Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၁၆

kaiOctober 20, 20161min4728

Julian Assange – Edward Snowden

သတ်မှတ်ချက်အနေဖြင့် ဦးထုတ်ဖြူ၊ ဦးထုပ်ညို၊ ဦးထုတ်မဲ အစုံရှိသည့်အထဲ ဟက်ကာဆိုသူတို့၏မူလအလုပ်မှာ ဆိုင်ရာ လုံခြုံရေးများအားချိုးဖေါက်ဝင်ရောက်၍ အတွင်းသားနှိုက်ယူ(နိုင်)ခြင်းပင်ဖြစ်ပေသည်။
လူတဦးချင်းဆိုင်ရာ ပုဂ္ဂလိက အချက်အလက်များမှသည်၊ ငွေကြေးစနစ်၊ နည်းပညာများ ထိုမှနောက်ဆုံး တိုင်းပြည်ကြီးတခုလုံး ၏ အသက်သွေးကြော အုပ်ချုပ်မှု နိုင်ငံရေးဆိုင်ရာ လျျှို့ဝှက်ချက်များအထိ ဖေါက်ထွင်းယူငင်ကြသည်တည်း။ ဝီကီလိခ်၏ဖခင် ဟက်ကာကြီးဂျူလီယမ်အဆမ်းမှသည် စီအိုင်အေသမားဟောင်းအက်ဒ်ဝပ်စနိုးဒမ်အထိတို့ကား အင်တာနက်ကိုမွေးဖွားပေးလိုက်သည့်အမေရိကနိုင်ငံ၏ နိုင်ငံရေးစနစ်ကိုပင် လှုပ်ခါသွားနိုင်လောက်အောင် စွမ်းသည် ဆိုင်ဘာသမားများဖြစ်ကြပါ၏။ သူတို့အစွမ်းဖြင့် ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးများအပါအဝင် ကမ္ဘာ့၏ နိုင်ငံရေးသွက်သွက်ခါအောင်လှုပ်ရမ်းသည် ။ စီးပွားရေး၊လူမှုရေးတို့လိုက်၍ ပြောင်းညှိရသည်။ ယခု ၂၀၁၆ အမေရိကနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသည်ပင် တုန်လှုပ်နေရသည်။
ပြီးခဲ့သော ဆယ်စုနှစ်တခုအတွင်းကမူ ဆိုရှယ်မီဒီယာသည် အိုဘားမားအား သမ္မတဖြစ်စေလောက်အောင် စွမ်းဆောင်ယူပေးခဲ့သည်။ ယခုနှစ်တွင်မူ Cyber warfare သည် သမ္မတဖြစ်မှုကို အဆုံးအဖြတ်ပေးနိုင်မည့်အခြေရောက်နေပါ၏။ ဤသို့ဆိုလျှင် နောင်အနာဂါတ် နိုင်ငံရေးဟူသည် ဆိုင်ဘာ ဂမ္ဘီရဟုခေါ်နိုင်သော ထိတွေ့မရသည့်ဒေတာအချက်အလက်တို့၏ လုံခြုံမှုရေးရာတွင် လုံးဝမှီခိုသွားမည့်သဘောလည်းရှိ၏။

