြီး၊ တကယ်တမ်းပြည့်တော့ စာချုပ်ချုပ်တော့ အဲဒီလစာမရလို့ဆိုပြီး အဆောင်မှာ တယောက်တည်း သူ့ကိုနှိမ်တယ်ဆိုတဲ့အကြောင်းတွေကော၊ သူကမဆင်းရဲဘူး။ ကျွေးနိုင်မွေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းတွေကော အခြားအကြောင်းတွေကော ပွစိပွစိပြောနေတာတဲ့။ ကောင်မလေးငယ်ငယ်က အဖေနဲ့အမေကွဲတော့ သူက သူများအိမ်မှာကပ်နေရင်းနဲ့ ဘွဲ့ရလာပြီး အလုပ်စလုပ်ကော။ သူ့အမေဆိုသူက အဆင်မပြေလို့ ပိုက်ဆံပို့ပေးပါဆိုပြီး တမျိုး၊ အဖေဆိုသူက ငါ့ကိုဘယ်လောက်ပို့ပေးမှာလဲဆိုပြီး လကုန်တိုင်းဖုန်းဆက်တောင်းတယ်တဲ့။ အဖေဆိုသူကလည်း တနေ့ကို ၁သောင်းလောက်ဝင်ငွေရှိတဲ့သူပါတဲ့။ အဲလိုမိဘမျိုး ရတဲ့ အဲဒီကောင်မလေး ကတော့ သနားစရာ…သူ့စိတ်က ပုံမှန်သူတွေလိုမဟုတ်နိုင်တော့တာ သေချာတယ်။

    • kai

      September 28, 2016 at 11:38 am

      မြန်မာပြည်က.. ရန်ကုန်ကိုအလုပ်လာလုပ်နေသူတွေ.. ထိုင်း.. မလေးရှားအလုပ်သွားလုပ်နေသူတွေ.. အများစု.. ၆၀% နှင့်အထက်.. အဲလို မိဘကျေးဇူးတွေနဲ့.. ဘဝချည်ခံထားရသူတွေချည်း..။

      အင်း..
      မိဘကျေးဇူးအမွှန်းတင်ပြရင်း… ဇတ်လမ်းနာလေးတွေ ရေးကြ.. ပြုကြ.. ရသနဲ့သရုပ်ဖေါ်ကြရင်း..
      ကြားကောင်းအောင် လူတွေကိုလိမ်ပြောရင်း..ဖုံးဖိပြောရင်း.. ကိုယ့်ကိုယ်တိုင်ပါ.. လိမ်မိရက်သားဖြစ်သပေါ့..။
      အဲလိုနဲ့.. ကိုယ်တင်မက.. အားလုံးရဲ့.. ဘဝရှေ့လမ်းတွေပါပိတ်ကုန်..။

      ဒါကို အစိုးရလုပ်သူတွေ.. သေသေချာချာ သိပါစေ..။

  • uncle gyi

    October 11, 2016 at 8:48 am

    ။ မိမိကိုယ်နှိုက်က ချက်ချင်းမပြင်နိုင်ငြား ပြင်ကြပါရန် မျိုးစေ့ချသင့်ပါပြီ။
    ဟုတ်ယတယ်သူကြီးပြောသလို
    မြန်မာပြည်မှာစိတ်အခြေခံတွေမပြင်သမှ ျအပြင်လောကအမှီလိုက်ရန်မလွယ်

  • Thint Aye Yeik

    October 12, 2016 at 11:54 am

    ဟွှာလေ
    သားသမီးတစ်ယောက် မွေးလို့ ပြုစုပျိုးထောင်တဲ့ ကုန်ကျစရိတ်ဟာ US$ သုံးသိန်းလောက် ရှိတယ် ဆိုတော့ကာ
    .ဖွေးဖွေးနဲ့ကျနော် ညားပြီးရင်
    US သုံးသိန်း အရင် စုရမလား ကလေး အရင် ယူရမလား
    အာ့လေး လာမေးတာ။
    :k:

    အတည်အတံ့ပြောရရင် ဒီစာမူက လိုရာစွဲ တဇွတ်ထိုး တယူသန်စာမူကြီး

    ဒီစာမူကို ဖတ်မိတဲ့ US နေ မြန်မာတွေကရော ပုကျိပုကျိ ပြန် မပြောချင်ဘူး ထင်လို့လား။
    ကြည့်လည်းလုပ်အုန်း
    အလကားပေးတာတောင် ဖတ်ချင်တဲ့သူ နည်းသွားမယ့် သတင်းစာ ဖြစ်သွားအုန်းမယ်

    :k:

    • kai

      October 12, 2016 at 3:53 pm

      ကိုရင်လည်း.. ကိုယ့်ကိုယ်ကိုယ်.. လိမ်နေတာပဲ..။
      ထားပါလေ..။
      အဲဒီလောက် ခေါင်းထဲထည့်ထားနိုင်ရင်.. လုံလောက်ပါပြီ….။

Leave a Reply