Immigrant – Trump

2016 National Asian American Survey အချက်အလက်များအရ အေရှန်း-အမေရိကန်တို့သည် မူလထုံးစံကို ကျော်ကာ ဒီမိုကရက်ပါတီအားပေးထောက်ခံသူ အများစုဖြစ်လာသည်။ ဟီလာရီ-ထရမ့် ၄-၁ အချိုးမျှရထားလေ၏။ လူဖြူနွယ်အား အားပေးကဲလွန်းနေသူယူဆရမည့် ဒေါ်နယ်ထရမ့်သည် အာရှသားတို့အတွက် လာခြင်းကောင်းမည့်ပုံ မရချေ။
တကယ်တော့ အေရှန်းမှမဟုတ်။ ဂျာမန်မူလဇာတိနွယ်သွေးရောနေကာ (ဂျူးလူမျိုးကိုလက်ထပ်ယူထားသည့် သမီးရှင်) ထရမ့်သည် အိမ်နီးချင်းမက်ဟီကိုနိုင်ငံသား၊လက်တင်အမေရိကသားတို့ အမေရိကပြည်တွင်းသို့ လျှံထွက်ခုန်ဝင်နေသည်ကိုလည် အထူးပင်ကြိုက်နှစ်သက်ဟန်မရှိပေ။ နယ်စပ်တလျှောက်မိုင်၂၀၀ဝရှည်တံတိုင်းကြီးဆောက်မည် ကြွေးကျော်လျှက် ရီပါ့ဗလစ်ကနင်ပါတီ၏ သမ္မတလောင်းအဖြစ် ကနဦးပြိုင်ဖက် ၁၁ယောက်အား ကျော်တက်လာခဲ့ပြီး ထိုတံတိုင်းဆောက်လျှင်ကုန်ကျမည့် ဒေါ်လာဘီလီယံပေါင်းများစွာအား မက်ဟီကိုနိုင်ငံမှပင်စိုက်ထုတ်ပေးရမည်ဆိုထားပေရာ ဖြစ်နိုင်မဖြစ်နိုင်သည် အပထား နယ်ခြားစောင့်တပ်အဖွဲ့ကြီး၏ အဖွဲ့ဝင်ပေါင်း ၁၆၅၀ဝ၏ ထောက်ခံမှုလည်းရထားလေ၏။

Russia – America

ရုရှန်းနှင့် အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ်ပြီးမှစ၍ ခေတ်အဆက်ဆက်ငြိခဲ့ကြပေရာ ရီပါ့ဗလစ်ကန်သမ္မတ ရော်နယ်ရီဂင်လက်ထက်တွင် ဆိုဗီယက်ယူနီယံကြီးတစစီပြိုကျပြီး အရှေ့/အနောက်ဂျာမဏီကို ပိုင်းခြားထားသော ဘာလင်တံတိုင်းဖြိုချလိုက်ရခြင်းဖြင့် စစ်အေးခေတ်ကုန်ကာ ဆက်ဆံရေးအသွင်ခရီးသစ်ကို စခဲ့ဟန်ရှိပါသည်။
ထိုမှတောက်လျှောက် နလံမထူနိုင်ခဲ့ရသော ရုရှားသည် ယူကရိန်းအရေးတွင် ခရိုင်းမီးယားကျွန်းဆွယ်အား ကောက်ကာသိမ်းခြင်းဖြင့် ပြန်ထောင်လာသည်။ ထိုခေတ်အခြေတွင်အမေရိကန်တို့သည် ရေနံဈေးကွက်အား ဈေးထိုးကျအောင် ပြုစားခြင်းဖြင့် ရေနံရောင်းနိုင်ငံများအပေါ် အသာစီးရစေရန် ဖိအားပြုခြင်းစတင်လိုက်ဟန်ရှိသည်။
ရေနံဈေးထိုးကျခြင်းနှင့်အတူ ရုရှားနိုင်ငံစီးပွားရေးလည်း အခြေအနေဆိုးခဲ့ရသည်။
ထိုမှသည် ဥရောပတွင်အသာစီးပြန်ရရန် ဆီးရီးယားပြည်ကို ကြားခံ၍ ISIS ကို အလယ်ထားလျှက် ရုရှား-အမေရိကားတို့ ပရော့စီ တဆင့်ခံစစ် ပြန်ဖြစ်ခဲ့သည်။ အိုဘားမား၏ ပေါ်လစီကြောင့်အထိနာခဲ့ရသော ရုရှား (သို့) သမ္မတပူတင်သည် အဆိုပါပေါ်လစီကို ဆက်သယ်ယူသွားမည့် ဟီလာရီကလင်တန် သမ္မတမဖြစ်စေရေးအတွက် ဆိုင်ဘာစစ်ကိုနွှဲသည်ဟု အမေရိကားထောက်လှမ်းရေး ၁ရဌာနက တွက်ဆိုနေသည်။ ရုရှန်းဟက်ကာတို့သည် ဒီမိုကရက်ပါတီကြီး၏ အတွင်းလျှို့ဝှက်ချက်တို့ကို ထွင်းဖေါက်ခိုးယူက ဝီကိလိခ်မှတဆင့် ကမ္ဘာသို့ဖွင့်ချပေးနေပါလေ၏။

Burman – American

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန် မိတ်နံသင့်၍လွန်စွာအဆင်ပြေပါသည်။
Suu Foundation ထောင်ခါစတွင် ဟီလာရီကလင်တန်ပါဝင်ခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ၂၀၁၅တွင် တောင်ကမ်းပြိုအနိုင်ရချိန်တွင်လည်း ကောင်းချီးစကား ညီအမသဖွယ်ဆိုဖူးသည်။
ကလင်တန်၏ ဒီမိုကရက်ပါတီနှင့်ပို၍အဆင်ပြေကာ မူလနိုင်ငံရေးညွှန်းချက်တွင်လည်း လစ်ဘရယ်ကျဟန်ရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ရီပါ့ဗလစ်ကန်ပါတီနှင့်လည်း ကံသင့်ပါ၏။
ပါတီခေါင်းဆောင်များဖြစ်သော စိနိတ်ခေါင်းဆောင်မစ်မက်ကောနယ်အပါအဝင် ဂျွန်မက်ကိန်းတို့သည် ဒေါ်စုအား အထူးချစ်ခင်သူများသာတည်း။
သို့သော် ကွန်ဆာဗေးတစ် နောက်သစ်ခေါင်းဆောင်များဖြစ်သော ပေါရိုင်ယန်(ဟောက်စ်စပီကာ) နှင့် သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့နှင့်ကား အခြေအနေမည်သို့ရှိသည် မသေချာမရေရာ။ သူတို့၏ မြန်မာပြည်အား ဥပေက္ခာပြုမည့် ပေါ်လစီကိုကား ခန့်မှန်း၍မြင်ရပါ၏။
မူလ ရှေးရိုးစွဲများသော မြန်မာတို့သည် ၁၉၈၈လွန်နိုင်ငံရေးကို ရီပါ့ဗလစ်ကန်အထောက်အပံ့နှင့်လုပ်ခဲ့ကြယုံမက ငွေကြေး နိုင်ငံရေးအကူအညီများလည်းရခဲ့ယူခဲ့ဖူးပါသည်။ ရီပါ့ဗလစ်ကန်ပါတီသည် မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် တွန်းတင်ပေးခဲ့သောပါတီကြီးလည်းဖြစ်၏။
သို့သော်ငြား သမ္မတအိုဘားမားတက်လာပြီးနောက် မြန့်မာပြည်၏ နိုင်ငံရေးတွင် အမေရိက၏ နိုင်ငံခြားရေးမူဝါဒသည် စမ်းသပ်အောင်မြင်ခဲ့ပေရာ မြန်မာပြည်တွင်းနေ အများစုသော မြန်မာတို့ ထိုအချိန်က ပေါ်လစီကို တိုက်ရိုက်အကောင်အထည်ဖေါ်ပေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အား ကြိုက်နှစ်သက်သူများမည်မှာ သေချာပါသည်။ ထို့အတူ မြန်မာပြည်၏ မဘသအုပ်စုကြီးနှင့် ရှေးရိုးစွဲလက်ယာယိမ်းသမားများကမူ ဒေါ်နယ်ထရမ့်အား အားပေးကြသည်ကိုလည်း သတိထားကြည့်တွေ့နိုင်မည်။

Putin – Trump

ရုရှား၏ ခေတ်သစ်အမြဲခေါင်းဆောင် သမ္မတပူတင်နှင့် ရီပါ့ဗလစ်ကန်င်ပါတီသမ္မတလောင်းထရမ့်တို့ကား အပြန်အလှန် ဘုတ်နှင့်ကျီး လှည့်မြှောက်ကြခြင်းအားဖြင့် ဆက်ဆံရေးပြေလည်ကြချင်ပုံရသည်။ အပြန်အလှန်ချီးမွန်းတွန်းတင်ခြင်းကို သူတို့၏ မိန့်ခွန်းစကားများဖြင့်သိကြရသည်။ ဤကမ္ဘာကြီး၏ အားအကောင်းဆုံး စူပါပါဝါ ၂ဖက်တို့ အဆင်ပြေကြလျှင်ကား နောက်နောင်ကမ္ဘာ့အခင်းအကျင်းသည် အလွန်ပင်ပြောင်းလဲသွားမည်သေချာသည်။ ထိုစွန့်စားချက်ကို အမေရိကန်လူထုက အသင့်ဖြစ်နေသလော ကားမသေချာ။ ပြိုကွဲခဲ့သော ဆိုဗီယက်ယူနီယံကြွေး ပြန်ဆပ်ရမည်လောလည်း မရေရာ။

Women-Hillary

ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရမ့်တို့၏ ဒုတိယ ဒီဘိတ်မတိုင်မှီလေးတွင် ထရမ့်၏ အမျိုးသမီးထုအပေါ် လိင်လွန်ကျူးပြောစကား အသံဖိုင်ထွက်လာခဲ့ပေရာ ထိုမှနောက် ယခုအချိန်အထိ အမျိုးသမီး ၉ယောက်ထံမှ ထရမ့်အပေါ် အပုတ်ချတွက်ဆိုချက်များထွက်လျှက်ရှိနေ၏။
မယ်စင်္ကြာဝဌာအဖွဲ့ကြီး၏ ပိုင်ရှင်ဖြစ်ဖူးသော ထရမ့်အတွက် ထိုမျှမက အမျိုးသမီးများတန်းစီထွက်လာဦးမည်ထင်ရပါသည်။
ဘက်တူရှေးရိုးစွဲ မီဒီယာ FOX ၏ နာမယ်ကြီးသတင်းတင်ပြပြောဆိုသူ Megyn Kelly ကိုပင် ပက်စက်စွာဝေဖန်ခဲ့ဖူးသော ထရမ့်သည် မ,ကျမ်းကြေလျှက် မ,တို့အပေါ် အထက်စီးယူထားသည်ဟု ထင်နေနိုင်ကောင်း၏။
တတိယနောက်ဆုံးဒီဘိတ်တွင်ကား ထရမ့်၏ ဟီလာရီအပေါ်ပြောဆိုလိုက်သော “Such a nasty woman,” သည် အမျိုးသမီးထုအပေါ်တိုက်ရိုက်ထိလိုက်ပြီဟုပင် ဆိုချင်သည်။ သူ့ပြိုင်ဖက်သည် အမျိုးသမီးတဦးဖြစ်နေသည်မှာ ထရမ့်အတွက် ရှုံးကွက်ကြီးများ ဖြစ်နေသည်တမုံ့။

SCOTUS – POTUS

မည်သည့်သမ္မတတက်သည်ဖြစ်စေ အမေရိကပြည်၏အမြင့်ဆုံးတရားရေး စူပရင်းကု့ိ၏ တရားသူကြီး ၉ဦးတွင် လစ်လပ်နေသော တရားသူကြီး၁ဦးကို သမ္မတကရွေးလျှက်စိနိတ်အထက်လွှတ်တော်က အတည်ပြုပေးရပေမည်။ တက်လာရမည်ဖြစ်သောသမ္မတသည် သူ့သက်တမ်းအတွင်း အသက်၈ဝကျော်၂ဦးနှင့် အသက် ၇၈နှစ်ရှိနေပြီဖြစ်သော တရားသူကြီးများကိုလည်း အစားထိုးရွေးပေးရမည့်အလားအလာ ကဲလျှက်လည်းရှိ၏။

ဆိုလိုသည့်သဘောမှာ အမေရိကားတရားရေး၏ချိန်ခွင်လျှာ ယခုတက်လာသည့်သမ္မတ၏ပါတီနှင့်အညီ ဘယ်-ညာ လိုက်ပြောင်းရမည့်သဘောဖြစ်ပေသည်။ သက်တမ်းမရှိသော တရားသူကြီးများအား ယခုတက်လာရမည် သမ္မတက ရွေးရမည်ဖြစ်ပေရာ ဆယ်စုနှစ်ချီ၍ အမေရိကန်တို့အား ရိုက်ခတ်မည်မှာ သေချာလွန်းလှသည်။

Lesser of two evils

ဒေါ်နယ်ထရမ့် ဤသို့ဆိုခဲ့ဖူးသည်။
“Russia, if you’re listening, I hope you’re able to find the 30,000 emails that are missing,”
တိုင်းပြည်၏ရတနာကို ဖေါက်ယူလော့ဟူသည့် သူခိုးဓားရိုးကမ်း ပြချက်ပင်ဆိုကောင်းဆိုနိုင်မည်။ လက်တွေ့တွင်လည်း ရုရှားအစိုးရ၏ကျောထောက်နောက်ခံ ယူဆရသည့် အနေအထားဖြင့် ဒီမိုကရက်ပါတီကြီး၏ ရွေးကောက်မဲဆွယ်ပွဲဆိုင်ရာ အချက်တို့ ခိုးဖေါက်ယူခံရကာ Cyber warfare အားဖြင့်ပေါက်ထွက်ယိုဖိတ်လျှက်ရှိသည်။
ထွင်းဖေါက်ခံရခြင်းကြောင့် DNC ၏CEOပင် နှုတ်ထွက်လိုက်ရပြီး ဟီလာရီကလင်တန်၏ အခြေအနေမှာလည်း နေ့လားညလားဖြစ်လျှက်နေပေရာ ရုရှန်းတို့၏ ဖေါက်ချက်မှန်နေသည်ဟုပင်ဆိုနိုင်မည်။ နိုင်ငံခြားရေးဝန်ကြီးဘဝက မိမိ၏ကိုယ်ပိုင်အီးမေးလ်ဆာဗာကိုအသုံးပြုလျှက် တိုင်းပြည့်ထိပ်တန်းလျှို့ဝှက်ချက်များအား ပေးပို့ယူငင်ဖူးသူ ဟီလာရီကလင်တန်သည် အက်ဖ်ဘီအိုင်မှ တရားစွဲဆွဲဆိုရန်မသင့်ကြောင်းမှတ်ချက်ရထားပေရာ ဟီလာရီကလင်တန်၏ ဥပဒေအပေါ်တွင်နေနိုင်အစွမ်းလည်း မသေးသာတည်း။
အမေရိကနိုင်ငံရေးတွင် အက်ဖ်ဘီအိုင်အပါအဝင် တရားဥပဒေချုပ်အထိလွှမ်းမိုးနိုင်သော ဘီလ်ကလင်တန်၏ ပါဝါအင်အားကြီးလွန်းနေပုံကို မြင်တွေ့နိုင်သည်။

တိုင်းပြည်၏ အရေးအကြီးဆုံးများအား မိမိဆန္ဒအတိုင်းတို့ထိနိုင်စွမ်းသော အောင်မြင်သည့်စီးပွားရေးသမားကြီးဒေါ်နယ်ထရမ့်အား ရွေးမည်လော။ အိမ်ဖြူတော်အား နန်းဆက်ကဲ့သို့ အသွင်အမျိုးစုံဖြင့်ဝင်ထွက်နိုင်သည့် အမေရိကား၏ရာဇဝင်မြောက် ပထမအမျိုးသမီးဟီလာရီကလင်တန်အားရွေးမည်လော။
ဆိုးကြီး/ဆိုးလေးရွေးကြရလိမ့်မည်။
မည်သူတက်သည်ဖြစ်စေ နှစ် ၂၄ဝ သက်တမ်းသော ဒီမိုကရေစီနိုင်ငံကြီး၏ စူပါပါဝါဖြစ်မှုကိုကားထိခိုက်သွားမည်မထင်ပါ။ အမေရိကန်တို့၏ အမေရိကားသာလျှင်ဖြစ်မည်သာ။

နိုင်ငံရေးတွင် မီဒီယာတို့ ဘက်တခုယူကြရသော ခေတ်ဖြစ်ပါ၏။
သို့ဆိုရလျှင်
ဟီလာရီကလင်တန် သမ္မတအဖြစ်သို့ရောက်စေကြောင်း မြန်မာ့ဂဇက်မှ မေတ္တာပို့သတောင်းဆိုလိုက်ပါ၏။
မိုးနတ်မင်းကြီးကြားစေသတည်း။ ။

8 comments

  • apolo11

    October 21, 2016 at 10:05 am

    ပြည့်စေ သတည်း . . . . . . . . .

  • Thint Aye Yeik

    October 21, 2016 at 3:30 pm

    ဒီသူကြီးက ရွာလူကြီးသာ ဆိုတယ်
    ကမ႓ာ့ နိုင်ငံရေး အခင်းအကျင်းကြီးရဲ့ နယ်ပယ်တော်တော်ကြီးကြီးကို မွှေနှောက်ခြောက်ချားထားတာပါပဲလား။

    အားရပါဘိ
    နှစ်ခြိုက်လှပါဘိ
    သူကြီးဆုတောင်း
    ရွာ့ဆုတောင်းလည်း ပြည့်စေချင်လှပါဘိ။

    (အဲ့ဆုတောင်း ပြည့်လုလု ဖြစ်နေတာကို ကြိုသိပြီး တောင်းထားတဲ့ဆုတောင်းကြီးများးးး
    မသိရင် ခက်မယ်)

    :k:

    • kai

      October 21, 2016 at 4:08 pm

      .. တောင်းဆို.. နဲ့.. ဆုတောင်း.. ကွာပါတယ်လေ..။
      ဆိုတော့…
      မဲက.. အိမ်တော့အထုတ်လိုက်ရောက်နေပြီ..။ မထည့်ရသေး..။ :k:

      • Thint Aye Yeik

        October 21, 2016 at 6:46 pm

        ဟုတ်သားပဲ။ တောင်းဆို လို့ ရေးထားတာကို ဆုတောင်းလို့ အဖတ်မှား။

        :k:

        အန်တီဟီဟီကိုပဲ ပေးမှာမဟုတ်လားငင်

  • ဝင့်ပြုံးမြင့်

    October 22, 2016 at 3:06 pm

    သဂျီးဆီက ပညာတွေ နည်းနည်းချင်းစီယူနေတာ။

    • kai

      October 23, 2016 at 2:07 pm

      ကောင်းပါလေ့..
      ကျုပ်ကတော့.. သူတို့သမ္မတလောင်းကန်င်ပိန်းတွေထဲ.. ဝင်ပါပြီးပညာယူနေတာ..။
      ပညာယူလို့.. ပေးတဲ့သူလျှေ့သွားတာမှမဟုတ်.. ယူကြစေသတည်း..။ ပေးကြစေသတည်း..။ :k:

  • aye.kk

    October 28, 2016 at 8:09 pm

    သူကြီးဆုတောင်းတိုင်းသည့်အတိုင်းသာ
    ရမည်ဆိုပါလျင် ဟီလာရီသာ သမ္မတဖြစ်ပါစေသတည်း။

  • Mr. MarGa

    November 3, 2016 at 12:55 am

    ဘယ်လိုတွေးတွေး ထရမ့်ကို သဘောမကျ 🙂

Leave a Reply